ဒီ မြေပုံ ပေါ်မှာ မြေပုံတွေ ရှိနေတယ်
ပတာလင် ဆိုတဲ့ နေရာမှာ -
ကျောင်းသားချင်း ဖမ်းဆီး ၊နိုပ်စက် ၊ စွပ်စွဲ ၊သတ်ဖြတ် တဲ့ ဇာတ်ကို
၈.၈.၉၁ မှာ စတင်ခဲ့လို့ .....
အဲဒီနေရာဟာ ကျောင်းသား ၅ ဦး မြုပ်နှံရာ ဖြစ်ခဲ့တယ်
ပါဂျောင် ဆိုတဲ့ နေရာမှာ -
ဒီဇာတ်ကို ဇာတ်အိမ်ကျယ်စွာ
၁၀.၈.၉၁ မှာ ဆက်လိုက်ပြန်တော့....
အဲဒီနေရာဟာ အစုလိုက်အပြုံလိုက်ခေါင်းဖြတ်ပွဲမျာ ကျဆုံး ၁၅ ဦး
အပါအဝင် ကျောင်းသား ၂၆ ဦး နဲ့ 
အရပ်သား ၁ ဦး မြုပ်နှံရာ ဖြစ်ခဲ့ပြန်တယ်
အတိတ်မှာဆိုပေမဲ့ မေ့ချန်ခဲ့ဖို့ တော့ မဖြစ်နိုင်ပါဘူး
ရင်း ( ၆ ) နယ်မြေမှာ ကျောင်းသား ၂ ဦး
ရုန်းကန် လွတ်မြောက်ရာလမ်းမှာကျောင်းသား ၁ ဦး နဲ့ ဆိုတော့
ကျောင်းသားချင်း သတ်ဖြတ်မှု အဆုံးမှာ
အားလုံး ၃၅ ဦး ကျဆုံးခဲ့ပါတယ်။ ။
No comments:
Post a Comment