ABSDF မြောက်ပိုင်းကိစ္စ၊ ထွန်းအောင်ကျော်၊ အောင်နိုင်၊ စိုးလင်းနဲ့ ကျွန်တော်
August 31, 2012 at 5:47pm
(Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်၏ Facebook မှ ကူးယူဖေါ်ပြပါသည်။)
လွန်ခဲ့တဲ့ ၃-၄ နှစ်က စိုးလင်း(အနကလ ဒုဥက္ကဋ္ဌ)က ပြောတယ်။ အောင်နိုင်(အနကလ ဥက္ကဋ္ဌ)က ထွန်းအောင်ကျော်(အထက်ဗကသ ဥက္ကဋ္ဌ၊ နောက် ဒုဥက္ကဋ္ဌ) ကို ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ပစ်ခဲ့တယ်။ ကျွန်တော့်ကိုလည်း ကိုနိုင်အောင်(ဒေါက်တာနိုင်အောင်)က ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ဖို့ ကြိုးစားတယ်ဆိုတော့ ကြားစက ယုံတောင် မယုံဘူး။
ဟုတ်တယ်လေ။ ထွန်းအောင်ကျော်၊ ကိုလတ်၊ ဇော်ရဲတို့က ညီအစ်ကိုတွေ၊ သူတို့က ကျွန်တော်တို့နဲ့ စီဗွီလိုင်း တစ်ရပ်ကွက်ထဲ၊ ကိုနိုင်အောင်နဲ့ ကျွန်တော်က တစ်လမ်းထဲ(အရေးအခင်းမှာ မော်လမြိုင်ကနေပါသွားတာ)။ အောင်နိုင်(စီလမ်းထဲမှာ နေတယ်)ရဲ့ အဖေက ခွဲစိပ်ဆရာဝန်ကြီး။ သူက Final Part I ၊ သူနဲ့ ဇော်မြင့်၊ ဇော်ရဲ၊ အောင်မြင့်ထွန်းတို့က အတွဲတွေ။ ကျွန်တော် ကိုဇာနည်အောင်(မနတ)၊ ထွန်းအောင်ကျော်(ဗကသ)၊ အောင်နိုင်၊ စိုးလင်း၊ မင်းလွင်(အနကလ) အားလုံး စားအတူ၊ သွားအတူ၊ လုပ်ဖော်ကိုင်ဖက်တွေ။ ကျွန်တော်က အားလုံးထဲမှာ အသက်အကြီးဆုံးနဲ့တူတယ်။ အဲဒီတုန်းက မန္တလေးဆိုတာက အကျယ်ကြီးလည်းမဟုတ်ဘူး။ ယုံကြည်ချက်တူတာ အများကြီးမဟုတ်ဘူး။ တစ်ယောက်အကြောင်း၊ တစ်ယောက် မသိစရာ မရှိဘူး။ ပေါင်းကြည့်လို့ကတော့ မိဘ၊ ဆွေစဉ်မျိုးဆက်ကအစက သိနိုင်တယ်။ ထောက်လှမ်းရေးဆိုပြီး အောင်နိုင်က ထွန်းအောင်ကျော်ကို ဘယ်လိုစွပ်စွဲတာလဲ။ အောင်နိုင်က ရမ်းရမ်းကားကား လူမိုက်မဟုတ်သလို၊ စိတ်ဓါတ်မနိမ့်ကျဘူး။ ထွန်းအောင်ကျော်က ခေါင်းမာပေမယ့်၊ ရန်လိုသူမဟုတ်ဘူး။ အေးဆေးတယ်။ လူချစ်လူခင်ပေါတယ်။ ကျွန်တော် စိုးလင်းကို ပြောမိတယ်။ အောင်နိုင် ရူးသွားတာပဲဖြစ်ရမယ်။ ကျွန်တော်စိုးလင်းပြောသမျှကို ယုံတယ်။ သူက အေးတယ်။ အားနာတတ်တယ်။ သူများကို ထိခိုက်အောင်မလုပ်တတ်ဘူး။ သူကပြောတယ် သံချောင်း၊ မျိုးဝင်း၊ အောင်နိုင်တို့က အဓိက တရားခံတဲ့။ ABSDF မှာ ဒေါက်တာနိုင်အောင်နဲ့ ကိုအောင်ထူး(ရှေ့နေကောင်စီ)က အဓိကပဲတဲ့။ ဒါဟာ အမှန်တကယ်ဆိုရင် ကျွန်တော်နားလည်တာက သူတို့အားလုံးရဲ့ နိုင်ငံရေးက ပြီးသွားပြီ။ ဗိုလ်ချုပ်ကြီးခင်ညွန့်လိုပေါ့။
အခု တရားစွဲကြမယ်ကြားတော့ ၁၉၊ ၉ ၊ ၁၉၈၈ နေ့ မနက်မှာ မြို့တော်ခန်းမနဲ့ ပြည်ထောင်စုဘဏ်ဘက် ပစ်ခတ်တာလေးကို ကိုယ်တိုင်ကြုံထားရတော့ အမြဲမှတ်မိနေတယ်။ မ၀င်းမော်ဦး၊ ၀င်းဇော်နဲ့ စောနိုင်တို့ရဲ့ နာမည်ကျော် ဓါတ်ပုံလေးရဲ့ ရာဇ၀င်ပေါ့။ အဲဒီတုန်းက ဆန္ဒပြသူတွေကို ပစ်တာကတော့ War Game တွေအတိုင်းပဲ။ ရက်ရက်စက်စက်ပဲ။ စက်သေနတ်နဲ့ ပစ်တယ်။ အကာအကွယ်ယူနေတဲ့သူကို လောင်ချာနဲ့ပါပစ်တယ်။ ဂျူတီကုတ်နဲ့ တက်ဆွဲသူကိုလည်း ပစ်တယ်။ လူနာတင်ကားတောင် မသွားရဲဘူး။ ပစ်တယ်။ သေလိုက်ကြတာ သောက်သောက်လဲပဲ။ လိုအပ်တာတွေထက် အင်အားကို သုံးတယ်။ အဲဒီတုန်းက အဲဒီမှာ နေရာယူတာက တပ်မ ၃၃(ကျွန်တော်မမေ့ဘူး။ အရမ်းနာကျည်းတယ်) တပ်မမှူး (မြို့တော်ခန်းမှာတာဝန်ကျတဲ့ ဗျူဟာမှူး၊ တပ်ရင်းမှူး)တွေ နာမည်လိုက်ရှာ မှတ်ထားမိတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဒီစိတ်တွေ မရှိချင်တော့ဘူး။ တိုင်းပြည်ကို ရှေ့ဆက်သွားစေချင်ပြီ။
အခုလို ဒီကိစ္စနဲ့ယှဉ်ရင် ဒီ့ထက်ဆိုးခဲ့တဲ့ ကိစ္စတွေကို ဘယ်လိုလုပ်ကြမလဲ။ ပြီးတာတွေ မပြီးတာလဲ နားလည်ပါတယ်။ တရားဥပဒေဆိုတာလည်း နားလည်ပါတယ်။ လုပ်နိုင်တဲ့သူကိုပဲ လုပ်မှာလား။ ဘယ်လောက်ဝေးဝေးသွားချင်တာလဲ… စဉ်းစားကြဖို့ပါပဲ။ ခံခဲရတာတွေ၊ နာကျည်းတာတွေကိုလည်း နားလည်ပါတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ အခြေအနေနဲ့ အချိန်အခါကိုတော့ နားလည်ရပါမယ်။ ကိုယ်စခဲ့တဲ့ အလုပ်တွေ ကိုယ်အဆုံးသတ်ရဦးမယ်။ ကိုယ်တာဝန်မကျေခဲ့တာတွေ ကိုယ်တာဝန်ကျေအောင် လုပ်ရဦးမယ်။
သေချာတာကတော့ နှစ်ငါးဆယ် စနစ်ဆိုးရဲ့အောက်မှာ နေခဲ့ရတဲ့ ကျွန်တော်တို့မှာ ပြသနာတွေက အများကြီး။ အနာဂတ်က ဘာမှ မသေချာသေးဘူး။
(ကိုစိုးလင်းအား ဒေါက်တာနိုင်အောင်၏ ABSDF (တောင်ပိုင်း) က ၁၉၉၁ခုနှစ် အောက်တိုဘာလတွင် ဖမ်းဆီးခဲ့ပြီး ၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကိုထွန်းအောင်ကျော်အပါအ၀င် ၁၅ ဦးအား လူမဆန်စွာ ညဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့သည်။ ကိုစိုးလင်းအား ABSDF ဒေါက်တာနိုင်အောင် အဖွဲမှ ညဉ်ပန်းနှိပ်စက်ပြီး ထောက်ဒဏ် ၁၀နှစ် ချမှတ်ခဲ့သည်။ ၁၉၉၅ တွင် ထွက်ပြေးလွတ်မြောက်သည်အထိ ABSDF အကျဉ်းထောင်ထဲ၌ နေထိုင်ခဲ့ရသည်။)

မ၀င်းမော်ဦးနှင့် (ဒေါက်တာ)၀င်းဇော်၊ (ဒေါက်တာ)စောနိုင်

ကိုထွန်းအောင်ကျော်(အထက်ဗကသ ဥက္ကဋ္ဌ၊ နောက် ဒုဥက္ကဋ္ဌ)

ကိုမင်းလွင်၊ ကိုစိုးလင်း(အနကလ)နှင့် ကိုဇာနည်အောင်တို့ကို Eleven Media Group ၏ ၁၁-၁၁-၁၁ (၁) ခြောက်လုံး ဆုံသည့်နေ့ အထိမ်းအမှတ် ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနားတွင် တွေ့ရစဉ်

(၀ဲမှယာသို့) ဒေါက်တာကျော်ရင်လှိုင် (အတွင်းရေးမှုး၊ ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မရှင်)(နိုင်ငံတော်သမ္မတ၏ အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီဝင်)၊ ဦးညိုအုန်းမြင့်၊ ဒေါက်တာနိုင်အောင်၊ ဦးသူရ (ဇာဂနာ)(အဖွဲ့ဝင်၊၊ ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မရှင်)၊ ဒေါက်တာသောင်းထွန်းနှင့် ဦးလှမောင်ရွှေ (နိုင်ငံတော် သမ္မတ၏ အမျိုးသား စီးပွားရေးနှင့်လူမှုရေး အကြံပေးကောင်စီဝင်) တို့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းတွင် ဒေါက်တာနိုင်အောင်တို့အား ၀င်ရောက်ကြိုဆိုနေသည်ကို တွေ့ရစဉ် (Photo: Hla Maung Shwe Facebook)

ဒေါက်တာ(ကျော်မင်းဦး)၊
(ဒေါက်တာ)သန်းထွဋ်အောင်၊ ဒေါက်တာအောင်မြင့်ထွန်းနှင့်
အောင်နိုင်(ကျောင်းမပြီး)တို့ကို ၁၂-၉-၁၉၈၈ နေ့က
လမ်းမတော်ဆေးတက္ကသိုလ်(၁)တွင် ပြုလုပ်သည့်မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်(ယာယီ) ဖွဲ့စည်းသည့်နေ့တွင် တွေ့ရစဉ်

မ၀င်းမော်ဦးနှင့် (ဒေါက်တာ)၀င်းဇော်၊ (ဒေါက်တာ)စောနိုင်

ကိုထွန်းအောင်ကျော်(အထက်ဗကသ ဥက္ကဋ္ဌ၊ နောက် ဒုဥက္ကဋ္ဌ)

ကိုမင်းလွင်၊ ကိုစိုးလင်း(အနကလ)နှင့် ကိုဇာနည်အောင်တို့ကို Eleven Media Group ၏ ၁၁-၁၁-၁၁ (၁) ခြောက်လုံး ဆုံသည့်နေ့ အထိမ်းအမှတ် ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနားတွင် တွေ့ရစဉ်

(၀ဲမှယာသို့) ဒေါက်တာကျော်ရင်လှိုင် (အတွင်းရေးမှုး၊ ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မရှင်)(နိုင်ငံတော်သမ္မတ၏ အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီဝင်)၊ ဦးညိုအုန်းမြင့်၊ ဒေါက်တာနိုင်အောင်၊ ဦးသူရ (ဇာဂနာ)(အဖွဲ့ဝင်၊၊ ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မရှင်)၊ ဒေါက်တာသောင်းထွန်းနှင့် ဦးလှမောင်ရွှေ (နိုင်ငံတော် သမ္မတ၏ အမျိုးသား စီးပွားရေးနှင့်လူမှုရေး အကြံပေးကောင်စီဝင်) တို့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းတွင် ဒေါက်တာနိုင်အောင်တို့အား ၀င်ရောက်ကြိုဆိုနေသည်ကို တွေ့ရစဉ် (Photo: Hla Maung Shwe Facebook)
- You, Nang Aung Htwe Kyi, Aung PhoneMyint, ဘရာဇီး ငှက်ရိုး and 268 others like this.
- 48 of 155
- Nyinyi Nynyi ခုပြန်လာတဲ့ဦးထွန်းအောင်ကျော်ကပြောတယ်.မြောက်ပိုင်းကိစကိုဖြေရှင်းပါ။သူ့မှာအပြစ်ရှိတယ်ဆိုရင်သူခံမယ်လို့ပြောတယ်။ ခေါင်းဆောင်ကောင်းစိတ်ဓါတ်ရှိတယ်။လက်ခံတယ်။ နိုင်အောင်ကတော့ဘာပြောလဲဆိုတော့မြောက်ပိုင်းကိစကသူ့မှာတာဝန်ရှိတယ်။အပြစ်မရှိဘူးလို့ပြောပြန်တယ်။လက်မခံပါ။ရှင်းမယ်ဆိုတော့လဲမရှင်းဘူး .လမ်းလွှဲတယ်။ မိုးသီးဇွန်ကတော့သမတကြီးဦးသိန်းစိန်အမေရိကန်သွားတော့ ပယ်ပယ်နယ်နယ်ဆဲတယ်.ဒီကိုအရှက်မရှိပြန်လာပြီးတော့ ဦးသိန်းစိန်အစိုးရကိုကူညီဖို့လာတာလို့ကြီးကြီးကျယ်ကျယ်ပြောပြန်တယ်။အားလုံးဦးနှောက်နဲ့စဉ်းစားကြည့်ကြပေါ့
- Thi Ha Soe နားမလည်တာလေးတွေဖြေပေးကြပါ................
ကညနမှာနံပါတ်အနီမှန်သမျှ AA/.... နံပါတ်နဲ. TAXI အသစ်များလဲခွင်.ပေးတာကြိုဆိုပါတယ်..............
အခုတွေ.နေတာကလေလံကားအနက်တွေအနီသုတ်ဝင်ပြီး AA/.... နံပါတ်.....ယုတာဟာ၇ိုး၇ိုးသားသားကားအပ်သုတွေအပေါ်လုလည်ကျလွန်းပါတယ်....ပိုဆိုးတာက mazda jeep တွေကအနီချက်ချင်းသုတ်0င်တာတွေလဲတွေ.နေ၇တော.မျက်စိလည်သလိုဘာသဘောနဲ.ခွင်.ပြုတာတွေလဲ.လပုချင်တိုင်းလုပ်နေကြတဲ.အပေါ်ကဒီကားလဲလှယ်ေ၇းကိုင်နေကြတဲ.လလုကြီးလုပ်သုတွေသိကြ၇ဲ.လား... - De Niner Capricornious just read the HLA OO blog...you all gonna want to kill em those kind of mother fuckers...
- ဦးညာဏ ဓဇ တို့လူမျိုးက ဘာသာတရားနဲ့နေတဲ့သူတွေဆိုတော့ ဘုရားဟောနဲ့ပဲပြော၇တာပေါ့ မကောင်းမှုသည် ဘယ်တော့မှ ဆိက်ကွယ်ရာမရှိဘူးတဲ့ မကောင်းမှု့ ပြု ပြီး ခုမှ ကြောင်သူတော် ကြွက်သခိုးလာလုပ်နေတယ် .......နောက်ထက်လာမနှောက်ယှက်တော့ပါနဲ့ ......အရင်ကလို့ မြန်မာလူမျိုးတွေ မအ တော့ဘူးနော် မိုးမလင်းသေးလို့ အိပ်ချင်ယောင်ဆောင်နေတာ အ. လို့များမှတ်မနေနဲ့ ကိုယ့်လူ....
- Kyawt K Khine ကျွန်တော်သိသော ခေတ်သစ်ဟင်္သာ
ကိုးသောင်းပုံပြင်လို့ အမည်ပေးထားတဲ့
စာအုပ် ဖတ်ပြီးပါပြီ ....... တော်တော် ရက်စက်တဲ့ အဖွဲ့အစည်းတစ်ခုပဲ... - Malar Minthar အဲဒီတုန်းကအဖြစ်အပြစ်တွေဟာ သေချာနှိုင်းယှဉ်ကြည့်လိုက်ရင် ဘယ်သူတွေကတရားသလဲ ဘယ်သူတွေကမတရားဘူးလဲ့ ခွဲခြားရအလွန်ခတ်ခဲ ပါတယ်။ ဒါပေမယ့် တပ်မတော်ဘက်ကနိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံနှင့် လူမျိုးအတွက် ကိုယ့်အသက်ကိုတောင်မနှမြောတဲ့ စစ်သားတွေဟာ အကြောင်းမဲ့ ပြည်သူလူထုကို သက်မှာမဟုတ်ဘူး။ ပြီးတော့ အပြစ်မရှိတဲ့သူတွေကို အပြစ်ရှိတယ်ဆိုပြီး သက်ဖြတ်မှာလည်းမဟုတ်ဘူး။ အဲဒီတုန်းကအဖြစ်အပျက်ထဲမှာ ကိုယ်တိုင်ပါဝင်တဲ့သူတွေအသိဆုံးနေမှာပေါ့။ ကျောင်းသားတပ်တဲ့ ပညာတတ်နှင့် ဖွဲစည်းထားတဲ့တပ်ပဲမဟုတ်လား။ ဒါပေမယ့်ရုပ်ရှင်ထဲကထက်တောင်ရက်စက်တယ်။ သူတို့ပဲခေါင်းတွေဖြတ်တယ်။ သူတို့ပဲ ဘယ်သူတွေလုပ်ပါတယ်လို့အော်တယ်။ သူတို့ကပဲခုမြန်မာပြည်ကို ပြန်လာပြီး အသင့်ပြင်ပေးထားတဲ့ခုံပေါ်ထိုင်ပြီး နေရာယူတော့မယ်။ ကျွန်တော်ထင်ပါတယ် တိုင်းပြည်တိုးတက်ဖို့နေနေသာ သူတို့လက်ထဲတိုင်းပြည်အာဏာနှင့် လုပ်ပိုင်ခွင့် ရောက်လို့ကတော့ ပျက်ပြီ...အားလုံးပျက်ပြီ...တောထဲက ကျောင်းသားစခန်းလို စိတ်ထင်ရင်ထင်သလို သက်လိုက်ဖြတ်လိုက်နှင့် ဥပဒေမဲ့ ဖြစ်သွားမယ်။ အသေအချာပဲ မယုံမရှိနဲ့။
- Nge Lay အာဏာရှင် ကိုတော်လှန်မယ်ဆိုပြီး တောခိုသွားတဲ့ သူတွေတောင် တောထဲမှာ အာဏာပြန်လုသလိုဖြစ်နေတာ သင်ခန်းစာယူစရာပါဗျာ ကျောင်းသားတပ်မတော်အတွက် အမည်းစက်ဖြစ်ခဲ့ရတာကိုတော့ လုံးဝ စိတ်မကောင်းပါဘူး
- Ko Naing ရန်သူချင်းတူလို့ မဟာမိတ်ဖြစ်နေကြတာလောက်ပေါ့... ကိုယ့်အချင်းချင်းလဲဖြစ်ရော လူမိုက်ကလူမိုက်ပဲ့လေ.. အာဏာပြလွန်ပြီး သတ်မိသွားတာဖြစ်ပါလိမ့်မယ်.. နှမျောတယ်ဗျာ. တိုင်းပြည်ရဲ့သူရဲကောင်းတွေ သေတဲ့သူကသေ ကျန်တဲ့သူတွေကလဲ နိုင်ငံရေးအရသေနေတာပါပဲ..
- Ko Naing ကိုသူရ ခေါ် ကိုဇာဂနာ (သို့မဟုတ်) ကိုဂတုံးကလဲ အဲဒီကောင်တွေနဲ့ပေါင်းမှာပေါ့.. သူကလဲ လူ့အခွင့်ရေးနဲ့ နိုင်ငံသားအခွင့်ရေး အမိနိုင်ငံကိုကာကွယ်ခွင့်..အဲဒါကိုသဲသဲကွဲကွဲနားမလည်သေးတဲ့ကောင်လေ..
- Sein Kyaw မြောက်ပိုင်းကိစ္စကို လွှတိတော် နှင်.ဒေါ်အောင်ဆန်းစုကြည် တို.ရေငုံနှုတ်ပိတ် တာဝန်မဲ့စွာမနေဘဲ စစ်ဆေးဖေါ်ထုတ်ခြင်းအားဖြင့် နိုင်ငံရေးအသိုက်အ၀န်းရှိစုန်းပြူးတွေကို ရှင်းထုတ်နိုင်ပါမည်..
- Chaw Tayza ဆရာကိုမောင်မောင်ရဲ့စာအုပ်ဝယ်ဖတ်ပြီး မတရားစွပ်စွဲသတ်ဖြတ်ခံခဲ့ရတဲ့သူတွေအတွက် ရင်ထဲမှာ တော်တော်ခံစားရတယ်။တရားခံတွေကို ခွင့်လွတ်ဖို့ကတော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ သူတို့နဲ့ထိုက်တန်တဲ့ပြစ်ဒဏ်ကတော့ပေးကိုပေးသင့်ပါတယ်။
- Thuthu Lay အော် အာဏာရှင်ကိုတော်လှန်တဲ့ သူတွေ ဖက်ဆစ်အာဏာရူးနဲ့ တွေ့ကြပြန်ပြီ ကျားကိုကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားခက်ဆိုးပါလား။ သူတို့များခေါင်းဆောင်ဖြစ်ရင် ငါတို့နိုင်ငံခွေးဖြစ်လိမ့်မယ်။သံသရာ ချားရဟတ် တပတ်ပြန်လည်ရင်ဖြင့် အဝီစိမှာ လူကျပ်နေတော့မည်။္မ
- Yan Naing Tun ကိုဇာဂနာ ကဘာလို့အောင်နိုင်ကိုအရေးတယူကြို ဆိုတယ် ပြန်ပို့တယ်လုပ်ရတာတုံး....ဘာအကြောင်းတွေရှိနေတာလည်း အာဏာရှုးတွေမှုန်းတဲ့လူရွှင်တော်ကြီးဘာအတွက်ကြောင့်..................................................... ?
- Sai Kham Pauk ပာုတ်မှာပေါ့ အဲဒီကျောင်းသားတပ်မတော် က ကောင်တွေအချို့ က လူကို မပာုတ်မ မှန်စွတ်စွဲ ပြီးတော့ ပြည်ထောင်စုနေ့ကြီးမှာတောင် အစုလိုက် လူသတ်ပွဲ ကြီးလုပ်ခဲ့တဲ့ ကောင်တွေပဲလေ။
- Aung Thike သူ့ယုတ်မာတွေအကြောင်းကိုလူတွေအများကြီးသိအောင်များများရေးပေးလိုက်ပါလို့အကြံပြုခြင်းပါတယ်you ok
- Shein Sml လက်နက်ကိုင်တဲ့သူအချင်းချင်းဖြစ်ကြတာကိုယ်တွေ့မဟုတ်လို့ဘယ်သူလွန်တယ်မပြောလိုပါဘူး၊လက်နက်ကိုင်တဲ့သူကပုတီးကိုင်တဲသူတွေကိုမပစ်မိဖို့သတိလက်လွတ်မဖြစ်ပါစေနဲ့။
- Bran Sai ကျောင်းသားမဟုတ်တဲ့ကောင်တွေက အာဏာသိမ်းတယ်။ ကျောင်းသားဟုတ်တဲ့ သွေးမရှိတဲ့ အခြောက်လိုကောင်က ပူးပေါင်းပြီး အချင်းချင်းပြန်သတ်တယ်။
- Phoe Than Lone အဲဒီ ABSDFဆိုတဲ့သမိုင်းကြောင်းကိုသိနေတော့ခက်နေပြီကွာ မင်းတို့ကမှတိုင်းပြည်ဖျက်တဲ့ကောင်တွေအစစ်ဗျာ..မင်း ၈၈ မှာဘာတွေလုပ်ခဲ့သလဲမင်းတို့ဝန်ခံရင်ဝန်ခံဝန်မခံရင်ငါ ဖွင့်ချတော့မယ်နော်.မယုံရင် အခုမင်းကိုနိုင် အနားမှာနေတဲ့ ရဲလင်းကိုမေးကြည့်ကြဟုတ်လားမဟုတ်ဘူးလားဆိုတာ..
- Soemin Aung ဟင်္သာကိုးသောင်းကိုတော့ မဖတ်ဖူးသေးဖူး ၊ နောက်မှ ထွက်တဲ့ ၀ံပုလွေများထံမှ လွှတ်မြောက်ခြင်းကို ဖတ်ရတယ် ၊ ရက်ရက် စက်စက် လုပ်ရက်ကြတဲ့ သူတွေသေသွားတာ တကယ်နှမြောဖို့ကောင်းတယ် ၊ ဥပဒေရဲ့ အဆုံးအမနဲ့ဖြစ်ဖြစ် အနှိပ်စက်ခံ ကျောင်းသား တွေရဲ့လက်ချက်နဲ့ ပဲ ဖြစ်ဖြစ် အဆုံးသတ်သွားစေချင်လို့ပါ။
- Susu Khin ဆမားညီညီ ရဲ့ ၀ံပုလွေများ လက်မှလွတ်မြောက်ခြင်းစာအုပ်ဖတ်ရတယ် အရမ်းရက်စက်ကြတယ်နော် ခံရတဲ့သူတွေလဲ အရမ်းသနားစရာကောင်းတယ်
- Führer Cylär သတ်ဖို့ကြိုးစားမနေနဲ့ အရသာ သတ်ပစ်လိုက်...သူပုန်အချင်းချင်း မအောင်မြင်တဲ့ လုပ်ရပ်တခုကို သမိုင်းကြောင်းမှာ စာတင်ပြီး စာမဖွဲ့ချင်ဘူး..တိုင်းပြည်နာတယ်...စစ်အစိုးရကြောင့်တိုင်းပြည် ဖွတ်ဖွတ်ကြေခဲ့သလို...မင်းတို့ကြောင့် တိုင်းပြည် ခွေးဖြစ်ခဲ့တာလည်း ထည့်ပြောဦး...
- Jonathan Oo စစ်အစိုးရကို တိုက်မယ်ဆိုပြီးသွားတဲ့လူတွေ ကိုယ့်အချင်းချင်းသတ်ပြီးပြန်လာတယ်။ဘယ်လောက်ရှက်စရာကောင်းလဲ၊နောက်ဆို တော်လှန်ရေးဆိုတာအတွက်အသက်စါန့်ရဲသူတောင်ရှိမှာ မဟုတ်တော့ဘူး၊
- Bhone Pyae အခုမှမြန်မာပြည်ပြန်လာပြီး အာကျယ်အာကျယ်လုပ်နေတာလား မင်းတို့ကောင်တွေကို တိုင်းပြည်က နေရာမပေးနိုင်ဘူး ငါ့ကိုမကျေနပ်လို့သတ်ချင်သေးလား မင်းမှတ်ထားဖို့က အရင်လိုလည်ပင်းကို ၀ါးစိမ်းနဲ့လှီးလို့မရတော့ဘူး ဆိုတာဘဲ ပုံ/ ပြည်သူများကိုယ်စား မျိုးချစ်သူ
- Moe Hnin Kyi ကျွန်တော်သိသော ခေတ်သစ်ဟင်္သာ ကိုးသောင်းပုံပြင်လို့ အမည်ပေးထားတဲ့စာအုပ်က မေးမယ်ဆိုမေးစရာအများကြီးပါ...ရေးထားတိုင်း ယုံရမှာလား ..
- Zawmin Oo အဲ့ ငါလိုးမသားနိုင်အောင်ကိုဖင်းလိုးချင်နေတာကြာပြီ၁တောင်းစားမင်းမြန်မာပြည်နောက်တခါလာလည်စေချင်တယ်ငါနဲ့ တွေ့ ရင်တော့မင်းနဲ့ မိုးသီးဇွန်ဖင်လိုးပြီးသတ်ပစ်မယ်ငါလို့ မသားတွေ
No comments:
Post a Comment