Friday, September 7, 2012

အံ့သြစရာတွေ များလို. မအံသြချင်တော့ပါ။

အံ့သြစရာတွေ များလို. မအံသြချင်တော့ပါ။

ABSDF မြောက်ပိုင်းကျောင်းသားတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ လူသတ်မှု ရာဇ၀တ်မှု
ကြီးနှင့် ပတ်သက်ပြီး--- မြန်မာ့နိုင်ငံရေးမှာ လူသိများတဲ့ အရှိန်အ၀ါနဲ.သြဇာရှိတဲ့သူတွေက ထွက်ဖော်ပြောဆိုတာမျိုး မရှိပဲ ရေငုံနှုတ်ပိတ်ပြီး မသိကျိုးကျွံပြူတဲ့ပါတီတွေ အဖွဲ.အစည်းတွေ လူပုဂ္ဂိုလ်တွေ သမဂ္ဂတွေ အသင်းအဖွဲ.တွေ အများကြီးပါ။ ။

ဒီလူတွေဟာ ပုံမှန်အားဖြင့် ညောင်ဦးမှာ မြစ်ကမ်းပါး ပြိုရင်တော့ မြေပြိုကျရင်တော့ ကောက်ချက်တွေ မှတ်ချက်တွေ သုံးသပ်ချက်တွေ အမြင်တွေ ယူဆချက်တွေ ထင်မြင်ချက်တွေ ပေးတတ်သူတွေပါ။ ။

They are very opinionated people; willing to and enjoying to make comments, and opinion and conclusion on any issues, but they are muted on ABSDF Massacres in Northern Branch.

ဒါပေမယ့် နိုင်အောင်တို. မီုးသီးတို. ကျောင်းသားအချင်းချင်း ခွပ်ဒေါင်း အချင်းချင်း ချနှင်းပြီး သွေးစွန်းခဲ့တဲ့ သမိုင်းမဲ ကိစ္စကျတော့ ဘယ်ကောင်မှ ဖွင့်ဟပြီး အမှန်တရားဖက်က ဆိုတဲ့ အမြင် တရားဥပဒေစိုးမိုးရေး အခြေခံနဲ. ပြောဆိုပြီး ရပ်တည်တာ မတွေ.ရပါ။ အံသြဖို. ကောင်းလိုက်တာ။

ဒါကြောင့်လည်း သူတို.ရဲ့ အမှန်တရားတို. တရားဥပဒေ စိုးမိုးရေးဆိုတာက---- သူ.လူ ကိုယ်လူ-- သူ.ဖက် ကိုယ်ဖက်--- သူ.အုပ်စု ကိုယ်အုပ်စု-- ဆိုတဲ့ အဖွဲ.စွဲ ၀ါဒစွဲ အုပ်စုစွဲ ဘက်လိုက်ပြီး Partisan နဲ.ပဲ ရပ်တည်ကျ ပြောကျ ဆိုကျ တတ်ပါလားလို. အံ့သြရပြန်တာပါ။

ABSDF မြောက်ပိုင်း လုပ်ကြံသတ်ဖြတ်မှု ညှင်းပမ်းနှိပ်စပ်မှုကနေ လွတ်မြောက်လာပြီး အသက်မသေပဲ လွတ်မြောက်လာသူတွေက အဲဒီအတွက် တရားဥပဒေအရ နစ်နှာမှုတွေ ဖော်ထုတ်ဖို. အမှန်တရားအတွက် ဥပဒေကြောင်းအရ အကာအကွယ်ယူဖို. လုပ်ဆောင်ချက်တွေ ပြည်တွင်းမှာ ဖြစ်နေသော်လည်း အဲဒီ ဆရားကြီးဆိုသူ အကောင်ကြီးကြီး အမည်းရှည်ရှည် အသံကျယ်ကျယ်တွေဟာ လူသိရှင်ကြား ရပ်တည်ပြောဆိုတာ ထောက်ခံအားပေးတာ နစ်နှာသူ ကာယကံရှင်တွေ Victims တွေဖက်က ရပ်တည်ပေးတာ မမြင်ရ မကြားရပါ။

သို.သော် အခု ပြည်တော်ပြန် ခွပ်ဒေါင်းသား စားတဲ့ ခွပ်ဒေါင်းရောင် ဆောင်တဲ့ ဠင်းတတွေဖြစ်တဲ့ နိုင်အောင်တို. မိုးသီးဇွန်းတို.ကိုကျတော့ နိုင်ငံရေးဆရာကြီးတွေ နိုင်ငံရေး ပရောဟိတ်တွေ အသင်းတွေ သမဂ္ဂတွေ ပါတီကြီးတွေက ခေါင်းဆောင်တွေဟာ သွေးစွန်းနေတဲ့ အထူးသဖြင့် ခွပ်ဒေါင်းသွေးစွန်းနေတဲ့ လက်တွေ သွေးအညှီအနံ.မကင်းသေး မပျောက်သေးတဲ့ လက်တွေကိုကျတော့ လက်ဆွဲ နှုတ်ဆက်တာ အတူတူ တွဲပြီး ဓာတ်ပုံရိုက်တာတွေ မြင်နေရ တွေ.နေရ ကြားနေရတော့---

အော် ဒါလားဟဲ့ အမှန်တရား အော် ဒါလားဟဲ့ တရားဥပဒေ စိုးမိုးရေး ဒါလားဟဲ့ နစ်နာခံ ခံရသူ မျက်နှာငယ်ရသူတွေဖက်က ရပ်တည်ချင်သူတွေဆိုတာ--- မေးစရာ အတွေးကမ္ဘာ ဖြစ်ခဲ့ရလို. အံ့သြရပြန်ပါသည်။

အံ့သြစရာတွေ များလို. မအံသြချင်တော့ပါ။ အမှန်တရားဆိုတာတောင် မေးခွန်း ထုတ်ရတော့မလို။

သွေးစွန်းနေတဲ့သူတွေကို လက်ဆွဲ နှုတ်ဆက်နိုင်တယ် အတူတူ ဓာတ်ပုံတွဲပြီး အရိုက်ခံနိုင်တယ်ဆို
ရင်---ဘာကြောင့် မြောက်ပိုင်းကျောင်းသား လူသတ်မှုမှာ အနှိပ်စက်ခံရသူတွေအတွက် မပြောရဲ မရပ်တည်ရဲ မအားပေးရဲတာလည်း--- မေးရမည်။ ဖြစ်ပါသည်။
  • Udp Myanmar ဖေ့စ်ဘွတ်မှကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment