Friday, November 23, 2012

နန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်း ခရီး(၈)

ABSDF ကျောင်းသူရဲမေဟောင်း နန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်း ခရီး(၈)

by May Thingyan Hein on Tuesday, November 20, 2012 at 10:02pm ·
မေသင်္ကြန်ဟိန်(မြစ်မခ)
နိုဝင်ဘာ ၂၀၊ ၂၀၁၂၊ ရန်ကုန်မြို့။

အပိုင်း(၈)


နောက်တနေ့ နေ့ လည်လောက်မှာပေါ့ ။ ၂၄ရက်နေ့မှာပေါ့ သံချောင်းလာစကားပြောတယ်။ခေါင်းမမာဘဲ အေးအေးဆေးဆေးဝန်ခံဖို့ပေါ့နော်။

မငယ်တဲ့…မင်း ခေါင်းမာရင် သေသွားလိမ့်မယ်ပေါ့ ။ ဟုတ်တယ်ပြောလိုက်ရင်နောက်ကို လွှတ်ပေးမယ်ပေါ့နော်။ မင်းဟုတ်တယ်မဟုတ်လား မေးတာပေါ့ ။

ကျမ ကလည်း ခေါင်းခါတယ် .. တခုခုမှားနေပြီ Cs ပေါ့နော် ။ ကိုယ်က ဟုတ်မှ မဟုတ်တာလေ။

အားမောင်ရေ ..မင်းတော့ ခံရတော့မယ်ကောညယ် .. တဲ့ ။ အဲ့ဒါ ..အဲ့ဒါ ကျမကို IO ရုံးမှာဘဲထားထား တုန်းပေါ့နော် ။သံချောင်းက လာပြောတယ် .. အဲ့လို ။


ကျမကိုစစ်ကြောရေးမဝင်ရသေးဘူးလေ .. အဲ့ဒီအချိန်အထိ။ဒါပေမဲ့ ကျမ လန့်နေပြီ .ကြောက်နေပြီ ။
ညကလေးတင်  ကျမ အမြီးဆိုတာ ခဏလေး ခံလိုက်ရတယ် .မဟုတ်လား။ မချိမဆန့် အော်သံတွေလည်းကြားနေ၇တော့..။ ဒါပေမဲ့ ကိုယ်ကမှ ဒီ ထောက်လှမ်းရေး
ဆိုတာကြီးဟုတ်မှ မဟုတ်တော့ ..မဟုတ်ဘူး ..ခေါင်းခါတာပေါ့ ။


သူတို့က ဘယ်လိုလဲ ဆိုတော့ နားလည်အောင်ပြောရရင် သေချာ ရှင်းပြမှ ရမယ်။ မိန်းကလေးထဲမှာ စဖမ်းတာက မိချိုကို စဖမ်းတယ်၊ ပြီးတော့ကျမကို ဖမ်းတယ်။ ကျမကို ဖမ်းတဲ့ အချိန်မှာ သူတို့က မိချိုကို ကျမက ထောက်လှမ်းရေး ဆိုတာကို ရအောင် စစ်တယ်။ ကျမကို ဟုတ်ပါတယ် ထောက်လှမ်းရေး အရာရှိပါ ဆိုတာကို မိချို ဆီကနေ ရအောင်ကို စစ်ကြတာ။ အဲဒါကြောင့် ကျမကို ဖမ်းတဲ့ နေ့က မိချိုကို သူတို့ အသေနွှာကြတာ။ မိချိုကလည်း တော်တော်ကို အော်တာ။ သူ့ရဲ့ အသံတွေကလည်း တကယ့်ကို မချိမဆန့် ဆိုတော့ ကြောက်တာပေါ့။ သိတယ် မဟုတ်လား။

ကျမကို သူတို့ စစ်တော့ သူတို့က ကျမကို ထောက်လှမ်းရေးက ဆိုတာကို အတင်းဘဲ မရရ ရအောင်မဟုတ်မဟတ်ဝန်ခံချက်ရအောင်စစ်တာဖြစ်သွားပြီ။ သူတို့ ၂၄ ရက်နေ့မှာ ကျမကို မစစ်သေးဘူး။ အဲ.. ၂၄ ရက်ည ဆိုတော့၂၅ ရက်နေ့အကူးပိုင်း လောက်မှာမှ နေမယ် ကျမကို စစ်တာ။ စတာ.. စစ်ကြောရေးစဝင်တာ ။


စစ်တော့ ကျမက ကိုယ်မှ ထောက်လှမ်းရေး မဟုတ်တာ မဟုတ်တဲ့ အကြောင်း ပြောတာပေါ့။ ကျမက မဟုတ်တဲ့အကြောင်း ပြောလေ ပိုပြီးတော့ တိုးလုပ်လေပဲ။ Electric Shock ပေးတာ ။ ကျင်စက်လေ ။ Shock ရိုက်တာ ။ အင်း .. IO ရုံးမှာဘဲ ပေါ့ ။ကျမကို စစ်တဲ့သူတွေကလည်း သန်းဇော်တို့ ဇော်ဇော်မင်းတို့ပဲ။ မျိုးဝင်းနဲ့ သံချောင်းက လုံးဝ လာမစစ်ဘူး ကျမကို ။ နောက်တခြားလူတွေလည်းပါ ပါတယ် ။ စစ်ကြောရေးခံရတဲ့ အကြိမ်တွေများတော့လည်း ဘယ်သူတွေ ဘာဆိုတာရောကုန်ပြီ ။

အဲလိုထောက်လှမ်းရေးဟုတ်တယ် မဟုတ်လားဆိုပြီးစစ်ကြတော့ကျမက လည်း မဟုတ်ဘူး၊ မှားနေပြီပေါ့၊ အဲလိုပြောရင်းနဲ့ ကျမ မျိုးဝင်းနဲ့ တွေ့ချင်တယ်လို့ ပြောတော့ သူတို့က အောင်မာလေး မင်းတယောက်ပဲ သတ္တိရှိရှိနဲ့ Vcs နဲ့ တွေ့ချင်တယ်လို့ ပြောရဲတယ်ပေါ့။ကျမက မဟုတ်ပါဘူး။ ကျမ ကောင်းကောင်းပဲ ပြောချင်တာပါ၊ ကိုသံချောင်းပဲ ဖြစ်ဖြစ်ပေါ့ ခေါ်ပေးပါလို့ ပြောတော့ သူတို့က သွားမခေါ်ပေးဘူး။ အဲဒီမှာ သူတို့က ထပ်နှိပ်စက်တယ်။

သူတို့က စစ်ကတည်းက မင်း ထောက်လှမ်းရေး ဟုတ်တယ် မဟုတ်လား ဆိုပြီး စစ်ကြတာလေ။ ငါတို့ အတိအကျ သိတယ်ပေါ့ ။ သေသေချာချာ စုံစမ်းထားတာပေါ့ ။ ဒါကြီးဘဲပြောပြီး အသကုန် ဝိုင်း သမနေကြတာ။


ကျမ ဆီကနေ မဟုတ်ဘူး ဆိုတာ ထွက်လေ ပိုနှိပ်စက်လေ လုပ်ကြတယ်။ Electric Shock ချည်းပဲ ပေးတာ။ အဲဒီနေ့က တရက်တည်းနဲ့ကို တော်တော်လေး ခံရတယ်။ ဘယ်လိုပြောမလဲ လူကလည်း နှုန်းပြီး ထုံနေပြီ၊ မခံနိုင်တော့ဘူး။ တော်တော်ခံစားနေရတာ။ ရိုက်တာ ထုတာတွေကလည်း ရှိသေးတယ်။လူတကိုယ်လုံး နာတာရော၊ ခံရခက်တာရော၊ ထုံနေတာရော ခံစားချက်နဲ့ ဘယ်လိုပြောရမှန်းကို မသိအောင် ခံစားရတယ်။ကိုယ်က မဟုတ်လို့သာ မဟုတ်ဘူးပြောနေရတာ။ လူကတော့ မခံနိုင်တော့ဘူး။ အရမ်း နှိပ်စက်တာ၊ မဟုတ်ဘူးပြောလေ တိုးတိုးပြီး လုပ်လေပဲ။ Electric Shock ဖိ ပေးတာချည်းပဲ။Shock ရိုက်တာတော်တော် ခံရဆိုးတယ်။ ခံစားချက်ရှင်းမပြတတ်ဘူး၊ ရှင်းပြနိုင်မဲ့ စကားလုံးလည်း ကျမမှာ မရှိဘူး၊ တကယ်ကို ခံရဖူးတဲ့သူတွေမှ သိနိုင်မဲ့ နာကျင်မှုတွေပါ။


အဲဒီမှာ ကျမကို စစ်တော့ ခဏနေတော့ မျိုးဝင်းလာစကားပြောတယ်။ ကျမကို ချော့ပြီး ပြောတာ။ နင်ခုလို ခေါင်းမမာဘဲ အေးအေးဆေးဆေးဝန်ခံဖို့ပေါ့။ ခေါင်းမာရင် သေသွားလိမ့်မယ်ပေါ့။နော် အဲလိုမျိုးတွေလာပြောပြန်တယ်။ ဟုတ်တယ်ပြောလိုက်ရင်နောက်ကို လွှတ်ပေးမယ်ပေါ့နော်။ မင်းဟုတ်တယ်မဟုတ်လား မေးတာပေါ့နော်။ ကျမ ခေါင်းခါတယ် .. တခုခုမှားနေပြီ ။ ကျမကလည်း ဟုတ်မှ မဟုတ်တာ ၀န်မခံနိုင်ဘူးလေ။ ခေါင်းခါတယ်။ တခုခုမှားနေပြီ ။V Cs ပေါ့နော် ။ ဒါပေမဲ့ အဲဒါကို သူတို့လက်မခံဘူး။ မျိုးဝင်း ကျမကိုကြည့်ပြီးခေါင်းခါတယ်..ထွက်သွားတယ်။


Electric Shock ပေးတယ်။ အဲဒါနဲ့ နောက်ဆုံး သေတော့မယ်ဆိုပြီး ကျမ ဟုတ်ပါတယ်လို့ ပြောလိုက်ရတယ်။ ဟုတ်ပါတယ်လို့ ပြောမှပဲ နှိပ်စက်တာ တွေ ရပ်တော့တယ်။ဝမ်းနည်းတာအရမ်းပါဘဲ ။ ရင်ထဲမှာ ထိထိခိုက်ခိုက်ကို ၀မ်းနည်းတယ်။


အဲလို ပြောလိုက်တော့လည်း မပြီးသေးဘူး။ သူတို့က လိုင်းတင်ထားပြီးသား။ ဟုတ်ပါတယ်လို့ ပြောလိုက်တာနဲ့ ရာထူးနဲ့ ကိုယ်ပိုင်နံပတ်တဲ့ အဲလို လိုင်းတင်ထားတာ။ ပြဿနာပဲ။အဲဒီမှာ မဟုတ်ဘူး ဟုတ်တယ်နဲ့ တခါ ကြာပြန်ရော၊ နောက်ဆုံး ကျော်ထင်ဦးပြောခဲ့တဲ့အတိုင်း NIB ကပါပေါ့။ တကယ်တော့ NIB ဆိုတာ ဘာမှန်းတောင် မသိဘူး။ တကယ်လည်း မသိခဲ့ဘူး။ အဲဒီမှာ ရာထူးကြတော့ လည်း ပြသာနာ ထပ်တက်တာပါဘဲ။

ကျမက ဘယ်လိုလုပ် ဗိုလ်လို့ လုပ်ရဲမှာလဲ၊ ဗိုလ်ဆိုရင် ပိုခံရမှာ သေမှာပဲ။ အဲဒါနဲ့ ဒုတပ်ကြပ်ဆိုတော့ မဟုတ်ပြန်ဘူး။ နင်ဘယ်လိုလုပ် ဒုတပ်ကြပ် ဖြစ်နိုင်မှာလဲ ခင်ချိုဦးတောင်မှ တပ်ကြပ်တဲ့…။ အဲတော့ ဒုတပ်ကြပ်ကနေ တပ်ကြပ်၊တပ်ကြပ်ကနေ မရဘူး။ သူတို့လက်မခံဘူး အဲဒါနဲ့ တပ်ကြပ်ပြီး ဒါကလည်း လက်မခံဘူး။ အဲဒီမှာ ဘာဆက်ပြောရမှန်းမသိတာနဲ့ နောက်ဆုံး ဒု ဗိုလ်ဆိုတာနဲ့ အဆင်ပြေသွားတာပဲ။ ဒု ဗိုလ်ဆိုတာကို သူတို့က သဘော ကျတယ်။ အဖြစ်က အဲဒီလို။နောက်ဆုံး ဒုဗိုလ်နဲ့ဈေးတည့်သွားတယ်လို့ပဲ ပြောရမယ်။ ဆိုတော့ ကျမက NIB က ဒုဗိုလ် ညတွင်းခြင်းဖြစ်တယ်ပေါ့နော်။

အဲဒီမှာ ကိုယ်ပိုင်နံပတ် မေးပြန်ရော။နင်တို့ငါ့ရဲ့ ကိုယ်ပိုင်နံပတ် သိတယ်ဆို၊ အဲဒီတော့ နင်တို့ပဲ ပြောလိုက်တော့ ဆိုတော့လည်း မဟုတ်ဘူးတဲ့။ နင့် ပါးစပ်ကနေ ကိုယ်တိုင်ပြောရမယ်တဲ့။ အဲဒါနဲ့ ကျမ သေချာ စဉ်းစားတယ်။ပါးစပ်ထဲ တွေ့ရာ နံပတ်ပြောလိုက်လို့ နောက် မေ့သွားရင်လည်း သေအောင် ခံရဦးမှာ ဆိုတော့ စဉ်းစားရတယ်။


အဲဒါနဲ့ ကျမရဲ့ ကိုယ်ပိုင် နံပတ်က က/ ၁၇၅၀ လို့ ပြောလိုက်တယ်ပေါ့ ။အဲ့ ဒါ ကျမရဲ့ ဒီ NIB ဒုဗိုလ် ကိုယ်ပိုင်နံပတ်ပေါ့ နော်။ အဲ့ နံပတ်ပြောလိုက်တာနဲ့
သန်းဇော် ပေါ့ .. ဒီလူ အခု ပြည်တွင်းမှာ ..မန္တလေးမှာ ခု ရှိနေတယ် ။

(( အခု သူက ပြည်တွင်းပါ။  လေးစိန်သေမှု့နဲ့ နိုင်ငံတော်သံမတ၊ ပြည်ထဲရေးနဲ့ ရဲချုပ် ၃ ခု
လုံးကို အကြံပေးရှေ့နေငှားပြီး တိုင်ကြားစာတင်ခဲ့လို့ SB က ကိုရဲလင်း နဲ့ ကိုကျော်နိုင်ဦး ၊ တိုင်ကြားတဲ့ လေးစိန် သမီး မစမ်းစမ်းအေး တို့ကို ခေါ်စစ်
ပြီး နောက် မှ ရဲ စခန်းကို ချပေးတော့ ရဲ တွေကအဆင့်ဆင့် ထပ်စစ်ဆေးပြီးဝိုင်းမော် ရဲစခန်း မှူးက တာဝန်ယူနေတာပေါ့နော် ။ ဒါ. အခုချိန်အထိ ပေါ့.
ခေါ်ယူစစ်ဆေးမေးမြန်းနေတာတွေ လူတွေ တော်တော်များနေပါပြီ .။လက်ရှိ အခြေ အနေ ကို သိအောင်ကြားညှပ် နည်းနည်းပြောပြတာပါ.အတိအကျတွေ ကတော့ နောက်သိရမှာပေါ့နော .။))


ဒီကိုယ်ပိုင်နံပတ် က/ ၁၇၅၀ ဆိုတာကလည်း အမြဲတန်းမှတ်မိနေအောင်ပေါ့။ ကျမရဲ့ ABSDF-NB ကရဲမေနံပတ် မ/၀၀၁၇ ကနေ ပေါ့ ။ ၁၇ ကိုယူလိုက်ပြီး
အနောက်က ၅၀ ဆိုတာက ၅၀ က ၁၀၀ ရဲ့ တဝက်လေ ။ ဆိုတော့ ကျမ NIB နံပတ် က/ ၁၇၅၀ ဖြစ်သွားတာပေါ့ ။ဒီလိုဘဲ မတရားအဖမ်းခံရသူတွေ လုပ်ကြံလျှောက်ပြောကုန်ကြရတာ။ပြောတော့လည်းယုံကြည်လောက်တဲ့ ဇာတ်လမ်းတွေ ကို ထွင်ပြီး ပုံပြင်လေးတွေလိုဘဲ ပြောကြတယ်။ရေး
ကြ လက်မှတ်တွေထိုးကြပေါ့လေ ။ ဒါနဲ့ သန်းဇော် ပေါ့ ကျမကိုယ်ပိုင် နံပတ်ရတာနဲ့ တွေ့လား ငါတို့ ရထားတာတွေ နဲ့ အတိအကျ ဘဲ ပေါ့ ..တူတယ်ပေါ့ ။အင်း .. အတိအကျ သိထား စုံစမ်းထားတာ..တဲ့ ။


အဲဒီမှာ ကျမကို ဖမ်းပြီး စစ်ပြီးတော့ သူတို့က ရပ်မသွားဘူး ။ ဆက်ဖော် ခိုင်းတာ။ သူတို့က ဒီတပ်ထဲမှာ ကျမတယောက်တည်းတော့ မဟုတ် ဘူးပေါ့။ နောက် အရာရှိပေါ့ ဆက်ဖော်ခိုင်းတာ.. ဆိုတော့ ကျမ လည်း ချက်ခြင်းခေါင်းထဲ ရောက်လာတာက တော့ ကျမတို့ အတူလာတဲ့ ထဲက သန်းထွန်းစိုးပေါ့..နော် ။သူ့ကို ပြောလိုက်တာပေါ့။


ကျမကိုယ်တိုင်ကိုယ်ကNIB ဒုဗိုလ် ဆိုတော့ ဒီသန်းထွန်းစိုး ခေါ် တိုက်ပိတ် ကို ကျမရဲ့ အထက်အရာရှိ ဗိုလ်ကြိးဖြစ်ပါတယ်ဆိုပြိး ပြောလိုက်တာပေါ့ နော် ။ ဘာလို့ သူ့ကိုပြောလိုက် လည်း ဆိုတော့ ဒီ သန်းထွန်းစိုးက ၁၉၉၁ နှစ်ဆန်းပိုင်းလောက်က ရှေ့တန်းမှာအဖမ်းခံလိုက်ရတာ ..ပြည်တွင်း မှာထောင်ကျ နေတာလေ ။ဘယ်လို အဖမ်းခံရတယ်ဆိုတာတွေ ကိုရဲလင်း က ရှေ့တန်းမှာဆိုတော့ သူပြောပြထားပြီးဖြစ်တယ်။ သန်းထွန်းစိုး အစိုးရတပ်နဲ့တိုးပြီး အစိုးရတပ်က ဖမ်းသွားတဲ့အကြောင်း ကိုရဲလင်းရဲ့ မြောက်ပိုင်း ခရီးစဉ် အပိုင်း (၅)မှာလား (၆)မှာလား သူပြောထားပါတယ်။ အဲဒီတုန်းကတော့သန်းထွန်းစိုး အစိုးရတပ်ဆီမှာ အဖမ်းခံရတယ်ဆိုတာပဲ ကြားတယ်၊ ဘယ်ပုံ ဘယ်နည်းနဲ့ အဖမ်းခံရတယ်ဆိုတာကတော့ ကိုရဲလင်းတို့ ပြောမှပဲ သိရတယ်။


ကျမလည်း အဲလို ထောက်လှမ်းရေးလို့လည်း ၀န်ခံပြီသွားရော ဒီလူကြီးကုန်းအောက်ကမတရားအဖမ်းခံထားတဲ့သူတွေ ချုပ်ထားတဲ့နေရာခေါ်သွားတယ် ။နှစ်ဆောင် ပေါ့။ဒီ ဒေါင်းမိခင်မှာက ယောကျာင်္းလေးတွေအတွက်ပေါ့။ နံဘေးက စားဖိုဆောင်မှာက မိန်းကလေးပေါ့ ။ဒါပေမဲ့ အဲဒီမှာ ကျ ဘယ်သူတွေကို သွားမြင်လိုက်လဲ ဆိုတော့ တော်တော် အံ့သြသွားတယ်။ ကျမ စိတ်ထဲမှာ ထင်တာက ခင်ချိုဦးနဲ့ ကျမနဲ့ပဲ ဖမ်းထားမယ်လို့ ထင်ထားတာ။
တကယ်တော့ သွားမြင်လိုက်တာက….။

ရှေ့ဆက်ဖော်ပြပါမည်။
မေသင်္ကြန်ဟိန်(မြစ်မခ)


ဝဲမှယာ .. နန်းစော။လုမိုင်။နန်းအောင်ထွေးကြည်။စိုးစိုးလွင်။သင်းသင်းညီ။မသွယ်။မမူ။ ( နောင်ရာပါစခန်း )
Unlike · · Share

  • Koku Indaw အားမောင်ရေ ..မင်းတော့ ခံရတော့မယ်ကောညယ် .. တဲ့
  • Aung Kyaw Moe တော်တော်မိုက်ရိုင်းလိုက်ကြတာ ..............
  • Saw Kyaw Oo လေးစားအပ်ပါသော ဒေါ်မေသင်္ကြန်ဟိန် ခင်ဗျာ။ABSDF ကျောင်းသားတပ်မတော် နှင့် ၈၈ အရေးအခင်းကာလ နောက်ပိုင်း ရေးသားချက်များကို အထူးနှစ်ချိုက်မိပါသည်။ ကျနော့်အနေဖြင့် ဒေါ်မေသင်္ကြနိဟိန်၏ရေးသားထားချက်များကို ကျနော်၏ http://8888burma.blogspot.no/ တွင် မှတ်တမ်းအဖြစ် ထည့်သွင်းထားလိုပါသည်။ အကယ်၍များ ခွင့်ပြုမယ်ဆိုရင် ဒေါ်မေသင်္ကြန်ဟိန်၏ ရေးသားချက်များ အားလုံးကို ရိုးရို ဖိုင် ဖြစ်စေ PDF ဖိုင်ဖြင့်ဖြစ်စေ ပို့ပေးပါရန် လေးစားစွာဖြင့် တောင်းဆိုအပ်ပါသည်။ စောကျော်ဦး goldenmyanmar1234@gmail.com
  • Kyawthet Lu Where are they now ? (နန်းစော။လုမိုင်။စိုးစိုးလွင်။သင်းသင်းညီ။မသွယ်။မမူ။)
  • May Thingyan Hein ကိုစောကျော်ဦး ကျမရဲ့ ဆောင်းပါး တွေကို http://maythingyanhein.blogspot.com/ မှာ တစုတစည်းတည်း ဖော်ပြထားပါတယ်။ အဲဒီကနေသာ ယူလိုက်ပါရှင်။ကျေးဇူးတင်ပါတယ်။
  • Soe Naing အမှန်တရားအတွက်တာဝန်ယူသူမမေ
    နှင့်တာဝန်ကျေခဲ့သူမနန်း ကျေးဇူးအထူး
    တင်စွာဖြင့်ဖတ်ရှူ့ အားပေးလျှက်ပါ။
  • Pyae Phyo အန်တီငယ်ရယ် ဝန်ခံရတော့မှတော့ ကျွန်မရဲ့အထက်အရာရှိက မျိုးဝင်းပါလို့ပြောလိုက်ရောပေါ့
  • Soe Min ဆရာမက ပြည်တွင်းမှာ ရှိနေတယ်ဆိုတဲ့ သန်းဇော် ကို မေးဖို့ ဆက်သွယ်ကြည့်ပါလား။ အတွေ့မခံနိုင်ဘူး ဆိုရင်လည်း အတွေ့ မခံနိုင်တဲ့အကြောင်းဖော်ပြစေချင်ပါတယ်။ အခုတော်တော် ရုပ်လုံးပေါ်လာပြီ ဖြစ်တာကြောင့် စွပ်စွဲခံရသူတွေကို ပြန်မေးစေချင်ပါတယ်။ သူတို့က မဖြေချင်ရင်လဲ သူတို့ သဘောပေါ့လေ။ စမ်းပြီးဆက်သွယ်ကြည့်တာ ပိုပြီးပြည့်စုံမလားလို့ အကြံပြုတာပါ။ ဆရာလုပ်တယ်လည်း မထင်ပါနဲ့။ ဖတ်ရတာတွေအတွက် ကျေးဇူးတင်ပါတယ်။ စိတ်ဝင်စားစရာ အလွန်ကောင်းပါတယ်။
  • Ko Ko Naing ဖတ်ရတာ ရင်ထဲမှာထိခိုက်ဝမ်းနည်းရပါတယ် စိတ်မကောင်းပါဘူး ရက်စက်လိုက်ကြတာဗျာ။
  • Htet Win ဘယ်သူက ဘယ်သူ့ကိုထောက်လှမ်းရေးလို့ဖော်တယ်ဆိုတာလေးပါစာရင်းလုပ်ထားရင်ကွင်းဆက်တစ်ခုထပ်ရမယ်ထင်ပါတယ်။
  • Zaw Win Htut sons of bitches!
  • May Thingyan Hein ကိုစိုးမင်းရေ...ကျမ ဆက်ကိုသွယ်ထားပါတယ်။ ကို သန်းဇော် နဲ့ ကိုသန်းထွန်းစိုးကို အင်တာဗျူးရဖို့ကျမ ကြိုးစားနေပါတယ်ရှင်။ ခုလို စိတ်ဝင်စားစွာ အကြံပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။
  • Robert Hla Tun ဖတ်ရတာ ရင်ထဲမှာမကောင်းပါဘူး တကယ်ထောက်လှမ်းရေး ဆိုတာကို အမနန်း ဘယ်သူ့ကို ထင်ပါသလဲ သန်းဇော်ကို ခေါ်ယူစစ်ဆေးမေးမြန်းနေတာကောင်းပါတယ်။
  • Robert Hla Tun နန်းစော။လုမိုင်။စိုးစိုးလွင်။သင်းသင်းညီ။မသွယ်။မမူ ပါတို့ဘယ်မှာပါလဲ အဆက် အသွယ်ရှိပါပသလား
  • Kyawthet Lu နန်းစော။လုမိုင်။စိုးစိုးလွင်။သင်းသင်းညီ။မသွယ်။မမူ ပါတို့ဘယ်မှာပါလဲ အဆက် အသွယ်ရှိပါပသလား?
  • Ko Lin Wai Aung နန်းစော ကထိုင်းနယ်စပ်မှာ...စိုးစိုးလွင်ကမိုးညှင်း...သင်းသင်းကရန်ကုန်မှာ ...မသွယ်ကမန်းလေးမှာ...

No comments:

Post a Comment