Friday, February 1, 2013

တမာခင်ရဲ့ထောက်လှန်းရေးအလိုရှိသည်

တမာခင်ရဲ့ထောက်လှန်းရေးအလိုရှိသည်

by မိုးဦး မွန် on Wednesday, January 30, 2013 at 3:06pm ·
 (ခင်ရွှေလှိုင် တဖြစ်လဲ တမခင်ရေးတာ မပြောခင် ကျနော် ပြောစရာတခုရှိပါတယ်။ ကျနော် ဖေ့ဘွတ်သုံးတာ မကြာသေးပါ။ တူမတယောက်က ဦးငယ်တို့မြောက်ပိုင်းကျောင်းသားတပ်အကြောင်းတွေ ရေးတာ ဖတ်ရတယ်ပြောတာနဲ့ အကောင့်ဖွင့်ခိုင်းတာ ညီမအငယ်က သူမသုံးဖြစ်တဲ့အကောင့်ကို ပေးတယ်ဗျာ။ ကိုယ့်ဟာကိုယ်အဟုတ်မှတ်နေတာ ကျနော့်ကို အမခေါ်မှ လားလား နာမည်မပြောင်းဘဲသုံးနေတာဗျ။ အခု ကျနော် နာမည်ပြောင်းမှဖြစ်တော့မှာမို့ ဘယ်လိုပြောင်းရသလဲ မိတ်ဆွေတို့ပြောပြကြပါအုန်း။ ခွေးတောက် အဖြစ်ပြောင်းချင်တာဗျာ။)
 ကျနော်က ခင်ရွှေလှိုင်ရေးတဲ့ တရားခံဘယ်သူလဲ ဆိုတဲ့ အပိုင်းအပိုင်းတွေဖတ်ပီးကထဲက ဒီရဲမေအတွေးထဲမှာ ထောက်လှန်းရေးဆိုတဲ့ အယူရှိတယ် အစွဲရှိတယ် ထောက်လှန်းရေးတွေလုပ်လို့ကျောင်းသားအချင်းချင်း သတ်ကြတဲ့အထိ ဖြစ်တယ်လို့ထုတ်မေ၇းပေမယ့် သိနေတယ်ဗျာ။သိအောင်ရေးတာလည်း ဖြစ်မယ်ပေါ့။
အခု တမာခင်ဆိုပီး ရေးတော့ ပိုပီး ခိုင်ခိုင်မာမာ တိတိကျကျ သေသေချာချာ ပြောတာ ရှင်းကနဲ ဖတ်ရတာပေါ့ဗျာ။သူ့အမြင်ကို ပေါ်အောင်ပြောဘီပေါ့။ ဒါ့အပြင် မနန်းအောင်ထွေးကြည်ကို ထောက်လှန်းရေးပါလို့ ဖွင့်မပြောယုံသာထားပီး အသေအချာ စွပ်စွဲနေတာ ထင်ရှားတယ်ဗျ။ အချက်အလက်တွေ အတိအကျနဲ့ သေချာပါတယ်ပုံစံပေါ့ဗျာ။
သူရေးတာရှင်းနေတာက သူ့ကိုတယောက်ယောက်က ပြန်ပြောထားတယ်ဆိုတာ သေချာနေတယ်။ မနန်းအကြောင်း သေချာသိသူဆီက တချို့ကိုယ်ရေးကိုယ်တာတွေ သူက ရလိုက်တာ။ ဘယ်သူဖြစ်မလဲဆိုတာ တွေးကြည့်ရင်သိပါတယ်။ မပမှာ သူ့ရဲ့ အရင်းနှီးဆုံး သူအာမခံရဲလောက်အောင် ရင်းနှီးတဲ့အပြင် နောက်ပိုင်း သူနဲ့ပြန်ဆက်မိတဲ့ ရဲမေပဲပေါ့ ။ ဒါတွေထားပီး တမာခင်က မပကျောင်းသားတပ်မတော်မှာ ခေါင်းဆောင်အစစ်တွေ အသတ်ခံရတာ ထောက်လှန်းရေးပယောဂပါလို့ ဒါ့ကြောင့် လွတ်မြောက်သွားတဲ့ကျောင်းသားတွေမှာ ထောက်လှန်းရေးပါကိုပါရမယ် သူဆိုလိုချင်တာဗျာ။
အဲဒီအမြင်ဟာ သူတယောက်ထဲမဟုတ်ပဲ ABSDF စုံးစမ်းေ၇းကော်မရှင်အဖွဲ့ကလူတွေကလည်း ဒီအတိုင်းမြင်တယ်ဆိုတာ ထင်ရှားနေတယ်။ ABSDF ဟာ ကျောင်းသားအချင်းချင်း သတ်ကြတယ်ဆိုတဲ့ သမိုင်းကို မဖြစ်စေပဲ ထောက်လှန်းရေးတွေ ကျောင်းသားယောင်ဆောင် ဝင်ရှုပ်တဲ့အတွက် ဖြစ်ရတယ်လို့ သမိုင်းပြင်ချင်တယ်ေ၇းချင်တယ်ဆိုပါတော့ဗျာ။ မယုံရင် ၂၀၁၃ မေလမှာ ထုတ်ပြန်တာစောင့်ကြည့်ကြပေါ့။ အဲဒီအတွက် အခုကတည်းက အလံရှုး တမာခင်က ကျောင်းသားစစ်စစ်တွေ အသတ်ခံ၇တာမှန်တယ်။ အဲဒါ ထေက်လှန်းရေးလက်ချက်ဆိုတာ ပေါ်လွင်အောင် လမ်းစဖော်ပေး ရေးလာနေတာပေါဗျာ။ ဟုတ်ပီ. ဒါဆို ဘယ်သူဖြစ်မလဲဆိုတာ ပြောရမှာဖြစ်တဲ့အတွက် အခုတလော မပအကြောင်းကြာင့် လူတွေ သနားချစ်ခင်ကြတဲ့ မနန်းအောင်ထွေးကြည်ကို ဦးတည်တိုက်ခိုက်ဖို့ ရွေးလိုက်ပုံရတယ်။ တမာခင် လူရွေးတော်ပါတယ်။ မနန်းအောင်ထွေးကြည်ဟာ သူကြီးပြင်းခဲ့ရတဲ့ ပြည့်စုံတဲ့ဘဝမှာ စိတ်ကူးယဉ်ပီးနေခဲ့တတ်တဲ့ အခြေအနေကြောင့် သူ့စကားတချို့နဲ့ လုပ်ရပ်တစ်ချို့မှာ စိတ်ကူးယဉ်ပီး ပြောလေ့နေလေ့ရှိတဲ့ အကျင့်စရိုက် အားနည်းချက်ကို တမာခင်က ကောင်းကောင်း အသုံးချပီး တွယ်တော့တာဘဲ။
  ABSDF လက်ရှိ အဖွဲ့ကလူတွေ အားလုံးနီးပါးဟာ မပ မှာဖြစ်ခဲ့တဲ့ ပြဿနာသည် ကျောင်းသားစစ်စစ်တွေ အသတ်ခံရအောင် ကျောင်းသားအယောင်ဆောင်ဝင်ေ၇ာက်လာတဲ့ ထောက်လှန်းရေးတွေ လက်ချက်လို့ သံမှိုစွဲ မပျောက်မပျက်လက်ခံထားပီးသားဆိုတာပါဘဲ။ စုံစမ်းရေးကော်မရှင်ကလည်း ဒီတိုင်းပဲ စွဲမြဲယုံကြည်တဲ့အတွက် သူတို့စုံစမ်းနေတာအမှုမှန်ပေါ်ပေါက်ရေးလုပ်နေတာ ဘာတွေလုပ်နေတယ်ထင်သလဲ။  ထောက်လှန်းရေး ဘယ်သူဖြစ်မလဲ ဆိုတာ ရှာနေစုံစမ်းနေတာဘဲ။ ဒါ့ကြောင့် တမာခင်ကတော့ ရှာတွေ့လေသယောင် ရေးနေလေဘီပေါ့ဗျာ။ ကဲ တမာခင်ရေ ထောက်လှန်းရေးတကယ်အလိုရှိရင်ဖြင့် ကျနော် အချက်အလက်တွေပို့ပီး ကူညီရှာပေးဖို့လိုသလား သိချင်ပါတယ်ဗျာ။
5Unlike · ·
  • Min Tharr တမာခငိဟာ ခင်ရွှေလှိုင်ပါပဲ။ ကျနော်တောင်းဆိုချင်တာက အခုဒီမြောက်ပိုင်းသမိုင်းမှန်ကို ဖေါ်ထုတ်နေကြတယ်။ ပြည်သူလူထုကြားထဲကို သိအောင်ချပြနေတယ်ဆိုတော့။ ဘက်ပေါင်းစုံက အမြင်တွေကို လက်ခံဆွေးနွေးတာ အကေါင်းဆုံးပါ။ ခင်ရွှေလှိုင်လဲမြောက်ပိုင်းကျောင်းသူတစ်ယေါက်ပဲ။ သူရေးတဲ့အချက်တွေကို ဘယ်အချက်က မှားတယ်။ ဘယ်ဟာမှန်တယ်ဆိုပြီး သေချာထောက်ပြပြောဆိုနိုင်ရင် လေ့လာသူတွေရော ပြည်သူတွေရော သမိုင်းအမှန်ကို သိရတာပေါ့။ တိကျစစ်မှန်တဲ့ အချက်အလက်တွေနဲ. ရေးသားချက်တွေကို စောင့်မျှော်နေပါတယ်။
  • Min Tharr ဘယ်ရှူ.ဒေါင့်ကပဲရေးရေး မတရားလူမဆန်ခဲ့တာဟာ ပျောက်ကွယ်သွားမှာ မဟုတ်ုပါဘူး။ ဒါကြောင့် အချက်အလက်တွေကို မှားတယ်ပြောနေမယ့်အစား ဘယ်ဟာက အမှန်တွေဆိုတာကို တင်ပြပြီး အချက်အလက်နဲ. တုန်.ပြန်ရေးသား။ ပြောဆိုတာမျိုးဟာ သမိုင်းစစ်ကိုဖေါ်ထုတ်နိုင်မယ်လို. ယုံကြည်ပါတယ်။
  • မိုးဦး မွန် မှန်ပါတယ် ကိုမိုးကျော်
     
    မိုးဦး မွန် ဖေ့စ်ဘွတ်ခ်မှ ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment