အဲဒီနေ့က ကျနော်မန္တလေးရောက်သွားခဲ့တာ (၁၁.၂.၂၀၁၃) နေ့....သားတို့ကဘယ်လောက်ထိဆက်လုပ်ကြမှာလဲတဲ့...အမေအိပ်မပျော်ပါဘူးသားရယ်တဲ့....
နောက်နေ့ဆို သူတို့ကိုသတ်တော့မှာသိနေပြီးဘယ်လိုများတွေးပြီးခံစားနေကြရပါလိမ့်လို့
တွေးပြီး မျက်ရည်ဘဲကျနေတော့တာပါဘဲတဲ့....
အမေအိုတယောက်ရဲ့ ဘ၀နောက်ဆုံးအချိန်တွေကို ဒီလိုဝေဒနာမျိုးတွေ နဲ့ဖြတ်သန်းစေဘို့ ဘယ်လိုကံကြမ္မာဆိုးမျိုးတွေကများ ဖန်တီးပစ်လိုက်ကြရတာပါလဲ....
ဘယ်သူတွေကများ ပြေငြိမ်းအောင် ဖန်တီးပေးနိုင်ကြမှာပါလဲ....
အမေတစ်ယောက်ထဲတော့ ...မဟုတ်လောက်ဘူး...
ဒီလိုအမေတွအများကြီးရှိနေတယ်....
အားလုံးသိကြဘို့......
အားလုံးကြားကြဘို့....
အားလုံးဆင်ခြင်နိုင်ကြဘို့.....
အားလုံးသုံးသပ်နိုင်ကြဘို့.......
အားလုံးသင်ခန်းစာယူနိုင်ဘို့.......
နောက်နေ့ဆို သူတို့ကိုသတ်တော့မှာသိနေပြီးဘယ်လိုများတွေးပြီးခံစားနေကြရပါလိမ့်လို့
တွေးပြီး မျက်ရည်ဘဲကျနေတော့တာပါဘဲတဲ့....
အမေအိုတယောက်ရဲ့ ဘ၀နောက်ဆုံးအချိန်တွေကို ဒီလိုဝေဒနာမျိုးတွေ နဲ့ဖြတ်သန်းစေဘို့ ဘယ်လိုကံကြမ္မာဆိုးမျိုးတွေကများ ဖန်တီးပစ်လိုက်ကြရတာပါလဲ....
ဘယ်သူတွေကများ ပြေငြိမ်းအောင် ဖန်တီးပေးနိုင်ကြမှာပါလဲ....
အမေတစ်ယောက်ထဲတော့ ...မဟုတ်လောက်ဘူး...
ဒီလိုအမေတွအများကြီးရှိနေတယ်....
အားလုံးသိကြဘို့......
အားလုံးကြားကြဘို့....
အားလုံးဆင်ခြင်နိုင်ကြဘို့.....
အားလုံးသုံးသပ်နိုင်ကြဘို့.......
အားလုံးသင်ခန်းစာယူနိုင်ဘို့.......
- You, Linn Zaw, Nyo Gyi Myanmar, Nang Aung Htwe Kyi and 27 others like this.
- Htar Htar Lwin အာဏာရူးတွေ နင်တို့ကတော့ လူတစ်ယောက်ဘဲသတ်လိုက်တယ်ထင်မှာပေါ့ ဒါပေမယ့် တကယ်သေတာက တစ်ယောက်မကဘူး သူ့အမေလည်းသေတယ် သူ့အဖေလည်းသေတယ် သူ့ညီကိုမောင်နှမတွေလည်းသေတယ် တစ်ခါတည်းသေတာမဟုတ်ဘူး ထပ်တလဲလဲသေတာ တစ်ဘ၀လုံးသေတာ ဒါတောင် ခုထိ ထပ်သတ်နေကြသေးတယ်
- Aung Aung Myin အမေအိပ်မပျော်ပါဘူးသားရယ်တဲ့....
နောက်နေ့ဆို သူတို့ကိုသတ်တော့မှာသိနေပြီးဘယ်လိုများတွေးပြီးခံစားနေကြရပါလိမ့်လို့
တွေးပြီး မျက်ရည်ဘဲကျနေတော့တာပါဘဲတဲ့.... ဘယ်သူကများ ဘယ်လိုခံစားချက်မျိုးနဲ့ နားထောင်နိုင်မှာလဲ - Myo Win တားတားက လည်း စိတ်ဆိုးတယ် အဲဒီ ဒဒေါင်းစားနဲ့ နာမည်တူလို့ ဒါပေမဲ့ အမေပေးတဲ့ နာမည် နောက် အဲလို လုပ်ဖို့ မ၀ံ့ရဲပါဘူး၊
- Nicky Shein အသတ်ခံရမယ်မှန်း သိနေတဲ့ ငါ့သားလေး၊ ကြောက်နေရှာမလား...ငါ အမေကို သတိရတမ်းတနေမလား၊ သေမယ်ဆိုတာ သိနေရချိန်မှာ ဘယ်လောက်စိတ်ပူပင်သောကတွေ နဲ့ ဘာတွေ များတွေးနေမှာပါလိမ့်..... စတဲ့ ငါ့သားလေး အသတ်ရခါနီးမှာ ခံစားရရှာမှာပဲလို့ ထပ်ဆင့်ခံစားပြီး တနုန့် နုန့် ပြန်တွေးနေရတဲ့ ဝေဒနာ ကို အမေ မသေမချင်း သယ်ပိုးသွားရတော့မှာ ပါလား...လို့ ကျွန်တော်က တွေးမိတော့၊ အမေ့ ရဲ့ရောဂါပိုးက ကကျွန်တော့်ကိုပါ ကူးစက်ခဲ့ရပါပြီအမေရယ်၊ ဒါပေမဲ့ အမေ...တွေးပြီး ငိုမနေပါနဲ့တော့.၊ အမေ့သားက တကယ့် သူရဲကောင်း ပီသခဲ့သူဆိုတာ ကျွန်တော်တို့ သိနေတယ်၊ သူဟာ တုန်လှုပ်တဲ့လူ ကြောက်တတ်တဲ့သူ မဖြစ်နိုင်ပါဘူးဗျာ..၊ ဒီလိုသတ္တိမဲ့သူမျိုးက အာဏာရှင်ကို တော်လှန်ရဲမှာတဲ့လား..? သူရဲကောင်းပီသစွာ မတုန်မလှုပ်သေခြင်းတရားကို ရင်ဆိုင်သွားတဲ့ အမေ့သားဟာ ဘာမှ ခံစားထိရှ နေမှာမဟုတ်ဘူးဆိုတာ ကျွန်တော် ရဲရဲကြီး ယုံတယ်၊ တခုပါပဲ သစ္စာဖေါက်ရက်ကြလေခြင်းဆိုတဲ့ ယူကြုံးမရတဲ့စိတ်နဲ့ အကြိမ်ကြိမ် တောက်တွေ ခေါက်ခဲ့မယ်ဆိုတာ...၊ တမလွန်ကနေ တနေ့နေ့တော့ ဒင်းတို့ အယုတ်တမာတွေကို ကောင်းကောင်း လက်စားချေ ဒါဏ်ခတ်လိမ့်မှာပါ၊ ကျွန်တော်တို့နဲ့ အတူပေါ့ .......အမေ့သား ကောင်းရာသုဂတိကို လားမယ်ဆိုတာ စိတ်ချ ယုံကြည်နေပါစေတော့ အမေရယ်.....။
- Pauline Kyi · Friends with ဘရာဇီး ငှက်ရိုး and 12 othersရင်ထဲမှာနာတယ်။အမျှလိုက်ခံစားရသလို။ကိုယ်ကတော့"အမေဆုးံခါနီးသွားတော့မယ်သမီးရေ"တဲ့ဗလုးံဗထွေးနဲ့ပြောခဲ့တဲ့အေ
ကြာင်းပြန်ပြောပြကြတော့ရင်ထဲမှာဘယ်လိုမှမခံးစားနိင်ဘူး ဒီနေ့အထိလည်းအစလောက်ဘဲတွေးနိင်တယ်ဆက်ပြီးစဉ်းစားနိင်စွမ်းအားမရှိဘူးနှလုးံထဲမှာမွန်းကြပ်လာတယ်ကျန်ခဲ့ခြင်းမတူကြပေမဲ့သေကွဲကြောင့်ကြေကွဲနေရတာတွေတူရလို့ဝင်ခံစားကြည့်နိင်ပါတယ် - Royal Komoe · Friends with ဘရာဇီး ငှက်ရိုး and 8 othersမိဘဆိုတာသားသမီးနာမှာတာမှာကိုကိုယ်နာတာဆာတာထက်ပိုခံစားရသူတွေပါ။ဒါကြောင့်ဒီအမေရဲ့နေရာမှာလို့ကိုယ်တိုင်ဝင်စဉ်းစားမိရင်....စကားနဲ့တောင်ပြောမထွက်တော့ပါဘူး။အမေ့ရှေ့လျှောက်အေးချမ်းပါစေ။
- Aung Than Nyunt Aungnilai အ မေ ပြောဘူးတဲ့ စကား လေးပါ(မင်းအစ် ကိုကြီးက
အ မေလုပ်ခြင် တဲ့ အလုပ် တွေ လုပ်သွားတာပါ ကွာ)တဲ့ 
လေ.....
No comments:
Post a Comment