Sunday, November 18, 2012

နန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်း ခရီး(၆)

ABSDF ကျောင်းသူရဲမေဟောင်း နန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်း ခရီး(၆)

by May Thingyan Hein on Friday, November 16, 2012 at 10:07pm ·
မေသင်္ကြန်ဟိန်(မြစ်မခ)
နိုဝင်ဘာ ၁၆၊ ၂၀၁၂၊ ရန်ကုန်မြို့။
အပိုင်း(၆)

၁၉၉၁ ခုနှစ် ဇန်န၀ါရီလလောက်မှာ ကျမတို့ စစ်ကြောင်းက ဗဟိုကို ပြန်ရောက်လာပြီ။ စစ်ကြောင်းထွက်တာ ရှေ့တန်းထွက်တုန်းက ၁၉၉၀ အောက်တိုဘာမှာ ထွက်တယ်၊ ပြန်ရောက်တာကတော့ ၁၉၉၁ ၊ ဇန်န၀ါရီဖြစ်သွားပြီ။

အဲလိုပြန်ရောက်လာတဲ့အချိန်မှာ ကိုထွန်းအောင်ကျော်က ကျမကို ခေါ်ပြီးတော့ပြောတာက KIA မှာ ဖွင့်တဲ့ ဘဏ္ဍာရေးသင်တန်းသွားတက်ခိုင်းတယ်။ သိတဲ့အတိုင်းပဲ ကျမကလည်း စာကျက်ဖို့ကို အသေကြောက်တော့ မတက်ဘူး မတက်ချင်ဘူးလို့ ဇွတ်အတင်းငြင်းတာ။

ကိုထွန်းအောင်ကျော်ကဘဏ္ဍာရေးသင်တန်းကို ကျမရယ် စိုးစိုးလွင်ရယ်၊ ခိုရယ်၊ စိုးမိုးရယ် ဒီလောက်ပဲ မှတ်မိတယ်။ တက်ခိုင်းတော့ ကျမကတော့ အသေငြင်းတာပေါ့။
ကိုထွန်းအောင်ကျော်က ကျမကို ဘာပြောလဲဆိုတော့ မငယ်…တဲ့။ နင် ငါ့ကို သိက္ခာမချနဲ့တဲ့…နင် ကေအိုင်အေတွေနဲ့ ယှဉ်ပြီးတော့တက်ရမယ်၊ တက်ခဲ့အခါမှာလည်း ငါတို့ကျောင်းသားတပ် သိက္ခာမကျစေနဲ့ပေါ့ ၊အဲလို ပြောတာ။

ကျမကလည်း လူပေလူတေလေ သိတယ်မဟုတ်လား။ ၁၀ တန်းကိုတောင် တ ဘုံးဘုံးကျအောင်ဖြေလာတဲ့ သူဆိုတော့ သင်တန်းလည်းမတက်ချင်ဘူး၊ စာလည်း မကျက်ချင်ဘူး။ငြင်းတာသူ့ကို။တက်ကိုတက်ရမယ်ဆိုတော့ မတတ်နိုင်ဘူး နောက်ဆုံး တက်ကို တက်ရတာပဲ။ တက်တော့လည်း ကျမ ကောင်းကောင်းအောင်ပါတယ်။ အမှတ်တွေဘာတွေလည်း ကောင်းတယ်၊ ပြောမဲ့သာပြောတာ ကျမက စာကျက်ရင်တော့ တကယ်ရတယ်လေ။နောက်ကျောင်းသားတပ် သိက္ခာကျမှ စိုးလို့ဂရုစိုက်တာလည်း ပါတာပေါ့။ ကေအိုင်အေမှာ ဆုတွေဘာတွေရပေါ့ အဲဒါမျိုး စိတ်တော့ ရှိတယ်မခံချင်တဲ့ စိတ်ပေါ့လေ။

အဲဒီမှာ တရက် ဘဏ္ဍာရေးသင်တန်းကိစ္စပြောပြီး ကိုထွန်းအောင်ကျော်က တီး ဆိုပြီး ဂစ်တာပေးတာ။ တီးစမ်း တီးစမ်း ဆိုတော့ကျမလည်း တီးပေါ့။ အဲလို တီးတော့လည်း နင်ဘယ်လို တီးနေတာလဲ ဆိုတော့ကျမကလည်း ကျနော် အကြားအမြင်နဲ့ ကျနော်တီးနေတာ နှုတ်စ်တွေဘာတွေလည်း မတတ်ဘူး အကိုကြီးလို့ ပြန်ပြောမိတယ်။

အဲဒါနဲ့ ကိုထွန်းအောင်ကျော်က ကျမရယ် ၀ါဒဖြန့်ချီရေးအဖွဲ့တဖွဲ့လုံးကို ခေါ်ပြီးတော့ နှုတ်စ်ကို သင် ပေးမယ်တဲ့။အဲဒီမှာ စောမြအောင်တို့ စိုးစိုးလွင်တို့ရောအကုန်လုံး ကိုထွန်းအောင်ကျော်ဆီမှာ ဂီတ နှုတ်စ်တွေသင်ကြတယ်။ နှုတ်စ်စာအုပ်လေးတောင်ရှိတယ်။ ပြောရရင် အခုထိတောင် အဲဒီစာအုပ်လေး ရှိသေးတယ်။

အဲလိုသင်တဲ့အခါကျတော့ ကိုထွန်းအောင်ကျော်နဲ့ ကျမတို့နဲ့က ပိုရင်းနှီးလာကြတယ်။ အရင်ကတည်းက ကိုထွန်းအောင်ကျော်က ခင်ဖို့ကောင်းတယ်ဆိုတာကို သိပေမဲ့ သိပ်မရင်းနှီးဘူးပေါ့။ တကယ်တော့ ကိုထွန်းအောင်ကျော်က တော်တော်လေးကို ခင်ဖို့ကောင်းတယ်။ စိတ်ရင်း သဘောထားလည်း အရမ်း ကောင်းတယ်။ အရမ်းသဘောကောင်းတယ်။ သူက အမြဲပြုံးပြုံးနဲ့ စကားပြောရင်လည်း အေးအေးလေးနဲ့ ပြောတတ်တယ်။အားလုံးက သူ့ကို ကိုကြီးလို့ပဲ ခေါ်ကြတယ်။ သူကလည်း အားလုံးအပေါ်ကို အကိုကြီးတယောက်လို ဆက်ဆံတယ်။

တရက်မှာ ကျမက နှုတ်ရေးနေတာ မမှန်တော့ကိုကြီးက ကျမရဲ့စာအုပ်ကို လှမ်းယူလိုက်ရင်း ကျမ လက်ကိုတွေ့သွားတယ်။ ကျမရဲ့ လက်က လက္ခဏအရ ပြောရရင် လက်ပြတ်ကြီး။ နှစ်ဖက်စလုံး လက်ပြတ်ကြီးနော်။ အဲဒီမှာ ကိုကြီးက ကျမရဲ့လက္ခဏာကို ကြည့်ပြီးတော့ နင် သူများ သတ်လို့ သေရမဲ့ ကံမပါဘူးလို့ ပြောပြီး ဟောပေးတယ်။ နင့်ကို ရှေ့တန်းထွက်ပြီး စစ်တိုက်ခိုင်းရမယ်လို့လည်း နောက်လိုက်သေးတယ်။

အဲဒီမှာ ကိုထွန်းအောင်ကျော်က ဂစ်တာတီးဆက်သင်ပေးတယ်။တကယ်တော့ သူက တကယ်တီးတာက စန္ဒယား။ ဒါပေမဲ့ သူ ဂစ်တာတီးကောင်းတယ်။ သူကတော်တော်လေးကို ချစ်ဖို့ခင်ဖို့ကောင်းတယ်။ အနုပညာသမား။ နောက်သူ့ရဲ့လက်ချောင်းလေးတွေက အရမ်းသွယ်တာ၊ တကယ့်အနုပညာသမားလက်။ ယောင်္ကျားလေး လက်တွေထဲမှာ သူ့လက်က ကြမ်းကြမ်းတမ်းတမ်းလက်မျိုးမဟုတ်ဘူး၊ သွယ်သွယ်လေးတွေ။ စကားပြောရင်လည်း ပြုံးပြုံးလေးပဲ ပြောတယ်။ သူများ ပြောတာကို နားထောင်ရင်လည်း ပြုံးပြုံးလေးပဲ။

ကျမနဲ့သူနဲ့က အသက် ၂ နှစ်ကွာတယ်။ သူက အမထက် အသက် နှစ်နှစ်ပဲ ကြီးတာ။ နောက် သူ စပ်ထားတဲ့ သီချင်းတပုဒ်ကို ဆိုပြတယ်။ ငါ စပ်ထားတဲ့ သီချင်းတပုဒ်ရှိတယ်တဲ့။ အဲဒီသီချင်းက နောက် ပရိုတင်းက ဒုတိယအခွေထွက်ရင် နင်တို့ ဆိုရမှာတဲ့။ ငါ နင်တို့ကို ပေးမယ်ဆိုပြီး သူ့ သီချင်းတပုဒ်ကို ဆိုပြတယ်။ အဲဒီတခေါက်ပဲ နားထောင်ဖူးတယ်။ ဒါက ကိုထွန်းအောင်ကျော်နဲ့ ကျမနဲ့ ရင်းနှီးမှုပေါ့နော်။ ကိုကြီးနဲ့ အကိုလို နှမလို ရင်းနှီးမှုမျိုးပေါ့။

နောက်တချက်ပြောချင်တာက ကျမတို့ ရဲမေတွေထဲမှာ အကုန်လုံးက ကျောင်းသားရဲမေတွေမဟုတ်ဘူး။ ကိုယ့်စိတ်ဓါတ်နဲ့ကိုယ်တော်လှန်ရေးလုပ်မယ်ဆိုပြီးတော့မှ လာတဲ့ ရဲမေတွေမဟုတ်တဲ့ သူတွေလည်းပါတယ်။ တချို့ရဲမေတွေဟာ ကျမတို့ကျောင်းသားရဲမေတွေကို အင်အားဖြည့်မယ်ဆိုတဲ့အနေနဲ့ KIA က ဖမ်းထားတဲ့သူတွေကို စည်းရုံးရေးဆင်းပြီး ခေါ်ယူလာတာ။ KIA ကလည်း စုဆောင်းရေး ဆွဲတယ်။ စုဆောင်းရေး ဆွဲတယ်ဆိုတာကလည်း ရွာတွေဝင်ပြီး လူဖမ်းတာပဲ။ပြီးရင် စစ်သင်တန်းပေးလိုက်တာပဲ။

အဲလို ကေအိုင်အေ သင်တန်းဆင်းရဲမေတွေကို ကျမနဲ့ စိုးစိုးလွင်နဲ့ကိုယ်တိုင် နောင်ရာပါမှာ ဆင်းပြီးတော့မှ သူတို့ကို စည်းရုံးရေးဆင်းပြီးတော့မှ ငါတို့ ကျောင်းသားတပ်ဖွဲ့နဲ့လက်တွဲပါဆိုပြီး ခေါ်လာခဲ့တဲ့ ရဲမေတွေရှိတယ်။အချို့ရဲမေတွေရဲ့ နာမည်တွေကို မှတ်မိတယ်၊ မနွယ်တို့ မသွယ်တို့နောက်မအေးတို့ပေါ့ အတိုကောက်ပဲ သိတော့တာ။နောက် သန်းသန်းဋ္ဌေးပေါ့။ သူတို့က ကေအိုင်အေ သင်တန်းဆင်းလေးတွေ။

တပ်တွင်းမှာတော့ ကိုထွန်းအောင်ကျော် ဥက္ကဋ္ဌဖြစ်သွားပြီးတဲ့နောက်မှာ သိပ်ပြီး ပြဿနာ ကြီးကြီးမားမားရယ်လို့မရှိဘူး။ အေးအေးဆေးဆေးရှိကြတယ်။
အဲဒီအချိန်မှာ တပ်တော်တော်များများက ရှေ့တန်းကနေ ပြန်လာပြီး နောက်တန်းမှာ တဖြည်းဖြည်းချင်း ပြန်စုလာကြတယ်။

အဲလို ပြန်စုလာတဲ့ အချိန်မှာ နောက်တန်းမှာလည်း မျိုးဝင်းရယ်၊ သူ့ရဲ့ ကော်မန်ဒိုအဖွဲ့ရယ်ပေါ့။ အဲဒီမှာ သူ့ရဲ့ ကော်မန်ဒိုအဖွဲ့လို့ပြောရတာက မျိုးဝင်းက ကော်မန်ဒိုအဖွဲ့ဖွဲ့တယ်။ ဘယ်သူတွေပါပြီ ဘယ်လိုတွေ ပေးလိုက်မှန်းကို ကျမတို့ မသိလိုက်ရဘူး။ သိတယ်မဟုတ်လား။ စနစ်နဲ့ ဖွဲ့တာလား သူ့ဟာ သူ လူရွေးပြီး ဖွဲ့တာလား ဆိုတာလည်း မသိရဘူး။နောက် သံချောင်းက တိုက်ပွဲမှာ လက်ထိလာတော့ မျိုးဝင်းကို ဒု စစ်ရေးတာဝန်ခံနေရာပေးလိုက်ကြတယ်။

မျိုးဝင်းကတော့ ဒု စစ်ရေးတာဝန်ခံဖြစ်သွားတယ်။ လုပ်ပိုင်ခွင့်တွေ အရမ်းများလာတယ်။ IO ရုံးကိုလည်း သူကိုင်တယ်။ နောက် ကော်မန်ဒိုကလည်း သူ့ရဲ့တပ်ဖွဲ့ပဲဖြစ်တယ်။
နောက်ပြောစရာရှိတာက အဲဒီအချိန်တုန်းက ကျောင်းသားတပ်မှာလည်း လခစားတာတွေ အခွင့်အရေးတန်းတူညီတူ မရတာတွေ ရှိတယ်။ မညီမျှတာတွေ ရှိတယ်။

ဗဟိုကော်မတီဝင်တွေက လစာတွေ ဘာတွေ ရတယ်။ ပိုက်ဆံကိုင်ရတယ်ပေါ့၊အဲဒီတုန်းက ဘဏ္ဍာရေးမှူးက အောင်ကြီး။ သူတို့လူကြီးတွေဆိုရင် နေကာမျက်မှန်တွေ ဘာတွေဝယ်တပ်၊ ဂျာကင်အကောင်းစားတွေဘာတွေ ၀တ်ပြီး နေနိုင်တယ်။


အောက်ခြေ ရဲဘော်ရဲမေတွေကတော့ ဘာဝင်ငွေမှ မရှိဘူး၊ပိုက်ဆံလည်း တပြားမှ မရှိဘူး။ ရဲဘော်ရဲမေတွေ ဘ၀က သိပ်ဆင်းရဲတာ။ ဒီလောက်အေးတဲ့နေရာမျိုးမှာ စောင်မရှိအနွေးထည်မရှိဘဲနေကြတာ။ သူတို့လူကြီးပိုင်းတွေသာ အသားဗူးတွေဘာတွေ စားနိုင်တာ၊ ရဲဘော်ရဲမေတွေကတော့ ဟိုအရွက်ခူးဒီအရွက်ခူးနဲ့ စားရတယ်။ အဲဒီအကြောင်းတွေကတော့ ဘိုဘိုပြောတဲ့ အပိုင်းတွေထဲမှာလည်း ပါတယ်။

နောက် ဗဟိုကော်မတီဝင်ဖြစ်ရင် Runner တွေဘာတွေ ထားတာကိုလည်း ကျမကတော့မကြိုက်ဘူး။ တကယ်တမ်းမှာ ဘိုဘိုတို့ဘာတို့က မျိုးဝင်းရဲ့ Runner ဖြစ်ခဲ့တာတွေဘာတွေက ဖြစ်မှ မဖြစ်သင့်တာ၊ မဖြစ်သင့်ဘူးဆိုတာက သူလည်း တော်လှန်ရေးလုပ်ဖို့ တောခိုလာတာ၊ ငါလည်း တော်လှန်ရေးလုပ်ဖို့ တောထဲလာကြတာ။ အတူတူပဲလေ။ အဲဒါကို ဗဟိုကော်မတီဝင်ဖြစ်လို့ဆိုပြီး ကိုယ့်ရဲဘော်ကိုပဲ ကိုယ်ရံတော်တွေဘာတွေနဲ့ အချင်းချင်းပြန်ခိုင်းကြတာ၊ ဒါကို ကျမက လုံးဝ မကြိုက်ဘူး သဘောလည်း မကျခဲ့ဘူး။ မဖြစ်သင့်တဲ့ကိစ္စလို့ အမကတော့ထင်တယ်။ ဒါမျိုး မညီမျှမှုတွေကတော့ ရှိတယ်။

မျိုးဝင်းကိုတော့ ကြိုက်ကို မကြိုက်တာသူ့ကို။ သံချောင်းကတော့စစ်သားကောင်းတယောက်လိုတော့ဖြစ်တယ်။ ဒါပေမဲ့ ခေါင်းဆောင်ကောင်းတယောက်တော့မဖြစ်နိုင်ဘူး။ သူက ကြမ်းတမ်းလွန်းအားကြီးတယ်။ ကျမ အမြင်ကို ပြောပြတာပါ။

ရှေ့ဆက်ဖော်ပြပါမည်။
မေသင်္ကြန်ဟိန်(မြစ်မခ)
Unlike · · Share

  • Nang Aung Htwe Kyi အဲဒီအချိန်တုန်းက ကျောင်းသားတပ်မှာလည်း လာဘ်စားတာတွေ >> မှာ လခ စားတာတွေ >> လို့ပြင်ပေးပါ ညီမ
  • Koku Indaw ကျမရဲ့ လက်က လက္ခဏအရ ပြောရရင် လက်ပြတ်ကြီး။ နှစ်ဖက်စလုံး လက်ပြတ်ကြီးနော်။ အဲဒီမှာ ကိုကြီးက ကျမရဲ့လက္ခဏာကို ကြည့်ပြီးတော့ နင် သူများ သတ်လို့ သေရမဲ့ ကံမပါဘူးလို့ ပြောပြီး ဟောပေးတယ်။
  • Aung Bobo အမြဲအားပေးနေပါတယ်မမေ။အစဉ်လေးစားလျွှတ်ပါ။ကျေးဇူးအထူးတင်ရှိပါတယ်။
  • May Thingyan Hein အမရေ ပြင်လိုက်ပါပြီ။
  • Aung Kyaw Moe KIA ကလည်း စုဆောင်းရေး ဆွဲတယ်။ စုဆောင်းရေး ဆွဲတယ်ဆိုတာကလည်း ရွာတွေဝင်ပြီး လူဖမ်းတာပဲ။ပြီးရင် စစ်သင်တန်းပေးလိုက်တာပဲ။
  • ဘရာဇီး ငှက်ရိုး ဟိုကောင်မလေးတွေလို မိဘတွေကို တွေ့ချင်တယ် ဒုက္ခရောက်မှာ စိုးလို့ ဆိုတာ မျိုးလဲ ဖြစ်ချင် ဖြစ်နေနိုင်တာပဲနော်...။
  • မိုး စဲ မျိုးဝင်းက ရှေ့တန်းထွက်ရင် လား ကြီး စီးလို့ ဆို..း)
  • ဘရာဇီး ငှက်ရိုး မြင်းပိန်လေးပါ အကိုမိုးစဲကလဲ... သူ့တပည့်တွေ ကြားလို့ စိတ်ဆိုးနေပါ့မယ်...။
  • Soe Lynn လခရယ်တော့မသတ်မှတ်ပါဘူး။တစ်ပတ်ကို(တစ်ဆယ်ရွမ်ထင်တယ်)အသေးသုံးမပမှာရှိ စဉ်ထုတ်ရတာမှတ်မိတယ်။ကိုယ်တိုင်ကိုင်မသုံးဘူးပါ။တိုက်ပိတ်နဲ့ စော သက်ထွန်းပဲစီမံတာများတယ်။တစ်ခါတစ်လေကြောင်ပါမလားပဲ။နေကာမျက်မှန် လဲမရပါ။ကော်မတီကုန်းပေါ်မနေဘဲအောက်မှာဆင်းနေလို့ ချန်လှပ်ခံရတာဖြစ် မယ်။တစ်ချို့ ကိစ္စတွေကဒေသခံမဟာမိတ်တပ်ရဲ့ ပုံရိပ်ကူးစက်မှုခံရတာပါ။မငယ် ပြောတဲ့ Runner လိုမျိုး။စစ်တပ်လိုသိပ်တင်းကျပ်တာမျိုး။အထက်အောက်ကိစ္စ စသဖြင့်ပေါ့။ကောင်းကျိုး၊ဆိုးကျိုးကတော့ရှိနေမှာပဲ။
  • Do Gyi NB စိတ်နာလိုက်တာ
  • Nang Aung Htwe Kyi ကို စိုးလင်းပြောတာဟုတ်ပါတယ် ။ လခမဟုတ်ဘူး ။ လူကြီးအသေးသုံးဆိုပြီးရယူကြတာ ။ အောက်ခြေ ရဲဘော်တွေမရဘူးလေ။ကိုစိုးလင်းပြောသလိုဆို တစ်ပတ်ကို ၁၀ယွမ် .. တလကို ၄၀ယွမ် ။ အဲ့ဒီအနေအထားတွေမှာ အောက်ခြေရဲဘော်ရဲမေတွေ ဝက်စာရွက်တွေ ရေချေုာင်းမှာရှာစားနေရတယ်လေ ။ လူသတ်ကုန်းမှာပွင့်တဲ့ အချစ်ပန်းတွေ ပြုတ်စားရတယ် ။ လျှာလှုပ်ရွက်တို့ ဘာတို့ပေါ့ ။ လူကြီးတွေအားလုံး နေကာတွေနဲ့ မရိမ်းကုတ်တွေနဲ့ ဓါတ်ပုံတွေရှိပါတယ်လေ ။
  • Ye Myint နာတို့ တောင်ပိုင်းမှာ ကြိုက်သလို ဘုံးကြတယ်။ ခွေးသား ဥက္ကဌ တွေ။ CEC တယာက်ရဲ့  BKK ခရီးအသုံးစားရိတ်တင်တာ ဒီလို ရေထားတယ်၊ "ထိုင်းသရဲကား ကြည့် ပြီး ညအခါ တည်းခိုခန်းတွင်တယောက်ထဲကြောက်လို့ အိပ်မရ၊ အဖော်ခေါ်အိပ်ရ။ ဘတ်ငွေ ၂၀၀၀ ပေးရ" တဲ့ ..................
  • Rita Lwin လူသတ်ကုန်းမှာပွင့်တဲ့ အချစ်ပန်း ..... ကဗျာဆန်လိုက်တာနော်
  • Soe Lynn ကိုရဲမြင့်ရေ ကျနော်ကြားဘူးတာရှိသေးတယ်။( ရေရှာရေမတွေ့ ဘီယာသောက် )တဲ့။
  • Do Gyi NB ကဗျာဆန်ဆန်စားခဲ့ရတာ နောက်မုန်ကြိတ်ဆုံမှာဆန်တွေကြိတ်ပြီးမုန့်လုပ်စားကြတယ်ပေးထားတဲ့မုန့် အမည်လေးလဲကဗျာအရမ်းဆန်ဆန်ပေးထားတယ်စားဖူးသူတိုင်အမည်သိကြတယ်
  • မိုး စဲ အော်..လူကြီးတွေကိုး...နောက်ကို သုံးချင်ရင် လူကြီးဖြစ်အောင်လုပ်ကြ မရှက်တတ် မကြောက်တတ်စိတ် ထားတတ်အောင် ကျင့်ကြပေါ့...အောက်ခြေမှာလဲ လူကြီးမဖြစ်သေးလို့ လူကြီးဖြစ်ရင် လူကြီးလို ကျင့်မဲ့ သူ တချို့လဲ ရှိကြသေးတယ် ဒီတော့ သူတို့ကလဲ လူကြီးဖြစ်လိုဖြစ်ငြား လူကြီးကြိုက်အောင် ကိုယ့်အချင်းချင်းရဲ့ သတင်းကို လူကြီးကိုပေး လူကြီးကြိုက်လေး လိုက်လုပ် နေပြီး လူကြီးဖြစ်အောင်ကျိတ်ကြိုးစားနေတဲ့ ကောင်တွေလဲ တခါတလေ ရှိသေးဗျ..တော်တော်ရွံဖို့ကောင်းတဲ့ ကောင်တွေ..
  • Do Gyi NB ကိုမိုးစဲရေ မျိုးဝင်းရှေ့တန်းထွက်ရင်ကျော်ဘလို့အမည်ပေးထားတဲ့လားကကြီးကိုစီးတာအရမ်းခန့်တာဘဲ
  • မိုး စဲ ဒီလူတွေသာ မန်းလေးမြို့ကြီး သိမ်းမိရင်တော့ ဒုက္ခပါပဲဗျာ..
  • Do Gyi NB ကမ္ဘာကျော်အောင်မန်းသူ မန်းသားတွေအားလုံးစစ်ထောက်လှမ်းဖြစ်သွားကြမှာ
  • Kotoe NB မှန်ပကွယ်
  • Than Tun Soeေ၇ှ.တန်းထွက်တော. မျိုးဝင်းက ကျော်ဘဆိုတဲ. လားကြီးကိုစီးလို. ငါက တချို.နေရာတွေမှာ ရှေ.က ကြိုးဆွဲပေးရတယ် သူကလားစီး ငါကလားဆွဲ ဟား ဟား
  • Do Gyi NB ကိုတိုက်ပိတ် မျိုးဝင်းလားကြီးစီးတဲ့ ပုံ
    ကိုဘာလို့ဓါတ်ပုံမှတ်တမ်းမရိုက်ခဲ့တာလဲ
  • Than Tun Soe ဓါတ်ပုံရိုက်ဘို.ကင်မရာမှမရှိတာ
  • Do Gyi NB စစ်ထောက်လှမ်းရေးအရာရှိတယောက်
    ဖြစ်ပြီးကင်မရာတလုံးတောင်မှမရှိဟားဟားရီရတယ်
  • Ye Lin Aung အဲဒိထောက်လှမ်းရေးတွေထဲမှာ ဗိုလ်ချုပ်ခင်ညွှန့် ထက် ကိုယ်ပိုင်နံပတ်မြင့်တဲ့သူပါတယ်ဆို။
  • Nang Aung Htwe Kyi အင်း .. ကျမ လေ ..
  • Ye Lin Aung လေးစားပါတယ်ဗျာ။ ဒီကောင်တွေ စစ်ရာထူးခန့်ချုပ်ဖြစ်ခဲ့တာပေါ့နော်။

No comments:

Post a Comment