Monday, September 2, 2013

ရာဇ၀င်တွေတော့ရိုင်းခဲ့ရပြီအဖိုးရေ...

နိုင်အောင်အတွက် ရှစ်လေးလုံးငွေရတုဟာအောင်ပွဲ
လှဌေးအတွက် အတွက် ရှစ်လေးလုံးငွေရတုဟာအောင်ပွဲ
ဇော်ဇော်မင်းအတွက် ရှစ်လေးလုံးငွေရတုဟာအောင်ပွဲ

ဘုန်းမောင်(သူပုန်ကြီး)

ဒီပုံကိုသေချာကြည့်ကြပါ
ဒီအထဲမှာ မျိုးဝင်း(ABSDF) ရယ်၊ ဒေါပ်တိုနိုင်အောင်(FDB) ရယ်
ဦးအောင်မင်း(MPC)ရယ် ကိုကိုကြီး(Myanmar Open Society) ရယ်ကို တွေ့ရပါလိမ့်မယ်၊ နိုင်ငံရေးဆိုတာဒီလိုပဲ၊ လိမ်တယ် ညာတယ်
ပေါင်းစားတယ်၊ ပုလင်းဗူးစို့လုပ်ကြတယ်၊ ဒီလိုနိုင်ငံရေးသမားတွေကို လူထုကရွံတာကိုလည်း အပြစ်မမြင်သင့်ဘူး၊ မြောက်ပိုင်းလူသတ်မှုကို
ဦးဆောင်ကိုင်တွယ်နေတဲ့ ဒုဥက္ကဌဆိုသူက လူသတ်မှုအတွက်အဓိက
တာဝန်ရှိသူကိုအခုလိုပွဲထုတ်နေမှတော့ လူထုကိုလိမ်လည်နေတာဖြစ်သလို
ပေးဆပ်ခဲ့ပြီးသော မကဒတရဲဘော်တွေကို ဘောပဲဆိုပြီး မထီမဲ့မြင်လုပ်နေ
တာနဲ့အတူတူပါပဲ၊ လူအခွင့်အရေးကိုတိုးတက်လာအောင်လုပ်ပါမယ်ဆိုတဲ့
ဦးအောင်မင်းတို့ ငြိမ်းချမ်းရေးစင်တာကလူတွေကလည်း လူအခွင့်အရေးကို
ဖေါက်ဖျက်ကျူးလွန်မှုမှာ တာဝန်ရှိသူတွေကို ဒီလောက်အခွင့်အရေးပေးနေမှတော့ အမှန်တကယ်နစ်နာသူတွေအတွက် အမှန်တရားအတွက်တရားစွဲဆိုမှုတွေဆိုတာ
ဒီအစိုးလက်ထက်မှာလုံးဝဖြစ်နိုင်တော့မှာမဟုတ်ဘူး၊
နာဇီတွေစစ်ရှုံးတော့ အာဏာရှင်တွေကိုလက်ခံတဲ့ အာဂျင်တီးနားနိုင်ငံ
ကိုထွက်ပြေးကြသလို လူသတ်မှုအတွက်တာဝန်ရှိသူတွေ ဦးအောင်မင်းဘောကိုမပြီး
လွတ်ငြိမ်းချမ်းသာခွင့်ကိုရယူနေကြသလိုပါပဲ၊

ဇော်ဇော်မင်းနဲ့လှဌေးတို့နှစ်ယောက်ကိုတွေ့လိုက်ရလို့မအံ့သြပါနဲ
ရှစ်လေးလုံးငွေရတုဟာ သူတို့အတွက်အောင်ပွဲဖြစ်ခဲ့တာအမှန်ပဲ
နိုင်အောင်အတွက် ရှစ်လေးလုံးငွေရတုဟာအောင်ပွဲ
လှဌေးအတွက် အတွက် ရှစ်လေးလုံးငွေရတုဟာအောင်ပွဲ
ဇော်ဇော်မင်းအတွက် ရှစ်လေးလုံးငွေရတုဟာအောင်ပွဲ

အသဲနဲ့ရင်းပြီးခံစားခဲ့ရသူတွေမှာတော့
အတွက် ရှစ်လေးလုံးငွေရတုဟာ အိမ်မက်တဆ္စေချောက်နေတုန်းပါပဲ၊

ရာဇ၀င်တွေတော့ရိင်းခဲ့ရပြီအဖိုးရေ
Unlike · · · about an hour ago ·

No comments:

Post a Comment