Monday, October 1, 2012

လူဖြစ်တည်ခွင့် နောက်ဆုံးအချိန် ဖြစ်တည်ရာ

လူဖြစ်တည်ခွင့် နောက်ဆုံးအချိန် ဖြစ်တည်ရာ

by Kyaw Gyi AB on Tuesday, September 25, 2012 at 3:57am ·

ဗန်းမော်ခရိုင်

ဒုတိယ ဗဟိုလို့  နာမည်ကြီးခဲ့တဲ့ အားလုံးပျော်ခဲ့ကြတဲ့နေရာ
တပ်မဟာ (၃) ဗျူဟာ (၁) နဲ့ တွဲ အခြေစိုက်တဲ့
ခိုက်ဘန် ၊ခင်းဒစ် နားက ပတာလင် ဆိုတဲ့
ကျောင်းသားရဲ့ ဗန်းမော်ခရိုင် နေရာ
ဒီနေရာဟာ ပါဂျောင်လို ငရဲခန်း တစ်ခုဖြစ်ခဲ့ရ တယ်
အားလုံးအဖမ်းခံ (၂၈ )
စစ်ကျောရင်းသေ ( ၃ )
ထွက်ပြေးလွတ်မြောက် ( ၃ )[ကိုသက်တင် ၊စိုးကြိုင် ၊ဂမ်မလီ ]
စိုးကြိုင် ပြေးတဲ့ ညမှာပဲ ဗဂျမ်း မူးရမ်း သေနတ်ကျည်ထိသေ (၁)
နောက်ထပ်
၉၁ နိုဝင်ဘာထဲမှာ လူ(၂၀ )ကို ငါးယောက်တစ်တွဲ ကြိုးတုပ် ပါဂျောင်ကို ရွှေ့ ပြောင်းချိန်
ကျန်ခဲ့တာက ( ၁ )
သူ့ ကို ဧပြီ လလောက်မှာ
စခန်းကျတော့ ပစ်သတ်ထားခဲ့ပါ သတဲ့ ။
အဲဒီလို ဇာတ်လမ်းတွေရှိတဲ့ နေရာ
ပထမဆုံး စိုမင်းအောင် နဲ့ ဇာတ် အဖွင့်ခန်း နေရာပါ။
Unlike · · · Share

  • ဘရာဇီး ငှက်ရိုး ဒီပုံတွေဟာ ကျောင်းသားတပ်မတော် သမိုင်းကို သိဖို့ပဲ...
    ကျောင်းသားတပ်ကို ဆေးထိုးဖို့ တင်ပေးတာ မဟုတ်ဘူး...
    အခြားရှည်ရှည်ဝေးဝေး ကိစ္စတွေ မပြောချင်ဘူး...
    အခုပဲ စစ်မြေပြင်ကို ထွက်ရမယ်... အ
ာရကေရမှ ဖြစ်မယ်
    ဆိုတဲ့ ဦးလေးကြီးရဲ့ စာမျက်နှာမှာ တွေ့ဖူးသား အထက်က အတိုင်း ပြောထားတာကြောင့် ကူးမယူရဲလို့ သူ့စာမျက်နှာမှာပဲ ထားပစ်ခဲ့ရတဲ့ပုံလေးပါ...။
  • Kyaw Gyi AB ကျွန်တော် ကိုယ်တိုင်ရိုက်ခဲ့တဲ့ ပုံပါဗျာ ။ ကျွန်တော်တို့ ရဲ့ သမိုင်းပါ ။ ဘယ်သူ ရေစစ္စရီ လုပ်နေလဲ ။
  • ဘရာဇီး ငှက်ရိုး လင့်ခ်ရှာပြီး ပေးလိုက်မယ်အကို...။
  • Nicky Shein တခုတော့ပြောချင်တယ် ၊ ကိုကျော်ကြီး ကို၊ ကျွန်တော်တို့ဆိုတာ ဇာတ်လမ်းတွေ တော်တော်များများ ဖတ်ဖူးသားမို့ သိသင့်သလောက်သိနေတယ် ဆိုပေမဲ့၊ ခု ခင်ဗျားချရေးတဲ့ ပုံစံက ဘာမှန်းကို မသ်ဘူး၊ ဖြစ်နိုင်ရင် မသိသေးတဲ့သူတွေ နဲ့ ကျွန်တော်တို့လို ဟိုမရောက်ဒီမရောက် ဖြစ်နေသူတွေ အားလုံးနားလည်အောင် သေချာ အစအဆုံး အကြောင်းအရာ တခုကို ဦးတည်ပြီး၊ နိဒါန်း ၊ စာကိုယ် နဲ့ နိဂုံးလေးပါ ချုပ်ပေးရင် ဖတ်ရသူအားလုံး ရှင်းလင်းစွာ သိကြရမှာ ဖြစ်ကြောင်း အကြံကောင်းပေးလိုက်ပါရစေဗျာ၊ ထုတ်ဖေါ်ရေးသားမှုအားလုံးကို လေးလေးစားစား စိတ်ပါဝင်စား စောင့်စား ဖတ်ရှု နေကြပါကြောင်း....
  • ဘရာဇီး ငှက်ရိုး ဗန်းမော်ခရိုင် ပတာလင်မှာပါ... ကိုစိုးမင်းအောင်က ဒီနေရာကနေ စခဲ့တာပေါ့... အကိုနစ်ကီ အများကြီးသိပြီးသားပါ... စစ်ပူလာလို့ ဒီပတာလင်ကနေ ဗဟိုပါဂျောင်ကို ရွေ့ပြောင်းရတယ်ဆိုတာလေ... ဗန်းမော်ခရိုင်ရဲ့ နောက်ကြောင်းလေးပါ... ကွန်နက်ရှင်ကြောင့် ပုံနဲ့စာ တွဲတင်ရတာ ခက်ခဲလို့ ဖြစ်နိုင်ပါတယ်... ခရိုင်တောင်ကုန်းလေးပေါ်က အသားမီးလောင်ညှော်နံ့ပို့စ်လေ... တွဲဖက်ကြည့်ဖို့က "လူဖြစ်တည်ခွင့်နောက်ဆုံးအချိန်"၁၊၂၊၃ ပေါ့...
  • ဘရာဇီး ငှက်ရိုး ကိုညီညီကျော်ရဲ့ လူဖြစ်တည်ခွင့်နောက်ဆုံးအချိန်၁၊၂၊၃...See More
    ခရိုင်ရုံးတောင်ကုန်းတ၀ိုက် အသားမီးလောင်ညှော်နံ့က ပျံ့နှံ့နေတယ်။ တိတ်ဆိတ်တဲ့ညမှာ
    ကြောက်မက်ဖွယ် ၊ သွေးပျက်ဖွယ်အသံတွေနဲ့ ညနေ(၆)နာရီနောက်ပိုင်း စစ်ကြောရေး စလိုက်တာပါ။ ကျောင်းသားတွေအသတ်ခံရတဲ့ ဇာတ်လမ်းအစအဖွင့်ခန်းပေါ့ ။ နေ့ရက် က (၉-၈-၁၉၉၁) နေရာက ကျောင်းသားတွေ ဗန်းမော်ခရိုင်လို့ခေါ်...
  • Nicky Shein အေး၊ ကိုငှက် ခုလို လင့်(ခ်) လေးပေးရင်၊ အဆင်ပြေတာလဲပါသွားတာပေါ့၊ ကျွန်တော် ဝင်အကြံပေးတာက ခုမှ ဘုမသ်ဘမသိ ဝင်ဖတ်တဲ့သူက ဘယ်လိုနားလည်မှာလဲတွေးမိလို့၊ ကိုကျော်ကြီးကို လုပ်ရင် အစ အဆုံး ပြီးအောင် လုပ်စေချင်လို့ အကြံဝင်ပြုရတာဖြစ်ပါကြောင်း ဆရာတို့ရေ...
  • ဘရာဇီး ငှက်ရိုး ကိုညီကျော့် မော်ဒန်ရေးနည်းကို လှိုင်နှင်းဆီဖြူက စာထဲ ထည့်ရေးရလောက်အောင်ကို ပရိသတ်တွေကြားထဲ ပေါက်ခဲ့ပါတယ်နော်... ဖတ်ဖူးတယ်မှတ်လား...။
  • Nicky Shein ကိုငှက် ၊ ကျုပ် အတည်ပြောမယ်။ မော်ဒန်တာ ခုလိုလူသတ်မှုကြီးမှာ သွား မဒန်နဲ့၊ မော်ဒန်ဆိုတာ ဖတ်ကောင်းယုံလေးသက်သက် လူနားမလည်အောင် ရေးတာ၊ ခုကိစ္စက လူတွေနားလည်သထက်လည်အောင် လုပ်ရမဲ့နေရာက ခင်ဗျားတို့ မော်လဒန်က အလုပ်မဖြစ်ဘူးနဲ့တူတယ်..
  • ဘရာဇီး ငှက်ရိုး ဟုတ်... အကိုနစ်ကီ ပြောတာ သဘာဝကျပါတယ်... ပြည်တွင်း ကွန်နက်ရှင်က ခုလို ညဘက်တောင် ခပ်ချာချာရယ်ပါ... အထဲက တင်ပေးတဲ့ အချက်အလက်တွေကို ကျနော်တို့ အပြင်ကနေ ဆက်စပ်ပေးနေပါတယ်...
  • Maungmaung Skw ဟုတ်တယ်-ကိုနစ်ကီပြောတာမှန်တယ်။ကိုညီညီကျော်က စာစီစာကုန်း ဝါသနာမပါဘူးထင်တယ်။ကျွန်တော်တို့ အကြောင်းသိတွေတောင် မှီအောင်မနည်းကျိုးစားရတတ်တယ်။
  • Dogyi NB ၈၈၈၈သုံးနှစ်ပြည့်အကြိုရှေ့တန်းအပြန်ခိုက်ပန်ရွှာနားနေတုံးအဖမ်းခံရတယ်ဘာမှန်းမသိအဖမ်းခံရတာတပ်အချူပ်ခန်းရောက်မှကိုဝင်းနောင် ပိပိ အိုကေ တို့ကိုတွေ့တယ်သူတို့လဲဘာမှန်းမသိကြဘူးအားလုံးကခပ်ပေါ့ပေါ့နေတာ ချက်ချင်းမစစ်သေးဘူး
    နောက်မှထောက်လှမ်းရေးဆိုပြီးရိုက်နှက်စစ်တာပေါ့ကျွန်တော်ကမဟုတ်ကြောင်းပြေတယ်နည်းမျိုးစုံအောင်နှိတ်လေဘဲ
    ကျော်ထင်ဉီး ဇော်ကြီး ဘဂျမ်း နဲ့အဖွဲ့ပေါ့
    ကျွန်တော်ထောက်လှမ်းရေးမဟုတ်ပါဘူးပြောတော့ဒီကောင်မဖြုစင်သေးဘူးဆိုပြီးနည်မျီုးစုံနှိတ်စက်ပြန်တယ်ကျွန်တော်လဲရမ်ဘိုမင်းသားမဟုတ်လူဗလံလေးဆိုတော့ဟုတ်ပါတယ်ထောက်လှမ်းရေးပါလို့ဆိုတော့ကျော်ထင်ဉီးကမင်းဖြူစင်လာပြီဆိုပြီရိုက်နှတ်တာခဏနားခဲ့တယ်
    ဝန်ခံပါတယ်ဆိုမှဒုတိယအကြိမ်နှိတ်စက်ဖို့စတော့တာဘဲ ကိုယ်ပိုင်နံပါတ်ပါးစပ်ထဲတွေ့ရာပြောလိုက်တယ်ခေါင်းတွေကိုယ်တွေလဲရိုက်ထားလို့နာနေတာနောက်တကြိမ်ပြန်မေးတော့ပထမနံပါတ်နဲ့လွှဲနေတော့မဖြူစင်သေးဘူးဆိုပြီးထိပ်တုံးထဲခြေထောက်ထည်ဒလိမ့်တုံးနဲ့လိမ့်တာငရဲပြည်ကငရဲသားတွေလိုဘဲဒါနဲ့မှတ်မိလွယ်ဆုံး၇၈၆ဝမ်းချိန်းနဲ့ဈေးတဲ့ပြီဖြူစင်ခဲ့ပြန်တယ်
  • Dogyi NB အချုပ်ခန်းလဲပြည့်လာတောတေ
  • Kyaw Gyi AB ကျွန်တော်က ဓါတ်ပုံတစ်ခု အကြောင်းကို ပြောချင်တာပါ ။လက်ချာ ဟောနေရာက မြေညှိ ထားတုံးပဲရှိသေးတယ် ။အဲဒီနေရာမှာ ရှစ်လေးလုံး (၃) နှစ်မြောက် မတိုင်ခင် အဆောက်အဦး ဖြစ်ဖို့ ကြိုးစားခဲ့ကြတယ်၊ အဲဒီနေရာကပဲ အချုပ်ထောင် ဖြစ်ခဲ့ရတယ် ၊အဲဒီနေရာမှာပဲ ဦးအောင်ကိုးသေခဲ့ရတယ်။ ဖင်ဒရွတ် တွန်း သွားနေရတဲ့ ကိုဝင်းနောင်လဲ အဲဒီမှာနေ နောက်ဆုံး အဲဒီမှာ သေခဲ့ရတယ်။
  • ဘရာဇီး ငှက်ရိုး သင်တန်းဆရာ ကိုဝင်းနောင်...။
  • Dogyi NB မြောက်ပိုင်းလူသတ်တရားခံရော်နယ်ပျောက်နေတယ်သေသွားပြီးလားကြောက်လို့ဘဲပုန်းနေတာလား
  • ဘရာဇီး ငှက်ရိုး သေပြီလို့တောင်ပြောလို့ရပါတယ်... အောင်နိုင်က အဖွဲ့အစည်းနဲ့ လုပ်တာလို့ သိက္ခာချနေတာကို အတော်များများက သိသိကြီးနဲ့ ငြိမ်နေကြပါတယ်...
  • Dogyi NB ခွပ်ဒေါင်းစိတ်ဓါတ်ရှိသူတိုင်းအမှန်တရားကိုချစ်မြတ်နိုးကြပါတယ်
    လင်းတစိတ်ဓါတ်ရှိသူတွေဟာအမှန်တရားကိုသိသိနဲ့မျက်ကွယ်ပြုကြပါတယ်

No comments:

Post a Comment