Monday, October 1, 2012
ထွန်းအောင်ကျော်
ထွန်းအောင်ကျော်
by Kyaw Gyi AB on Saturday, September 22, 2012 at 9:58am ·
လွန်ခဲ့တဲ့ ရက်ပိုင်း (မှတ်မှတ်ရရ မိုးသီး လာတဲ့နေ့ )
လက်ဖက်ရည် တစ်ဆိုင်ကနေ ဖုန်းဆက်လာပါတယ် (ကိုအောင်ခန့်  တဲ့)
ဒီဓါတ်ပုံကို သိသလားတဲ့
သူဆိုတာရော သေချာသလားတဲ့
မျက်ရည်ဝဲ မိတယ်
သူ ရန်အောင်ပါ ၊
ကျွန်တော့်ကိုယ်စား သေပေးသွားတဲ့ ရန်အောင်ပါ။
တွေ့ ဘူးသမျှမှာ ကြောက်စရာကောင်းလောက်အောင် ရဲရင့်တဲ့ သူ
အားလုံးကို ညှာတာတတ် အားပေးတတ်တဲ့ သူ
ခေါင်းမပါပဲ ကျင်းထဲက ပြန်ထလောက်အောင် စိတ်ဓါတ်ပြင်းထန် သူ
သူ့ သား ထွန်းအောင်ကျော် အမေရိကန် မှာ ရှိတယ် လို့ မှတ်ထင်ခံရ သူ
ထွန်းအောင်ကျော် တဲ့
ရန်အောင် နဲ့  တူလို့  ရန်အောင် တွင်ပေမဲ့
လုပ်ရပ်တွေက မနုနယ် ၊
သေပွဲမှာလည်း ......ရဲရဲ
Unlike · · · Share
  • Md Shafee Zinwintun very sad to read this history
  • Ko Lin Wai Aung သူ့ကိုလဲ ထွန်းအောင်ကျော် လို့ခေါ်ပါတယ်...
  • Ko Lin Wai Aung မျိုးဝင်းကြောက်ခဲ့တဲ့ မျက်လုံးတွေ......
  • Thomas Weggin Field စိတ်မကောင်းပါဘူးဗျာ သိရတာ...
  • Kyaw Gyi AB နာမည်ရင်း ပါ။ ထူးဆန်းတာက ခေါင်းဖြတ်ပွဲမှာ ကျင်းထဲက ပြန်ထတဲ့ နှစ်ယောက်လုံးက ထွန်းအောင်ကျော် ဖြစ်နေတာပါပဲ
  • Kyaw Gyi AB သူ့ မျက်နှာကို တုတ်နဲ့  အချက်(၃၀)လောက် ဆက်တိုက်ရိုက်ချိန်မှာ မျက်တောင်မခတ် မျက်နှာမလွှဲ မျိုးဝင်း မျက်နှာကိုပြန်စိုက်ကြည့်နေတာ အံ့သြလောက်အောင်တွေ့ ခဲ့ရတယ် ၊နောက်ဆုံး မျိုးဝင်း တုတ်ပစ်ချပြီး ထွက်သွားခဲ့ရတယ်၊ကိုရဲ ပြောတဲ့ မျက်လုံးတွေ
  • Nyein Wai ဒီကျိန်စာက
    မလောင်ကျွမ်းသေးတဲ့ ဝိညာဉ်တွေ
    လောင်ကျွမ်းပြီးတဲ့ ဝိညာဉ်တွေ
    အချင်းချင်းဖက်ပြီးငိုကြွေးဖို့ကိုတောင်မှ
    ခွင့်မပြု ခဲ့လေဘူး။
  • Dogyi NB ကောင်းရာဘုံဘဝမှာငြိမ်းချမ်းကြပါစေ
  • Kyaw Gyi AB မန္တလေး ဘုမ္မိ မှာ ပထမနှစ် တက်ခဲ့ပြီး (၈၈)မှာ မုံရွာ GTI တက်နေတဲ့ ကျောင်းသား တစ်ယောက်ပါ
  • Ko Kyaw Tun ကျွန်တော်ပြုသမျှ ကုသိုလ်အားလုံးရန်အောင် နာမည်နဲ့ အမြဲတမ်းလူခဲ့ပါတယ်။၈၈ နှစ်ပတ်လည်မှာ ဝါဆိုသင်္ကံန်းလူတန်းခဲ့ပါတယ်။
  • K Ki Ki သိမ်းငှက်တကောင်လို စူးရဲတဲ့ အကြည့် တွေ နဲ့ .. စိတ်ဓါတ်လည်း ပြင်းထန်လိမ့်မယ် ဆိုတာ ခန့်မှန်းလို့ ရ ပါတယ်...။
    ရဲဘော် မသေ..သေသော်ငရဲမလား ..တဲ့.၊
    ကျောင်းသားသမိုင်းကို ဖျက်ဆီးခဲ့တဲ့ မိစ္ဆာ ငရဲကျောင်းသားအရေခြုံ တွေ အတွက် လားရာကတိကတော့ ကောင်းမယ် မဟုတ်ပါဘူး ။
  • Tin Min Thein အလေးပြုပါ၏။
  • Dogyi NB တွေးတိုင်းနာကျည်းဒေါသထွက်ခဲ့ရပါတယ်
    ရက်စက်ယုတ်မာသူတစုကြောင့်နိုင်ငံသူရဲကောင်တွေဆုံးရုံးခဲ့ရတယ်
    တမလွန်ဘဝမှာအေးငြိမ်းချမ်းသာကြပါစေ
  • အဲဒါပြော ဒါ ၇က် စက်ကြတာတော် သတ်ချင်လဲ သေနတ်နဲ့ တခါထဲပစ်ပေါ့  ခုမကြားဝံ့ မနာသာ ရှိလိုက်ထာ အဖြစ်ဆိုးမျိုး ဘ၀ဆက်ဆက်မကြုံပါစေနဲ့ 
  • Sitha Rani Thida Aye ရက်စက်လိုက်ကြတာတော ကြားရတဲ့သူတောင်ကျောစိမ့်တယ်။ ကောင်းရာ ဘုံဘ၀ရောက်ရှိကြပါစေ။
  • YU Khaing Win Win ဘ၀ဆက်တိုင်းသည်လိုအဖြစ်ဆိုးကနေကင်းဝေးနိုင်ပါစေ
  • Wunna Soe ဟာ!!!!! ဒီစာဖတ်ရတာ မျက်ရည်ဝဲရတယ်။ ကြက်သီးထတယ်။ အဲ့ကောင် မျိုးဝင်း အခုဘယ်မှာလဲဗျာ။ သူလိုတော့ မျက်နှာကို ဒုတ်နဲ့ မရိုက်ရဲပါဘူး။ ဒါပေမယ့် သူ့မျက်နှာ တံတွေးနဲ့ ထွေးချင်သေးတယ်။
  • Nang Aung Htwe Kyi စစ်ရုံးထဲ ဝင်ရင် ဘယ်ဘက်ကအခန်းထဲမှာ ရန်အောင်ကို နှိပ်စက်နေကြတာ ။ ခို ရှိနေတယ် ။မေးကြည့် ။ သူအဖမ်းမခံရသေးဘူး။ ဇော်ဇော်မင်း ၊ သန်းဇော်။ အောင်စိုးမြင့် တို့ပါတယ်။
  • April Thingyan အဲဒီသတ်တဲ့အထဲမှာ တာဝန်ရှိတဲ့ နိုင်အောင် ရော်နယ်အောင်နိုင်နဲ့တာဝန်ရှိတဲ့သူတွေကို တရားခွင်ရောက်အောင် ဝိုင်းဝန်းကြိုးပမ်းပြီးအပြစ်ပေးကြပါ နောက်တချိန်ကြရင်ABသမိုင်းဖြစ်ရပ်မှန်ရုပ်ရှင်ရို အဲဒလတွကို သေဒဏ်ပေးတဲ့ တရားသူကြီးနေရာကနေ သရုပ်ဆောင်ဖို့အခုတည်းက စာရင်းပေးတယ် မနန်းအောင်ထွေးကြည်
  • Soe Thura I am proud of you .........
  • Yan Naing Min မြောက်ပိုင်းမှာ သေဆုံးသွားတဲ့ ကျောင်းသား။ကျောင်းသူ တွေကိုယ်စား နိုင်အောင်တို့ သံချောင်းတို့ကို မျက်ခွက်ကို မသေမချင်း ထိုးကြည့်ချင်တယ် ....ဘယ်လိုနေလဲ လို့
  • Kyaw Kyaw Moe ဖတ်လိုက်ရတာ.. ကြက်သီးတောင်ထမိပါရဲ့.. လေးစားပါတယ်ခင်ဗျာ
  • Kyaw Maw စိတ်မကောင်းဘူးဗျာ။
  • Kyaw Maw သူ့အကြောင်းဒီထက်ကျယ်ကျယ်ပြန့်ပြန့်လေးရေးပါဦးဗျာ။ သူက မန်းတလေးက မဟုတ်လားဗျာ။ ဘူတာကြီးနဲ့ မျက်နှာချင်းဆိုင်၊ ယခင် ဘူတာကြီး စာကြည့်တိုက်နောက်က ဝင်းထဲမှာ နေတယ်မဟုတ်လားဗျ။ သိတဲသူများရေးပေးပါဦးဗျာ။
  • Kyaw Gyi AB အဲဒါက စိုးဝင်းသန်းပါ ၊ သူက ဆေးရုံကြီးနဲ့  မျက်နှာချင်းဆိုင် ယုဇနဘေးက ဝင်းထဲမှာ နေပါတယ်
  • BlankMind D. Blazz ကောင်းရာဘုံဘ၀ ရောက်ပါစေ၊ ညီငယ်တစ်ယောက်အနေနဲ့ ကျောင်းသားခေါင်းဆောင်များအားလုံး ရဲ့စိတ်ဓာတ်ကို လေးစားပါတယ်ဗျာ။
  • Htet Aung ကိုကြီး ကျော် Kyaw Gyi AB ဘာတွေလုပ်နေတုန်းဗျ ဓာတ်ပုံတွေ တက်တယ်...။ အများကြီးပဲ....။
  • Kyaw Gyi AB ဘာတွေ လုပ်တုန်း ဆိုတော့ ခင်ဗျားလုပ်တဲ့ ဟာမျိုးတွေပါပဲ ။ ဘာဓါတ်ပုံတွေ များနေလို့ လဲ
  • Dogyi NB ကိုကြီကျော်ဘာတွေထူးသေးသလဲ
  • Htet Aung ဂျာနယ်တွေထဲမှာ ဓာတ်ပုံတွေ ပြူးပြူးကြီးပါတယ်လို့ ဓာတ်ပုံထဲမှာ ပိုခန့်တယ်ဗျ.. ။ ကိုကြီးကျော် Kyaw Gyi AB ရ....။
  • Kyaw Gyi AB ဒိုဇာ ရေ ထက်အောင်ပြောတာတွေ ထူးတယ်
  • Myo Win တောက် -- ငါ့နာမည် အမေပေးထားတာမို့ပေါ့ကွာ နောက်ဆို အဲဒီမှာ ပါတဲ့ မျိုးဝင်းကို မျိုးဝင်းလို့ မရေးကြဘဲ မျိုးလင်းလို့ ရေးပေးကြပါလားဗျာ တို့ရယ်
  • Htet Aung ကိုကြီးကျော် ဘာပို့တာလဲဗျ...။ ကျွန်တော့်ဆောင်းပါး ဖတ်ပြီးပလား..။ Kyaw Gyi AB
  • Kyaw Gyi AB ကိုမျိုးဝင်း ကလဲ နာမည်ပြောင်းခါမှ ပိုဆိုး ။ ထက်အောင် ရေ ရေသောက်လိုက် ဖတ်လိုက်ပါပဲကွာ
  • Myo Win ထွန်းအောင်ကျော်ကို သတ်တဲ့ မျိုးလင်း ကိုပြောတာ၊ (ကိုမျိုးဝင်း ကလဲ နာမည်ပြောင်းခါမှ ပိုဆိုး ။ ထက်အောင် ရေ ရေသောက်လိုက် ဖတ်လိုက်ပါပဲကွာ)
  • Dogyi NB လူသတ်အာဏာရူးကိုမျိုးလင်းပေါ့
  • Ah Mar Ni အဲ ဒီ နေ့ကတကယ် စိတ်မကောင်းစွာနဲ့ ကျနော် လည်း မျက် ရည် ၀ဲ ခဲ့ တယ် အဒီ အချိန် အဲ့ ဒီနေ့ မှ ရန်အောင်သေတာကို သူအကိုကလက် ခံ ယုံ ကြည် ခဲ့ တာပါ
  • Min Thit Lwin ကိုကျော်ဂျီး ( Ko Kyaw Gyi AB) ရေ ရှင်းရှင်းလင်းလင်းရေးပေးပါဗျာ...ဒီ
    ဓါတ်ပုံရှင်ကို ကျနော် သိနေသလိုဘဲ..မန်းကဘဲမဟုတ်လား..အမည်တွေရှုပ်နေ
  • Min Thit Lwin လို့ပါ...
  • Min Thit Lwin "ခေါင်းမပါပဲ ကျင်းထဲက ပြန်ထလောက်အောင် စိတ်ဓါတ်ပြင်းထန် သူ" ဒီစကားတ
  • Min Thit Lwin "ခေါင်းမပါပဲ ကျင်းထဲက ပြန်ထလောက်အောင် စိတ်ဓါတ်ပြင်းထန် သူ" ဒီစကား
  • Min Thit Lwin "ခေါင်းမပါပဲ ကျင်းထဲက ပြန်ထလောက်အောင် စိတ်ဓါတ်ပြင်းထန် သူ" ဒီစာသားကို ဖတ်ရတာ ရင်ထဲဆို့နင့်သွားပါတယ်..ရက်စက်နိုင်ကြပါပေ့...
  • Kyaw Gyi AB ဟုတ်တယ် ခင်ဗျားသိပါတယ် ။အနကလ ရုံးနားမှာ နေတယ် ။ အဖေက ကျန်မာရေးမှူးလေ ၊ဆေးရုံကြီး ရှေ့ နားပေါ့ ။သပိတ် တလျောက်လုံးမှာ ရှေ့ နားက ၊နောက်ပိုင်း ဗကသ ၊GOSDA မှာအချိန်ပြည့်ရှိတယ် ။လူ့ အခွင့်အရေးနေ့ ၊တော်လှန်ရေးနေ့ ၊ အာဇာနည်နေ့  လမ်းလျောက်ပွဲ တစ်ခုမှ မလွတ်ဘူး ၊နောက် ညီလာခံ ၊ မန္တလေးသား ၊နာမည်ရင်း ထွန်းအောင်ကျော် လို့ သိသူရှားတယ် ၊ဘုမ္မိ ပထမနှစ်တက်ခဲ့ပြီး ဒုနှစ် မှာ မုံရွာ GTI သွာတက်တယ် ၊သပိတ်မှာ ဘုမ္မိမှာပြန်လှုပ်ရှားတယ် (UBSOS) ။ GOSDA ကနေ မကသ ပြောင်းကြတော့ ခေါင်းမာစွာ ဆက်ရပ်တည်တဲ့ အငယ် group ထဲမှာပါတယ် ၊နုနုနယ်နယ် ရုပ်ဖြောင့်ဖြောင့် ပြုံးပြုံး ပြူံးပြူံး နဲ့ ထောက်လှမ်းရေး မျက်စိလည်တဲ့ကောင်ပေါ့ ၊ ရန်အောင်လို့ ပဲ လူသိများပါတယ်။
  • Than Zaw i feel sorrow
  • Kyaw Gyi AB တလက်စထဲ သူ့ အကြောင်းပေါ့ဗျာ ၊ တောထဲရောက်တော့ ရင်း(၅)မှာ တစ်နှစ်မြောက် ရှစ်လေးလုံး အထိမ်းအမှတ် နမ္မား သွားတိုက်ဖို့ မှာ လက်နက်ကြီးသယ်ရတဲ့ အဖွဲ့ မှာပါတယ် တစ်ခါထဲ စုတ်ပြတ်သွားရော ၊နောက် စစ်ဆင်ရေးကာလနဲ့ တိုးတယ် ၊ (၃)လလောက် ပျော်နေကြတယ် ၊ဗဟိုရောက်တော့ ထင်သလို မဖြစ်ခဲ့ဘူး ၊သင်တန်းကာလမှာ ပြန်တော့မယ်တဲ့ ၊ရှမ်းကုလားလေး တစ်ယောက်နဲ့ ပြေးသွားတယ် ၊အနီးဆုံး တရုတ်ပြည်က ဆမားမြို့ ကိုရောက်ပြီ ၊ ရင်း (၅) မိုးညှင်းခရိုင် မှာတုံးက လေးစားခဲ့ရတဲ့ ခွဲမှူး ဦးငါး ကိုတွေ့ တော့ ရှောင်မပြေးပဲ ပြန်တော့မယ့်အကြောင်း သွားနုတ်ဆက်တယ်၊မပြန်ပါနဲ့ ကွာ ဆိုတော့ပြန်လိုက်လာတယ် ။အပြစ်ပေးတာတော့ ခံရတော့မယ်ပေါ့ ၊အပြစ်ပေးပုံက အားလုံးသိပြီးသား ၊မတ်တပ်ရပ် ခါးမှာထင်းတုံး တစ်ခုကို လူနှစ်ယောက်က ကိုင်ပေးထား လက်နှစ်ဖက်ကိုရှေ့ က လူတစ်ယောက်က ဆွဲထား (၉၀ ဒီဂရီ ) ကြီမ်ဒဏ် ခံရန်အသင့် ၊တုတ်ချက် (၃၀) အတွက် ဝါးကျစ်တုတ် အချောင်း (၃၀ ) ၊တစ်ချက်ရိုက် တစ်ချောင်းလဲ (ကျိုး မကျိုး မလို )။ဒါကထုံးစံပါ ၊အားလုံးဝိုင်း အကြံပြု ကြတယ် ဘောင်းဘီ နှစ်ထပ်ဝတ်ဖို့  ၊ဖင်မှာ ရင်ပေါင်ကျန်း (အိမ်မိုး ကတ္တရာလိပ် )ခံဖို့  ၊တစ်ခုမှ သူလက်မခံခဲ့ပါဘူး ။အရိုက်ခံတယ် ၊ ပြီးတော့ လူအတွဲ မခံဘူး ဆေးခန်းကို တစ်ယောက်ထဲ ရှောက်သွားတယ် ၊အဲဒီလို စိတ်ဓါတ်မျိုး ရှိသူပါ။
  • Min Thit Lwin လေးစားရပါလား ကိုရန်အောင်ရာ...ဟုတ်ပါတယ်..အနကလ ရုံးကိုသူခဏခဏရောက်တယ်။ သူ့မျက်နှာကအမြဲပြုံးနေတတ်တယ်။ ရဲရင့်တဲ့သွေးဟာ ဘယ်တော့မှမခြောက်ခမ်းပါဘူး ကိုရန်အောင်ရာ...ကဗျာတစ်ပုဒ်ထထဲကလို ဦးခေါင်းတောင်ညွတ်စရာ မရှိတဲ့သူ ခေါင်းမပါတဲ့ ကိုယ်နဲ့တောင်မညွတ်ခဲ့တာ သွေးချင်းချင်းနီတာတောင် ရဲရဲတောက်သတ္တိပြောင်မြောက်လှပါတယ်..အလေးပြုလိုက်ပါတယ်ဗျာ။
  • Ni Ni Moe ( "ခေါင်းမပါပဲ ကျင်းထဲက ပြန်ထလောက်အောင် စိတ်ဓါတ်ပြင်းထန် သူ") ပြောစရာစကားလုံးတောင် ရှာမရဘူး...
  • Nandar Soe ရက်စက်လိုက်ကြတာ။ အဒီတုန်းက သတ်တဲ့လူတွေကို ပိုမုန်းတယ်။ အတူတူ စနစ်ဆိုကြီးထဲ ထွက်ပြေးကြမှန်းသိရက်နဲ့။ သနားလိုက်တာ။ လေးစားပါတယ်။ ဒီမိုကရေစိအတွက် အသက်ပေးသွားသူများကိုလေးစားပါတယ်။ ကျမတို့မမှိလိုက်ပေမဲ့ လေးစားအားကြမိတယ်။
No comments:
Post a Comment