ရော်နယ်အောင်နိုင်၏ အင်တာဗျူးမှ အလွဲများ
by ဘရာဇီး ငှက်ရိုး on Saturday, October 6, 2012 at 11:09am ·
ABSDFအဖွဲ့လက်နက်ကိုင်အဖွဲ့အစည်းအား
၁၉၈၈ခုနှစ်လူထုအုံကြွမှုဖြစ်ပွားပြီးနောက် နယ်စပ်သို့ ရောက်ရှိလာကြသည့်
တိုင်းရင်းသားပေါင်းစုံပါ ၀င်သည့် ကျောင်းသားလူငယ်များဖြင့်
၎င်းနှစ်နိုဝင်ဘာလ(၁)ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
မကဒတ (မြောက်ပိုင်း) ဒေသတွင် ဖြစ်ပွားခဲ့သော သွေးထွက်သံယိုဖြစ်မှုအပါအ၀င်ကိစ္စရပ်များ စုံစမ်း ဖော်ထုတ်မှုကို ၂၀၁၃ ခုနှစ် မေလတွင်အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)အဖွဲ့ကတာဝန်ပေးအပ် ထားသည့် အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ကကြေညာချက်ထုတ်ပြန်သည်။
အဆိုပါ အမှန်တရားဖော်ထုတ်မည့် လုပ်ငန်းစဉ်အချိန်မီအောင်မြင်စွာအကောင်အထည် ဖော်နိုင်ရန် မြန်မာနိုင်ငံနှင့် နိုင်ငံတကာတွင်နေထိုင်လျက်ရှိသော မကဒတ ရဲဘော်ဟောင်းများ၊ သက်ဆိုင်သူ များနှင့်အမှန်တရားနှင့်တရားမျှတ မှုကို မြတ်နိုးသူများကိုလည်းပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ဖိတ်ခေါ်ခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)အဖွဲ့အနေဖြင့်လူပြောများနေသည့် ၁၉၉၀၀န်းကျင်ကာလက အကြောင်းအရာများကိုစုံစမ်းဖော်ထုတ်ပြီး တရားမျှတမှုစွာ အမှန်တရား ပေါ်ထွန်းရေးအတွက်အမှန်တရားနှင့် တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ကို မတ်လ(၇)ရက်နေ့ ကကြေညာချက်ထုတ်ပြန် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါလုပ်ငန်းအဖွဲ့အား ၂၀၁၂ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ဖွဲ့စည်းရန်စတင်ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ‘အမှန်တရားဖော် ထုတ်ဖို့အတွက်အဖွဲ့အတွင်းမှာလည်း လွန်ခဲ့တဲ့တစ်လလောက်က တည်းက ပြင်ဆင်နေတယ်လို့ သိရတယ်၊ ‘ဟု ABSDF၏ အတွင်းရေးမှူးဟောင်းတစ်ဦးဖြစ်သည့် ဦးရော်နယ်အောင်နိုင်နှင့်တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။
အေးချမ်းဟိန် (ACH)။ ။ ဖေ့ဘွတ်စာမျက်နှာတွေပေါ်မှာတွေ့နေရတာနဲ့ပတ်သက်လို့ မီဒီယာတွေကိုအစ်ကို့အနေနဲ့ အင်တာဗျူးပေးတာမျိုး မတွေ့ရဘူးနော်၊ နောက်ဖေ့ဘွတ်မှာလည်းဘာဖြစ်လို့ပြန်မပြောတာလဲခင်ဗျ။
ရော်နယ်အောင်နိုင်(AN)။ ။ မီဒီယာတွေက မမေးလို့ ပါ။ ဖေ့ဘွတ်မှာတော့ ဒီအကြောင်းပြန်မပြောတော့ဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ပြန်ပြောရင့် ရပ်တော့မှာမဟုတ်ဘူး၊ မနေ့ကတောင် RFAကလား၊ VOAကလားမသိဘူး မေးသေးတယ်၊
ACH ။ ။ ၁၉၉၀၀န်းကျင်ဖြစ်က အကို ABSDF အထွေထွေအတွင်းရေးမှူး ဘ၀တုန်းကဖြစ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ ပြန်ပြောပြပါလင်းခင်ဗျ။
AN။ ။ အဲ့ဒီပြသာနာက ၁၉၉၁၊ေ၉၉၂ တုန်းကဖြစ်တာ၊ ကျွန်တော်က အဲ့တုန်းကABSDFမှာ အထွေထွေအတွင်းရေးမှူးတာဝန်ယူတဲ့အချိန်မှာ ကျွန်တော်တို့ဘက်မှာသူသျိုဝင်တယ်လို့ ယူဆနိုင်တဲ့အတွက် အဲ့ဒါကိုဖော်ထုတ်ပေးတယ်၊ယုံကြည်ရတဲ့သူတွေ အဖွဲ့အစည်းတွေနဲ့အပြစ်ပေးခဲ့တယ်၊အဖွဲ့အစည်းတွေရဲ့လုပ်ထုံးလုပ်နည်းအရ တစ်ဘက်မှာ ပြောစရာရှိတာကတော့စစ်ကြောရေးပဲ၊ ဘယ်သူမှလည်း စစ်ကြောရေးသင်တန်း တတ်ထားတာမဟုတ်ဘူး၊အဲ့ဒီလိုအခြေအနေတွေရှိတယ်၊ အဲ့ဒီတုန်းက ကျွန်တော်တို့ကလည်းအထူးသဖြင့်သတိတော့ထားပါတယ်၊
အထက်မှာ အဖွဲ့အစည်းတွေရဲ့ လုပ်ထုံးလုပ်နည်းလို့ သုံးထားပါတယ်ဗျာ... အဖွဲ့အစည်းဆိုတိုင်း ဒါမျိုးပဲလား အထင်မှားကုန်ပါ့မယ်...။
ACH ။ ။ ဖြစ်ခဲ့တဲ့ပြသာနာအသေးစိတ်ကို ပြောပြလို့ရနိုင်မလားခင်ဗျ။
AN။ ။ကျွန်တော်တို့ ကချင်မှာ နေကြရတဲ့အချိန်မှာ စစ်အစိုးရကဆန်ဂိုထောင်တွေကို ထိုးစစ်ဝင် ၀င်ထိုးတယ်၊ ဆန်ဂိုထောင်တွေပါသွားပြီဆိုရင်ကျွန်တော်တို့ ဘက်ကရှုံးတယ်၊ ရှေ့တန်းမှာဆန်စားပြတ်ပြီဆိုရင် ရဲဘော်တွေကျတယ်၊ အဲ့ဒီတုန်းက အမြဲဖြစ်တယ်၊တစ်ဘက်ကလည်း ABSDFမြောက်ပိုင်းက ဒီဘက်နဲ့ မတူတာက တစ်ဘက်မှာရာဂဏန်းနည်းနည်းလောက်ရောက်သွားတယ်၊ ပြီးတော့မှ ဖြေးဖြေးချင်းပြန်စုတာ၊အဲ့ဒီမှာ UGလမ်းကြောင်းက အရမ်းအားကောင်းပြီး အောင်မြင်တယ်၊တစ်လကို၃ခေါက်၊၄ခေါက်တတ်တာတောင် အဖမ်းအဆီးအနာအဆာမရှိဆိုတော့ ကျွန်တော်တို့နည်းနည်းသံသယဖြစ်လာတယ်၊ အဲ့ဒီမှာ ဖြစ်ချင်တော့ ကျွန်တော်တို့ထဲကတစ်ယောက်က ထွက်ပြေးတယ်၊ သူ့ဆီကနေစာလာတယ်၊ အဲ့ဒီတုန်းကကျွန်တော်တို့ဆီမှာရှိတဲ့ ထောက်လှမ်းရေးတပ်ဖွဲ့က အရေးယူဆောင်ရွက်တယ်၊ထွက်ချက်တွေ ပြန်ယူပြန်ဆက်စပ်ပြီး ထောက်လှမ်းရေးမှာ နာမည်ထွက်တဲ့သူတွေကအများကြီးဖြစ်နေတယ်၊ ကျွန်တော်တို့လည်း သေချာအောင်ပြန်လုပ်တယ်၊နောက်ဆုံးတော့ လူ(၈၀)လောက်ထွက်လာတယ်၊ အဲ့ဒီအထဲမှာမှ သေချာတယ်အဖွဲ့အစည်းနဲ့ပတ်သက်လို့လုပ်ရပ်တွေအရ စည်းမျဥ်းစည်းကမ်းအရသေဒဏ်ပေးသင့်တယ်ဆိုတဲ့သူတွေကိုမြောက်ပိုင်းဗဟိုကော်မတီအစည်းဝေးကနေပြီးတော့ သေဒဏ်ပေးခဲ့ တယ်၊လူ(၁၅)ယောက်လောက်ကို၊ ကျန်တဲ့သူတွေက ဟုတ်ချင်ဟုတ်မယ် မဟုတ်ချင်မဟုတ်ဘူးသံသယဖြစ်စရာရှိတယ်၊ ဥပဒေအရကြည့်မယ်ဆိုရင်တော့သူတို့မှာ အပြစ်မရှိဘူးပေါ့၊ ကျန်တဲ့သူတွေကိုထိမ်းထားရင်းနဲ့သူတို့ထွက်ပြေးသွားတယ်၊ ထွက်ပြေးတော့ တောထဲကနေထွက်ပြေးရတယ်ဆိုတာ ခက်ပါတယ်၊ စခန်းကနယ်စပ်မှာထွက်ပြေးတဲ့အချိန်မှာ အစိုးရရဲ့အစီစဉ်နဲ့ တရုတ်ကလာကြိုပေးတယ်ဆိုတော့အစီစဉ်တကျထွက်ပြေးတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်တာပေါ့နော်၊ သူ့တို့အားလုံးကိုသူလှိုဖြစ်တယ်လို့ ပြောချင်တာမဟုတ်ဘူး၊ ပါနိုင်တယ်၊
ဆန်ဂိုဒေါင် ဆိုလို့ ကြီးကြီးကျယ်ကျယ်ကြီးတွေ မအောက်မေ့ပါနဲ့..။ ရှေ့တန်းထွက်တဲ့ ရဲဘော်တိုင်း ဆန်ကြိုးပါရသ လို လက်နက်၊ ကျည်ဆံ၊ ဆေးဝါး၊ ရေဘူး၊ ရိက္ခာခြောက် သွားရမဲ့ခရီး တက်ရမဲ့တောင် အနေအထားနဲ့ နှစ်ရက်စာအပြင် ပိုမသယ်နိုင်ပါဘူး။ ဒါကြောင့် ချီတက်ရမဲ့ခရီးတလျှောက် တောတောင်ချောက်ကမ်းပါးတွေမှာပဲ ဆန်တွေကို ကြိုတင် လှောင်ထားရတယ်။ ဆန်ထုတ်ဖို့လိုပြီ ဆိုရင် ရှေ့တန်းထွက်ရင်း ခဏစခန်းချထားရာ နေရာကနေ အနည်းဆုံး (၁၀) မိ နစ်လောက် လမ်းလျှောက်ပြီ ချောက်တွေထဲမှာ အသင့်ဝှက်ထားခဲ့တဲ့ဆန်တွေကို ဆင်းယူကြရတယ်။ ကျမကိုယ်တိုင် အဲ ဒီလိုသွားယူခဲ့ဖူးတဲ့အတွက် သိနေတာပါ။ ဒေါ်ခင်ရွှေလှိုင့်အပြော-http://www.naytthit.net/?p=26016 မှ ကူးယူဖော်ပြသည်။*1
တစ်လကို ၃ခေါက်၊ ၄ခေါက်တတ်တာတောင် အဖမ်းအဆီးအနာအဆာမရှိ ဆိုတော့ UGလုပ်သူတွေကပဲ ခဏခဏ အဖမ်းခံပေး ထောင်ကျပေးရမလိုတောင် ဖြစ်နေပြီ။ အံ့သြစရာကောင်းလောက်အောင် ရဲဘော်ချင်းထားတဲ့ စိတ်ဓါတ်ပေါ့ဗျာ...။
တစ်ယောက်က ထွက်ပြေးတယ်၊ သူ့ဆီကနေစာလာတယ်၊ အဲ့ဒီစာဆိုတာလေး သိမ်းထားလို့သာ ဒါမျိုးပြောနိုင်တာလို့ ခန့်မှန်းမိပါတယ်...။
ထွက်ပြေးတဲ့အချိန်မှာ အစိုးရရဲ့အစီစဉ်နဲ့ တရုတ်ကလာကြိုပေးတယ်ဆိုတော့ ထိပ်တုံးတွေနဲ့ ဘယ်လိုကြိုတယ်ဆိုတာ အောက်ကလင့်ခ်တွေကိုသာ ဖတ်ရှုကြပါ..။http://www.facebook.com/photo.php?fbid=249363141819209&set=t.100001005872314&type=3&theater*2ဘယ်လိုကြိုဆိုလဲ သိရအောင်ပါ-http://www.myanmarij.com/?p=5702 *3ACH ။ ။ အဲ့ဒီတုန်းက စစ်အစိုးရနဲ့ ဗဟိုဋ္ဌာနချုပ်ရဲ့အခြေအနေလေးလည်းအများသိအောင်ပြောပေးပါဦး။
AN ။ ။ အစိုးရဘက်ကလည်းအဲ့ဒီတုန်းက ကျောင်းသားတွေကို ကူမယ်ကယ်မယ်ဆိုတဲ့ဆနမျိုး ရှိတာတော့ မဟုတ်ဘူး၊ နောက်ဗဟိုကလည်း သူလှိုတွေအဲ့ဒီလောက်အများကြီးဖြစ်နိုင်ပါ့မလား သံသယရှိတယ်၊ ဒီဘက်မှာ ကံကောင်းချင်တော့ ကျွန်တော်တို့ဘက်က ကိုယ်စားလှယ်အနေနဲ့လွှတ်ထားတဲ့သူတစ်ယောက်ပါတယ်၊ သူက အခုမြန်မာပြည်ထဲမှာ၊ သူ့ကို ဒီဘက်မှာ ABSDFဗဟိုကိုဖမ်းပေးပါ၊ကြည့်ပေးပါလို့ ကျွန်တော်အဲ့ဒီလောက် ပဲပြောလိုက်တယ်၊ သူ့ကိုဒီဘက်ကနေ ဖဖ်းတယ်၊စစ်တယ်၊ သူ့ထွက်ချက်တွေနဲ့ ဒီဘက်ကထွက်ချက်တွေသွားတူတယ်၊ မတူရင်ဗဟိုက ပြသာနာ၇ှိနိုင်တယ်၊ တူသွားတာက တော်တော်လေးခိုင်ခိုင်လုံလုံဖြစ်သွားတယ်လို့ ပြောလို့ရတယ်။ကိုယ်စားလှယ်ဆိုတာ ကိုစိုးလင်းပါ... ကိုစိုးလင်း၊ ကိုနေဝင်းအောင်၊ ကိုထင်ကျော်၊ ကိုမြင့်ဦးစတဲ့ လေးယောက်လွတ်မြောက်လာတာပါ...။ကိုစိုးလင်း - http://maythingyanhein.blogspot.com/2012/10/blog-post.html?spref=fbကိုနေဝင်းအောင် အင်တာဗျူးစဆုံး အပိုင်း၁က01:43:00မှစပါသည်။ အပိုင်း၂က အစ ဖြစ်နေပါသည်။ အပိုင်း၃က 00:36:00မှစပါသည်။အပိုင်း၁၂၃http://www.youtube.com/watch?v=D924ou9VfSs&feature=relmfuအပိုင်း ၄ - http://www.youtube.com/watch?v=LaxDwjPmACE&feature=relmfuအပိုင်း ၅ - http://www.youtube.com/watch?v=UeYBHoMig74&feature=relmfuအပိုင်း ၆ - http://www.youtube.com/watch?v=tipcquRZPZQ&feature=relmfuအပိုင်း ၇ - http://www.youtube.com/watch?v=5HCqXgGLL_s&feature=relmfuအပိုင်း ၈ - http://www.youtube.com/watch?v=sLEWE3CC_8w&feature=youtu.beကိုထင်ကျော်အင်တာဗျူး လာပါလိမ့်ဦးမယ်... မကြာမှီမျှော်ပေါ့...။*4ACH ။ ။ အခုလိုနှစ်ပေါင်းများစွာကြာပြီးမှ ဒီကိစ္စကိုပြန်ဖော်ထုတ်တာနဲ့ပတ်သက်လို့ ပုဂိံ္ဂုလ်ရေးရာ တိုက်ခိုက် မှုလို့ပြောလို့ရမလား၊
AN ။ ။ ကျွန်တော်က ပုဂိံ္ဂုလ်ရေးရာ တိုက်ခိုက်မှုလို့တော့ မထင်ဘူး၊နိုင်ငံရေးပါနိုင်တယ်။ နိုင်ငံရေး ရည်ရွယ် ချက်တွေရှိကောင်း၇ှိနိုင်မယ်လို့ ထင်တယ်၊
ACH။ ။ တိတိကျကျပြောရရင် ဘယ်လိုမျိုးလဲ ခင်ဗျ။
AN။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် အခုဟာက မြန်မာနိုင်ငံကိုအိမ်ပြန်ချိန်လို ဖြစ်နေတယ်၊ ABSDFလည်း တချိန်ချိန်မှာ အိမ်ပြန်ရမှာပဲ၊တကယ်တမ်း စွန့်လွတ်အနစ်နာခံတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်တွေ ဖြစ်တယ်၊တစ်ချို့လူတွေက ၈လေးလုံး မျိုးဆက်တွေလို လူချစ်လူခင်များတဲ့အဖွဲ့တစ်ခုထပ်မ၇ှိစေချင်ဘူးလား၊ ABSDFကို သိက္ခာချချင်လို့လား၊အဖွဲ့နဲ့အတူပူးပေါင်းခဲ့တဲ့ သူတွေကို တစုံတရာ ထိခိုက်စေချင်လို့လားအဲ့ဒီလိုရည်ရွယ်ချက်မျိုးတွေ ဖြစ်နိုင်သလား ကျွန်တော်စဉ်းစားမိတယ်၊
သူပြောသလို နိုင်ငံရေးအရ အရမ်းအောင်မြင်နေရှာသလား ဆိုတာတော့ မြင်ကြားသိတော်မူတဲ့အတိုင်းပါပဲလေ...။
ACH ။ ။ အိမ်ပြန်ချိန်ဆိုတော့ ABSDF က ကိုယ့်အိမ်ကိုယ်ပြန်ဝင်မယ့်အဖွဲ့ဝင်တွေရဲ့ စိတ်ထဲမှာ ဘယ်လိုသဘောထားမျိုးတွေ ရှိနိုင်မလဲခင်ဗျ။
AN ။ ။ ABကျောင်းသားတွေရဲ့ သဘောထားက တိုင်းပြည်ကောင်းရင်တော့ပြန်ဝင်မှာပေါ့၊ ABSDFက ကျွန်တော်တို့ ပါဝင်ဖြတ်သန်းသလောက်ဆိုဒီမိုကရေစီအရေး၊လူ့အခွင့်အရေးနဲ့ ပြည်ထောင်စုတည်ဆောက်ရေး အဲ့ဒီအချက်တွေသာပြည်တွင်းမှာ ခိုင်မာမယ်ဆိုရင် သူတို့ အိမ်ပြန်ကြမှာပါ၊ အဲ့ဒီ(၃)ချက်မခိုင်သေးဘူးဆိုရင်တော့ သူတို့ပြန်ကြမယ် မထင်ဘူး၊
ACH ။ ။ အိမ်ပြန်မယ်ဆိုတဲ့ကျောင်းသားအဖွဲ့တွေရဲ့စိတ်ထဲမှာအချိန်ကာလသတ်မှတ်ချက်ဆိုတာနဲ့ ပတ်သက်လို့ တိုင်းတာမယ့်စံနှုန်းများရှိသေးလားခင်ဗျ။
AN ။ ။ အချိန်ဆိုတာထက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးတိုးတက်သွားပြီလား၊ ပါလီမန်ထဲမှာ ရွေးကောက်ခံမဟုတ်ပဲနဲ့စစ် သားလေးပုံတစ်ပုံပါနေတယ်၊ အဲ့ဒါမျိုးက ဒီမိုကရေစီလို့ခေါ်လို့ရလား၊စစ်တပ်အတွက် တစုံတရာ အာမခံချက်မလိုဘူးလားဆိုတော့ လိုတယ်၊ ရှိတယ်၊ဒါပေမယ့်တစ်ချိန်ချိန်မှာ လျော့သွားမယ်ဆိုတဲ့သတ်မှတ်ချက်မျိုးဥပမာပြောတာပါ၊ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ မီဒီယာအခွင့်အရေးအတွက်အာမခံချက်ရှိပြီလား၊ နောက် လက်ရှိ ၇ှိပြီးသားဥပဒေတွေကဖိနှိပ်တာတွေအများကြီးရှိတယ်၊ အဲ့တော့ အာမခံချက်ရှိတဲ့ဥပဒေတွေတည်ဆောက်မယ်၊ အဓိကက တိုင်းရင်းသား ပြသာနာ၊ ABSDFကတိုင်းရင်းသားတွေနဲ့နီးစပ်တော့ တိုင်းရင်းသားတွေအပေါ် နားလည်တဲ့ခံစားချက်နဲ့ လိုအပ်ချက်တွေကိုနားလည်နိုင်ရင် ၊တိုင်းရင်းသားပြသာနာမပြီးရင်၊ ပြည်တွင်းစစ်မပြီးဘူး၊ပြည်တွင်းစစ်မပြီးရင် တိုင်းရင်းသားပြသာနာမပြီးဘူး၊ အဲ့တော့တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြသာနာ အထူးသဖြင့်တော့ ၂၀၀၈ဖွဲ့စည်းပုံကိုကျော်တဲ့ နိုင်ငံရေးအရနားလည်မှုမျိုးလိုအပ်မယ်လို့ထင်ပါတယ်။
ACH ။ ။ နယ်စပ်မှာ အခြေစိုက်တဲ့ မြန်မာလူမျိုးတော်တော်များများကိုယ့်ပြည်တွင်းကို ပြန်လာချင်တဲ့ စိတ် ရှိကြသလား ။
AN ။ ။ နယ်စပ်မှာ အခြေစိုက်တဲ့လူတော်တော်များများကတော့ပြန်ကြမယ်ထင်ပါတယ်၊ သူတို့မှာ သွားစရာမှ မရှိတာ။
အင်တာဗျူးခြင်း အတတ်ပညာကို သင်ကြားပေးနေသူ (ဂျာနယ်လစ်သင်တန်းတွေပေးနေတဲ့) သူရဲ့ မှတ်သားထိုက်သော အင်တာဗျူးလေးပေါ့ဗျာ...။

- Nang Aung Htwe Kyi, Aung Khing, ကိုကို လူလေး and 10 others like this.
- ဘရာဇီး ငှက်ရိုး သူပြောထားတဲ့ မူရင်းလင့်ခ် - http://myitmakhamediagroup.com/detail.php?newid=2338
- ဘရာဇီး ငှက်ရိုး *1 - http://www.naytthit.net/?p=26016
www.naytthit.netမြောက်ပိုင်းရဲ့ ယူဂျီ (ပင်မ)လမ်းကြောင်း က တနိုင်ငံလုံးရဲ့ ဆက်သွယ်ရေး စုံချက်ဖြစ်တဲ့ မန္တလေး၊ ဥက္ကဋ္ဌ ကိုထွန်း အောင်ကျော် (မန္တလေး အသတ်ခံရ) နဲ့ အတူ အစီစဉ်ရှိရှိ ထိုးကျွေးတာခံခဲ့ရတဲ့ (ဒီအဖြစ်အပျက်တွေ ဖြစ်ခါနီးနဲ့ အချိန် ကိုက် မြို့မှာနေလို့မရအောင် ဖန်တီးပြီးမောင်းပို့ခဲ့လို့ တောထဲကိုရောက်လာခဲ့ရတဲ့) ကိုချို... - ဘရာဇီး ငှက်ရိုး *3 - http://www.myanmarij.com/?p=5702
www.myanmarij.comThe Myanmar Independent News Journal (လွတ်လပ်သော နိုင်ငံသားစိတ်ဓာတ်ဖြင့် ပြည်သစ်တည်အံ့) - ဘရာဇီး ငှက်ရိုး *4 - http://maythingyanhein.blogspot.com/2012/10/blog-post.html?spref=fb
- ဘရာဇီး ငှက်ရိုး *4 - ဆရာကိုနေဝင်းအောင်နှင့်အင်တာဗျူးစဆုံး
အပိုင်း၁က01:43:00မှစပါသည်။ အပိုင်း၂က အစ ဖြစ်နေပါသည်။ အပိုင်း၃က 00:36:00မှစပါသည်။
အပိုင်း၁၂၃http://www.youtube.com/watch?v=D924ou9VfSs&feature=relmfu
အပိုင်း ၄ - http://www.youtube.com/watch?v=LaxDwjPmACE&feature=relmfu
အပိုင်း ၅ - http://www.youtube.com/watch?v=UeYBHoMig74&feature=relmfu
အပိုင်း ၆ - http://www.youtube.com/watch?v=tipcquRZPZQ&feature=relmfu
အပိုင်း ၇ - http://www.youtube.com/watch?v=5HCqXgGLL_s&feature=relmfu
အပိုင်း ၈ - http://www.youtube.com/watch?v=sLEWE3CC_8w&feature=youtu.be
www.youtube.com၁၉၈၈ ပြည်တွင်း ပြည်ပ က သမိုင်းမှာ ပါဝင်ခဲ့တဲ့ ABSDF တပ်ဖွဲ့ ဝင်ဟောင်းတွေ လက်ရှိတ...See More - Shwelatyar Daw ကျွန်တော်တခါမှ စာနဲ့မဆဲဘူးဘူးဗျာ..အခုဆဲချင်စိတ်ပေါက်နေတယ်....။ငါ့လခွီးပဲ..ခွေးကောင်ဂျပုအောင်နိုင်....။
- Ko Lin Wai Aung အောင်နိုင်ရေ ငါလဲမင်းကိုတော်တော်ဆဲချင်နေပြီ....မင်းနဲ့ငါဆိုတာလဲ အခုကစပြီး သုံးလိုက်ပါပြီ...နိုင်ငံရေးပါတယ်ဆိုတော့ ငါတို့က ABSDF ကိုသိက္ခာချနေတယ်ဆိုတဲ့သဘောရယ်...အစိုးရကခိုင်းလို့ ငါတို့ကလုပ်တယ်..ဒါမမဟုတ် ထောက်လှမ်းရေးတစ်ချို့ ကဖန်တီးနေတယ်လို့ မင်းကပြောနေတာဘဲ.....မင်းအဲလို မီဒီယာတွေနဲ့တွေ့ပြီး ပါးစပ်စည်းမရှိပြောလို့ မင်းရဲ့ဘ၀ကဒီထက်ဆိုးဘို့ ဘဲရှိတော့တယ်....မင်းပြောနေတဲ့ ဆန်ဂိုဒေါင်တွေမှာ ငါတို့ ၁၀ လလောက်စစ်ကြောင်းထိုးတာခံနေရရင်း လှည့်ပြီး ထုတ်စားလာတာ...ကုန်သလောက်ပါဘဲကွာ...အစိုးတပ်ကထိမ်းသိမ်းထားတဲ့ နယ်မြေထဲက ဆန်ဂိုဒေါင်တွေကတော့ သွားထုတ်လို့မရတော့ဘူးပေါ့ကွာ...ဂိုဒေါင်တွေမှာပါဆန်ကုန်သွားလို့ စပါးတွေရိတ်...သစ်ပင်ကြီးတွေလှဲ...မောင်းဆုံ၎ခုလောက်အတန်းလိုက်ထွင်း ပြီးတောင် စပါးကိုထောင်းစားခဲ့ရတယ်...မင်းပြောနေတဲ့ ဆန်ဂိုဒေါင်ကိစ္စက ရင်း၅၊ ရင်း၁၁ ကကိစ္စကိုပြောနေတာပါ...အဲဒီဂွင်ထဲက နောက်ဆုံးပြန်တက်လာတာ ငါရယ်၊ကိုစိန်အေးရယ် ခရိုင်ရုံးအဖွဲ့တွေပါဘဲ...တိုက်ခိုက်ရေးတပ်တွေတောင်မရှိတော့ပါဘူး...မင်းက မျိုးဝင်းတို့ ဇော်ဇော်မင်းတို့ရဲ့ အရူးချီးပန်း ကောက်ချက်တွေကို အတည်ပြုပေးနေတာပါဘဲ....ရင်း၅၊ ရင်း၁၁ ရဲ့သဘောသဘာဝက ယာယီအထိုင်ဘဲရတယ်...စစ်ကြောင်းအကြီးအကျယ်ထိုးရင် ရှောင်ပေး လိုက်ကြတယ်..သူတို့ပြန်သွားရင် အထိုင်ပြန်နေကြတယ်...ဒါပါဘဲ....နောက်ငါနားလည်တာတစ်ခုက ကျောင်းသားတွေ၊ KIA တွေ တနေရာမှာ စုမိရင် စစ်ရဲ့သဘောအရ လက်ဦးမှုယူပြီး သူတို့ကတိုက်တဲ့သဘောပါဘဲ...ရင်း၁၂ မှာလဲ ငါတို့အဲလို တိုက်ခံရတာဘဲ..သူတို့ရဲ့စစ်မြေပြင်ထောက်လှမ်းရေးတွေကလဲ သတင်းရတာတွေရှိမှာပေါ့...ရွာသားတွေ ဈေးသည်တွေ ကနေလည်းသူတို့က သတင်းနှိုက်တာတွေလဲရှိနိုင်တာပါဘဲ...ဒါတွေကိုငါတို့က တွေ့သမျှလူလိုက်ဖမ်းစစ်/သတ်စရာမလိုပါဘူး....မင်းတို့က ကိုယ့်အဖွဲ့စည်းကိုယ့်ရဲဘော်တောင် သံသယ၀င်ပြီးလုပ်လိုက်ကြတော့ တပ်ပျက်တော့တာပေါ့ကွာ....အဓိကကတော့သံသယပေါ့ကွာ...ကိုယ်မှားနေတာ မှားခဲ့တာကို မျက်စေ့မှိတ်ပြီး မီဒီယာမှာ ထန်းလက်နဲ့ကာပြောနေပေမယ့် မင်းပြောနေတာကို အားလုံးကအသိနဲ့၊မြင်ကြပါတယ်....အခုရောက်နေတဲ့ မြန်မာပြည်သူတွေရဲ့ နိုင်ငံရေး ရေချိန်နဲ့ တွေးခေါ်မြော်မြင်နိုင်မှုတွေကိုလျှော့မတွက်ပါနဲ့....ပြောချင်တာတွေတော့ အများကြီးရှိသေးတယ်...ကြုံရင်ကြုံသလိုမင်းကို ထပ်ပြောပါဦးမယ်....
- ဘရာဇီး ငှက်ရိုး ကိုရဲရေ... ဒီလူတွေက သိသိကြီးနဲ့ အချင်းချင်း ရက်စက်ခဲ့တာပါ... ၁၉၉၅လောက်တုန်းက အခြေအနေမျိုး လက်ရှိမြောက်ပိုင်းတပ် ကြုံနေရပါပြီ... ကေက ငြိမ်းချမ်းရေး ယူချင်နေပြီ... ဘာဆက်ဖြစ်မယ်တော့ မသိဘူး...။
- Myo Win ရွှေလက်ယာ ရေ အဲဒီသတောင်းစားတွေအကြောင်းတွေ့တိုင်း ဆဲသာဆဲ အားပေးတယ် အမျိုးယူတ်တွေ လူမဆန်တဲ့ ခွေးထက်ယုတ်တဲ့ကောင်တွေ
- Kotoe NB အောင်နိုင်မင်းကြောင့်ငါတို့၎ဝ၁တွေ
ပိုပြီးခံခဲ့ကြရတယ်
ငါတို့ကိုယ့်အားကိုယ်ကိုးပြီးအသက်လု
ပြေးကြရတယ်
မင်းကဘယ်တုန်းကများရှေ့တန်းထွက်
ဖူးလို့လဲ့ရှေ့တန်းစကားပြောရအောင်
မင်းဘက်ကမှန်ပါတယ်ဆို
မင်းငါတို့နိုင်ငံကိုပြန်လာခဲ့ပါ
ငါတို့မင်းကိုကြိုနေမှာပါ....ဒါပေမဲ့ - Shwelatyar Daw မဟုတ်ဘူးဗျာ..အကုန်ကြိုတယ်..လာခဲ့ကြ...။ ရင်ဘတ်ကိုသန့်ရှင်းရေးလုပ်ပြီးလာခဲ့...။ ရတယ်....ထွက်တွေ့မယ့်သူတွေများတယ်...။ ထောက်လှမ်းရေးလို့ထပ်စွပ်စွဲချင်သေးတယ်ဆိုရင်ရတယ်...။ ဒါပေမယ့် လူတွေရှေ့မှာ ဖြစ်ရမယ်..ကမ္ဘာ့မီဒီယာရှေ့မှာဖြစ်ရမယ်..အားလုံးရှေ့မှာဖြစ်ရမယ်......See More
- Nang Aung Htwe Kyi http://www.atimes.com/atimes/Southeast_Asia/NK01Ae01.html
www.atimes.comAsia Times Online. The Asia News Hub providing the latest news and analysis regarding economics, events and trends in business, economy and politics throughout Asia. - Nang Aung Htwe Kyi https://www.facebook.com/photo.php?fbid=436161873112119&set=a.143690359025940.27935.103865773008399&type=1
- Nang Aung Htwe Kyi http://www.scribd.com/doc/81164578/Excerpts-from-the-%E2%80%9CAll-Wars-Are-Dirty%E2%80%9D-by-PHIL-THORNTONwww.scribd.comAung Naing had admitted to the executions and killings of young ABSDF students in the book, “All Wars Are Dirty” by PHIL THORNTONဘရာဇီးငှက်ရိုးဖေ့စ်ဘွတ်ခ်မှ ကူးယူဖေါ်ပြပါသည်။

No comments:
Post a Comment