Saturday, February 23, 2013

ဝမ်းသာဝမ်းနည်းမှု ၂ခုကိုပေးခဲ့တဲ့ ပြည်ထောင်စုနေ့ 

ဝမ်းသာဝမ်းနည်းမှု ၂ခုကိုပေးခဲ့တဲ့ ပြည်ထောင်စုနေ့ ”(အိုးဝေအောင်)

by အိုးဝေအောင် အိုးဘားမား on Tuesday, February 12, 2013 at 10:41am ·
”၀မ်းသာဝမ်းနည်းမှု  ၂ခုကိုပေးခဲ့တဲ့ ပြည်ထောင်စုနေ့ ”(အိုးဝေအောင်)

၁ ။(ဒို့ ဘိုးဘွား လက်ထက် -နယ်ချဲ့ ခေတ်က ၁၉၄၇ခုနှစ်-ဖေဖော်ဝါရီလ၁၂ရက်နေ့ -ပြည်ထောင်စုနေ့ ဟာ သွေးမြေမကျဘဲ လွတ်လပ်ရေးရယူဖို့ အတွက် လုပ်ဆောင်တဲ့နေ့ မို့  တနိုင်ငံလုံးက တိုင်းရင်းသားတွေ ပြည်သူပြည်သားတွေ ပြုံးပျော်ရတဲ့နေ့ မို့  ၀မ်းသာကြည်နူးရတာ ၆၆နှစ်မြောက်ပြီ။)

၂ ။(( ဒို့ တွေ သက်ရှိထင်ရှားရှိနေတဲ့ စစ်အစိုးရလက်ထက် ၁၉၉၂ခုနှစ်--ဖေဖော်ဝါရီလ၁၂ရက်နေ့ -ပြည်ထောင်စုနေ့ ဟာ မြန်မာပြည်မြောက်ဖျားက သွေးစွန်းနေတဲ့ သူပုန်နယ်မြေမှာ ကျောင်းသားအယောင်ဆောင် အမောင် တောင်မှန်းမြောက်မှန်းမသိသူ ရော်နယ်အောင်နိုင်၊မျိုးဝင်း၊သံချောင်း၊လဆိုင်းအစရှိတဲ့ အာဏာရူးတစုရဲ့ လူမဆန်စွာညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့မှုကြောင့် ကိုထွန်းအောင်ကျော်။ကိုမောင်မောင်ကြွယ်အပါအ၀င် ကျောင်းသားစစ်စစ်တွေ သေခဲ့ရတယ်။ထိုပြည်ထောင်စုနေ့ မှာ သွေးစွန်းခဲ့တာ ၂၁နှစ်မြောက်ခဲ့ပြီ ။ကျောင်းသားတွေကိုခေါင်းဖြတ်သတ်ခဲ့တဲ့ ၁၉၉၂ပြည်ထောင်စုနေ့ ကို တနိုင်ငံလုံးက ကျောင်းသားပြည်သူရဟန်းရှင်လူတွေ က ၀မ်းနည်းစွာနဲ့ ဖြတ်သန်းခဲ့တာ ၂၁နှစ်တိုင်ခဲ့ပြီ။))


 ၃။ (((လူသတ်တရားခံတွေ အခုထိ ပြည်သူ့ေ၇ှ့ မှောက် အရောက်မလာကြသေး။ဝန်မခံကြသေးသမျှ အမှန်တရားအတွက် ကျန်ရစ်သူများက ဆက်လက်တိုက်ပွဲဝင်သွားကြမည်ဟု ယုံကြည်သည်။အမှုမှန်သည် မကြာခင်ပေါ်ပေါက်ပြီး ခံခဲ့ရသူမိသားစုများ ကျေနပ်ကြသည်အထိ တရားဥပဒေစိုးမိုးပါစေ။ အမြန်ဆုံး အကျိုးသက်ေ၇ာက်ပါစေလို့  ပြည်ထောင်စုနေ့ အမှတ်တရ ၀မ်းသာခြင်းx၀မ်းနည်းခြင်း စကားဆိုပါရစေ။)))

(အိုးဝေအောင်)
၂၀၁၃-၂လပိုင်း-၁၂ရက်နေ့ 
၆၆နှစ်မြောက် ပြည်ထောင်စုနေ့ (သို့ )
၂၁နှစ်မြောက် သွေးစွန်းခဲ့တဲ့ ပြည်ထောင်စုနေ့ 
8Unlike · · ·

No comments:

Post a Comment