Thursday, August 22, 2013

AB ဟောင်းများနှင့်ပတ်သတ်၍

AB ဟောင်းများနှင့်ပတ်သတ်၍
ကျွန်တော်တို့တွေ ABကထွက်ကြပြီး ကိုယ့်တစ်ဦးခြင်းရွေးချယ်တဲ့လမ်းကိုလျှောက်ခဲ့ကြတယ်။
ဒီထဲမှာ ကျွန်တော်အနေနဲ့ ဘယ်လိုမှ လက်ခံလို့ မရတဲ့သူကတော့ Dr နိုင်အောင်ပါပဲ။ MPCမှာ ဦးအောင်မင်းအကြံပေးလိုလိုနဲ့ ဦးအောင်မင်းတို့ အကြံအတိုင်းလုပ်နေရသူ ABဟောင်းတွေကိုတောင် နားလည်သင့်သလောက်နားလည်နိုင်ပေမဲ့ ကိုနိုင်အောင်တို့ကိုတော့ လုံးဝလက်မခံနိုင်ပါ။ ကျွန်တော်တို့မှာ အကျိုးအကြောင်းများစွာရှိပါတယ်။ဒါတွေကို ဒီမှာရေးရင်ရှည်သွားပါလိမ့်မယ်။
တစ်ခွန်းထဲပြောခြင်တာက သူတို့ကြောင့် ကျွန်တော်တို့ရဲဘော်များစွာ အောက်တန်းအကျဆုံးစွတ်စွဲခံခဲ့ရပြီး အသက်တွေပါပေးခဲ့ရတာပါ။ ဒါတွေကို သူ့အကျိုးအတွက် ကိုနိုင်အောင်တို့လုပ်ခဲ့တယ်ဆိုတာ ကျွန်တော့်မှာ အချက်အလက်ခိုင်ခိုင်မာမာရှိပါတယ်။ အမ်စတာဒမ်က သက်သေခံတွေတောင်မလိုပါဘူး။ရန်ကုန်က ကိုသိန်းထွန်း မန်းက ကိုစိုးလင်းလောက်ဆို လုံလောက်ပါပြီ။
  • Aye Aye Soe Win ခုလည်းအောင်မင်း အသဲစွဲ။ လင်ရောမယားရော။ ၂ယောက်စလုံး။ သူတို.သာ ဒီ.ထက်နဲနဲပိုတတ်နိုင်လျှင်။ စစ်မှန်တဲ.တော်လှန်ရေးသမားတွေကို ၀ါးရင်းဒုတ် ၊ ၀ါးနှီးနဲ.လှီးသတ်မဲ. သူတွေပါ။ ခုလည်း ရှေ.ပြန်နောက်ပြန်လှီးနေတာပါပဲ။ သူတို.မှာလိပ်ပြာမရှိဘူး။ ဘယ်လောက်ပြောပြော မမှုဘူး။ အခွင်.အရေးကို ဘယ်နည်းနဲ.ရရ ဆိုတာ --
  • Maha Mingyi မသိလို့ မေးစရာလေးတွေရှိလာတယ်။ ဒေါက်တို နိုင်အောင်က ၈၈ တုန်းက ဘယ်နေရာ ပါဝင်ခဲ့သလဲ? ဘယ်မှာ ဦးဆောင်သလဲ? စသဖြင့်ပေါ့ ၈၈ မှာ သူဘယ်နေရာမှ မပါခဲ့ပါ ။ ခလရ (၆၂) နဲ့ တွဲထားတဲ့ မုဒုံ စစ်အခြေစိုက် ထောက်လှမ်းရေး တပ်ဆွယ်နဲ့ မျက်စောင်းထိုးလေးမှာ သူ ဆေးခန်းဖွင့်တယ်၊ မုဒုံက စစ်ထောက်ရေး ဗိုလ်မှုးကြီး မြတ်လွင် က သူ့ကို တောခိုခိုင်းတာဆိုရင် ပိုရှင်းသွားမယ်ထင်ပါတယ်။ ဒါကြောင့် ကျောင်းသားစစ်စစ်တွေကို သူက ထောက်လှမ်းရေးစွပ်စွဲပြီး သတ်ဖို့ တာဝန်ယူတာ ရှင်းမယ်ထင်ပါတယ်။ အေဘီရဲဘော်တွေဘ၀ နိုင်အောင်အတွက် ရှင်သန်ကြီးထွားဖို့ ဖြစ်သွားတယ်။ သမိုင်းကို အချိန်မစောင့်ပဲ ကိုယ်ကိုတိုင်ရေးပြီး ကျော်ဖြတ်သင့်ပါတယ်လို့ ၀ီလျံ ဘားနတ်ရှောပြောတယ်။
  • Aye Aye Soe Win နိုင်အောင်ဟာ အစကတည်းက သူ.အမျိုး ရဲမှုးတယောက် ခိုင်းလို. သူဆေးခန်းကရတာမဟုတ်ပဲ၊ ငွေတော်တော်များများနဲ. နယ်ခြားရောက်လာ။ အေဘီကို ဖင်ပြနခေါင်းပြန်ဖျက်ဆီးခဲ.ပါတယ်။ သူဟာ သတ်ပစ်ရမဲ.သူပါ။
  •  
    Aung Myint Han ဖေ့စ်ဘွတ်မှကူးယူဖေါ်ပြပါသည်။
     

No comments:

Post a Comment