မော်နီတာဂျာနယ်အတွဲ၂ အမှတ် ၂၃ ပါ ကိုလင်းဝေအောင်၏မြောက်ပိုင်းမြေမှပုံရိပ်များ
အပိုင်း( ၁ ) နှင့်ပတ်သက်ပြီး နဲနဲပြောပါရစေ....
by Ko Lin Wai Aung on Wednesday, October 3, 2012 at 11:29am ·
ကျနော့်ဖေ့စ်ဘွတ်စာမျက်နှာမှာတင်ထားတဲ့ မြောက်ပိုင်းမြေမှပုံရိပ်များ အပိုင်း( ၁ ) ကို မော်နီတာဂျာနယ်အယ်ဒီတာက
ABSDF ( NB ) ဂယက်များဆိုပြီး အတွဲ ၂ အမှတ် ၂၃ စာမျက်နှာ ၁၈၊၁၉ မှာ အစအဆုံးရေးထားပါတယ်....ကျနော့်ဆောင်းပါး
ခေါင်းစဉ်ကို ဖေါ်ပြထားတာမတွေ့ရှိရဘဲ ကိုလင်းဝေအောင်၏စာမျက်နှာများမှ ဟုသာစာလုံးအသေးဖြင့်ဖေါ်ပြထားတာ
တွေ့ရှိရပါသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ကျနော့်အားအသိပေးတောင်းခံခြင်း မပြုလုပ်ခဲ့သည်ကို ၀မ်းနဲစွာတွေ့ရှိရပါသည်။
ရှေ့တစ်ပတ်ဆက်ဖတ်ပါရန်ဟုလည်းရေးထားသည်ကိုတွေ့ရပါသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေး...အမှန်တရားပေါ်ပေါက်ရေးအတွက် ရေးသည်ကိုကြိုဆိုပါသည်။
မီဒီယာစည်းကမ်းများကိုနားမလည်သော်လည်း အသိပေးသင့်၊ တောင်းခံသင့်သည်ဟုမြင်ပါသည်။
ကျနော့်ဆောင်းပါးကို ခေါင်းစဉ်မတပ်ဘဲ အစဆုံးရေးလိုက်သဖြင့် ကိုယ်မွေးခဲ့သောသားသမီး သူများပေးလိုက်ရသလို ခံစားရပါသည်။
ပုံနှိပ်မီဒီယာများ ထိုသို့လုပ်ဆောင်ရန် အခွင့်အရေးရှိမရှိ ကျနော်နားမလည်ပါ........
ကိုလင်းဝေအောင်
koye9999@gmail.com
ရန်ကုန် ( ၃.၁၀.၂၀၁၂ )
- Aung Khing, Aung Than Nyunt Aungnilai, Kotoe NB and 9 others like this.
- ဘရာဇီး ငှက်ရိုး နဲနဲလေး ပွင့်လင်းလာတာနဲ့တင် မီဒီယာတွေကလဲ မလုပ်သင့် မလုပ်အပ်တာတွေ လုပ်တော့တာပဲ... ကိုရဲရေ... ဂျာနယ်တိုက်နဲ့ အယ်ဒီတာကိုသာ လိပ်မူပြီး ရှင်းခိုင်းပါ...
- Ko Lin Wai Aung တစ်ခြားရည်ရွယ်ချက်မရှိပါဘူး....ထည်ုချင်လဲ ခေါင်းစဉ်လေးတပ်ပေးလို့ ပြောချင်တာပါ....ကျနော်တို့ကမီဒီယာတွေဘဲအားကိုးနေရတာပါ...
- ဘရာဇီး ငှက်ရိုး ကိုရဲ... ဒါဆိုရင်တော့ အယ်ဒီတာကို ဒီလို ဒီလိုပြောပေးပါ ဆိုပြီးသာ ကိုရဲ ဖြစ်စေချင်တဲ့ အခြေအနေလေး မက်ဆေ့ခ်ျပေးလိုက်ပါအကို... လတ်တလောတော့ မီဒီယာတွေနဲ့ လက်တွဲမပျက်စေချင်ပါ... သူတို့လဲ ရသလောက် အခြေအနေပေးသလောက်ကို ရေးတင်ကြရတဲ့ အပိုင်းလေးတွေ ရှိနေမယ်အကို...
- Khine Khine Saw Lwin ဂျာနယ်တိုက်ကို လူကိုယ်တိုင်သွားပီး သေသေချာချာ ပြောပြဖို့လိုတယ်။ သွားတွေ့လိုက်ပါ။
- Htay Tint မြန်မာပြည်တခုလုံးက ကျောင်းသားတပ်မတော်ကြီးကို ကတုတ်ကျင်းတွေ တိတ်တဆိပ်တူးပြီး မျှော်လင့်ခဲ့ကြဖူးတယ် ။ အင်အားကြီးမားတဲ့ အာဏာရှင် စစ်တပ်ကြီးကို ကလောင်ကိုင်တဲ့ ကျောင်းသားတွေ ဦးဆောင်မဲ့ တိုက်ပွဲတွေကို ပံ့ပိုးပေးဖို့  နှစ်ပေါင်းများစွာ အတွေးပေါင်းများစွာနဲ့  မျွှော်လင့်နေဆဲပါ ။ ၂၀၁၂ မှာ လူထုရသွားတဲ့ အဖြေက ကျောင်းသားခေါင်းဆောင်ဆိုသူ အချို့  ကျောင်းသားတွေကို သတ်ခဲ့တယ်ဆိုတဲ့ သတင်းမျှသာဖြစ်ပါတယ် ။ လက်ရှိ ဂျာနယ်တွေမှာ ဒီသတင်းမပါရင် လူထုက စိတ်မဝင်စားတော့ပါဖူး ။ ဝ်မဖတ်ကြတော့ပါဖူး ။ လူသတ်သမားတွေ လိမ်လေလေ ။ သတင်းဂျာနယ်တွေ ရောင်းကောင်းလေလေပါဘဲ ။ လူထုသိချင်နေတာပါ ။ မျှဝေသူကို ပြေလည်အောင် နားလည်အောင်ဖြေရှင်းပါလို့ မေတ္တာရပ်ခံပါတယ် ။
- Nicky Shein မူပိုင်ခွင့်ဆိုတာ ဥပဒေမှာ အတိအလင်း ပြဌာန်းထားတာရှိပါတယ်၊ ဒါဟာ မူပိုင်ခွင့်ကို အတိအကျ ကျူးလွန်တာဖြစ်လို့ ကိုလင်းဝေအောင် အနေနဲ့ တရားဝင် အရေးဆိုခွင့် တရားစွဲခွင့်ရှိပါတယ်၊ အယ်ဒီတာနဲ့ အရင်ဆုံးရအောင်ဆက်သွယ် အသိပေးလို့မှ တစုံတရာ အရေးယူမဆောင်ရွက်ရင် တရားစွဲဆို လျေိာကြေးတောင်းနိုင်ပါတယ်။
- Khine Khine Saw Lwin ကိုရဲ... ငါမပြောချင်လို့၊ ဘာ့ကြောင့်ဘယ်သူဆိုတာ ငါသိတယ်။ နောက်အပိုင်းဆက်မထဲ့အောင်ရယ် ဒီစာကို ကာယကံရှင်မသိရပါပဲ၊ ကာယကံရှင်ဆီက ခွင့်ပြုချက်မတောင်းပဲ ထဲ့တယ်ဆိုတာရယ်၊ မူရင်းစာရေးသူရဲ့ ခေါင်းစဉ်ကိုပါ ပြောင်းထားတယ်ဆိုတာရယ် သေချာပြောပါ။ နောက်အပတ်ထုတ်မှာ ရှင်းလင်းချက်(ဒါမှမဟုတ်) တောင်းပန်ချက် ထဲ့ပေးပါလို့ ပြောပါ။
- Kyaw Soe Win · 42 mutual friendsကိုလင်းဝေအောင် ထိထိရောက်ရောက်
လုပ်စေချင်ပါတယ်။ ဒါ စော်ကားရာရောက်ပါတယ်။
မီဒီယာတခု အနေနဲ့လုံးဝ မလုပ်သင့်တဲ့လုပ်ရပ်ပါ။ - Ko MoeJee ဖေ့ဘုတ်မှာ Myat Khine နံမည်နဲ့ ကိုမြတ်ခိုင်( မော်နီတာဂျာနယ် အယ်တီတာချုပ်)ရှိပါတယ်။ အသိပေးကြည့်စေချင်ပါတယ်။ သူမသိလိုက်ပဲဖြစ်သွားတယ်လို့ယူဆပါတယ်။
- Ko Lin Wai Aung ဦးမြတ်ခိုင်ဆီကို အပိုင်း(၁)မူရင်းအထောက်အထားကော....ဂျာနယ်မိတ္တူကော....ယ္ခုတင်ထားတဲ့ ပိုစ်ကိုပါ ပူးတွဲပေးပို့လိုက်ပါပြီ.....
- Ko Lin Wai Aung အွန်လိုင်းဝဏနဲ့တွေ့ခဲ့တယ်...နောက်ထွက်မဲ့ဂျာနယ်မှာမြောက်ပိုင်းမြေမှပုံရိပ်များအပိုင်း၁ခေါင်းစဉ်မပါတာရယ်ကာယကံရှင်ခွင့်ပြုချက်မယူဘဲသုံးခဲ့ပါတယ်ဆိုတာထည့်ပေးဘို့ပြောခဲ့တယ်
- Ko Lin Wai Aung သူကABSDF.NBဂယက်များဆိုပြီးတခြားသူတွေကိုပါရေးတယ်ပေါ့...အခုဟာကဆောင်းပါးကိုခွင့်ပြုချက်မယူဘဲခေါင်းစဉ်မတပ်ဘဲလုပ်တာလို့ပြောခဲ့တယ်
- Ko Lin Wai Aung ပြောတာတွေကိုစာနဲ့ရေးမှတ်ထားပါ..ကျေနပ်လောက်တဲ့ဖြေရှင်းချက်မထည့်ပေးရင် နောက်တဆင့်တက်မယ်လို့ပြောခဲ့ပါတယ်
- Ko Lin Wai Aung ကိုဇေယျာမြတ်ခိုင်နဲ့ဖုန်းသဘောတူညီမှုရပါတယ်...နောက်တပတ်အပိုင်း၁မှစပြီးခေါင်းစဉ်တပ်ကာ ပြန်ထည့်ပေးပါမည်…ဟုပြောပါသည်.,ဒါဆိုကျေနပ်ပါသည်။
- Htar Htar Lwin ခုတလော လူတွေဘာဖြစ်နေကြတယ်မသိ ဟိုတလောကလည်း ကိုယ်အပင်ပန်းခံရေးထားတဲ့ နည်းပညာဆောင်းပါးတွေကို သဘောကျလို့သုံးခွင့်ပြုပါဆိုလို့ခွင့်ပြုပေးခဲ့တယ်...သူတို့ရဲ့ site ကိုဝင်ကြည့်ုလိုက်တော့ ရေးသူနေရာမှာ သူတို့အမည်ထည့်ထားတယ်...စာတွေကတော့ကိုယ်ရေးထားတဲ့အတိုင်းတစ်လုံးတောင်မလွဲဘူး...နောက်အပတ်ဆက်ဖတ်ပါဆိုတာတောင်ပါသေး...နောက်အပတ်ကိုယ်မရေးတော့သူတို့လည်း တန်းလန်းကြီးဖြစ်နေတာပေါ့...သနားစရာလည်းကောင်းတယ်...ရယ်စရာလည်းကောင်းတယ်...စိတ်တော့မဆိုးပါဘူး...
No comments:
Post a Comment