Friday, September 7, 2012

YUZANA HOTEL သတင်းစာရှင်းလင်းပွဲ .....

PEACE DELEGATION FOR MOTHERLAND ၏ YUZANA HOTEL သတင်းစာရှင်းလင်းပွဲ .....

by Ko Lin Wai Aung on Monday, September 3, 2012 at 10:35pm ·


PEACE DELEGATION FOR MOTHERLAND ……   ၏
သတင်းစာ ရှင်းလင်းပွဲကို YUZANA HOTEL မှာ ယနေ့ နံနက်(၁၀း၀၀)နာရီက ကျင်းပခဲ့ပါတယ်…အခန်းအနားကို ကိုမိုးသီး၊ကိုကိုအောင်၊ကိုကိုလေး၊ကိုရွှေဇင်၊
ကိုရင်အေး၊ကိုမှူးသာ၊ကိုထွန်းအောင်ကျော်တို့ တက်ရောက်ရှင်းလင်းခဲ့ပါတယ်။
သမတကြီး၏ ဖိတ်ကြားချက်အရ မစ်ရှင်အဖွဲ့အနေနှင့်လာရောက်ခြင်းဖြစ်ကြောင်း
တစ်ဦးချင်းစီမှ မြန်မာပြည်နိုင်ငံရေး လိုအပ်ချက်များ မိမိတို့လုပ်ဆောင်လိုသည့် အချက်များ
ကိုပြောကြားခဲ့ပါတယ်…
သတင်းထောက်များ၏မေးခွန်းများကို ဖြေကြားရာတွင်….
( ၁ ) ဒီမိုကရေစီခေါင်းဆောင်ဟုဆိုင်းဘုတ်ကိုင်ကာကြိုဆိုသည့်ကိစ္စကို မည်သို့သဘောထားပါသလဲဟု မေးမြန်းချက်ကို ကိုမိုးသီးဇွန်က ပြည်သူများ၏သဘောကို အလေးထားရမည်ဟုဖြေကြားခဲ့ပါသည်။နောက်သတင်းထောက်တစ်ဦးမှ ထိုလူအစုအဖွဲမှာ ပြည်သူ အားလုံးကိုကိုယ်စားမပြုကြောင်း မေးမြန်းရာ ကိုမိုးသီးမှ ထိုသူတို့၏ဆန္ဒကိုအလေးထားရမှာ ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။
မြောက်ပိုင်းကိစ္စနှင့်ပတ်သက်ပြီး မြောက်ပိုင်းပြန်များမှ မီဒီယာကိုရှေ့ထားကာ ၃ပွင့်ဆိုင် ရှင်းလင်းရန် ပြောကြားထားမှုကိုမည်သို့သဘောထားပါသလဲဟု သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ကိုမိုးသီးဇွန် မှ ရှင်းလင်းရန်မရှိကြောင်း ဖြေကြားပါသည်။ သို့သော်
ထိုကိစ္စနှင့်ပတ်သက်ပြီး မြောက်ပိုင်းကိစ္စအတွက် ဂုဏ်ပြုပွဲ အကြီးကြီးတစ်ခု ပြုလုပ်ပေးမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး သတင်းထောက်အချို့မှ ရှေ့နောက်မညီသောကြောင့် ဘာကိုနားလည်ရမှန်း မသိကြောင်း ပြောကြားခဲ့ကြပါသည်။
မြောက်ပိုင်းကိစ္စနှင့်ပတ်သက်ပြီး ရှင်းလင်းပွဲတစ်ခု သီးခြား လုပ်သွားရန် အစီအစဉ်ရှိမရှိ မေးမြန်းရာ မရှိကြောင်း ကိုကိုလေးမှ ဖြေကြားခဲ့ပါသည်။

( ၂ ) ကိုမိုးဟိန်းမှမြန်မာပြည်အတွက် အလုပ်လုပ်လိုလျှင် ပါတီထောင်ပြီးလုပ်ရမှာ ဖြစ်သောကြောင့် ပါတီထောင်ရန်အစီအစဉ်ရှိမရှိမေးမြန်းရာ ကိုမိုးသီးက မရှိကြောင်းဖြေကြားခဲ့ ပါသည်။ကိုမိုးသီး၏ ပဏာမ ပြောကြားချက်တွင်လည်း မိမိနှင့်ကိုထွန်းအောင်ကျော်မှာ အမေရိကန်နိုင်ငံသားဖြစ်နေသည့်အတွက် မြန်မာ့နိုင်ငံရေးအ၀န်းအ၀ိုင်း၏ ဘေးသို့ရောက်နေကြောင်း သမတကြီးမှ မိမိတို့အား လုပ်ကိုင်နိုင်ရန် အခွင့်အရေးပေးလျှင်
လုပ်လိုကြောင်းပြောကြားခဲ့ပါသည်။

( ၃ ) ကိုထွန်းအောင်ကျော်နှင့် ကိုမိုးသီးတို့အား မျက်ကွယ်သေဒဏ်ပေးထားခြင်း အပေါ်
ပယ်ဖျက်ပေးရန် တောင်းဆိုခြင်း ပြုမည်လား ဟုမေးမြန်းချက်ကို ကိုထွန်းအောင်ကျော်မှ တောင်းဆိုခြင်းမပြုလုပ်ပါ ဟုဖြေကြားခဲ့ပါသည်။ မြောက်ပိုင်းကိစ္စနှင့်ပတ်သက်ပြီး မိမိသည်
ပြည်ပတွင်ရှိစဉ်ကတည်းက အမှုမှန်ပေါ်ပေါက်ရေးအတွက် ကာယကံရှင်များနှင့်အတူ ရပ်တည်ခဲ့ပါကြောင်း၊ ယ္ခုပြည်တွင်းသို့ရောက်ရှိ ပြီး နောက် ကာယကံရှင်များနှင့် တွေ့ဆုံသွားရန်ရှိကြောင်း ပြောကြားခဲ့ပါသည်။

( ၄ ) ထူးခြားမှုတစ်ခုမှာ ထိုပွဲသို့ မြောက်ပိုင်းမှ ကာယကံရှင်ရဲဘော်တစ်ဦး ဖြစ်သော ကိုကျော်စွာဝင်းမောင် - ရင်း (၄၀၁) တက်ရောက်ပြီး မေးခွန်းအချို့မေးမြန်းရန်ကြိုးစား ခဲ့ပါသည်။ ( ၃ ) ဦး မြောက်ခန့်တွင်မေးမြန်းမည်ပြုရာ အစီအစဉ်မှူးက မီဒီယာများကိုသာ ဦးစားပေးရန်ပြောပြီး တန်းစီပါဟုပြောခဲ့ပါသည်။ တန်းစီဟုသာပြောရာ တန်းစီမေးမြန်းမှုမျိုး မရှိပါ။ ကြုံသလိုမေးမြန်းနေကြခြင်းသာရှိပါသည်။ နောက် ၃ ယောက်မြောက်လောက်တွင် ကိုကျော်စွာဝင်းမောင်က ထပ်မံမေးမြန်းမည်ပြုရာ မိုက်ကိုင်ထားပြီးဖြစ်သော်လည်း မီဒီယာ
များကိုသာ ဦးစားပေးပါ ဟု အစီအစဉ်မှူးမှ ထပ်မံပြောပြီး တန်းစီပါဟု ထပ်မံပြောဆိုပါသည်။
မီဒီယာသမား များမှ မေးခွင့်ပေးလိုက်ပါ….မေးခွင့်ပေးလိုက်ပါဟု ကျယ်လောင်စွာပြောကြား ခဲ့ သော်လည်း တန်းစီပါ….မီဒီယာကို ဦးစားပေးပါဟု ထပ်မံပြောဆိုခဲ့သည့် အတွက် ကိုကျော်စွာဝင်းမောင် နောက်ပြန်လှည့်ခဲ့ရပါသည်။
ကျနော်မှ အခြေအနေကိုသုံးသပ်မိပြီး မမေးနဲ့တော့ မပကိစ္စနဲ့ပတ်သက်ပြီး အကန့်အသတ်ရှိပုံရတယ်… မီဒီယာသမားတွေ ဒီကိစ္စမေးကြမှာ လို့ပြောနေစဉ် မီဒီယာသမား (၁၅) ဦးခန့် ပြေးလာကြပြီး ကိုကျော်စွာဝင်းမောင်ကို ဓာတ်ပုံရိုက်ခြင်း မေးမြန်းခြင်း ပြုလုပ်ကြပါသည်။ ခေတ္တခဏ ရုတ်ရုတ်သဲသဲဖြစ်သွားပါသည်။
ကိုကျော်စွာဝင်းမောင် နှင့် သူငယ်ချင်းများက ခန်းမအပြင်သို့ သွားနေရန် ပြုလုပ်နေစဉ်
ဇင်အောင်(ဗကသဟောင်း) ဆိုသူမှ ပွဲဖျက်ဘို့ လာတာလားဟု ၀င်ရောက်ပြောဆိုတာတွေ့ရပါတယ်။
ဒါဟာအဖြစ်အပျက်အမှန်တခုပါ။ မြောက်ပိုင်းပြန်တွေ မရိုင်းခဲ့ပါ….
မီဒီယာများမှမေးခွင့်ပေးလိုက်ပါ…မေးခွင့်ပေးလိုက်ပါဟု…ပြောစဉ်က မေးခွင့်ပေးလိုက်လျှင် ထိုအခြေအနေဖြစ်ပေါ်လာမည်မဟုတ်ပါ….မေးဘို့လာသူသည် ထို သူတစ်ယောက်သာ ရှိပါသည်။မဖြေချင်လျှင်လည်း မဖြေလို့ရပါသည်….သို့လောသို့လော မေးမြန်းမှုများရှိနေပါ
သောကြောင့် ရေးသားပေးလိုက်တာဖြစ်ပါတယ်။

မည်သူ့ကိုမှ အမုန်းတရားမရှိပါ…….






· · · Share · Delete

  • 5 shares
    • Nicky Shein
      လိပ်ပြာမလုံသူတွေဟာ၊ ဆင်ဖြူ့မျက်နှာ ဆင်မဲမကြည့်ဝံ့သကဲ့သို့ဖြစ်နေခြင်းပါ၊ မြောက်ပိုင်းကိစ္စနှင့် တိုက်ရိုက်သက်ဆိုင်သူ သူတို့အထဲတွင်တဦးမှမပါဝင်ပါ၊ သို့ရာတွင် မြောက်ပိုင်းတောင်ပိုင်းဖမ်းဆီးမှုများဆက်နွယ်နေခြင်းနှင့် တောင်ပိုင်းမှ ကိုဌေးနိုင်ကို
      သတ်ဖြတ်မှူ အဓိကတာဝန်ရှိသူ မိုးသီး အတွက် ဝိုင်းဝန်းကာ ကြိုတင်ကာကွယ်ကြခြင်းမှာ အဆိုပါအဖွဲ့ဝင်အားလုံး၏ အမှန်တရားမျက်ကွယ်မှုအဖြစ်၊ မှတ်တမ်းတင်ရမည်သာဖြစ်ပါသည်၊ တတိုင်းပြည်လုံးအရေး နင့်ဆိုင်သောကိစ္စရပ်များတွင် ယခုကဲ့သို့ ခေါင်းရှောင် လမ်းလွှဲလိုသူများအား မည်ကဲ့သု့် အားထားရပါမည်နည်း၊ ယ္ခုန လူမိုက်ဆန်ဆန် လုပ်သွားသူ ဇင်အောင် ဆိုသည့်ကောင်မှာ၊ မိုးသီး၏ ငယ်မွေးတပည့် တရပ်ကွက်ထဲနေ မုံ့ခင်းခါးရောင်းသည့်ကောင်ဖြစ်ပါသည်၊ ဗကသ ဟောင်း တခါမှ မဖြစ်ဘူးခဲ့ပဲ၊ လူ.ဘောင်သစ်ဟောင်းဖြစ်ပါသည်၊ အေးလွင်ထံ တပည့်ပြောင်းခံခဲ့ရာမှ နိုင်ငံရေးအပယ်ခံဘဝဖြင့် လူရာမဝင်ရှိနေသူသာပါ၊ လူ့ဘောင်သစ်တွင်တုံးကလဲ ထောက်လှမ်းရေးသတင်းပေးလုပ်ခဲ့သဖြင့် လူ့ဘောင်သစ်ပါတီဝင်အများသူ့ကြေင့်ဒုက္ခရောက်ခဲ့ကြဘူးပါသည်၊
    • Kyawnaing Oo ဇင် အောင် ဆို ရင် မြန် မာ့ လူ့ ဘောင် သစ် က ပါ
      Tuesday at 2:29pm · · 1
    • Nicky Shein ဟုတ်ပါတယ် ကိုကြောင်၊ အဲ့ဒါ ဒီတကောင်ထဲ ပါပဲ
      Wednesday at 5:40am · · 1

No comments:

Post a Comment