မြောက်ပိုင်းဇတ်လမ်းသုံးသပ်ချက် (၂)မြောက်ပိုင်းဇတ်မှန်၊ ပေါ်စေငြား၊ သစ္စာပန်းများ ပွင်.ပါစေ။
by Aye Aye Soe Win on Saturday, January 26, 2013 at 9:27am ·
မြောက်ပိုင်း ဇတ်လမ်း သုံးသပ်ချက်(၂)
-မြောက်ပိုင်းစခန်း အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် ကနဦး သတင်းတိုက်ပွဲ ( ၂၀၁၁ နှစ်ကုန် မှ --၂၀၁၂ ဂျွန် အထိ)
အရိုးတွန်သံဆောင်းပါးတွေ အရှိန်မြင့်အားကေါင်းလာတဲ့ အချိန်မှာပဲ မြောက်ပိုင်းက တစ်ဦးစ နှစ်ဦးစ စတင်ရေးသားလာပါတယ်။ အဲဒီကာလမှာပဲ ကျနော် နန်းအောင်ထွေးကြည်နဲ. စတင်သိကျွမ်းခဲ့ရပါတယ်။ နန်းအောင်ထွေးကြည်ဟာ ရုပ်ရည်သန်.ပြန်.ပြီး ခင်မင်ဖို.ကေါင်းပါတယ်။ တဖြည်းဖြည်းရင်းနှီးလာတဲ့ အချိန်မှာ သတိပြုမိတာက သူမဟာ ကိုယ်ရည်သွေးစကားများ ပြောဆိုတတ်ပြီး စကားပြောကြမ်းပါတယ်။ သူကလဲပြောပါတယ်။ ငါက အစထဲက ဒီလိုခပ်ကြမ်းကြမ်းပဲဆိုပြီးတော့။ ပြည့်စုံပြိး ပညာတတ်အသိုင်းအ၀ိုင်းက မိန်းကလေးတစ်ယေါက်က စကားပြောကြမ်းတယ်ဆိုတာကိုတော့ အံ့သြမိပေမယ့် ကျနော်ကိုယ်တိုင်က တောထဲမှာ စစ်သင်တန်း အကြိမ်ပေါင်းများစွာ တက်ခဲ့ဖူးသူဖြစ်တဲ့အတွက် ပြဿနာ ထွေထွေထူးထူးမရှိပါဘူး။
နောက်တစ်ချက်ကတော့ သူမနဲ. တွေ.ဆုံစကားပြောဖူးသူတွေရဲ. တူညီတဲ့ကောက်ချက်ကတော့ သူမဟာ စာဖတ်အားနည်းတယ်၊ နိုင်ငံရေး သဘောတရားအားနည်းတယ် ဆိုတဲ့အချက်ပါပဲ။ စကားစကား ပြောပါများ၊ စကားထဲက ဇာတိပြ ဆိုတဲ.စကား ဟာ အလွန်မှန်ပါတယ်။ သူမ လိမ်တတ်တာ၊ေ၇ှ.နောက်မညီညွတ်မှုတွေဟာ ဘယ်သူကမှ ဖိအား ပေး ပြောခိုင်းနေတာ မဟုတ်ပဲ၊ သူ.ဖာသာသူ ကိုယ်ရည်သွေး ရင်း ဖွာ ထွက်လာတဲ. အစအနတွေဖြစ်ပါတယ်။ ကျနော်တို.က နားထောင် နေသူများသာဖြစ်ပါတယ်။ ထိုစဉ်က သူ ပြောတာကို လေးလေးစားစား နားထောင် ပေးခဲ.၊ မှတ်သားခဲ.ပါတယ်။
အဲဒိအချိန်မှာ မြောက်ပိုင်းကိစ္စကို သတင်းဌာနတွေကနေ ဖေါ်ပြထုတ်လွှင့်ပေးကြဖို.အတွက် တိုက်ပွဲဝင်နေတဲ့ အချိန်ဖြစ်ပါတယ်။
မအေးအေးစိုးဝင်းနဲ.အတူ ကနေဒါမှ အမှန်တရားမြတ်နိုးသူတစ်ယေါက်ရဲ.တိုက်ပွဲဝင်မှုကြော့င့် DVB သတင်းဌာနဟာ ၂၀၁၂ ဂျန်န၀ါရီမှာ ၏ ဂျန်န၀ါရီ ၉ ရက် သတင်းကြေငြာချက် အတွက် ၂၀၁၂ ဂျန်န၀ါရီ၂၃ ရက်နေ.မှာ မူလကြေငြာချက်မှာ ဘက်လိုက်မှုပါဝင်နေခဲ.ကြောင်း ပြောဆိုပြီး လူသိရှင်ကြားတောင်းပန်ခဲ့ရပါတယ်။ ဒီမြောက်ပိုင်းကိစ္စဖေါ်ထုတ်မှုရဲ. ဂယက်ကြောင့် ပန်းချီထိန်လင်းကို RFA မှ ဂျန်န၀ါရီ လကုန်မှာ ဆက်သွယ်ပြီး၊ အင်တာဗျူးပြီး ထုတ်လွင့်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအင်တာဗျူးမှာ ပြောကြားချက်တွေဟာ အင်တာဗျူးယာ မေးမြန်းသူ၏ကောင်တာမေးခွန်းတွေကြောင်. မြောက်ပြန်ပြန်များကိစ္စပေါ်လွင်ဖို. အတွက် တော်တော်ကို အားနည်းခဲ့ပါတယ်။ အဲဒီအချက်ကိုလဲ အများသိကြမှာပါ။ အဲဒီအတွက် ပိုပြီးသမာသမတ်ကျ ဘက်မလိုက်တဲ. အင်တာဗျူးအသစ်တစ်ခု ထပ်ရဖို. အတွက် မအေးအေးစိုးဝင်းဟာ RFA ကို စာရေးဆက်သွယ်ပြီးတောင်းဆိုခဲ့ပါတယ်။
RFA မှ ဒေါ်ငြိမ်းရွှေကလဲ ပြန်လည်ဆက်သွယ်လာပြီး ပြုလုပ်ပေးမယ့်အကြောင်း၊ အင်တာဗျူး အသစ်အတွက်
၁၂-၁၅မိနစ်ခန်.ပေးနို င်ကြောင်း၊ ကြိုက်တဲ့သူကို ရွေးချယ်နိုင်ကြောင်းပါ ခွင့်ပေးလာပါတယ်။ အဲဒီ. အချိန်က မြောက်ပိုင်းပြန်တွေဆိုတာ အပယ်ခံ မျက်နှာမွဲတွေဖြစ်ပါတယ်။
နန်းအောင်ထွေးကြည် နံမည်ကြီးလာခြင်းမှာ-
--ကိုအောင်မိုးဝင်း ၏ မုန်တိုင်းနဲ.တူသောအရိုးတွန်သံဆောင်းပါးများ၊
--ကိုမောင်မောင်ဝမ်းက သူပိုင်လူမှုကွန်ယက်က ဒီဇတ်လမ်းတွေကိုဖြန်.ဖြူး၊
--မအေးအေးစိုးဝင်းက သူမကို တနိုင်ငံလုံးလွှင်.တဲ. RFAရေဒီယို မှာ အဗျူးခံရအောင်၊ စာတွေရေးကြိုးပမ်းပေး၊
--အေဘီအခြေအနေကို သုံးသပ်ထားတဲ. ကိုကို ဦး၏စာနဲ. တခြားနိုင်ငံအသီးသီးမှာ ရှိတဲ. အေဘီဟောင်းတွေ၊ ပြီးတော. အားကြီးတဲ. ပရိသတ် က အဖွဲ.စွဲ လူစွဲ မထားပဲ ခံရတဲ. သူတွေဖက်က ပြတ်သားစွာ ရပ်တည်ပေး ခဲ.လို.သာဖြစ်တယ်။
လူ.သဘာဝ က အပယ်ခံ အနှိမ်ခံတွေဆိုသနား တတ်တယ်။ ၀ိုင်းသနားကြတယ်။ ကူညီပေးကြတယ်။ နန်းအောင်ထွေးကြည် တစ်ယောက်ထဲ အစွမ်းအစနဲ. ဒီလောက်ဖြစ်မလာခဲ.ဘူးဆိုတာ သူကိုယ်တိုင်သိသလို၊ မြောက်အမေရိကတိုက်က အေဘီဟောင်းများ တစ်ယောက်မကျန်သိကြပါတယ်။ မေသင်ကြန်ဟိန်နဲ. ဗျူးတဲ. အခါ မှာတော. ဇတ်အိမ်ကြီး တစ်ခုလုံး ရဲ. စ လယ် ဆုံး ကို တော်တော် ဖျောက်ထားပြီး၊ မိမိသာ မိမိ အလွန် အရေးပါလွန်း၏ဆိုတဲ.မူနဲ. တကိုယ်ကောင်းဆန်မှုတွေ၊ ထိန်ချန်မှုတွေ၊ လိမ်ညာမှုတွေ ပါလာခဲ.ပါတယ်။ မဗျိုင်း ဇီးသီးအကြောင်း မသိနိုင်တော.တာ ပြဿနာ မဟုတ်ပေမဲ.၊ မဗျိုင်း လမ်းကြောင်းမှားနေတာ ကို အရှိအတိုင်းပြောရမှာ ကျနော်တို. အားလုံး၏တာဝန်ဖြစ်ပါတယ်။
ရေဒီယို ဖရီးအေရှား အင်တာဗျူး အတွက် လူရွေးချယ်တဲ့အခါမှာ နန်းအောင်ထွေးကြည်နဲ. ဘိုဘိုကို ပထမမှာ လျာထားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဘိုဘိုကို ဖြုတ်ပြီး သင်းသင်းညီကို အစားတင်ပေးဖို. ကျနော်တို.တောင်းဆိုခဲ့ပါတယ်။ အဲဒီအကြောင်းပြချက်ကိုလဲ နန်းအောင်ထွေးကြည်သိပါတယ်။ နန်းအောင်ထွေးကြည်နဲ. သင်းသင်းညီစီ ကိုလဲ RFA မှ ဆက်သွယ်လာမှာဖြစ်တဲ့အကြောင်းကို အသိပေးခဲ့ပါတယ်။ ဒီအင်တာဗျူးထုတ်လွင့်ချက်ဟာ ထိရောက်အောင်မြင်ခဲ့ပါတယ်။ ၂၀၁၂ ဖေဖေါ်ဝါရီ လဆန်း RFA အာအက်ဖ်အေ အင်တာဗျူးမှာ မနန်းအောင်ထွေးကြည် အသံနဲ. ခင်ချိုဦး နောက်ဆုံး ဇတ်သိမ်းခန်း နဲ. ပတ်သက်ပြီးဖြေကြားသွားတာကို မှတ်မိနေကြဦးမယ်ထင်ပါတယ်။
သမိုင်းမှန်ကို ဖေါ်ထုတ်ရာမှာ စစ်မှန်တိကျတဲ့ အချက်များနဲ.သာ ဖေါ်ထုတ်မယ် ဆိုပြီး ကြွေးကြော်ခဲ့တဲ့ နန်းအောင်ထွေးကြည်ကို အင်တိုက်အားတိုက်ကျနော်တို. ၀န်းရံခဲ့ကြပါတယ်။ ၀န်းရံရတဲ့ အချက်တွေကတော့
၁. သူမကိုယ်တိုင် ဒီလူမဆန် ရက်စက်မှုများကို ခံစားခဲ့ရပြီးမှ လွတ်မြောက်လာခဲ့ရသူ တစ်ဦးဖြစ်ခြင်း
၂. နိုင်ငံခြားတွင် နေထိုင်သူဖြစ်သဖြင့် သူမအား ဆက်သွယ်ရာတွင် လွယ်ကူမြန်ဆန် အဆင်ပြေမှုရှိခြင်း။
စတဲ့အချက်တွေပေါ်မှာ အခြေခံပြီး ၀န်းရံခဲ့ကြခြင်းဖြစ်ပါတယ်။
သူမနဲ.ကျနော် စကားအကြိမ်ပေါင်းများစွာပြောဖြစ်ခဲ့ပါတယ်။ သူမဆီကလဲ မြောက်ပိုင်းကိစ္စနဲ. ပတ်သက်တဲ့ အချက်အလက်တွေ တော်တော်များများ လေ့လာခဲ့ရပါတယ်။ RFA မှာ ဖေဖေါ်ဝါရီလဆန်း အင်တာဗျူးနဲ.အသံလွှင့်ခဲ့ပြီးနောက်ပိုင်းမှာ သူမဟာ သူသိတဲ့အချက်အလက်များသာ အမှန်၊ သူများပြောရင် မမှန်ဘူး။ ဒီလို ဟိုလူ တွေပြောတာ မတိကျဘူး။ သူကလွဲရင် ကျန်တဲ.သူတွေ ပြောသမျှ တနေရာရောမှာ မှားနေလို. သူတစ်ဦးထဲကသာ အချက်အလက်တွေအားလုံး အသိဆုံး၊ သူက လွဲရင် ဘယ်သူမှ သူ.လောက်မတိကျ၊ ဒီလို ဒီဇိုင်းမျိုးနဲ. ကျနော် တို. ကို တနေရာတမျိုး ခပ်ဆန်းဆန်းတွေ ၊တလွဲတွေအမြဲပြောခဲ.ပါတယ်။ ကျနော် တို.ကလည်း ၂၀၁၂ ဧပြီ အထိ သူ. အပေါ်ယုံကြည်ခဲ.ပါတယ်။
ထို အချိန်အထိ ကျနော်၊ မအေးအေးစိုးဝင်း၊ အောင်မိုးဝင်း ဒီလူတွေဟာ မြောက်ပိုင်း ကိစ္စကို မျက်နှာ ဆုံ ညီ မဆွေး နွေးခဲ.၇သေးပါဘူး။ အခြား မြောက်ပိုင်းပြန်များ ပြောဆိုတဲ့ အချက်များဆိုရင်၊ ဘယ်သူပြောတာ မမှန်ဘူး။ ဘယ်သူပြောတာ မတိကျဘူး အစရှိသဖြင့် ဝေဖန်တာတွေများလာပြီး ဒါတွေပဲ ကျနော့်ကို ပြောလာပါတယ်။ မန္ဒလေးက လူတွေ ကို သူ တော်တော် ဝေဖန်ပါတယ်။
အထူးသဖြင့် သူမအဝေဖန်ဆုံးကတော့ ဆမားညီညီကိုပါပဲ။ ကျနော်နောက်ပိုင်းမှာ သိရှိခဲ့၇တာက သူမဟာ သူမပြောဆိုခဲ့တဲ့ အချက်တစ်ချက်ကို ပြန်ဖြုတ်ပေးဖို. စာရေးသားသူတွေကို တောင်းဆိုခဲ့ပါတယ်။ သူတောင်းဆိုခဲ့တဲ့ သူတွေက Bertil Lintner နဲ. ကိုအောင်မိုးဝင်းကိုပါပဲ။ ထူးဆန်းစွာပဲ နန်းအောင်ထွေးကြည်ဟာ (ကိုအာင်မိုးဝင်း စီသွား ဖြုတ်ခိုင်းထားတဲ. အချက်ကို) သူမကိုယ်တိုင် RFA အင်တာဗျူးမှာ ထပ်မံပြီး ပြောကြားခဲ့တာပါပဲ။
ဒီလိုနဲ. တစ်ရက်မှာ ကျနော့်ဆီကို ဖုန်းဆက်လာပါတယ်။ အသံကတော့ တုန်လှုပ်ခြောက်ခြားနေတဲ့ လေသံနဲ. ‘ “ဆမားညီညီတို. ညီကျော်တို.ကို ပြန်ရေးဖို.ပြောရအုံးမယ်။ ငါကိုတော့ ခင်ရွှေလှိုင်တော. ဆော်နေပြီဆိုပြီး” ပြောပါတယ်။ ကျနော်က မေးကြည့်တဲ့အခါမှာတော့ ခင်ရွှေလှိုင်ရေးတဲ့ ဆောင်းပါးအပိုင်း ၄ မှာ သူမရဲ. RFA အင်တာဗျူးမှာ ပါဝင်တဲ့ မခင်ချိုဦးရဲ. နောက်ဆုံးနာရီအချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ ပြောပြထားချက်ဟာ မမှန်ကန်ဘူးလို. ပြောထားတဲ့အကြောင်း သိရပါတယ်။ နန်းအောင်ထွေးကြည်ကိုယ်တိုင်လဲ အဲဒီအချိန်က တဆက်ထဲပြောခဲ့ပါတယ်။ အဲဒီအချက်နဲ. ပတ်သက်ပြီး ဘယ်သူမှ သူ.ကိုမပြောခဲ့ကြောင်း။ ကျော်ခိုင်ဝင်းပြောပြတဲ့ အထဲမှာလဲ အဲဒီအချက်နဲ.ပါတ်သက်ပြီး မပါဝင်ကြောင်းပြောပါတယ်။
ကျနော် အံ့အားသင့်ခဲ့ရပါတယ်။ ဒီလိုမမှန်ကန်တဲ့အချက်ကို သူမဘာဖြစ်လို.များ ပြောဆိုရပါသလဲဆိုတာလဲ စဉ်းစားလို. မရနိုင်ခဲ့ပါ။ အဲဒီအချက်နဲ. ပတ်သက်ပြီး ဇန်န၀ါရီ ၅ရက်နေ.က ရန်ကုန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလဲ သက်သေ ၃ ယေါက်နဲ. သူ.ကိုပြောပြထားတဲ့ အသံဖိုင်တွေ ရှိကြောင်း ထပ်မံပြီး လိမ်ညာခဲ့ပါသေးတယ်။ နန်းအောင်ထွေးကြည် ဘာကြောင်. သူမသိပါဘူး၊ သူမမြင်ပါဘူး၊ သူမကြားပါဘူး၊ ဘယ်သူမှ သူ. မပြောပါဘူး လို. ကျနော်တို. ကို အခါခါ ပြောပြီး ခဲ. တဲ. စတိတ်မန်. ကို ၁၈၀ ဒီဂရီ လမ်းလွှဲ ပြီး ---(သူ. ကို ဘယ်လိုမှ ထိထိမိမိ မေးခွန်းမထုတ်တဲ. ပြည်တွင်းသတင်းသမား အုပ်စုကြီးရှေ.မှာ) ထပ်မံ လိမ်ညာခဲ.ပါတယ်။ သတင်းစာ ဆရာများစွာ ရှေ.မှာ အမေးခံရတော. မနန်းအောင်ထွေးကြည် ထိပ်လန်.သွားတယ်လို. အကဲခတ်နေသူတွေကဆိုပါတယ်။ ထိုနည်းဖြင်.- ခင်ချို ဦး ၏ နောက် ဆုံး အချိန် နဲ. ပတ်သက်ပြီး နန်းအောင်ထွေးကြည် ထပ်မံ လိမ်ညာခဲ.ပါတယ်။
မြန်မာပြည်က သတင်းထောက်တွေ ရှေ.မှာ ခင်ချိုဦး အ၀တ်မဲ.နဲ. အသတ်ခံရတဲ. အဖြစ်ကို သူက ဟုတ်တယ် မှန်တယ်၊ တကယ်ဖြစ်ခဲ.တယ်လို. ထပ် အတည်ပြုပေး ခဲ.တယ်။ သက်သေရှိလားလို. အမေးခံရတဲ.အခါ နန်းအောင်ထွေးကြည်က သက်သေလူ ၃ ယောက် မြင်တယ်လို. ပြော ပါ တယ်။ သူ. မှာ ဒီသက်သေလူ ၃ ယောက်ရဲ. အသံဖိုင်တွေ ရှိပါတယ် ၊လို. ၂၀၁၃ ဂျန်န၀ါရီ ၅ ရက် ရန်ကုန်က သတင်းစာ ရှင်း လင်း ပွဲမှာ (မျက်စိမျက်နှာ ပျက်နဲ.) ဒီ မနန်းအောင်ထွေးကြည်ကပဲ ဖြေဆိုသွားပါတယ်။
ကိုအောင်မိုးဝင်းနဲ. ကျနော်. ကို သူ ကိုယ်တိုင် ဒီလို မဖြစ်ခဲ.ပါဘူး။ သူ မသိဘူး လို. ၂၀၁၂ နှစ်ဆန်းက ၂ ကြိမ်တိုင်တိုင် ၀န်ခံခဲ.ပြီး မှ၊ ကိုယ်ပြောထားတဲ.စကား ကိုယ် ၂ ကြိမ် ရုတ်သိမ်း ပြီးကာမှ၊ ဒီ စကားကိုပဲ ဘာကြောင်.၊ဘာရည်ရွယ်ချက်နဲ. ရန်ကုန်က သတင်းစာ ရှင်းလင်းပွဲမှာ သူ ထပ်ပြောခဲ.ပါသလဲ။
နန်းအောင်ထွေးကြည်ဟာ သူနဲ. အတူ တောခိုဖက် သူ.သူငယ်ချင်းလို. ခဏခဏ ရည်စူး ပြောလေတဲ. သွားလေသူ မခင်ချိုဦး ၏ ၀ိဥာဏ်ကို ထပ်ခါထပ်ခါ အသုံးချခဲ.သူဖြစ်တယ်။ သွားလေသူ သူငယ်ချင်း ရဲ. ဇတ်နာကို မမှန်ကန်တဲ. အချက်တွေဖြည်. ပြီး ထပ်ဆင်.လိမ်ညာခဲ.တယ်။ ရည်ရွယ်ချက်က တော. မြောက်ပိုင်း အမှုဖေါ်ထုတ်ပွဲမှာ သူ.ကို လူတွေအားလုံးက ၀ိုင်း ဂရုဏာသက်ပြီး ဒီပွဲမှာ မိမိ နံမည်ကြီးရေး၊ မိမိ ကိုယ် မိမိ ပြန်ဆေးကြောရေးအတွက် သေသွားရှာသူတစ်ဦးရဲ. ၀ိဥာဏ်ကို ဒီလို နင်းခြေခဲ.တာပဲဖြစ်တယ်လို. ကျနော် သုံးသပ်ထားပါတယ်။
ကျန်တဲ. အပိုင်း ကို မအေးအေးစိုးဝင်း က ဆက်ပြောပါလိမ်.မယ်။ မိုးကျော်
=====================================================
မီဒီယာနှင့် တုန်.ပြန်မှု ဂယက်များ
ဂျန်န၀ါရီ ၅ ရက် ၂၀၁၃ ရန်ကုန်မှာ မြောက်ပိုင်းပြန်တွေလုပ်သွားတဲ. သတင်းစာ ရှင်းလင်းပွဲ မှာ ဟာပေါက်တွေ အများကြီးတွေ.၇ပါတယ်။ ထုံးစံအတိုင်း ဇတ်နာတွေကို ပဲ ထပ်ကာတလဲလဲ ပြောနေတာကလွဲလို. ဘာ ရည်ရွယ်ချက် နဲ.ဆိုတာ ခုထိ စောင်.ကြည်.လေ.လာနေတဲ.သူတွေ မသိရသေးပါဘူး။ မကမဒ ကိုယ်စားလှယ်တွေ ပြည်တွင်းရောက်နေခိုက်နဲ. အချိန်တိုက်လုပ်သွားတဲ. မြောက်ပိုင်းသတင်းစာ ရှင်းလင်းပွဲပါ။ ဘာကြောင်.ဒီလိုဖြစ်တယ်ဆိုတာ ဦးအောင်မင်းနဲ. အပေါင်းအပါများ အသိဆုံးဖြစ်တယ်။
အကယ်၍မနန်းအောင်ထွေးကြည် က အဲဒီ.နေ. သတင်းစာ ရှင်းလင်းပွဲမှာ သူ အမေးခံရတဲ.မေးခွန်း--ခင်ချိုဦး ၏ နောက်ဆုံး အချိန်နဲ.ပတ်သက်ပြီး အဖြေတမျိုးထဲ ရှိခဲ.မယ်။ သူအရင်က ပြောကြားချက်တွေကို အတည်ပြုပေးနိုင်တဲ. အာမခံချက် သို.မဟုတ် အထောက်အထား တခုခု နဲ. ဖြေခဲ.တယ်ဆိုလျှင် ၊ပြီးတော. သူ. လက်ထဲမှာ
သူ ပြောတဲ.အတိုင်း လူ ၃ ယောက် စီက အသံဖိုင်ဆိုတာ တကယ်ရှိခဲ.လျှင် ၊ လူသိရှင်ကြား သတင်းစာ ရှင်းလင်းပွဲတွေလုပ်ပြီး ဘာကို လှို.၀ှက်ထားချင်ရတာလဲ။ သူ. လှည်.ဖျားမှုကိုသာ သူပြန်လှို.၀ှက်တာဖြစ်ပါလိမ်.မယ်။
ခင်ရွှေလှိုင်၏ အမှတ် ၎
ခင် ရွှေလှိုင် ၏ အမှတ် ၄ ဟာ မြောက်ပိုင်းပြန်တွေ မဖြေနိုင်တဲ. အချက်တွေ ပါဝင်နေပြီး နန်းအောင်ထွေးကြည်ကိုသွေးပျက်စေပါတယ်။ အမှန်လည်း-ခငိရွှေလှိုင်၏ အမှတ် ၄ ပါ အချက်များကို နန်းအောင်ထွေးကြည် ပြန်လည်ခြေပ တုန်.ပြန်နိုင်စွမ်းမ၇ှိတာကို အကဲခတ်မိပါတယ်။ သူမ ၂၀၁၂ ဧပြီမှာ အမေရိက ကို လာ လည်တော. အောင်မိုးဝင်း နှင်. ကျမ၊ ပြီးတော. မိုးကျော် ပါ ပြန် ပြီး ခင်ရွှေလှိုင် ကို
တခုခု ပြန်ရေးပါလားလို. အကြံပေးခဲ.တယ်။ သူ ပြန်မရေးရဲပါ။
ခင်ရွှေလှိုင် --(နန်းအောင်ထွေး ကြည် ပြောခဲ့သလို မခင်ချိုဦးကို တကိုယ်လုံးချွတ်ချပြီး ရဲဘော်တွေကို မုဒိမ်းကျင့်ခိုင်းတယ်ဆိုတဲ့အချက်က မမှန်ကန်ပါ။ မြောက်ပိုင်းက ရဲဘော်တွေအားလုံးကို သိမ်းကြုံးစော်ကားသလို ဖြစ်နေပါတယ်) ဒီလို ခင်ရွှေလှိုင်က အမှတ် ၄ မှာ ပြော သွားပါတယ်။
အာ အက်ဖ်အေRFA မှာ ပြောခဲ.သလို --မျိုးဝင်း က ခင်ချိုဦးအသတ်ခံရခါနီးမှာ၊ သူ. လူတွေကို ဖျော်ဖြေပေးရမယ် လို.ပြော ပြီး အ၀တ်တွေ ချွတ်ခံခဲ. ရတာ မျက် မြင် သက်သေ တဦး က ကျမ ကိုပြော ပါတယ်--- ဆိုတဲ. မနန်းအောင်ထွေးကြည် ဟာ ခင် ရွှေ လှိုင် ၏ အမှတ် ၄ ထွက်လာတဲ. အချိန်မှာ မှာ တော် တော် ကြောက် သွားပါတယ်။
တခါ လောက်တော. မှတ်မိမှု အမှားကြောင်. လွဲနိုင်တာ မသေချာနိုင်တာ ရှိသော်လည်း တခါမှားပြီးသွားရင်၊ နောက်ဆက်ဒီအမှားမပြောဖို. ၊ဒီလို လိမ်ညာမှုမျိုး မဖြစ်အောင် ရှောင်လွှဲလို့ ရနိုင်ပါတယ်။ ဒါပေမဲ.- နန်းအောင်ထွေးကြည်ဟာ အောင်မိုးဝင်းစီက သူ withdraw လုပ်ထားတဲ.အချက်ကို RFA မှာ ပြန်သုံးတယ်။ တဖန် မိုးကျော်နဲ. ဘာတေးလ်စီမှာ မဟုတ်ပါဘူး မမှန်ပါဘူးလို. withdraw လုပ်ထားတာကို ရန်ကုန်က လူပုံအလယ်မှာ ထပ်သုံးသွားပြန်ပါတယ်။ ။ နန်းအောင်ထွေးကြည်ဟာ သူ.စကားတွေ သူ.လုပ်ရပ်တွေ သူ.ဖာသာသူမဆင်ခြင် လို. လူတွေဖက်က သူ.ကိုဆက်ယုံကြည်လို.မရတော.နိုင်လောက်အောင် နောက်ပိုင်း ပြဿနာတွေကို ဖန်တီးခဲ့တာဖြစ်တယ်။ ရန်ကုန်မှာ လုပ်ခဲ.တဲ. ပီအာ ရှိုးတွေက ဘာအတွက်ပါလည်း။ ရည်ရွယ်ချက်က ဘာပါလည်း။
ကံတရားဟာ ဆန်းကျယ် ပါတယ်။ ၂၀၁၁ ဒီဇင်ဘာက စလို. ၂၀၁၂ ဧပြီလောက်အထိ underdog ဖြစ်ခဲ.တဲ. မြောက်ပိုင်းပြန်တွေဟာ၊နောက်ပိုင်းမှာ အနေအထား ပြောင်းသွားပါတယ်။ ရန်ကုန် နဲ. မန္ဒလေးက မြောက်ပိုင်းပြန်တွေ အနေအထားနဲ. နန်းအောင်ထွေးကြည် ယူထားတဲ. အနေအထား မတူညီပါ။ ၂၀၁၂ နှစ်နောက်ပိုင်းမှာ တချိန်က မကမဒ က underdog အဖွဲ.ပြန်ဖြစ်သွားပြီး၊ နန်းအောင်ထွေးကြည်က အများဂရုဏာသေနပ် နဲ.ရန်သူမဟုတ်သူတွေကို စနိုက်ပါ စပစ်နေ ပါပြီ။
ပြည်ပမှာ ရောက်နေတဲ. မြောက်ပိုင်းပြန်မိန်းကလေးတစ်ယောက်အနေနဲ. အားလုံးက ညှာတာထောက်ထား သနား ကြပေမဲ. ရလဒ်မရှိတဲ. ဇတ်မျောကြီးကို မေးခွန်းထုတ်ဖို.လိုလာပါပြီ။
မိမိ ရှင်သန်နိုင်ဖို.၊ သေဆုံးသွားတဲ. မိန်းကလေး ခင်ချိုဦး ၀ိဥာဉ်ကို ဇတ်မနာနာ အောင် အကြိမ်ကြိမ် အသုံးချခဲ.တာ မှန်ရင် သူ. ရည်ရွယ်ချက်က ဘာလဲ။ သူမ အဆင်ပြေသလို ရပ်တည်ရေးအတွက် မန္ဒလေးနဲ. ရန်ကုန်အုပ်စု အချင်းချင်း၊ ၊ အမေရိက က သူ. ကို ကူညီ ချင်တဲ.သူ အချင်းချင်း၊ ရေးသားပြောဆို ထောက်ခံနေတဲ.သူတွေ အချင်းချင်း သွေးခွဲစည်းရုံးရေးလုပ်နေခြင်းမှာ သူ. ရည်၇ွယ်ချက်ကဘာလဲ။ အမှုမှန်တကယ်ပေါ်စေချင်တဲ. သူတစ်ဦးဖြစ်လျှင်တော.၊ ဒါမျိုးတွေ လုပ်မှာ မဟုတ်ဘူးလို. သိနေခဲ.တယ်။
ခင်ချိုဦး၏ နောက်ဆုံးနေ.မှာ သူမ ပြောတဲ. ပထမ ဗားရှင်း၊ ပြီးတော. ဒုတိယ ဗား ရှင်း ၂ ခုမှာ၊ အဆင်ပြေသလို တနေရာ တမျိုးပြောလို. မသင်.ပါ။ လူတွေက မှတ်မိတတ်ပါတယ်။ ဒါပေမဲ.-သူမပြောတဲ. အချက် တွေမှာ ၇၀%-၈၀% ကတော. မှန်ပါတယ်လို. မြောက်ပိုင်းစခန်းပြန်တွေနဲ. အတွင်းရေးသိသူတွေက ဆိုကြပါတယ်။
လွဲနေ၊ လိမ်ထားတာတွေကတော.---
၁--RFA အင်တာဗျူးမှာ ခင်ချိုဦး အ၀တ်တွေဆွဲချွတ်ခံရ၊ ဒီလို အသတ်ခံပုံနဲ.ပတ်သက်ပြီး သက်သေရှိတယ်။ သူ သိတယ် လို.ပြောတယ်။
ပြီးတော. ခင်ရွှေလှိုင် အမှတ် ၄ ထွက်လာတော.-သူ မသိရပါဘူး။RFA မေးတုန်းက ဘာအထောက်အထားမှ မရှိပဲ ဖြေခဲ.တယ်လို. ကို မိုးကျော် စီမှာ ၀န်ခံပါတယ်။ သူ.မှာ ဘယ်သူ. အထောက်အထားမှ မရှိဘူး လို.ပြောပြန်တယ်။ တဖန် အောင် မိုး ၀င်း စီ သွား ချဉ်းကပ်ပါတယ်။ ခင် ချို ဦး သေ မဲ. နေ.သေပုံသေနည်းနဲ.ပတ်သက်ပြီး အောင်မေးဝင်းကို သူ .လက်ရေးမူနဲ. ထားတဲ. သူ အရင်ပေးထားတဲ. အချက်တွေ မမှန်လို. ကို အောင် မိုး ၀င်း အမှား ပြင်ပေးပါလို. သွားခိုင်းပါတယ်။
အောင်မိုးဝင်းက ပြင် မပေးနိုင်တဲ.အကြောင်း ပြောခဲ.ပါတယ်။
"မနန်း အောင် ထွေး ကြည် -အဲတာ ခင်ဗျားလက်ရေးနဲ.ရေးခဲ.တဲ.အချက်ပဲလေ။ ခင်ဗျားကိုယ်တိုင် လက်ရေးနဲ. ရေးထားတဲ. လက်ရေးမူ အတိုင်း ကျနော် က တင်ပြပေးတာ။ ကျနော်. ကို ပြင်စေချင် ရင် ခင်ဗျား က အရင်စပြင်ရမှာပေါ.။ ခင်ဗျားကိုယ် တိုင် "ကျမ အောင်မိုးဝင်းကို မတိကျတဲ. အချက် အလက်တွေ ပေးခဲ. မိပါတယ်။ ဒီအပိုင်း မှာ မတိကျတာ အချို.ပါနေပါတယ် ၊ဒီ.အတွက် ကျမလက်ရေးနဲ.ရေးခဲ.သူမှာသာတာဝန်ရှိပါတယ်" လို. လို. ခင်ဗျားကိုယ်တိုင်ဝန်ခံမှ ဖြစ်မှာပေါ." လို.
အောင် မိုး ၀င်း က ပြန်ဖြေကြားခဲ.ပါတယ်။ဒီတော.- နန်းအောင်ထွေးကြည်လည်း နောက်ထပ် စောတက ထပ်မတက် နိုင်တော.ပါဘူး။
၂- ကိုမောင်မောင် စာ အုပ်မှာ လဲ အမှားတွေ ပါလို. နန်းအောင်ထွေးကြည် က သူ ကိုမောင်မောင် ကို လှမ်းပြီး အမှားပြင် ခိုင်း လိုက်တယ် လို. ကျမတို. ကို ပြော ပါတယ်။ ၂၀၁၂ ဧပြီနောက်ပိုင်းမှာ မှာ ကျမ သူ. အကြောင်း နဲနဲ သိစ ပြု ပြီမို. ထိုင်းသတင်းထောက်အမျိုးသမီး ရင်ဒီ မြောက်ပိုင်းစခန်းမှ ရှိတဲ. အချိန်နဲ.ပတ်သက်ပြီး ဘယ်သူ ပြင်ပြင် မပြင် ပြင် အလေး မထားပါ။ အရေးလဲ မကြီး ပါ။ ၁၉၉၂ ဖေဖေါ်ဝါရီ ၁၂ မှာ လူ၁၅ ယောက် အသတ်ခံ ခဲ.ရပါတယ်။ ဒီ အချက်ပဲ အဓိက။ ဒါကိုပဲ ပို အာ ရုံစိုက်ပါတယ်။
၃- ဘာတေးလ် ဆောင်းပါး အေရှတိုင်းမှာ ထွက် တဲ. ညမှာ ပဲ သူ မ က ဘာတေးစီ အီးမေး ပို. ပြီး ဘာတေး ရေးတာ မှားနေလို. သူ မ က လှမ်းခိုင်း လိုက်တဲ. အကြောင်း ၊ ဘာတေးကပြင်ပေးမယ်လို.ပြောကြောင်း နန်းအောင်ထွေးကြည်က ကျမစီ အီးမေး ပို. ပါတယ်။ကျမ အရမ်းအံ.သြသွားပါတယ်။
အမှန်က ကျမ သိတာ က ဒီလိုပါ။ နန်းအောင် ထွေး ကြည် ဟာ အကြောင်း တခုခု နဲ. နောက် ဆုတ်နေပါပြီ။ သူ. withdraw strategy နောက်ဆုတ် နည်းဗျူ ဟာ မှာ အပေါက် အယိုတွေ အများကြီး ရှိနေပြီ။ သူ.ဖာသာသူလည်း မီးစင်ကြည်.ကနေသလိုပုံပေါက်ပါတယ်။ ဒါကို လူအချို.က ထွင်းဖေါက် ကြည်. ရှု အကဲခတ်နေ ကြတာကိုလည်း သူမ အနေနဲ. ဆန်းစစ်နိုင်ပုံ မရပါဘူး။
အဲဒီ. ညက ကျမနဲ. ဘာတေး စကားပြော ဖြစ်ကြပါတယ်။ ဘာတေးက သူ. လို ဂုဏ်သိက္ခာ ကြီးမားတဲ. သတင်း ထောက် စာ ရေး ဆရာ တယောက်အနေနဲ.။ ရေး ပြီးသား ထုတ်ဝေပြီးသား စာ တပိုဒ် စာတကြောင်းကို၊ အများမသိပဲ ( စာကို ပုံနှိပ်ပြီးကာမှ၊ ဖြန်.ဝေပြီးကာမှ လူတယောက် က နောက် ကွယ် မှာဖိအားပေးမှုကြောင်.) ဖြုတ်ပေးဖို.ဆိုတာ မဖြစ်နိုင်တဲ. အကြောင်း ပြောပါတယ်။ ဒီလိုလုပ်ရင် ရေးတဲ.သူ ၏ သိက္ခာ လည်း ပွန်းပဲ. သွားနိုင်ရုံမက နောင် အမှန်ပြောတောင် လူတွေ ယုံမှာ မဟုတ်တဲ.အကြောင်းပြောပါတယ်။ ကျမ ကလည်း ဘာတေး မပြင် ပေးပါစေနဲ.လို.ပဲ မျှော်လင်.နေတာပါ။
ပြီးတော.-ကျမ သိတဲ. ဥပမာ နဲ. နှိုင်းယှဉ်ပြောပြခဲ.ပါတယ်။ ဂုဏ်သိက္ခာရှိ၊သတင်းတင်ပြပုံ အဆင်.အတန်း ရှိတဲ. ပရိုတစ်ဦးဟာ လူတစ်ယောက် ပြောပြချက်တွေကို ၏ သည် မရွေး ၊ ရေးမှာမဟုတ်ပါ။သတင်း ဆောင်းပါး နဲ.သတင်း မတူပါ။ အရည်အသွေးအရ ကွဲလွဲချက်ရှိပါတယ်။ သတင်းက fact and data ပေါ် မူတည်ပါတယ်။ သတင်းဆောင်းပါးကတော. ဒေါင်.ပေါင်းစုံ က အမြင်တွေ၊ အချက်အလက်နဲ. တကွ အဖြစ်အပျက် တစ်ခုလုံး ပေါ် အခြေခံပြီး သုံးသပ်ချက်၊ ဖြစ်စဉ်နဲ.တကွ လားရာတွေကိုပါ တတ်နိုင်သလောက် ခန်.မှန်းတွက်ချက် မှုတွေပါဝင်ပါတယ်။
ပြီးတော.-ဘာတေးဟာ မြောက်ပိုင်းပြန်လူ အများကြီး ကို အင် တာ ဗျူးပြီးမှ သူ. ဆောင်းပါးရေးတာပါ။ မနန်းအောင်ထွေး ကြည် တစ်ယောက်ထဲ ပြောသမျှနဲ. အကုန်စုပြုံ ဖြစ်ကတတ်ဆန်းရေးခဲ. သူမဟုတ်ပါဘူ။ ဒီတော.-မနန်းအောင်ထွေးကြည် ၏ ရှေ.နောက် မညီညွတ်မှု ကို လူတွေက သူမ ကိုယ်စား၊ သူတို.ဂုဏ်သိက္ခာနဲ. ရင်းပြီး လိုက်ရှင်းပေးစရာမလိုပါဘူး။
ဒီတော.-စဉ်းစားပါတယ်။ တဘက်က သူပေးလိုက်တဲ.သတင်းအရ ပဲ သူ.ကိုကူညီပေးနေ တဲ.သူတွေကို (နောက်ကွယ်က) အလှည်.အပတ်တွေနဲ. ဒီလို ချယ်လှယ် နေတာ သိပ် အန္တရာယ် ကြီးပါလားဆိုတာ သဘောပေါက် လာကြပါတယ်။ (လူအချို.ရေးခဲ.တဲ. ၁၉၉၁၊ ၁၉၉၂ မြောက်ပိုင်းစခန်း သမိုင်း နောက်ခံဇတ် ကို လည်း ပြန် အမှတ်ရစေပါတယ်။
သံသယအကျိုးနဲ. ခံစားခွင်. တွေကို ရက်ရက်ရောရော ရခဲ.သူတစ်ဦးဖြစ်တဲ. မနန်းအောင်ထွေးကြည်ပေးတဲ. အချက်အလက်တွေ ကို အခြေခံပြီး လူတွေက စာ တွေေ ရးကြတယ်။ သူပြောချင်ရာပြောပြီးမှ၊ လူတွေက အမှားပြင်ဆင်ချက်ထုတ်ပြီး သူ. အစား ၀င်ခေါင်းခံပေးရမယ်၊ ၀င် ရှင်းပေးရမယ် ဆိုတာ-- တော် တော် တော. လွဲနေပြီ ဆိုတာ ကျမတို. သဘောပေါက်လိုက်ကြတယ်။ (အမှု ဘာကြောင်.လုပ်မရဖြစ်နေတယ်၊ ဘာတွေက အတားအဆီးဖြစ်နေတယ် ဆိုတာ ဆက်ရေးပါ.မယ်၊)
သမိုင်းက ဘယ်သူ. ကိုမှ ငဲ့ညှာမှာမဟုတ်ကြောင်း ယုံကြည်တယ်။
ပူးပေါင်းကြံစီမှု နဲ. လှည်.စားမှု များ မကင်းသော၊ ဂငယ်ကွေ့ ဆန်လွန်းသော လမ်းကြောင်းမှာ အသေးစိတ်တွေကို လူတိုင်း သေသေချာချာ ကြည်.ကြပါလို. တိုက်တွန်းလိုတယ်။
တည်ကြည်စွာဖြင်.
အေးအေးစိုးဝင်း
ဂျန်န၀ါရီ ၂၅ ၂၀၁၃

- Aung PhoneMyint, Nicky Shein, Skyheart Winko and 48 others like this.
- Phyo Naing ပါဂျောင်ရှင်းတမ်း၊သတင်းစာရှင်းလင်းပွဲလုပ်တဲ.နေ.ကDNAနိုင်အောင်ပြန်လာတဲ.နေ.၊မနန်းအောင်ထွေးကြည်တို.မပပြန်တွေရန်ကုန်မှာသတင်းစာရှင်းလင်းပွဲလုပ်ချိန်ကမကဒတကိုယ်စားလှယ်တွေရန်ကုန်ရောက်ချိန်နဲ.တိုက်ဆိုင်နေတာထူးခြားတယ်။တမင်တိုက်ဆိုင်အောင်လုပ်တာထင်တယ်၊ကိုညီညီကျော်(မပ)မှဆမားညီညီရေးတဲ.၀ံပုလွေများထံမှလွတ်မြောက်ခြင်းထဲမှအချက်လက်တချို.မမှန်ကြောင်းပြောသွားတယ်၊ခင်ချိုဦးကိုခွေးဆွဲ၊လဒဆွဲသလိုဝိုင်းဆွဲပြီးဒါးနဲ.ထိုးတာတွေရေးထားတာမျက်မြင်သက်သေတကယ်ရှိခဲ.လို.လား၊၅ရက်နေ.သတင်းစာရှင်းလင်းပွဲမှာအမေးခံရတဲ.မေးခွန်းဖြစ်တဲ.KIAထောက်လှမ်းရေးနဲ.သူမရဲ.ပက်သက်မူကိုမရှင်းနိုင်ခဲ.ပါ၊နန်းအောင် ထွေး ကြည် ဟာ အကြောင်း တခုခု နဲ. နောက် ဆုတ်နေပါတယ်။ဒီအမူနဲ.ပက်သက်တဲ.တစုံတရာကိုဖုံးကွယ်ထားချင်၊လူမသိ.စေချင်တဲ.ဟာတွေရှိ.နေတာမရိုးသားတော.ပါ၊သမိုင်းမှန်ကို ဖေါ်ထုတ်ရာမှာ စစ်မှန်တိကျတဲ့ အချက်များနဲ.သာ ဖေါ်ထုတ်မယ် ဆိုပြီး ကြွေးကြော်ခဲ့တဲ့ မနန်းအောင်ထွေးကြည်ကိုအမှန်တရားနဲ.တရားမျှတမူအတွက်မြောက်ပိုင်းအမူကြီးကိုဘယ်သူ.မျက်နှာ၊ဘယ်အဖွဲ.စည်းမျက်နှာမှမထောက်ပဲတည်တည်ကြည်ကြည်ဆက်လက်ဖော်ထုပ်လုပ်ဆောင်စေချင်ပါတယ်၊
- Aye Aye Soe Win ခုမှ ဆုတ်တာတော.မဟုတ်ပါဘူး။ ဆုတ်နေတာက စကတည်းကပါ။ ဖိုးကပ်စ်လွဲနေတာ သတိထားမိကြပါတယ်။ ဆက်ရေးမှာဖြစ်ပါတယ်။ အချက်အလက်တွေအများကြီး ရှိပါတယ်။
- Zaw Naing Linn နန်းအောင်ထွေးကြည်ရဲ့ဖခင်ဟာအရင်က ဘာအဆင့်နဲ့ဘာတာဝန်တွေထမ်းဆောင်ခဲ့ဘူးတာလဲ၊အခုဝန်ကြီးလုပ်တဲ့ဦးအောင်မင်းနဲ့ကောအရင်ကဌာနတခုထဲမှာလုပ်ခဲ့တဲ့မိတ်ဆွေသူငယ်ချင်းတွေဟုတ်လားမဟုတ်ဘူးလားဆိုတာစုံစမ်းဘို့လိုလိမ့်မယ် ကျွန်တော်သိသလောက်နန်အောင်ထွေးကြည်ရဲ့အဖေဟာ ဦးအောင်မင်းနဲ့ယခင်က ဗဟိုထောက်လှမ်းရေးလို့ခေါ်တဲ့ရေကြည်အိုင်စစ်ကြောရေး တပ်မှာ အဆင့်တူရာထူးတူ တာဝန်ထမ်းဆောင်ခဲ့ဘူးသူဆိုတာသိရတယ်၊သူ့အဖေက ခင်ညွန့်နဲ့လည်းပတ်သက်ပုံရတယ်။မအေးအေးစိုးဝင်းတို့အတွက်ဒီအကြောင်းအရာတွေက တထောင့်တနေရာကနေအထောက်အကူပြုမယ်ဆိုရင် ၀မ်းသာစရာပါ၊မအေးအေးစိုးဝင်းတို့ရဲ့စာတွေကိုဖတ်ရတော့ဗဟုသုတအများကြီးရတဲ့အတွက် ကျေးဇူးပါ
- ဘရာဇီး ငှက်ရိုး မူရင်းလင့်ခ်ဆိုတော့ ကွန်မန့်တွေပါ ဖတ်နိုင်အောင်လို့ပါ...
http://www.naytthit.net/?p=26110 - ဘရာဇီး ငှက်ရိုး ကိုအောင်မိုးဝင်း၏ မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ - ၁,၂,၃,၄,၅,၆,၇,၈,၉,၁၀,၁၁http://www.facebook.com/notes/aung-moe-win/%E1%80%B1%E1%81%BF%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%92%E1%80%9E%E1%80%99%E1%80%BD-%E1%80%A1%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%BC%E1%80%94%E1%80%B9%E1%80%9E%E1%80%B6%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/316480561705685
http://www.facebook.com/notes/aung-moe-win/%E1%80%B1%E1%81%BF%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%92%E1%80%9E%E1%80%99%E1%80%BD-%E1%80%A1%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%BC%E1%80%94%E1%80%B9%E1%80%9E%E1%80%B6%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%81%82-/318274098192998
http://www.facebook.com/notes/aung-moe-win/%E1%80%B1%E1%81%BF%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%92%E1%80%9E%E1%80%99%E1%80%BD-%E1%80%A1%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%BC%E1%80%94%E1%80%B9%E1%80%9E%E1%80%B6%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%81%83-/321708141182927
http://www.facebook.com/notes/aung-moe-win/%E1%80%B1%E1%81%BF%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%92%E1%80%9E%E1%80%99%E1%80%BD-%E1%80%A1%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%BC%E1%80%94%E1%80%B9%E1%80%9E%E1%80%B6%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%81%84-/326464084040666
http://www.facebook.com/notes/aung-moe-win/%E1%80%B1%E1%81%BF%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%92%E1%80%9E%E1%80%99%E1%80%BD-%E1%80%A1%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%BC%E1%80%94%E1%80%B9%E1%80%9E%E1%80%B6%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%81%85-/332249823462092
http://www.facebook.com/notes/aung-moe-win/%E1%80%B1%E1%81%BF%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%92%E1%80%9E%E1%80%99%E1%80%BD-%E1%80%A1%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%BC%E1%80%94%E1%80%B9%E1%80%9E%E1%80%B6%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%81%86-/336204016400006
http://www.facebook.com/notes/aung-moe-win/%E1%80%B1%E1%81%BF%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%92%E1%80%9E%E1%80%99%E1%80%BD-%E1%80%A1%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%BC%E1%80%94%E1%80%B9%E1%80%9E%E1%80%B6%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%81%87-/340344889319252
http://www.facebook.com/notes/aung-moe-win/%E1%80%B1%E1%81%BF%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%92%E1%80%9E%E1%80%99%E1%80%BD-%E1%80%A1%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%BC%E1%80%94%E1%80%B9%E1%80%9E%E1%80%B6%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%81%88-/345768798776861
http://www.facebook.com/notes/aung-moe-win/%E1%80%B1%E1%81%BF%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%92%E1%80%9E%E1%80%99%E1%80%BD-%E1%80%A1%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%BC%E1%80%94%E1%80%B9%E1%80%9E%E1%80%B6%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%81%89-/349869331700141
http://www.facebook.com/notes/aung-moe-win/%E1%80%B1%E1%81%BF%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%92%E1%80%9E%E1%80%99%E1%80%BD-%E1%80%A1%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%BC%E1%80%94%E1%80%B9%E1%80%9E%E1%80%B6%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%95%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8-%E1%81%81%E1%81%80-/355348421152232
http://www.facebook.com/notes/aung-moe-win/%E1%80%B1%E1%81%BF%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%92%E1%80%9E%E1%80%99%E1%80%BD-%E1%80%A1%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%BC%E1%80%94%E1%80%B9%E1%80%9E%E1%80%B6%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%81%81%E1%81%81-/359798100707264(က) ကျောင်းသားတပ်မတော်(မြောက်ပိုင်း)ရဲ့တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကို မြတ်မြတ်နိုးနိုးလွှင့်ထူခဲ့တဲ့ ရဲဘော်တွေအားလုံးကို မင်္ဂလာနှစ်သစ်ဖြစ်ပါစေ လို့ နှုတ်ဆက်လိုက်ပါရစေ။ နှစ်သစ်မှာ အနာဂတ်အတွက် တက်ကြွလန်းဆန်းတဲ့ခြေလှမ်းတွေနဲ့  ရှေ့ခရီးဆက်ကြမယ်။ မကောင်းဆိုးဝါးတွေ ပူးကပ်နေတဲ့ပတ်ဝန်းကျင် ... By: Aung Moe Win - ဘရာဇီး ငှက်ရိုး http://www.rfa.org/burmese/interview/absdf-north-02142012105231.html
- ဘရာဇီး ငှက်ရိုး http://moemaka.blogspot.com/2012/02/absdf-in-1992.html
- Aye Aye Soe Win ကျေးဇူး ငှက်ရိုး။ ရှေ.နောက် မညီ ညွတ်မှုတွေကို တိုက်ကြည်.ဖို.၊ သူနဲ. စကားပြောခဲ.တဲ.သူတွေအားလုံးက အဓိက သက်သေပဲ။ ဒီလို နှိပ်စက်ခဲ.တယ်လို. လူသိရှင်ကြားပြောခဲ.သူ တစ်ဦးဟာ--ဘာကိစ္စကြောင်.-ဘာရည်ရွယ်ချက်နဲ.- အဲလို ပြောတာ သူ.မှာ အထောက်အထားမရှိပါဘူးဆိုပြီး-နောက်တနေရာမှာ--သူ.ဖာသာသူ လူအချို.စီလာ ၀န်ခံ ခဲ.ပြီး-မိမိ ပြောတာ ကို ရုတ်သိမ်း-why did she withdraw? ပြန်လုပ်သလဲ။ ဘာကြောင်. ဒီလိုလုပ်တာလဲ။
- Nyein Chan Aung အခုမှ ပြောတာ မဟုတ်ပါဘူး ကျနော်တို့က မြောက်ပိုင်း လှို့ဝှက် အဖွဲ့ထဲက စောစောစီးစီး အထုတ်ခံရတဲ့သူတွေပါ။ ကျနော်ရေးထားတာ ရှိပါတယ်။ စဉ်းစားကြပါအုံး အဖွဲ့အစည်းထိခိုက်တယ် ပြောတော့ အက်ဒမင်နဲ့ နစ်ကီရှိန် က အတင်းထုတ်ပါတယ်။ အခု မအေးအေးစိုးဝင်း ရေးတဲ့ ဆောင်းပါး မှာကျတော့ နစ်ကီရှိန်က လိုက်ခ် ကလေးတောင် မလုပ်တော့တာတွေ့တော့ စိတ်မကောင်းဘူး။ ကျနော်တို့ကို ထုတ်ဘို့ အကြံပေးတာ ကိုမိုးကျော် မင်းသားလည်း ပါတယ်။ ဒါပေမဲ့ ကိုမိုးကျော်ကတော့ အမှန်တရားနောက်ကို ဆက်လိုက်တဲ့သူမို့ ကျေးဇူးတင်ပါတယ်။ မြောက်ပိုင်းကိစ္စကြောင့် အဖွဲ့အစည်းကို မထိခိုက်ဘူး ပြောတဲ့သူတွေကိုလည်း ကျနော် မှတ်မိပါတယ်။ ဘာပဲဖြစ်ဖြစ် အမှန်တရား နီးစပ်လာလို့ ကျေးဇူးတင်ပါတယ်ဗျာ။
- Aye Aye Soe Win ကိုနစ်ကီ က ကျမ ကို ခင်မင်ဟန်ဆောင်ပြပြီး ကျမ က ပီပီပြင်ပြင် စရေးတော.--ကျမ ကို မလိုလားတော.တာ သိသာပါတယ်။ ကိစ္စ မ၇ှိပါဘူး။ ကျမ က စကထဲက မြောက်ပိုင်းအုပ်စုထဲမှာ မပါဘူး။ တဲ.တဲ.ရေး။ အပိုတွေ ဒီပလိုမေစီတွေ မသုံးတတ်ဘူး။ အုပ်စုသေးသေးလေးနဲ. ကွယ်ရာမှာ နောက်ကျာ ဒါးနဲ.ထိုးတဲ.သူတွေလဲ မကြောက်ဘူး။ မိတ်ဆွေတု ဆိုတာ စကထဲက မိမိဘ၀ထဲမှာ မရှိတဲ. အရာ မို. မရှိတဲ. အရာ ပျောက်သွားတာ ဆုံးရှု့း မှု လို. မသတ်မှတ်ထားပါ။ မိတ်ဆွေတု ဆိုတာ အမှိုက် တစ်စ ထက်မပိုဘူး။
- Aung Myat Thu ဟောဗျာ အဲဒီကိစ္စက ဒီလိုကြီးလား။ မကေါင်းဘူးပေါ့ဗျာ။ သေတဲ့သူက သေပြီးသွားပြီပဲ။ မဟုတ်တဲ့အချက်တွေကို လျှောက်ပြောနေတော့ သေတဲ့သူလဲ တမလွန်ကနေ ဂုဏ်သိက္ခာမဲ့ရတယ်။ ကျန်ရစ်တဲ့မိသားစုလဲ ဘယ်လောက်ဝမ်းနည်းကြေကွဲလိုက်ရမလဲ။ အင်း ဒါကြောင့်ဖြစ်မယ် နန်းအောင်ထွေးကြည် အိပ်မက်ထဲမှာ ခင်ချိုဦးနဲ. ကိုထွန်းအောင်ကျော် ကိုတွေ.တယ်ဆိုတာ သတိပေးတာနေမှာပါ။ ပေါက်ကရတွေ လျှောက်မပြော လျှောက်မလုပ်ဖို.။
- Zaw Ye ပွဲတော့ကောင်းနေပြီး မAye Aye Aye Soe Win ရေ မခင်ရွှေလိုင်ပြောတာက ( န ဉက္ကဌကိုထွန်းအောင်ကျော်(မန္တလေး) ၊ ဗဟိုကော်မတီဝင် ကိုညီညီကျော် (ခ) ကျော်ကြီး (အေဘီ)(မန္တလေး)၊ ဗဟိုကော်မတီဝင် ကိုရဲလင်း(ရန်ကုန်)တို့ အာဏာလက်ရှိနဲ့ ဗဟိုမှာပဲရှိနေ မြင်နေ ကြားနေကြတဲ့အပြင် ကိုညီညီကျော်၊ ကိုရဲလင်းတို့ကိုယ်တိုင်လည်း တချို့လူတွေကို စစ်ဆေးမေးမြန်းခဲ့တဲ့ကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့ကြပါတယ်။) ဆိုပါလာ အခု အဲ့ဒီလူတွေ က ပြန်ပြီး တရားမျှတရေး ပြန်တောင်းဆိုနေကြပါလာ
- Aye Aye Soe Win တပိုင်းတစ်စ သွယ်ဝိုက်တာဝန်ရှိသူအချို.က လုံးဝတာဝန်ရှိသူတွေလောက်တော. အပြစ်မကြီးပါဘူး။ ပြန်မလှန်နိုင်လို. ရေငုံနေရတဲ. အပြစ်နဲ. စာရင်၊ ကိုယ်ထိလက်ရောက်ကျူးလွန်တာကတော. ပို အပြစ်ကြီးတယ်လို.ထင်ပါတယ်။ ဒီအဖြစ်ရောက်တဲ.အထိ ကြိုးကိုင်ချယ်လှယ်တဲ.အပြစ်ကလည်းတော်တော်ကြီးပါတယ်။ ထင်တာပြောတာနော်။
- Maha Mingyi ရန်သူက ခင်းထားပေးတဲ့လမ်းပေါ်က တရားစီရင်ရေးစနစ်ကို တရားမျှတမှုနဲ့ လွတ်လပ်မှုရှိတယ်ဆိုတာ စေဖာနဲ့ ဆောက်တဲ့အိမ်ပေါ်မှာ လူ့အခွင့်ရေးပါတီလုပ်ချင်တဲ့ ပါပီမ တနေ့ သိလာပါလိမ့်မယ်။
- SirgyiThakhinkodawmru Nan အားလုံးကို စေတနာနဲ့ အသိပေးချင်တာကတော့ တော်လှန်ရေးသတိကို အစဉ်မပြတ် အမြဲရှိကြပါလို့။ တစိမ်းသူတွေ ၀မ်းသာနေမယ့် အဖြစ်မျိုးကို ရောက်ခဲ့ပြီဖြစ်ပေမယ့် ထပ်မရောက်အောင် ဆင်ခြင် ကြစေလိုပါတယ်။ သစ္စာ မေတ္တာဖြင့်
- Darli Pug အမှန်တရားနဲ့ ရိုးသားမှု အရှိအတိုင်းသွားခဲ့ရင် ဘယ်ကိစ္စမှ ရှုပ်စရာမလိုသလို ရှင်းစရာလည်းမလိုဘူးပေါ့၊ တစ်စုံတစ်ခုအတွက် အတ္တ ပါသွားရင်တော့ ရှုပ်သွားပြီး၊အဲဒီအရှုပ်ကို ရှင်းလေထပ်ရှုပ်လေ ဖြစ်နေမှာပဲ၊ ဘာပဲပြောပြော အပြစ်မဲ့သေဆုံးသွားသူများအတွက် ကျန်ရစ်နေတဲ့ သစ္စာရှိ၊မှန်ကန်တဲ့နှလုံးသားတွေကြားက အမှန်တရားပေါ်ထွက်လာနိုင်ပါစေ၊ ဖော်ထုတ်နိုင်ပါစေလို့ မျှော်လင့်မိပါတယ်။
- Nicky Shein အေးအေးစိုးဝင်း က နစ်ကီရှိန် ကို အမှိုက်တစ လောက်ပဲ တန်ဘိုးရှိတဲ့ မိတ်ဆွေတုတဲ့လားကွဲ. ၊ အော် ဖြစ်ရလေခြင်း
- Aye Aye Soe Win သေချာတာက တော. နန်းအောင်ထွေးကြည်နဲ. ပတ်သက်သူတိုင်း စိတ်ပျက် စိတ်တိုင်းမကျစရာတွေ စက်ဆုပ်စရာတွေ အများကြီးနဲ.ပါ။ သိသွားကြတာ တစ်ယောက်ထဲ မဟုတ်တော.၊ ကျန်တာကတော.၊ မဲခွဲနေစရာမလိုပါဘူး။ လှို.၀ှက်အဖွဲ.ဆိုတာ လဲမရှိဘူး။ အဲဒီ. အထဲမှာလဲ ပေါကြောင်ကြောင်တွေလုပ်ပြီး ထောက်ခံမဲ ကန်.ကွက်မဲ လည်း မကောက်ဘူး။ ပေါက်လုပ်ပဲစားတွေကို ခေသူတွေမဟုတ်ဘူး ဆို၍ လူယုတ်အားပေးတွေ လည်းမလုပ်ဘူး။
- Baba Gyi ဖွဘုတ်ကြီးအပေါ်မှာ အထင်တလုံး နဲ့ ရမ်းတုတ်နေကြတဲ့သူတွေ အတော်များပါလား ကွ... ကဲ ..ငါ့  ဆရာ..အဘခင်ညွန့် ကြီးကို ဘုန်းကြီးဝတ်ခိုင်းထားတာပဲ ကောင်းမယ် ။ မင်းတို့ အချင်းချင်းလှည့်ပတ် ကိုက်နေကြတာ သဘောကျသကွာ... ဟားဟား.. ။ ဆက်သာကိုက်ကြဟေ့.. မင်းတို့ ကိုက်လေ ငါတို့ အန္တရာယ် ကင်းလေပဲ .. ။ ခင်ဗျား နောက်တခါ မြန်မာပြည် ထဲ ထပ်ဝင်ရင် မင်းအဘ ခင်ညွန့် ဆီရအောင် သွားတွေ့ ပြီး မေးလိုက်.. ။ မင်းတို့ ပြော နေကြတဲ့ ထောက်လှမ်းရေး အယောက် တရာလောက်ကို မြောက်ပိုင်း တောထဲမှာ တပြုံလုံး မိရအောင် ငါ့ဆရာကြီး ခင်ညွန့်  ထရိန်နင် ဒီလောက် မညံ့သေးပါဘူး ကွ... ။ ရှင်းပလား ။ မင်းတို့ အားလုံး စာတတန် ပေတဖွဲ့တွေ ယုန်ထင် ကြောင်ထင်တွေ ဒီလောက် အရှည်ကြီး ရေးနေရတာ အချိန်ကုန် လက်ညောင်းမစိုးလို့  ပြောနေတာဟ ။ ကဲ...ငါ ဒီထက် အရေးကြီးတဲ့ တိုင်းရေးပြည်ရေး ငါ့အမျိုးအရေးတွေ လုပ်စရာ ရှိသေးတယ်..။ပြန်အုံးမယ် ။ငါ့တူမကြီး နေပြည်တော် ရောက်လည်း ဝင်ခဲ့လကွယ်..။
- Aye Aye Soe Win ကာယကံရှင် တွေကတော.--ကိုယ်လွှဲခဲ.တဲ. ကြိမ်ရဲ. အလေးအပေါ. သိကြမှာပါ။ ရပ်တည်ချက်နဲ. လူတွေစကားပြောကြရင် မဆိုင်တဲ. လူတွေ ကိုယ်.နေရာ ကိုယ်နေကြပါ။ သေဆုံးသွားတဲ.မိသားစုတွေ အတွက် ဒီအမှု ဘယ်တော.မှ ရပ်သွားမှာ မဟုတ်ပါ။ လူတိုင်းစောင်.နိုင်ကြပါတယ်။ သစ္စာ မရှိ မမှန်မကန်လုပ်ခဲ.တဲ.သူတွေက တော.ေ၇ှ.ပေါ်တင်ထွက် ရှင်း ဖို. တွန်.ဆုတ်ကြမှာ သဘာဝကျပါတယ်။ အစိုးရမီဒီယာကို အလကားရတိုင်း မုန်.ဘိုး၇တိုင်း ပျော်ပျော် ကြီး တဖက်သတ်သုံးခဲ. သူတွေ၏ အဆင်ခြင်မဲ. မှုကြောင်. ဒီလို ရေးသားချက်တွေ ထွက်လာ ရတာပါပဲ။ နောင် ပို တောင် ထွက်လာဦးမယ်။ နင်တို. ဒေါ်စု ကို လုပ်ကြံထားတာလဲပေါ်မှာပဲ။ အေဘီကို လုပ်ကြ့ထားတဲ. ဇတ်လမ်းကလည်း-
- Baba Gyi မင်းတို့လောက်မှ မလည်ရင် ငါတို့ ဘယ်လိုလုပ်ပြီး အနှစ် ၅၀ ကျော် တောင် မှ ဒီတိုင်းပြည်ကြီးကို အုပ်ချုပ် မင်းလုပ် ဂုတ်သွေးစုတ်နေနိုင်မလည်း.. ငါ့တူမကြီး..စဉ်းစားပြီးမှ ပြော ကွာ .. မင်းတို့ တွေ ထင်းစည်ပြေအောင် ငါ့ဆရာ ကြီးတွေ လက်ထက် အဆက်ဆက်ထဲက အကွက်ချ လုပ်ထားခဲ့တာ ။ ၆၂ ၊၈၈ ။ဒီပဲယင်း ၊ ၂၀၀၇ .. တွေမှာ မြင်တယ်မဟုတ်လား.. လက်သည် သိ နေပေမဲ့ ဘယ်သူမှ တုတ်တုတ် မလှုပ်ရဲကြတာ ။ ဘင်္ဂါလီအရေး ကချင် အရေးလည်း မအေးးအောင်လုပ်ထားတာ သတိရ။ .. ။ နောက် အနှစ် ၅၀ လည်း ဒီအတိုင်းပဲ လာမယ် ။ မင်းတို့ တသက် ဒီမိုကရေစီ စစ်စစ် ဆိုတာ မျှော်မနေပါနဲ့တော့ကွာ .. မင်းဖါသာမင်း အမေရိက မှာ အေးဆေး သာ နေလိုက်ပါ ။ တည်ကြည်စွာဖြင့် ပြောလိုက်ပါတယ် .. ဟဲ ဟဲ..Aye Aye Soe Win ဖေ့စ်ဘွတ်ခ်မှ ကူးယူဖေါ်ပြပါသည်။
No comments:
Post a Comment