ABSDF -ကျောင်းသူရဲမေဟောင်း နန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်း ခရီး(၂)
by May Thingyan Hein on Thursday, November 8, 2012 at 2:23pm ·
မေသင်္ကြန်ဟိန်(မြစ်မခ)
နိုဝင်ဘာ ၈၊ ၂၀၁၂၊ ရန်ကုန်မြို့။
အပိုင်း(၂)
၁၉၈၈ ခုနှစ် ကျောင်းသား အရေးအခင်းဖြစ်တဲ့ အချိန်မှာ လှည်းတန်းရောက်နေခဲ့တယ်။ အဲဒီအချိန်တုန်းကလည်း နိုင်ငံရေးနဲ့ ဘာမှ ပါဝင်ပတ်သက်မှုမရှိသေးဘူး။
အဲလို လှည်းတန်းမှာ အရေးအခင်းဖြစ်နေတဲ့ အချိန်တုန်းက တကယ်တော့ လှည်းတန်းကို လက်နှိပ်စက် ရိုက်တဲ့ သင်တန်းတက်ဖို့ လာခဲ့တာ။
ကျမက စာပေစာယူနဲ့ ကျောင်းတက်နေတာဆိုတော့ အိမ်မှာလည်း ဘာအလုပ်မှ လုပ်တာ မဟုတ်ဘူး၊ ဒီအတိုင်း ဂစ်တာတီးရင်း အိမ်မှာ အချိန်တွေကုန်နေတာ အဖေနဲ့ အမေကလည်း အလုပ်လုပ်ရမယ်ဆိုပြီး ပြောလာတယ်။ အဲဒီတုန်းက ဂျပန်ကုမ၌ဏီတခုက မြန်မာပြည်မှာလာ ဖွင့်ဖို့ ရှိတယ်ဆိုတော့ အဲဒီမှာ အလုပ်လုပ်ရမယ်။ လက်နှိပ်စက်ရိုက်တတ်ဖို့ လိုတယ်ဆိုလို့ လှည်းတန်းမှာ သင်တန်းတက်ဖို့ လာခဲ့ရင်း အရေးအခင်းနဲ့ သွားကြုံလိုက်တာ။
သိတယ်မဟုတ်လား၊ သူများတွေ ရုတ်ရုတ် ဆိုရင် သွားကြည့်တယ်။ ဘာမှ နားမလည်ပေမဲ့လည်း သွားကြည့်ဖြစ်တယ်။ အဲဒီလို သွားကြည့်ရင်းနဲ့ ကျောင်းသားတွေက သွေးတွေပေနေတဲ့ အကျီာင်္သယ်လာတာတွေ့တော့ စိတ်ထဲမှာ စိတ်မကောင်းလည်း ဖြစ်တယ်။ ဒေါသလည်း ထွက်တယ်။
အဲလိုအရေးအခင်းကာလမှာ လူတယောက်နဲ့သွားဆုံတယ်၊ အဲဒါကလည်း အရေးအခင်းဖြစ်နေတဲ့အချိန် စကားပြောရင်းနဲ့ ဆုံသွားခဲ့တာ၊ ဘာရယ်မဟုတ်ဘူး သူနဲ့ စကားပြောမိတာ။ အဲဒီအချိန်တုန်းကလည်း လူတွေက တယောက်နဲ့တယောက်လည်း စကားပြောကြတယ်လေ အဲလိုပဲ စကားပြောလိုက်မိတာ။
အဲဒီလူက အသက်ပိုကြီးသလား ငယ်သလားတော့ မသိဘူး၊ဒါပေမဲ့ ရုပ်ကိုကြည့်ရတာကတော့ အသက်ပိုကြီးမယ်လို့ ထင်တယ်။ နောက်သူ့ကိုယ်သူ မိတ်ဆက်လာတယ်။
ကျနော့်နာမည် မင်းအောင်သူပါတဲ့။
ဟုတ်ကဲ့ပါ ကိုမင်းအောင်သူ၊ ကျမ နာမည် နန်းအောင်ထွေးကြည်ပါ ပေါ့။ အဲလို မိတ်ဆက်ကြတယ်။နောက်ခင်သွားကြတယ်၊
အဲဒါက ၁၉၈၈ ခုနှစ် ဇူလိုင်လလောက်ရှိပြီ။ အဲဒီတုန်းက သူ့ကိုယ်သူ ပြောတာကတော့ သမိုင်းအဓိက ပေါ့လေ။
အဲဒီတုန်းက ကျမက လူ့အခွင့်အရေးတို့ ဒီမိုကရေစီတို့ ဆိုတာတွေလည်း မသိဘူး စိတ်ထဲမှာလည်း မရှိဘူး၊ စိတ်ထဲ ရှိခဲ့တာကလည်း တကယ့်မခံချင်စိတ်နဲ့ပဲ ပါခဲ့မိတာ။ အဲဒီတုန်းက ကျောင်းသားတွေ တောင်းဆိုမိတာကလည်း ကျောင်းကို ရာသက်ပန်ထုတ်လိုက်တဲ့ ကျောင်းသားရှိတယ်၊ ထောင်ကျသွားတဲ့ ကျောင်းသားတွေ ရှိတယ် အဲဒီကျောင်းသားတွေကို ပြန်ထုတ်ပေးဖို့ပဲ တောင်းဆိုကြတယ်။ဒီ မိုကရေစီရရှိရေး တွေဘာတွေလည်း မရှိဘူး။
ဒီလိုနဲ့ အရေးအခင်းတွေကို သွားဖြစ်ပေမဲ့ နေ့တိုင်းတော့ မဟုတ်ဘူးကွ၊ နေ့တိုင်းမလိုက်ဖြစ်ဘူး ကြိုကြားကြိုကြားပဲ သူတို့နဲ့ အတူသွားလိုက်ဖြစ်တာ။
နောက်တော့ ခင်လာတဲ့ အခါကျတော့သူက ဖွင့်ပြောတယ်။ တကယ်တော့ မင်းအောင်သူ ဆိုတာက သူ့နာမည် မဟုတ်ဘူး။ သူ့ကို ကိုတိုးလို့ ခေါ်တယ်တဲ့။ ကိုတိုးဆိုတာပဲသိတယ်၊ အဲဒါလည်း သူ့ရဲ့ အိမ်နာမည်ပါ။ ကျမလည်း ကိုတိုးလို့ပဲ ခေါ်လိုက်တယ်။ နောက်တော့ သူ့နာမည်ရင်းတွေ ဘာတွေကိုလည် မမေးတော့ဘူး၊
တကယ်တော့ ကျမကသာ ဘာမှ မသိတဲ့ အ..အ..လေးလေ၊ ဒီလိုအချိန်မှာ နာမည်ရင်းကို ကျမ မို့သာပြောလိုက်တာ။
သူတို့တွေကတော့ ယူဂျီတွေ၊ တကယ်လုပ်နေတဲ့ သူတွေ၊ ဆဲလ်တွေဆိုတော့ သူတို့ရဲ့ နာမည်ရင်းတွေကိုလည်း မပြောဘူး။
နာမည် ၀ှက်တွေနဲ့ပဲ သုံးနေတာ၊ အဲဒါကို ကျမက လုံးဝ မသိခဲ့ဘူး၊ တော်တော်နဲ့လည်း မသိဘူး။
သိလိုက်တဲ့ အချိန်မှာ ကြတော့ ကျမ ဘာမှ လုပ်လို့မရတော့ဘူး၊
ကျမက အဲဒီတုန်းက ကျောင်းသား သမဂ္ဂတွေဘာတွေလည်း လုံးဝ မရှိဘူး၊ဘာမှ လည်းမရှိဘူး။ နိုင်ငံရေးဆိုတာလည်း နားမလည်ဘူး။
ဒါပေမဲ့ အဲဒီအဖွဲ့တွေနဲ့ လိုက်ရင်းနဲ့ တနေ့မှာ သူတို့နဲ့ အတူလိုက်သွားတယ်၊ သူတို့က လူကြီးတယောက်နဲ့သွားတွေ့ကြတယ်။ လက်ဖက်ရည်ဆိုင်လေး တဆိုင်မှာပေါ့။
ကျမကလည်း အဲလို လက်ဖက်ရည်ဆိုင်တွေဘာတွေဆို အရမ်းလိုက်လိုက်ထိုင်တယ်လေ။ ကျမက Tomboy ဆန်တော့လက်ဖက်ရည်ဆိုင်လည်း ထိုင်တာပဲလေ။ အဲလို လိုက်ထိုင်ရင်းနဲ့ သူတို့က ဘာအကြောင်း ပြောကြလဲ ဆိုတော့ တပြည်လုံး အင်အားဖြစ်အောင်လုပ်ရမယ် ။ အခုဖြစ်နေတာ ရန်ကုန်အင်အားလေ၊ တတိုင်းပြည်လုံး အင်အားဖြစ်လာဖို့အတွက်ကို စွမ်းဆောင် ကြရမယ် အရေးအခင်းက ဆိုပြီး အဲဒါတွေ ပြောတာနော်။ သူတို့ပြောနေတာ နားထောင်ရင်း
ဟာ နားထောင်လို့ကလည်း ကောင်းတော့ ၀င်ပြီး နားထောင်မိတာပေါ့၊ သိတယ်မဟုတ်လား နိုင်ငံရေးစကားဆိုတာက နားထောင်လို့အရမ်းကောင်းတယ်လေ။
အဲလိုတွေနဲ့ သူတို့လုပ်နေတာ နောက်ဆုံးတော့ ၁၉၈၈ ခုနှစ်ရဲ့ ရှစ်လေးလုံးကြီး ဒိုင်းဆိုပြီး ထဖြစ်သွားလိုက်တာ။ အဲဒီအချိန်ထိလည်း သူတို့ ဘယ်သူတွေ ဆိုတာကို မရိပ်မိဘူး။
တကယ့်ကိုပဲ ကျောင်းသားတွေပေါ့၊ တတိုင်းပြည်လုံး အင်အားကြီးဖြစ်သွားပြီပေါ့ အဲလိုပဲ ထင်ခဲ့တာ။
တကယ်ောတ့ အ...ခဲ့တာ၊ …အ ခဲ့တာ။ ဘယ်သူတွေက ဒီလိုဖြစ်အောင် အနောက်ကနေ control လုပ်နေသလဲ ဆိုတာကို ကျမတို့ လုံးဝ မသိခဲ့ဘူး။
လုံးဝလည်း မရိပ်မိခဲ့ဘူး။
တခု ကျန်သွားတယ် ၈ လေးလုံး မဖြစ်ခင်မှာ စာစောင်တွေဘာတွေ ထွက်ကြသေးတယ်။ အဲဒီ စာစောင်လေးတွေကို ထုတ်နေတာက ကျမတို့ အုပ်စုလေးကနေ ထုတ်နေတာ။
အဲဒီ စာစောင်တွေထဲမှာ နာမည်တွေပါတယ်။ ဒါပေမဲ့ နာမည်က အမျိုးမျိုးနဲ့နော်။ နာမည်တွေကလည်း သူ့နာမည်က မင်းအောင်သူတဲ့ ဆိုင်းထိုးထားတော့လည်း နိုင်ငြိမ်းချမ်းတဲ့၊ နောက် စစ်သူနိုင်တို့၊ ရဲမင်းအောင်တို့ အဲလို နိုင်ငံရေး နာမည်တွေနဲ့ချည်းပဲ ထုတ်နေတာဆိုတော့ စဉ်းစားပြီလေ။
စိတ်ထဲ တမျိုးလည်း ဖြစ်သွားပြီ ဒါပေမဲ့ ကျမက ပြောင်ပြောင်နောက်နောက်နေတတ်တဲ့ သူဆိုတော့ ငါ့နာမည်ကလည်း နန်းအောင်ထွေးကြည်ဆိုတော့ နန်းကိုအောင်နိုင်ပြီးတော့ မိသားစုနဲ့ နွေးနွေးထွေးထွေး ကြည်ကြည်လင်လင် နေတတ်တဲ့သူပေါ့လို့ ဆိုပြီး နောက်လိုက်သေးတယ်။
ဒါပေမဲ့ စိတ်ထဲမှာက သံသယတော့ဖြစ်သွားတယ်။ သူတို့တွေက ဘာတွေလည်း မသိဘူး။ မဟုတ်တော့ဘူး မဟုတ်တော့ဘူး တခုခုတော့ တခုခုပဲလို့ စဉ်းစားပြီ။
နောက် သူ့ကို ပေါ်တင်မေးတာ၊ ပေါ်တင်မေးတော့ ငါတို့က ဟုတ်တယ် ဗကပ(ကွန်မြူနစ်) တွေလို့တော့ မပြောဘူးပေါ့။ တမျိုးလေး သူတို့ သုံးတာက အလံနီလည်း မဟုတ်ဘူးကွ၊ တမျိုးပဲ သူတို့သုံးတာပြန်ပြောဖို့ မေ့တောင်မေ့နေပြီ အဲဒီ အသုံးအနှုန်းကိုလေ။
အဲဒီမှာ ဖြုံသွားတာ။ ငါတော့ သွားပြီ အမွေးခံလိုက်ရပြီ ထင်တယ်လို့ကို ဖြစ်သွားတာ။ သူတို့လုပ်တာက အဲဒါပဲလေ၊ လူငယ်တွေကို လိုက်ပြီးတော့စည်းရုံးမယ်။ သူတို့ ဘယ်သူတွေဆိုတာ မပြောဘဲနဲ့ စည်းရုံးမယ်။ စည်းရုံးပြီးတော့မှ လုပ်ငန်းကို ချဲ့သွားမယ် ကိုယ့်ကိုယ်ကို ကွန်မြူနစ် ဖြစ်မှန်းမသိ၊ သူတို့လူဖြစ်မှန်းမသိ ဖြစ်သွာြး့ပီး သူတို့ခိုင်းတာတွေ ကို လျှောက်လုပ်ပေးနေမိမယ် အဲလို လူတွေအများကြီး ရှိနေပြီ။အဲလိုတွေကို သိလိုက်တော့ အရမ်းကြောက်သွားတယ်၊ ကွန်မြူနစ်ဆိုရင်လည်း မကြိုက်ဘူး၊ ဆိုရှယ်လစ်ကိုလည်း မကြိုက်ဘူးလေ။
ဘယ်လိုပဲပြောပြောပါ ရှစ်လေးလုံးက ကျောင်းသားထုရဲ့ အင်အားကို သုံးပြီး နောက်ကနေ ကွန်မြူနစ်တွေက ထိန်းချုပ်သွားခဲ့တယ်လို့ ကျမ မြင်မိတယ်။
ဒါပေမဲ့ အဲဒါကို အစိုးရက ပြောတုန်းက ကျမတို့ ကိုယ်တိုင် လက်မခံခဲ့ဘူး။ အခု အသက်ကြီးလာချိန်မှာ အားလုံးကို ပြန်စဉ်းစားပြီးတော့မှ အခု အသက်ကြီးလာချိန်မှာ အားလုံးကို ပြန်စဉ်းစားပြီးတော့မှဖြစ်ချင်ဖြစ်သွားမယ် ထင်တယ်လို့ စဉ်းစားမိလိုက်တာ။
ကွန်မြူနစ်တွေရဲ့ ဆဲလ်တွေ ယူဂျီတွေက သိပ်တော်ပါတယ်။ သူတို့က စည်းရုံးနိုင်တဲ့ နေရာမှာ လူငယ်တွေဟာ ကိုယ့်ဟာကိုယ်ကွန်မြူနစ်မှန်းတောင် မသိလိုက်ဘဲနဲ့ ကွန်မြူနစ်ဖြစ်မှန်းမသိ ဖြစ်သွားကြတာ။ ကျမတို့ အဲဒါတွေ ခံလိုက်ရတာ။ တော်တော်များများပါပဲ ကျောင်းသားတွေလည်း ခံလိုက်ကြရမယ် ထင်တယ်။
အဲလို သူတို့ကစားကွက်ကို သိလိုက်လို့ နောက်ဆုတ်သွားလိုက်တာ ရှိမယ်၊ သိရဲ့သားနဲ့ နောက်မဆုတ်ဘဲ ဆက်လုပ်တဲ့သူတွေလည်း ရှိမယ်၊ သိသွားပြီးတော့မှ ကြိုက်တယ်ဆိုပြီးတော့ ၀င်သွားတဲ့ သူတွေလည်း ရှိချင်ရှိမယ်။
ကျမကတော့ ဘာခံယူချက်တွေ ညာခံယူချက်တွေ မရှိဘူးနော်၊ ရှိနေတာ တခုကတော့ ဒီအစိုးရကို ငါမကြိုက်ဘူး ဆိုတာပဲ။ ဒါပဲ ရှိတယ်၊ ငါတော်လှန်မယ်၊ သူတို့ကို မကြိုက်ဘူး။ ငါ့အဖေခံရတယ်၊ ပြည်သူတွေ ခံရတယ် အဲဒါကြောင့် မကြိုက်ဘူး ငါ တော်လှန်မယ်။ ကျောင်းသားတွေ တော်လှန်နေတယ် ငါလည်း ကျောင်းသား ကျောင်းသားဖြစ်တဲ့အတွက် ငါလည်း တော်လှန်မယ် ဒါပဲ ရှိတယ်။
အင်း...အဲဒီတုန်းက အမေက ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတုန်း ကာလဆိုတော့ အမေကလည်း ဆေးရုံက အကြောင်းတွေ အိမ်မှာပြန်ပြောပြတယ်။ ပစ်မိန့်ပေးထားတဲ့အကြောင်းတွေနဲ့ ကျောင်းသားတွေ အရေးပေါ်တွေ ရောက်လတဲ့ အကြောင်းတွေ အမေက ပြောတယ်။ အမေကလည်း စိတ်တိုပြီး ပြောပြတာ။
တညနေတုန်းကလည်း အမေက အိမ်ပြန်ရောက်တော့ ဆေးရုံမှာ သူမြင်ခဲ့တာတွေ ပြောပြောပြီး ငိုတယ်။ စစ်သားတွေ ဘယ်လောက်မိုက်ရိုင်းသလဲ ဆိုတာတွေ ပြောပြီး ငိုတယ်၊ အဖေကလည်း ဒေါသတွေ ထွက်တယ်။ တအိမ်လုံး စိတ်မကောင်းကြဘူး။
နောက် အဲဒီတုန်းက အင်လျားကန်နဲ့ကန်ဘဲ့လမ်းမကြီးပေါ်က အိမ်မှာနေတော့ မဆလ ပဒုမ္မာပြခန်းရှိတဲ့ ဆူဒီယမ်ဘတ် လမ်းမကြီးပေါ်မှ ကျောင်းသားလေးတွေ အဖြူအစိမ်းလေးတွေ နဲ့  သွေးတွေ စွန်းနေတာတွေကို အဖေနဲ့ အတူ ထွက်ကြည့်ရင်းတွေ့တော့ အဖေကလည်း ခေါင်းတခါခါနဲ့မျက်နှာပျက်ပျက်နဲ့ ဆဲတယ်။
ဆဲတာ။ တော်တော်လေး ဆဲတယ်။ ငါ ရှက်တယ်၊ ငါရှက်တယ်။ ငါ ၀တ်ခဲ့တဲ့ အစိမ်းရောင်ကို ငါအရမ်း ရှက်သွားပြီ ဆိုပြီးတော့ အဖေ စိတ်ထိခိုက်သွားတယ်။
နောက်ပိုင်း အရေးအခင်းတွေမှာ ကိုယ်တိုင်ပါဝင်လာပြီး မြောက်ဥက္ကလာပစစ်ကြောင်းနဲ့ ထင်တယ် လူတွေကိုဆန္ဒပြတာကို သွားကြည့်ရင်း ကြည့်ရင်းနဲ့ လူတွေကြားထဲရောက်ပြီး ပါသွားတာ။ တကယ်ကို သွားတုန်းက သွားကြည့်တာပဲ ကြည့်ရင်း ကြည့်ရင်းနဲ့ကို စိတ်တွေပါပြီး ပါသွားတာ။
အဲလိုနဲ့ ၈ လေးလုံးပြီးသွားတော့ အဲဒါပြီးတော့ ဒေါ်အောင်ဆန်းစုကြည်တို့ဘာတို့လဲ ပါတီထောင်တယ်။ အဲဒီတုန်းက ဒေါ်စုရဲ့ပါတီရုံးချုပ်က ဒေါ်အောင်ဆန်းစုကြည် အိမ်နံဘေးက ခြံထဲမှာပေါ့ ရုံးချုပ်ဖွင့်တာ။
၁၉၈၈ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှာ အန်အယ်ဒီပါတီထဲကို ၀င်လိုက်တယ်။ ဘာရယ် ညာရယ်လည်း မသိဘူး ရည်မှန်းချက်တွေဘာတွေလည်း မရှိဘူး၊ ဒေါ်စုကို ချစ်တာပဲ။ ချစ်တဲ့ စိတ်နဲ့ ၀င်လိုက်တာပဲ။ အဲဒါ ပုဂ္ဂိုလ်စွဲနဲ့ ၀င်တာ ဟုတ်တယ်။ သူ့ရဲ့ ရည်တည်ချက်တွေ ဘာတွေလည်း နားမလည်ဘူး၊ သူ့ကို ချစ်လို့ကို ၀င်လိုက်တာ။ သူ့ကို ချစ်တယ်၊ လုပ်မယ် သူ့အတွက် သူ့ကို backup လုပ်မယ်ဆိုပြီး ၀င်လုပ်တာ။
NLD ရုံးက ဒေါ်စုခြံထဲမှာ။ပြီးတော့ နောက် တခြံကျော် မှာပေါ့။ လိပ်စာမမှတ်မိတော့ဘူး။ ကျမက ဒေါ်စု နဲ့ တခြံကျော်က NLD YOUTH မှာဝင်ပြီး အလုပ်လုပ်ပေးတယ်။
အဲဒီတုန်းက ကိုစိုးသိမ်း ( ထောင်ကလွတ်ပြီးသေသွားပြီ) ။ ပါကြီး (ယခု မဲဆောက်) ။ကိုငယ်(သီဟန်..ဆိုတာ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်သား) ခင်သန္တာ။စိုင်းသိင်္ဂါ တို့နဲ့လုပ်တယ် ။နောက်မှ သန်းထွန်းစိုးနဲ့ ရင်းနှီးတယ် ။သန်းထွန်းစိုး မိတ်ဆက်ပေးလို့ မခင်ချီုဦး နဲ့ ဌေးမြင့်ဝင်းနဲ့သိတယ်။
အဲလို ၀င်လိုက်ပြီးတော့မှ ကျမနောက်ကို လူတယောက်က အမြဲလိုက်နေတယ်။ အဲဒီလူက ဘယ်ကမှန်းလည်း မသိဘူး၊ ထောက်လှမ်းရေးလို့လည်း ပြောလို့မရဘူး။ ဗကပလို့လည်း မပြောနိုင်ဘူး။ ဘယ်သူ မှန်းကို မသိတာ။ ကြောက်တာတော့ တကယ်ကို ကြောက်ခဲ့တာပဲ။
အဲဒါကို ကြောက်တာ၊ ကြောက်တာနဲ့ပဲ တောခိုမယ်လို့ ဆုံးဖြတ်လိုက်မိတာ။ အဲလို စဉ်းစားတော့ သန်းထွန်းစိုးကတော့ သူမလိုက်သေးဘူးပေါ့လေ၊ စိုင်းသိင်္ဂါတို့၊ အမတို့ အရင် သွားမယ်ဆိုပြီး လုပ်တုန်းမှာ အတိုင်ခံလိုက်ရတယ်။
အိမ်ကို ရဲစခန်းက ဖုန်းဆက်တာ အဖေနဲ့ တိုးတယ်။ အဲဒီမှာ အိမ်ကလည်း ရိပ်မိသွာြး့ပီးတော့ အမေက လုံးဝ ခရီးမထွက်ရဘူး ဆိုပြီးလုပ်ရော။
အဲလိုတွေဖြစ်ကုန်တာနဲ့ သိင်္ဂါတို့နဲ့ မလိုက်လိုက်ရဘူး။ သိင်္ဂါတို့က ထွက်သွားလိုက်ပြီးတော့ ABSDF အိန္ဒယဘက်ကို ရောက်သွားကြတယ်။
အိမ်ကမထွက်ခင်မှာ အားလုံး NLD အဖွဲ့ ကနေ နှုတ် ထွက်ခဲ့ကြတယ်။ NLD ပါတီထိခိုက်သွားမှာ စိုးလို့ပါ။ နောက်မှ ဧပြီ ၁၀ ရက်ကြတော့မှ သန်းထွန်းစိုးတို့ ၅ ယောက်နဲ့အတူ တောခိုဖို့ ထွက်ခဲ့ကြတာ။
ရှေ့ဆက်ဖော်ပြပါမည်။
မေသင်္ကြန်ဟိန်(မြစ်မခ)
![](https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-ash3/s720x720/560833_550093771683627_513749774_n.jpg)
![](https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-prn1/s720x720/61409_550093818350289_1561808875_n.jpg)
![](https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-snc7/s720x720/417037_550093845016953_1145667020_n.jpg)

NLD YOUTH သုံးခွ စည်းရုံးေ၇းခရီးစဉ်အမှတ်တရ ။
ဝဲမှ ယာ .. — with ခင်သန္တာ, နန်းအောင်ထွေးကြည်, သာထွန်းဝေ, သန်းထိုက်, အောင်မျိုးနိုင်, ပါကြီး and ဝင်းလှိုင်.
![](https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-prn1/s720x720/61409_550093818350289_1561808875_n.jpg)
![](https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-snc7/s720x720/417037_550093845016953_1145667020_n.jpg)
- You, Nang Aung Htwe Kyi, UZa Wana, ဘရာဇီး ငှက်ရိုး and 81 others like this.
- Nang Aung Htwe Kyi ဗကပ အဖွဲ့ အစည်း ပြစ်တင် စော်ကားတာ မဟုတ်ပါ ။ အဲ့ဒီအချိန်ကာလမှာ ဖြစ်ခဲ့တာမို့ အမှန်အတိုင်း ရိုးသားစွာပြောတာပါ ။ ခွင့်လွှတ်ပါရှင် ။
- Linn Way Khat အစ်မ နန်းအောင် ထွေးကြည်ရေ ဖတ်ကြည့်ရတာ လက်တန်း ပြောခဲ့တဲ့ အသံဖိုင်ကို စာဖိုင်ပြန်လုပ်ပြီး တင်တယ်လို့ ထင်ရပါတယ်။ ဒါကြောင့် နောက်အပိုင်းတွေကို စာဖိုင်လုပ်ပြီး ပြန်စစ်၊ ပြန်ဖတ်ပြီးမှ တင်ရင် ပိုမကောင်းဘူးလားခင်ဗျ။
- Nang Aung Htwe Kyi ကျေးဇူးပါ .. ဖုန်းနဲ့ အင်တာဗျူးလုပ်တော့မြန်မာ ပြည်တွင်းလိုင်းတွေက တခြားန်ုင်ငံတွေလို မဟုတ်တော့ တော်တော်ခက်ခဲတယ် ။
- Ye Myint မငယ်ပြောတာမှန်ပါတယ်။ ဗကပ UG တွေကလည်း တမှောင့် ။ တပါတီ အာဏာရှင် စနစ်ရဲ့ မတရားကျမှုတွေကို မခံမရပ်နိုင်ဖြစ်လို့  ထချပါတယ်ဆိုတာ၊ သူတို့ ကလဲတမျိုး။ တချို့ ကို ရိပ်မိပေမဲ့  ဘာဘဲဖြစ်ဖြစ် ပွဲပိုဆူလေ ကောင်းလေ ဆိုတဲ့ သဘောနဲ့ ပေါ့ ။ သူတို့ ကလည်း မငယ်ပြောသလို နာမည်ထူး လေးတွေနဲ့ ။ ကျနော်ကတော့  ငယ်ငယ်ထဲက BCP HQ အဟောင်းနဲ့  မိုင် ၃၀ ကျော်လောက်က ရွာကြီးတရွာမှာ ကြီပြင်းခဲ့ တော့  သူတို့ နည်းတွေ သူတို့ လေသံတွေကို ယဉ်ပါးနေပြီး သူတို့ ကိုဆိုရင့် ရိပ်မိတယ်။ ဘုန်းကြီးကျောင်းထွက် ပညာတတ်ကြီး အဖေက ငါ့သား ဗကပ ဆိုတာ ကျောက်ဆင်းတုကို ခေါင်းငြိမ့်သွာ့း လောက်အောင် စကားကြွယ်တယ်။ သတိထားတဲ့ ။ အဖေက ၁၉၅၀ ကျော်လောက်က အထက်အညာဖက်မှာ ဗကပ က (အလံနီတွေထင်တယ်) ဘုရားရုပ်တုတော်တွေကို ဗုံးခွဲခဲ့ တဲ့ ကိစ္စကစပြီး စိတ်နာနေတာ။ ဒါပေမဲ့ သူ့ ညီဝမ်းကွဲက ဗကပ စစ်စစ် လယ်သမား UG လု်ပ်နေတာတော့  ဘာမှမပြောဘူး။ သူယုံကြည်တာ သူလုပ်။ သဗ္ဖေသတ္တာ ကံမသကာ ဘဲတဲ့ ။ ဗကပပဲခူးရိုးမ ဗဟို ကို စစ်တပ်က ဖြတ်လေးဖြတ်နဲ့ လုပ်ပြီး (တပ်မ ၇၇) အောင်စိုးမိုးစစ်ဆင်ရေးနဲ့  သိမ်းလိုက်တော့  အဖေ့ ညီဝမ်းကွဲ ကျနော့ ဦးလေးဝမ်းကွဲက အိမ်ကို အူယားဖားယားနဲ့ ပြေးလာပြီး ဗဟိုကျသွားပြီ ဗဟိုကျသွားပြီ နဲ့ ဂယောင်ဂတန်းနဲ့  အော်တယ်။ အဖေက လမ်းစားရိပ်လေး တတ်နိုင်သမျှ ထောက်ပံ့လိုက်ပါတယ်။ သူက အရှေ့ မြောက်ဒေသ ဆိုတာကို ပြေးမယ်တဲ့ ။ ကျနော် ကတော့  ကလေးဆိုတော့  အရှေ့ မြောက်ဒေသ ဆိုတာ အုပ်ရှစ်ကုန်းရွာဘက်ကိုထင်တာ..
။ အဲ့ဒီ ဦးလေးဝမ်းကွဲ အဲ့ ဒီကတည်းက သေသလား ရှင်သလား မသိ၇တော့ ဘူး။
- Ko Lin Wai Aung အသံဖိုင်ကို ဘဲပြန်ရေးပြီးတင်တယ်ထင်ပါတယ်....နဂိုလေအတိုင်း စာဖတ်သူသိစေချင်တယ်လို့ မမေသင်္ကြန်ဟိန်ကပြောဘူးပါတယ်...
- Nang Aung Htwe Kyi ဟုတ်တယ် ကို Ye Myint > ရေ .. အပေါ်က ရေဆိပ်မှာရိုက်ထားတဲ့ဓါတ်ပုံ ထဲကအောင်မျိုးနိုင် ( ရှပ်အဖြူဝတ်ထားပြီး လွယ်အိတ်နဲ့တယောက် ) က စိုင်းသိင်္ဂါ တို့နဲ့ အတူထွက်သွားတာ ..မန္တလေးမှာ ဘာဖြစ်ကုန်ကြသလည်းအသေအချာမသိဘူး ။ သူက ဗကပ ထဲ ဝင်သွားတယ်လို့ စိုင်းသိင်္ဂါ နဲ့ဒီမှာ တွေ့တော့ ပြောပြတယ် ။ ၁၉၉၁ လောက်မှာ တာဝန်နဲ့ ပြည်တွင်းဝင်တောံ့ အဖမ်းခံလိုက်ရတယ်။ ထောင်ဒဏ် ၁၄ နှစ်လို့ ပြောတယ် ။အဲ့ဒီတခေါက်က မငယ် ကိုတယောက်က ရန်ကင်းရဲစခန်း တိုင်တော့ မငယ်မလိုက်ဖြစ်ခဲ့ဘူး။
- David Nichols Naing ABSDF ထဲမှာကို Communism တွေရှိ ခဲ့မယ်လို.ထင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အစ်မတို့ကို ဖမ်းဆီး နှိပ်စက်တာတွေ နောက်ပြီး သတ်ဖြတ်ခဲ့တာတွေ ဒါတွေက Communist တွေရဲ့လုပ်ပုံလုပ်နည်းတွေနဲ့တူနေသလိုပဲ။ ဥပမာ သေနပ်မသုံး ပဲ သတ်ခဲ့တာတွေ။ ကျွှန်တော့ရဲ့ထင်မြင်ချက် သက်သက်ပါ၊၊
- Nang Aung Htwe Kyi အဲ့ဒီ ခေတ်အခြေအနေတွေတုန်းက ခံယူချက် မတူလည်း ဒါနောက်မှာရှင်းမယ် ။ခုက ဦးတည်ချက်က တခုတည်းတွေ သွားတူညီနေကြတော့ သိလျက်ဖြစ်စေ။ မသိလို့ဖြစ်စေ အင်အားစုပြီး အတူစုလုပ်ကြတဲ့သဘောလိုဖြစ်ကောင်းဖြစ်ကြလိမ့်မယ်ထင်တယ် ။ ကိုယ်လည်းအတိအကျမပြောတတ်ဘူး။ ထင်တာပြောတာ။
- Khin Mg Ye Sein အဲဒီတုန်းက ကိုစိုးသိမ်း ( ထောင်ကလွတ်ပြီးသေသွားပြီ) ။ ပါကြီး (ယခု မဲဆောက်) ။ကိုငယ်(သီဟန်..ဆိုတာ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်သား) ခင်သန္တာ။စိုင်းသိင်္ဂါ တို့နဲ့လုပ်တယ် ။နောက်မှ သန်းထွန်းစိုးနဲ့ ရင်းနှီးတယ် ။သန်းထွန်းစိုး မိတ်ဆက်ပေးလို့ မခင်ချီုဦး နဲ့ ဌေးမြင့်ဝင်းနဲ့သိတယ်။
..................................................................................
မခင်ချိုဦးဆိုတာ မနန်းတို့ နဲ့ အတူတူ ဖဖ်းခံရတယ့်တစ်ယောက် လား၊ သူမ ကတော့ ကံမကောင်းဖူးနော် - Khin Mg Ye Sein ဒါဆို သူနဲ့ ရန်ကုန်မှာကတဲက ကောင်းကောင်းသိခဲ့တာပေါ့နော် ၊ သူမဟာ ထောက်လှမ်းရေး မဟုတ်တာ မနန်း ကောင်းကောင်းသိတာပေါ့
- Nang Aung Htwe Kyi ဒါပေါ့ .. အယောက် ၁ဝဝ .. လုံးမဟုတ်ဘူး။ အသက်ရှင်ကျန်နေတဲ့ မြောက်ပိုင်းပြန်တွေအားလုံး ရှင်းဖို့ အဆင်သင့် စောင့်နေကြတယ် ။
- Ko MoeJee ကွန်မန့်တွေမှာ ဗကပ လို့ တွေ့ရပေမယ့် စာထဲမှာ ဗကဘ လို့ ၂ကြိမ်ထပ်သုံးထားပါတယ်။ ပြင်ပေးပါအုံး။ ဆရာမောင်စွမ်းရည်ရဲ့ကဗျာလေးကို ထပ်ကိုးကားချင်ပါတယ်။ အရေးအခင်းဖြစ်တိုင်း ဗကပကိုစွတ်စွဲနေရင် ဗကပတွေ ဂုဏ်တက်ရုံသာရှိမှာပေါ့တဲ့။ ၈၈အရေးတော်မှာ ဗကပတွေပါခဲ့ပါတယ်။ ဒါပေမယ့် တိုင်းလုံးပြည်ပေါက်ဖြစ်ခဲ့တာ ဘယ်သူကမှ သွေးထိုးလှုံ့ဆော်လို့ မဟုတ်ဘူးလို့ထင်ပါတယ်။ ကိုယ့်အသိစိတ်နဲ့ကိုယ် ပါဝင်ခဲ့ကြတဲ့ ၈၈ အရေးတော်ပုံကြီးလို့ ဆိုပါရစေ။
- Ko Lin Wai Aung David Nichols Naing ခင်ဗျာ....ABSDF မြောက်ပိုင်းမှာ စစ်ကြောရေးဒဏ်နဲ့ သေဆုံးခဲ့ရတဲ့ ဗဟိုကော်မတီဝင်ဦးစိန်က ကွန်မြူနစ်ဝါဒ ကိုယုံကြည်သူတစ်ဦးပါ...သူကိုယ်တိုင်လည်းပြောပါတယ်...ဒါပေမဲ့ ကျောင်း သားတပ်မတော်အပေါ် အလုပ်အကျွေးပြုမယ်ဆိုပြီး ရောက်လာခဲ့တဲ့သူပါ...နောက်စစ်ကိုင်းဒေသတာ ၀န်ခံဦးကျော်ကျော်အုန်း၊ကျန်းမာရေးတာဝန်ခံ ဦးရန်နောင်စိုးတို့ ကလည်းဗဟိုကော်မတီဝင်တွေဖြစ်သလို တန့်ဆည်နယ်က ကွန်မြူနစ်သဘောတရားတွေနဲ့ ကြီးပြင်းခဲ့သူတွေပါ.... ဦးကျော်ကျော်အုန်းကဖါးကန့်ဘက်မှာ မျိုးဝင်းလူတွေက လိုက်သတ်တာခံရပါတယ်....ဦးရန်နောင်စိုး ကတော့ထွက်ပြေးလွတ်မြောက်ပါတယ်...ABSDF ကချင်လက်ထက်က ဦးစီး လွှမ်းမိုးလဲ စစ်ေ၇းတာဝန်ခံသံချောင်းရဲ့ ခေါင်းကိုသေနတ်နဲ့ ပစ်သတ်တာခံရပါတယ်...မသေခင်မှာင်္သချောင်းကိုပြောသွားတာက ကျနော် မဆလ (ထလရ) တော့မဖြစ်ပါရစေနဲ့ ကွန်မြူနစ်ပဲဖြစ်ပါရစေလို့ ပြောသွားခဲ့တယ်....ဗန်းမော်ဘက်ကွန်မြူနစ်ဝါဒ ယုံကြည်သူတစ်ချို့လည်း မျိုးဝင်းနဲ့မတည့်ဘဲ ကွန်မြူနစ်ဘက်ရောက်သွားတာ ၃ယောက်လောက်ရှိပါတယ်....ထူးခြားမှုတစ်ခုလို့မြင်လို့ ရေးလိုက်တာပါ...ကွန်မြူနစ်တွေ မို့အဲလိုလုပ်တယ်ဆိုတဲ့အမြင် David Nichols Naingရဲ့အမြင်ကိုတွေ့လို့ဝင် ရေးမိတာပါ...ABSDF - NB မှာကွန်မြူနစ်တွေခံခဲ့ရတာပါ...ကျနော်ကွန်မြူနစ်ဝါဒကိုယုံကြည်သူလဲမဟုတ် ပါ....ကွန်မြူနစ်တယောက်လဲမဟုတ်ပါ.....
- Nang Aung Htwe Kyi ဟုတ်တယ် ..ဖြစ်စကတော့ ကျောင်းသားစစ်စစ်တွေကြီးဘဲ ။ နောက်ပိုင်းတွေမှာတော့ ဘာတွေမှန်းကိုမသိတော့ဘူး။ နားကိုခုထိမလည်နိုင်ဘူး။ရှုပ်ရှက်ခတ်နေရော။သူငယ်ချင်းတဦး ဗကပထဲရောက်သွားတယ် ။အောင်မျိုးနိုင်ဆိုတာ။ မငယ်လည်းဒီရောက်မှာသိရတာ ။ အပေါ်မှာ comment ရေးထားတယ်လေ.။စိုင်းသိင်္ဂါတို့ကတော့ absdf အိန္ဒယဘက် ရောက်သွားတယ် ။မန္တလေးမှာကွဲသွားတယ်ပြောတာဘဲ ။
- Khin Mg Ye Sein ကောင်းတယ်ဗျာ ၊ ကိုယ်တွေ့ ခံခဲ့ရပြီး မသေလို့ ပြန်ပြောနိုင်တယ့်သူတွေရဲ့ စကားက သိတ်တန်ဖိုးရှိပါတယ်၊
မတရား နှိပ်စက်ခံ သေဆုံးခဲ့ရသူတွေအတွက် အကောင်းဆုံး ပြန်လုပ်ပေးနိုင်တာဟာ အဖြစ်မှန်ကို ဖော်ထုတ်ခြင်းပါပဲ၊
ကျုးလွန်ခဲ့တယ့် လူသတ်သမားတွေကို အရေးယူလို့ ရခြင်မှ ရမယ်၊ ဒါပေမယ့်
တသက်လုံး အရိပ်မဲ ခြောက်လှန့် ခြင်း ခံနေရမှာတော့ သေချာတယ်၊
အမှန်တရားကို ဆက်လက် ဖော်ထုတ်ကြပါ၊
တချို့ က သိပေမယ့် မပြောချင်ဖူး ၊ အေဘီအက်စ်ဒီအက်န် ဂုဏ်သိက္ခာထိခိုက်မှာစိုးလို့ ဖုံးထားချင်တယ် ၊ ဒါမမှန်ဖူး၊
ဖုံးထားတာကမှ ထိခိုက်တာ ၊ အလိုတူ အလိုပါ ။ - May Myo Thu I like this. " အဲဒီတုန်းက ကျမက လူ့အခွင့်အရေးတို့ ဒီမိုကရေစီတို့ ဆိုတာတွေလည်း မသိဘူး စိတ်ထဲမှာလည်း မရှိဘူး၊ စိတ်ထဲ ရှိခဲ့တာကလည်း တကယ့်မခံချင်စိတ်နဲ့ပဲ ပါခဲ့မိတာ။ အဲဒီတုန်းက ကျောင်းသားတွေ တောင်းဆိုမိတာကလည်း ကျောင်းကို ရာသက်ပန်ထုတ်လိုက်တဲ့ ကျောင်းသားရှိတယ်၊ ထောင်ကျသွားတဲ့ ကျောင်းသားတွေ ရှိတယ် အဲဒီကျောင်းသားတွေကို ပြန်ထုတ်ပေးဖို့ပဲ တောင်းဆိုကြတယ်။ဒီ မိုကရေစီရရှိရေး တွေဘာတွေလည်း မရှိဘူး။" This is true and most of the people has this thought but some never admit this way. "၁၉၈၈ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှာ အန်အယ်ဒီပါတီထဲကို ၀င်လိုက်တယ်။ ဘာရယ် ညာရယ်လည်း မသိဘူး ရည်မှန်းချက်တွေဘာတွေလည်း မရှိဘူး၊ ဒေါ်စုကို ချစ်တာပဲ။ ချစ်တဲ့ စိတ်နဲ့ ၀င်လိုက်တာပဲ။ အဲဒါ ပုဂ္ဂိုလ်စွဲနဲ့ ၀င်တာ ဟုတ်တယ်။ သူ့ရဲ့ ရည်တည်ချက်တွေ ဘာတွေလည်း နားမလည်ဘူး၊ သူ့ကို ချစ်လို့ကို ၀င်လိုက်တာ။ သူ့ကို ချစ်တယ်၊ လုပ်မယ် သူ့အတွက် သူ့ကို backup လုပ်မယ်ဆိုပြီး ၀င်လုပ်တာ။" After join with her and join with politicians and the mind is improve. I do have this feeling and don't shy to say.
- Nang Aung Htwe Kyi ကျမ အနေနဲ့ က ဘယ် အဖွဲ့အစည်း ကိုမှ မစော်ကားဘူး။ ဘာတွေဖြစ်နေမှန်း ဖြစ်ကုန်ကြမှန်းကိုလည်း ခုထိ ရေရေရာရာမသိဘူး ။သိပ်ကျယ်ပြန့်တာလားဘာလားလဲ မသိဘူး။ ကျမ ကြုံခဲ့တာဘဲ ကျမပြောနိုင်တယ် ။ နောက်ကွယ်တွေမှာ ဘယ်သူ ဘယ်ဝါ ဘာတွေဆိုတာခုထိကျမဘာမှမသိဘူး ။
- Nang Aung Htwe Kyi ကျေးဇူးပါ May Myo Thu >. အရိုးခံအတိုင်း ပြောပြတာပါ ။ စကားလုံးကြီးကြီး မပြောတတ်ဘူး ။နားကိုမလည်ဘူး။မခံခြင်စိတ် ဒေါသလည်းပါတယ် ။ ဒေါ်စုကိုတော့လည်း ချစ် တာ ။ ဗိုလ်ချုပ်အောင်ဆန်း အပေါ် လေးစားတာရယ်နဲ့ ဒေါ်စုရဲ့ တိုင်းပြည်ချစ်စိတ်ကိုမြင်တော့ တအားချစ်သွားတာ ။အဲ့ဒါဘဲ ရှိတယ် ။ အမှန်ပြောရတာ ရှက်စရာမဟုတ်ပါဘူးလေ .
- May Thingyan Hein ko Linn Way Khat .... ကျမ ပြန်ရေးတာများ ထောက်နေလို့ လား မသိဘူး၊ ကျမက အမ နန်းအောင်ထွေးကြည်ရဲ့ လေသံ မပျောက်အောင်နဲ့ ဖတ်တဲ့သူတွေ အမရဲ့ အသံကို ကြားနေရတယ်လို့ ခံစားရအောင် ကြိုးစားပြီး ရေးထားပါတယ်။ အဆင်မပြေတာ ရှိရင်လည်း ပြောပါ၊ မာမာတောင့်တောင့်ကြီး ဖတ်ရမှာမျိုး မဖြစ်စေချင်ပါဘူး။ အချက်အလက် မှားယွင်းမှာကို စိတ်ပူပင်သလိုပဲ၊ အရေးအသားနဲ့ပတ်သက်ပြီး အဆင်မပြောမှာကိုလည်း စိတ်ပူပါတယ်။
- Ko MoeJee David Nichols Naing >>ဗကပရဲ့လက်ရှိပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းကိုယ်တိုင် အင်တာဗျူးတခုမှာ ဖွင့်ဟ၀န်ခံထားတာရှိပါတယ်။ ရှာဖတ်စေချင်ပါတယ်။ အဲဒီအင်တာဗျူးမှာ ပြောခဲ့တာတချို့မှတ်မိသလောက်ပြန်ဖော်ပြရရင် သူကိုယ်တိုင် မြောက်ပိုင်းဒေသကို သတ်ဖြတ်မှုတွေမတိုင်မီ ရောက်ခဲ့ပါတယ်။ သူတို့ပါတီက မှားခဲ့တဲ့အမှားမျိုး မကြုံစေချင်ဘူးလို့ သတိပေးစကားပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
- May Myo Thu အမှန်အတိုင်းပြောရရင် စကားလုံးအကြီးကြီးတွေနဲ့  လူအထင်ကြီးအောင်ပြောရင်လည်း အထင်ကြီးမှာမဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲမှာပေါ်တာကို ကောင်းကောင်းဆိုးဆိုးဖေါ်ပြထားလို့  နှစ်သက်မိပါတယ်။ ကျွန်မလည့်း  ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရကိုးကွယ်တာကနေ သူ့ ရဲ့  အပိုင်းအစလေးတစ်ပိုင်းလောက် လိုက်နာနေရင်း ကိုယ့်ဘာသာအနည်းအကျဉ်းထိန်းကျောင်းမိပါတယ်။
- Nang Aung Htwe Kyi မှန်ပါတယ် ။အဲ့ဒီတုန်းက ကျမတို့ ABSDF-NB မှာဖြစ်ခဲ့တဲ့ ဖမ်းဆီး သတ်ဖြတ်မှု့တွေဟာ အဲ့ဒီအချိန်က ဦးဆောင်တဲ့ ခေါင်းဆောင်ပိုင်းလက်တစုပ်စာ လူတစုရဲ့ အတည်ပြု သတ်ဖြတ်မှု့တွေပါ ။ တော်လှန်ရေးလုပ်ခဲ့တဲ့ ABSDF မကဒသ ကျောင်းသားတပ်မတော်ကြီးတခုလုံး လုံးဝ လုံးဝမဟုတ်သလို .. အခြား အခြားသော အဖွဲ့ အစည်းတွေရဲ့ ပရောဂကြောင့်လည်းမဟုတ်ပါ။
- Khin Mg Ye Sein မ May Thingyan Hein ရေ..တစ်ခု အကြံပြုတာပါ ၊ အပိုင်း ၂ ကို ဖတ်မိတယ့်သူဟာ အပိုင်း ၁ ကိုပါ အလွယ်တကူ ရှာဖတ်နိုင်အောင်
အပိုင်း ၁ ရဲ့ လင့်ခ် ကိုဖော်ပြပေးထားရင် ပိုအဆင်ပြေမယ် ထင်ပါတယ်၊
ကျွန်တော် အပိုင်း ၂ ကို အရင် စတွေ့ တာပါ ၊ ၁ ကို ဖတ်ချင်တော့ မ May Thingyan Hein ရဲ့  ဝေါ ပေါ်မှာ သွားရှာပြီး ဖတ်ရပါတယ် ၊ အပိုင်း ၃ ၊ ၄ ၊၅ တွေ ဖြစ်လာရင် ရှာရတာ ပိုခက်လာမယ် ထင်ပါတယ် ။
အမြဲလေးစားအားပေးလျက် ။ ခင်မောင်ရီစိန် - Ko Lin Wai Aung အပိုင်း (၁)ပါ.....https://www.facebook.com/notes/may-thingyan-hein/absdf-%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%B0%E1%80%9B%E1%80%B2%E1%80%B1%E1%80%99%E1%80%B1%E1%80%9F%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%80%94%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%B1%E1%80%91%E1%80%BC%E1%80%B8%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%80%9B%E1%80%B2%E1%82%95-%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%80%81%E1%80%9B%E1%80%AE%E1%80%B8%E1%81%81/549754495050888
- BarBu Abnb Ko moejee ခင်ဗျာအကိုပြောတာမှန်ပါတယ်ကိုဖိုးသံချောင်းပြောပေးခဲ့တဲ့စကားကိုဖမ်းဆီးခံများကအသိအမှတ်ပြုထားပါတယ်။ကျွန်တော်တို့ထောင်ဖေါက်ပြေးတုံးကလည်းတရုပ်ပြည်မှာရှိတဲ့ဗကပတစ်ယောက်ဆီကငွေနဲ့ဆေးအိတ်များအကူအညီတောင်းတော့လည်းပေးခဲ့ပါတယ်။
- Khin Mg Ye Sein အဲဒီဖိုးသံချောင်းက အလင်းပြန်ဝင်ပြီး ထောင်ကျနေတယ့် တစ်ယောက်လား ၊ သက်ရှိထင်ရှား အဓိက လူသတ်တရားခံ တစ်ယောက်ပေါ့နော်
- Khin Mg Ye Sein ရော်နယ်အောင်နိုင် ဘီဘီစီ ဆိုတယ့် လူသတ်သမားက မဲဆောက်မှာ ရှိတယ်လို့ ကြားတယ် ၊ ပေါ်ပေါ်ထင်ထင်ပဲ ၊ ထိုင်းအစိုးရဆီမှာ အမှုဖွင့် တရားစွဲလို့ မရနိုင်ဖူးလား ။
- Koyelaypar Koyelaypar ဆက်ကြိုးစားနေပါတယ် အခုမှတိုက်ပွဲဝင်တာမဟုတ်ပါဘူး ကြာခဲ့ပါပြီ အလုပ်ပဲ သက်သေပြကြရင်ကောင်းမယ် ကြောက်တော့ကြောက်တယ်ဒါပေမဲ့မကြောက်ဘူး ဆက်တိုက်နေတယ် သမိုင်းမှာတော့ကျန်နေမှာပါ
- Ko Lin Wai Aung ဖိုးသံချောင်းက လူထုဦးလှ+လူထုဒေါ်အမာရဲ့သား..... ဗမာပြည်ကွန်မြူနစ်ပါတီပြောခွင့်ရပုဂ္ဂိုလ် ပါ...သာယာဝတီထောင်ထဲက ABSDF မြောက်ပိုင်းက သံချာင်းမဟုတ်ပါ....
- Ko MoeJee Khin Mg Ye Sein >> ကျနော်ပြောခဲ့တဲ့ ဖိုးသံချောင်းက လက်ရှိ သာယာဝတီထောင်မှာ အကျဉ်းကျခံနေရတဲ့ သံချောင်းမဟုတ်ပါဘူး။
- Ko Lin Wai Aung ဖိုးသံချောင်း(ခ)ကိုအောင်ထက် က ပဲခူးရိုးမမှာ ကျဆုံးခဲ့တဲ့ ကိုစိုးဝင်းနဲ့ညီအစ်ကိုတော်စပ်ပါတယ်....(သခင်သန်းထွန်း၏နောက်ဆုံးနေ့များထဲက)
- Ko Lin Wai Aung Ko MoeJee ကွန်မန့်တွေမှာ ဗကပ လို့ တွေ့ရပေမယ့် စာထဲမှာ ဗကဘ လို့ ၂ကြိမ်ထပ်သုံးထားပါတယ်။ ပြင်ပေးပါအုံး။ ဆရာမောင်စွမ်းရည်ရဲ့ကဗျာလေးကို ထပ်ကိုးကားချင်ပါတယ်။ အရေးအခင်းဖြစ်တိုင်း ဗကပကိုစွတ်စွဲနေရင် ဗကပတွေ ဂုဏ်တက်ရုံသာရှိမှာပေါ့တဲ့။ ၈၈အရေးတော်မှာ ဗကပတွေပါခဲ့ပါတယ်။ ဒါပေမယ့် တိုင်းလုံးပြည်ပေါက်ဖြစ်ခဲ့တာ ဘယ်သူကမှ သွေးထိုးလှုံ့ဆော်လို့ မဟုတ်ဘူးလို့ထင်ပါတယ်။ ကိုယ့်အသိစိတ်နဲ့ကိုယ် ပါဝင်ခဲ့ကြတဲ့ ၈၈ အရေးတော်ပုံကြီးလို့ ဆိုပါရစေ။
- Ko Lin Wai Aung ဖိုးသံ(လူထု)ရဲ့ဆောင်းပါးပါ....https://www.facebook.com/notes/aye-win/%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%9B%E1%80%AC%E1%80%99%E1%80%BD%E1%80%AC%E1%80%B1%E1%80%95%E1%80%BA%E1%80%AC%E1%80%B9%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%B1%E1%80%94%E1%80%9B%E1%80%90%E1%80%9A%E1%80%B9-%E1%80%B1%E1%80%9B%E1%80%B8%E1%80%9E%E1%80%B0-%E1%80%96%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%B6-%E1%80%9C%E1%80%B0%E1%80%91%E1%80%AF/495097493857686
- မိုး စဲ မမေသင်္ကြန်ဟိန်း ခင်ဗျား မငယ်ရဲ့ ပင်ကိုဟန်မပျက်အောင် သူ စကားတွေ အတိုင်းတင်ထားတာ ဖတ်ရတာ ပိုအဆင်ပြေပါတယ် (သူ့လေအတိုင်းဆို စိတ်မကောင်းစရာတွေထဲက ရယ်ရတာတွေ ပါတယ်-ခု သူပြောတဲ့ မင်းအောင်သူ ဆိုတာ ခု မင်းအောင်လှိုင်ကြီးရဲ့ ညီများဖြစ်နေမလား..ဟား..ဟား) သူ့ရဲ့ ရိုးသားမှု့ ပွင့်လင်းမှု့ကို နဲ့ အမှန်သူမြင်တဲ့ အတိုင်းပြောတယ်ဆိုတာ သိသာပေါ်လွင်ပါတယ် ရှေ့အပိုင်းတွေကို စောင့်မျှော်နေပါတယ်.ဖတ်ရလို့.ကျေးဇူးလဲတင်ပါတယ်..
- Thant Zin I guess BCP control some parts of movwents in 1988 but not all those movemenfs against the Regime
- Kotoe NB ကျနော်တို့ ၅၅ယောက်ထွက်ပြေးကြ
တော့ရင်ကျန်းမှာ ဗကပ ကကျနော်
တို့ကိုသူ့ဆိုင်မှာညစာကျွေးတယ်
ုပြီတော့လမ်းညွှန်ပေးတယ်လမ်းစရိတ်
ဆေးဝါးစတာတွေအကူညီပေးဘူးတယ်
ကျနော်တို့ပေါ်စာနာနားလည်ပေးခဲ့တယ် - Ye Myint Ko MoeJee >> David Nichols Naing >>ဗကပရဲ့လက်ရှိပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းကိုယ်တိုင် အင်တာဗျူးတခုမှာ ဖွင့်ဟ၀န်ခံထားတာရှိပါတယ်။ ရှာဖတ်စေချင်ပါတယ်။ အဲဒီအင်တာဗျူးမှာ ပြောခဲ့တာတချို့မှတ်မိသလောက်ပြန်ဖော်ပြရရင် သူကိုယ်တိုင် မြောက်ပိုင်းဒေသကို သတ်ဖြတ်မှုတွေမတိုင်မီ ရောက်ခဲ့ပါတယ်။ သူတို့ပါတီက မှားခဲ့တဲ့အမှားမျိုး မကြုံစေချင်ဘူးလို့ သတိပေးစကားပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ <<<< Yes, Ko Phoe Than Jaung (CPB aka BCP) is a differnt person. >> သူတို့ပါတီက မှားခဲ့တဲ့အမှားမျိုး မကြုံစေချင်ဘူးလို့ သတိပေးစကားပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်<<< This is related to what I commented above. Ko Phoe Than Jaung (CPB) was referring to those internal conflicts and subsequent massacres at Pegu-Yoma GHQ of CPB, wherein BCP cadres accused each other of being traitors and canibalized. CPB's offcial language referring to those events is "internal conflicts". In those 2 books called "The Last Days of Thakhin Than Tun" and "Zin + Chit = Two at the End" were written by ex-BCP's who surrendered at the time and published by the MI of those days. In those 2 books, MI and BSPP used a notorious phrase "Phyoke-Htoke-Thart" (Demote-Expel-Execute), which later became famous and publicly circulated, referring to those Massacres at Pegu-Yoma BCP-GHQ. That big trouble for BCP was initiated by returnees from Peking/Beijing such as Peking-Returnee Ma Sein Win AKA Naw Lone Sein and other returnees who were younger in those days than members of CPB Poliburo at CPB-GHQ at Pegu-Yoma. Those returnees received political/ideological trainings and lessons in Peking/Beijing during the days of Chia's notorious "Cultural Revolution". They (returnees) tried to emulate certain Burmese version of "Cultural Revolution" at their GHQ. As a result, many BCP/CPB leaders who also fought with Bogyoke Aung San against the British and later the Japanese during the Independen Struggle were killed. As a result, CPB/BCP was weakened, factionalized, and paralyzed, making itself susceptible to Army's offensives. That was one main cause of the fall of BCP/CPB GHQ at Pegu-Yoma.... and >>>> ကျနော့ ဦးလေးဝမ်းကွဲက အိမ်ကို အူယားဖားယားနဲ့ ပြေးလာပြီး ဗဟိုကျသွားပြီ ဗဟိုကျသွားပြီ နဲ့ ဂယောင်ဂတန်းနဲ့  အော်တယ်။ အဖေက လမ်းစားရိပ်လေး တတ်နိုင်သမျှ ထောက်ပံ့လိုက်ပါတယ်။ သူက အရှေ့ မြောက်ဒေသ ဆိုတာကို ပြေးမယ်တဲ့ ။ ကျနော် ကတော့  ကလေးဆိုတော့  အရှေ့ မြောက်ဒေသ ဆိုတာ အုပ်ရှစ်ကုန်းရွာဘက်ကိုထင်တာ....................... ............
- Plati Num အမှန်တရား ကိုလဲ သိချင်ပါတယ် ။ လူတစ်ယောက်ရဲ့ ခံစားချက်ကိုလည်း သိချင်ပါတယ် ။ အရမ်းစိတ်ဝင်စားပါတယ်။
- Thant Zin Ma Nan Aung Htwe Kyi。 As I neard that u have plan to come Japan in near future n when u come here give me a chance to meet u。U can contact me thru yr nephew who is same name with me
- David Nichols Naing I mean "communism",not a "communist" or "CPB" or "BCP " . it just my thought ...
- မျက်လုံး တစ်ထောင် ၈၈၈၈တလပြည်.မှာရန်ကုန်ဗိုလ်ချုပ်ဈေးအပေါ်ထပ်ကနေ အသံချဲ.စက်ကြီးနဲ. ၊ရရင်ရ၊မရရင်ချ၊ရရမရရချ။ ဆိုတဲ.ကြွေးကြော်သံတွေတိုင်ပေးကြတာမှတ်မိ.ပါတယ်။အဲ.ဒီ.နောက်ပိုင်းမှာခေါင်းဖြတ်လူသတ်တွေဖြစ်လာတော.ဗကပယူဂျီတွေနောက်ကကြီုးကိုင်ပါဝင်နေပြီဆိုတာတဖြည်းဖြည်းသိ.လာတယ်။စစ်အာဏာရှင်စံနစ်ကိုလက်မခံသလိုအကြမ်းဖက်လူသတ်ခေါင်းဖြတ်တာတွေကိုမျက်မြင်တွေ.ဖူးလို.ဘယ်အဖွဲ.စည်းကလုပ်လုပ်ပြင်းထန်စွာကန်.ကွက်ရူပ်ချပါတယ်။
- Sein Hlaing bcpကြိုးကိုင်တာကြောင့်ဆိုတာကတော့
စော်ကားတာပါ အဒိက ကတော့၆၂
အာနာသိမ်းပြိးဖြစ်လာတ့ ပြသနာပါ
bcpခောတ်ကုန်ပါပြိ
သမိုင်းကိုသိပါ
သေးသိမ်အောင်မလုပ်ပါန့ - Aung Myint Han ၁၉၆၂ စစ်တပ်ကအာဏာသိမ်းတော့ တရားဝင်ရပ်တည်ခွင်မရှိတော့တဲ့ ပါတီတွေ ၈၈၈၈အရေးတော်မှာ အကုန်ပါတာပဲလေ
၆၂ အာဏာသိမ်းခေါင်းဆောင် အောင်ကြီးတောင်ပါတာပဲ
ဗကပ ကြိုးကိုင်တယ်ဆိုတာတော့ မဟုတ်ပါဘူး
မနန်းကိုတောင် သူတို့ကြစ်သွားနိုင်လို့လားMay Thingyan Hein ဖေ့စ်ဘွတ်မှ ကူးယူဖေါ်ပြပါသည်။
No comments:
Post a Comment