ABSDF ပါဂျောင်(၃၈)ဦးသတ်ဖြတ်မှုသည် နိုင်ငံတကာရာဇဝတ်မှုသာဖြစ်သည်
ဆိုတဲ့ခေါင်းစဉ်နဲ.ဆောင်းပါးတပုဒ်ကို ၂-၁၀-၂၀၁၂ ရက်ထုတ် NEWS WATCH WEEKLY ဂျာနယ်အတွဲ (ရ) ၊အမှတ်(၆၅) မှာရေးသားထားပါတယ်။ဆောင်းပါးရှင်ကတော့ မောင်ဌေးဦး(စိန်ဂျွန်း)ဆိုသူဖြစ်ပါတယ်။
— with Htun Aung Gyaw and 33 others. ဆိုတဲ့ခေါင်းစဉ်နဲ.ဆောင်းပါးတပုဒ်ကို ၂-၁၀-၂၀၁၂ ရက်ထုတ် NEWS WATCH WEEKLY ဂျာနယ်အတွဲ (ရ) ၊အမှတ်(၆၅) မှာရေးသားထားပါတယ်။ဆောင်းပါးရှင်ကတော့ မောင်ဌေးဦး(စိန်ဂျွန်း)ဆိုသူဖြစ်ပါတယ်။
မတရားလူမဆန်စွာညှင်းပန်းသတ်ဖြတ်ခံရသူများအတွက်
တရားလမ်းကြောင်းမှလွဲမှားသွား၍
အမှန်တရားများ၊တရားမျှတမှုများ၊အပြည့်အဝခံစားခွင့်မရမည်ကိုစိုးရီမ်ကြောင့်ကျမိသဖြင့်
ဤဆောင်းပါးကိုရေးသားရခြင်းဖြစ်ကြောင်းအစချီကာ
လူမျိုးတုန်းသတ်ဖြတ်မှု(Genocide)၊လူသားမျိုးနွယ်အားဆန်.ကျင်ကျုးလွန်မှု(Crime
against humanity) နှင့် စစ်ရာဇဝတ်မှု(War
Crime)တို.သည်နိုင်ငံတကာရာဇဝတ်မှုကြီးများဖြစ်ကြောင်း၊
ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်များနှင့်အတူ
နုရင်ဘတ်အပြည်ပြည်ဆိုင်ရာစစ်ရာဇဝတ်ခုံရုံးမှအဓိပ္ပါယ်ဖွင့်ဆိုထားသော
စစ်ဖြစ်ပွါးနေချိန်(သို.)ငြီမ်းချမ်းချိန်တွင်
ကျုးလွန်သောလူသားမျိုးနွယ်အားဆန်.ကျင်သောရာဇဝတ်မှုများသည်ပြစ်မှုကျုးလွန်ရာနိုင်ငံဥပဒေတွင်အဆိုပါပြစ်မှုများကိုပြဌါန်းမထားလျှင်လည်း
ဤနိုင်ငံတကာဥပဒေနှင့်သက်ဆိုင်ကြောင်းဖော်ပြထားသည်ဟု
ဆိုပြီးလူပေါင်းတရာကျော်ကိုစစ်ထောက်လှမ်းရေးဟုစွတ်စွဲဖမ်းဆီးကာ ၃၈
ဦးကိုအပြင်းအထန်ညှင်းပန်းနှိပ်စက်၍လူသားမဆန်ရက်စက်စွာသတ်ဖြတ်ခဲ့မှုသည်သာမန်လူသတ်မှုအမျိုးအစားမဟုတ်ကြောင်း
ထင်ရှားသည်။်အပြည်ပြည်ဆိုင်ရာစစ်ရာဇဝတ်မှုဖြင့်တရားစွဲလိုပါက
စွဲဆိုနိုင်ခွင့်ရှိသူများမှာ
နိုင်ငံတော်အစိုးရမှလည်းကောင်း၊လုံခြုံရေးကောင်စီမှလည်းကောင်း၊ကုလ
အထွေထွေအတွင်းရေးမှုး၏တင်ပြချက်အပေါ်
လုံခြုံရေးကောင်စီ၏ထောက်ခံချက်ဖြင့်လည်းကောင်း
တရားစွဲဆိုနိုင်သည်၊ထိုကြောင့်ပါဂျောင်စခန်းတွင်ကျောင်းသားကျောင်းသူပေါင်း
တရာကျော်ကိုစစ်ထောက်လှမ်းရေးဟုစွတ်စွဲဖမ်းဆီးကာ ၃၈
ဦးကိုအပြင်းအထန်ညှင်းပန်းနှိပ်စက်၍လူသားမဆန်ရက်စက်စွာသတ်ဖြတ်ခဲ့မှုသည်
လူသားမျိုးနွယ်အားဆန်.ကျင်သောရာဇဝတ်မှု(Crime against
humanity)ဖြစ်သည်ဟုသူယုံကြည်ကြောင်းနှင့်မြန်မာတရားသူကြီးများပါဝင်သောအပြည်ပြည်ဆိုင်ရာ
ရာဇဝတ်မှုခုံရုံးတွင်
အပြည်ပြည်တဆိုင်ရာတရားဥပဒေစံနှုန်းများနှင့်အညီကြားနာစစ်ဆေးမှုပြုနိုင်မှသာ
စွပ်စွဲခံရသူများရော၊နစ်နာဆုံးရှုံးခဲ့ရသူများအတွက်ပါတရားမျှတမှုကိုခံစားရမှာဖြစ်ကြောင်း၊ထိုကြောင့်နစ်နာသူမိသားစုဝင်များ၊လွတ်မြောက်လာသောကျောင်းသားဟောင်းများအနေနှင့်ကော်မရှင်ဖွဲ.စုံစမ်းစစ်ဆေးရန်တောင်းဆိုနေမှုထက်
အပြည်ပြည်ဆိုင်ရာ
ရာဇဝတ်မှုခုံရုံးတခုမြန်မာနိုင်ငံတွင်လာရောင်ဖွင့်လှစ်၍အမှုကိကြားနားစစ်ဆေးပေးပါရန်
နိုင်ငံတော်သမ္မတကြီးအား၎င်း၊ကုလ အတွင်းရေးမှုးချုပ် မစ္စတာ
ဘန်ကီမွန်းထံသို.၎င်း၊ကုလ လုံခြုံရေးကောင်စီဥက္ကဌ
ထံလိပ်မူ၍တောင်းဆိုခြင်းကတရားနည်းလမ်းမှန်ကန်လီမ့်မည်ဟုယူဆကြောင်း
မတရားပြုကျင့်ခံခဲ့ရသူများအတွက်
တရားမျှတမှုနှင့်အမှန်တရားပေါ်ပေါက်စေခြင်းအကျိုးဌာရေးသားထားကြောင်း
--------ဟုရေးသားဖော်ပြထားပါသည်။
- Kotoe NB, Aung Khing, Nicky Shein and 47 others like this.
- ဘရာဇီး ငှက်ရိုး ခင်ဗျားတို့ အထဲမှာ ခပ်လှုပ်လှုပ် ဖြစ်လာတော့ နိုင်အောင် ပြန်ပြေးသွားတယ်လေ... ဆိုတော့ ဒီအစီအစဉ်တော်တော် ကောင်းပါတယ်... ဝိုင်းဝန်းပံ့ပိုးကြရင် ဖြစ်မှာပါ...
- Phyo Mg Mg Win တောထဲမှာတောင်နေရာလေးတစ်ခုအတွက်
ဒီလိုရက်ရက်စက်စက်ပြုကျင့်တတ်ရင်
နိုင်ငံတော်အာဏာအတွက်ဆိုရင်တော့တွေး
ဝံ့စရာမရှိဘူး - Moe Kyaw Oo ဗခ သန်းရွှေယခုနေသေသွားရင်တောင်မှ ....ရလိမ့်မယ်လို့ မထင်နဲ့  .....ရလိမ့်မယ်လို့ မထင်နဲ့  ..
- Aung Aung တိမ်မြုပ်နေတဲ့ အမှန်တရားပေါ်လာရင်ဘာဖြစ်မလဲ။တိမ်မြုပ်နေတဲ့အမှန်တရားတွေပေါ်လာရင်ဘာတွေဆက်ဖြစ်မလဲ။
- Ninghkrin Magam လူသတ်တယ်ဆိုတာလွယ်သလောက် တသက်လုံး အရိုးတွန်သံတွေ ချဉ်ဆီထိအောင် စူးဝင်နေတာ။ တောခိုတဲ့သုတွေသတိထား။ တောရောက်ရင် တောနတ်ဖမ်းစားတာခံရပြီး လူစိတ်ပြောက်တပ်တယ်၊ ခမာနီ တွေ ပဲခူးရိုးမက BCP တွေ နမူနာဘဲ။
No comments:
Post a Comment