Thursday, August 22, 2013

သမိုင်းမှန်တွေ သိဖို့  တင်ပြလိုက်ပါတယ် ။

ကျောင်းသားတပ်မတော်ကို စတင်ထူထောင်ရာမှာ
မီးခိုးခြင်ထောင်သုံး
ပျော့တူးမနပ်ထမင်းစား
ဝက်စာငပိ ကို အသားလုပ်ပြီး
ဝါးရင်းတုတ်သေနပ်နဲ့ စစ်ပညာသင်ခဲ့ပြီး
ပါဝင်လာခဲ့သူက
မိုးသီးဇွန် ဥက္ကဌဖြစ်မှ တော်လှန်ရေး အောင်မြင်မယ်လို့ 
၈၈ကျောင်းသား သစ္စာနဲ့ 
၁၉၈၉ ဒုတိယ အကြီမ်ညီလာခံမှာ
ကိုထွန်းအောက်ကျော် အုပ်စု အထင်လွဲတာခံရတာ မကဖူး ။ ။
၁၉၉၁ တတိယ အကြိမ် ညီလာခံမှာ
နိုင်အောင် ကျော်သက်ဦး သောင်းထွန်း တို့ 
ဒေါက်တာအုပ်စုကို အာခံပြီး မားမားမတ်မတ် ရပ်တည်ပေးတဲ့
ရန်ကုန်တက္ကသိုလ် သချာင်္နောက်ဆုံးနှစ် ကိုဌေးနိုင်ကို
ကိုမိုးသီးဇွန်က ထောက်လှမ်းရေးလို့ အခိုင်အမာပြောပြီး
ဖမ်းဆီးစစ်ဆေးပြီး ဝန်ခံခိုင်းတယ် ။

အင်မတန်ခေါင်းမာတဲ့ ဌေးနိုင် တယောက် ကျိုးကန်းပဲ့ရွဲ့ ပြီး
အောက်ပိုင်းသေသွားတဲ့ အထိ ဖြစ်အောင်
ဆေးကျောင်းသား ဝင်းနိုင်ဦး ( ရင်မောင် ဘီဘီစီ ) အဖွဲ့ က တာဝန်ယူခဲ့တယ် ။
ဌေးနိုင် တယောက် တက္ကသိုလ်တက်နေရင်း ဆိုင်ကယ်ဝယ်ချင်လို့ 
ထောက်လှမ်းရေးခိုင်းတာလုပ်ရပါတယ် ဆိုပြီး ဝန်ခံခိုင်းပြီး
ဗီဒီယို ရိုက်ထားကာ ဝါဒဖြန့် ချီရေးနဲ့  ရံပုံငွေရရှိရေး လုပ်စားကြတယ် ။
မြစ်ကမ်းဘေးက သဲသောင်ထဲမှာ တွင်းကလေးတူးပြီး ချုပ်ခံထားရပြီး
နာကျင်ဖျားနာပြီး တုန်ရင်နေတဲ့
လူတယောက်ရဲ့ အသံက ပုံမှန်မဟုတ်တော့ဖူး ။
ဝန်ခံတဲ့ အသံကို ပုံမှန်အသံဖြစ်လာအောင်
ရက်ပေါင်းများစွာ ရိုက်နှက်ပြီး ပြောခိုင်းတယ် ။
ဗီဒီယိုနဲ့ ဝန်ခံတာ ရတော့မှ ဌါနချုပ်ကို ပြန်သယ်လာတယ် ။
နှိပ်စက်ခံထားရတဲ့ ဌေးနိုင် တယောက်
လမ်းတောင် မလျှောက်နိုင်တော့ပါဖူး ။

ဆီးသွားရင် သွေးတွေပါ သွားပြီး ဖျားနေရင်း
လဲနေတဲ့ ကိုဌေးနိုင် ကို တညနေခင်းမှာ
ဝင်းနိုင်ဦးတို့ အဖွဲ့ ရောက်လာပြီး
စောင့်နေတဲ့ အစောင့်တွေကို မောင်းထုတ်လိုက်တယ် ။
တော်တော်လေးကြာသွားတော့မှ
အစောင့်တယောက်က အော်ကြီးဟစ်ကျယ်နဲ့ ပြောတာက
ကိုဌေးနိုင် အသက်မရှိတော့ဖူးတဲ့ ။
ဝင်းနိုင်ဦးက စစ်ဆေးပြီး
မိမိကိုယ်ကို သတ်သေသွားတယ်လို့ 
ဘန်ကောက်နဲ့  ဂျပန်ကို ကြေးနန်းရိုက်တယ် ။

၂၀၁၀ ကာလတွေအထိ ဌေးနိုင်ကို ထောက်လှမ်းရေး လို့ အတိအကျရေးသားပြီး
ဝါဒတွေ ဖြန့် နေရင်းနဲ့  အမှန်တရားတွေ တစစ ပေါ်လာတယ် ။
ဌေးနိုင်အကို နဲ့ ညီတွေလည်း သတင်းကြားပြီး လိုက်စုံစမ်းနေတုံး
သန်းဝင်းက လေ့လာလို့ ရသမျှကို ဖြစ်စဉ်အကြမ်းရေးပြီး ဖြန့် ဝေလိုက်တယ် ။
ဌေးနိုင်ကို ထောက်လှမ်းမဟုတ်ဘဲ မှားပြီဆိုတာ မိုးသီး သိလာတယ် ။

ဒီလိုနဲ့  ၂၀၁၂ မှာ မိုးသီးဇွန် မြန်မာပြည်ကို ပြန်သွားတုံးက
မြောက်ပိုင်း ကိစ္စတွေ ရှင်းကြတော့မှ
ဌေးနိုင်ကို ရဲဘော်ရဲဘက်ဖြစ်ကြောင်း
တောထဲမှာ အတူတကွ တိုက်ပွဲဝင်ခဲ့ကြောင်း
မိမိကိုယ်ကို လည်ပင်းချိုးသတ်သွားပုံကို ရဲလင်းက
သရုပ်ဆောင်ပြပြီး ဂျာနယ်တွေမှာ ဖြေရှင်းကြတယ် ။

ကျောင်းသားတပ်မတော် ငြိမ်းချမ်းရေး အတွက်
လက်မှတ်ထိုးပြီးတဲ့ အချိန်မှာ
နောက်မျိုးဆက်သစ်တွေ အတွက်
သမိုင်းမှန်တွေ သိဖို့  တင်ပြလိုက်ပါတယ် ။
(5 photos)
6Unlike · ·
  • You, Do Gyi NB, Thin Thin Nyi, Aung Thu and 20 others like this.
  • Ko Pein ကိုသာဆိုး ရာသက်ပန် ဘေးထွက်နေလိုက်
    ဒီလို ပြသာနာ ရှိခဲ့ရင် သုံးစားလို့မရဘူး
     
    Htay Tint ဖေ့စ်ဘွတ်မှ ကူးယူဖေါ်ပြပါသည်။
     

No comments:

Post a Comment