Saturday, September 8, 2012

ဥပက္ခာပြုခံလိုက်ရတဲ့ စာတစောင် ။

ဥပက္ခာပြုခံလိုက်ရတဲ့ စာတစောင် ။

by Htay Tint on Friday, January 27, 2012 at 5:48pm ·
နံပါတ် ၁၂၇ ပြန်လည်စစ်ဆေးစေလိုပါတယ်။‏

2/22/2010  ( ဖေဖေါ်ဝါရီလ ၂၂ ၂၀၁၀ )
 htay sukmai
To dawngwin@cslxoinfo.com


သို့

စစ်ရေးချုပ်
(စစ်ရုံးချုပ်)
(ကျောင်းသားတပ်မတော်)

လေးစားစွာ အကြောင်းကြားပါသည်။
http://www.absdf888 8.org/wp- content/uploads/ 2008/09/death. pdf  တွင်
နံပါတ် ၁၂၇ မှာရှိသော ကိုဌေးနိုင် ၂၁၄ သဲသာထ ကိုယ်ကိုကိုယ် သတ်သေ ဟုဖေါ်ပြထားပါသည်။
ဖေါ်ပြပေးတာကိုကျေးဇူးတင်ပါတယ်။
သေခဲ့တဲ့ ရက်စွဲ လ ခုနှစ် မရှိပါ။
မျက်မြင်သက်သေများအရ ဆိုလျှင်
မျက်မြင်သက်သေများ အမည် စာရင်းလိုချင်ပါသည်။
ကိုယ်ကိုကိုယ် သတ်သေ ရတဲ့အထိ ဖြစ်ခဲ့ရတဲ့
အခြေအနေ တခုလုံးကိုသိချင်ပါတယ်။
ထိုတပ်ဖွဲ့ ဝင် စာရင်းများ လိုချင်ပါသည်။

ကျွန်တော် လူတယောက် သမိုင်းတခုရဲ့ ဖြစ်ရပ်မှန်ကို
နောက် လူငယ်များသိစေရန်ရည်ရွယ်ပါသည်။

ကျွန်တော် အဖွဲ့ အစည်းတွေ ထဲဝင်ရင်
ထောက်လှန်းရေးထင်ပြီး အသတ်ခံရတာဟု ကြားဘူးပါတယ်။

အခြေအနေဖြစ်ရပ်မှန်ကို မသိခဲ့ပါ။
၂၀၁၀ မှ ကိုသန်းဝင်းနဲ့ အခြားစာများ အရ သိရပါတယ်။

တပ်ဖွဲ့ တခု၏ ဖမ်းဆီးမှုအောက်တွင်ဖြစ်ပွားခဲ့ပါတယ်။
လူတယောက်ကို လုပ်ကြံပြီး နှိပ်စက်တာ တော့ မဖြစ်သင့်တဲ့ သမိုင်းပါ။

အစစ အရာရာ သက်သေများ ခိုင်လုံအောင် ရှာနေပါတယ်။
ပြည့်စုံရင် တရားစွဲတော့မှာပါ။
ဒီကာလ တခုအတွင်း မှာ
နံပါတ် ၁၂၇ မှာရှိသော ကိုဌေးနိုင် ၂၁၄ သဲသာထ ကိုယ်ကိုကိုယ် သတ်သေ
ဟုဖေါ်ပြထားချက်ကို တခုခု ဖြစ်စေချင်ပါသည်။
အရာရာကို ပေးဆပ်နေဆဲ တိုက်ပွဲ ဝင်နေဆဲ တပ်ဖွဲ့ ဝင်များကို မထိခိုက်စေချင်ပါဘူး
ကျောင်းသားတပ်မတော် အနေဖြင့်

ကိုဌေးနိုင်နှင့် ပါတ်သက်ပြီး ပြန်လည်စစ်ဆေးစေလိုပါတယ်။
ဖြစ်နိုင် လျှင် အများသိ အောင် ဖြန့် ဝေပေးပါ။
ကျောင်းသားတပ်မတော် ကို နိုင်ငံတကာ ပိုသိပြီး ယုံကြည်မှု တိုးတက်စေရန်ဖြစ်ပါတယ်။
သက်သေခံချက် အသံ
http://tayzathura.blogspot.com/2010/02/blog-post_8068.html

တရားတဲ့ တိုက်ပွဲတိုင်း နိုင်ရမယ်
လေးစားစွာဖြင့်
ဌေးတင့်
ဌေးနိုင် အကို


· · Share

  • 52 shares
    • Kyaw Thurain Pyone မှန်ပါတယ်ကိုယ်တိုင် သတ်သေဆိုရုံနဲ.မလုံလောက်ပါ တိတိကျကျ ဖော်ပြပေးပါ ကိုယ်ကျိုးစွန်.ပြီး တိုက်ပွဲဝင်နေသူချင်း စာနာပြီးသေသူမိ သားစုစိတ်ချမ်းသာ အောင်ပြည်.စုံ စွာဖော်ပြပေးပါအရင်ကကျောင်းသားတပ်မတော်ဆိုရင် အရမ်းလေးစားခဲ. တာပါပြည် သူတွေရဲ. အမုန်းကိုမလိုချင်ဘူးဆိုရင် စစ်ဦးစီးချူပ်အနေနဲ. တာဝန် ယူဖြေရှင်းပေးပါလို.တိုက်တွန်းပါရစေဗျာ
      January 28 at 2:39am · · 1
    • ဘရာဇီး ငှက်ရိုး ကျောင်းသားတပ်မတော်ရဲ့ မူဝါဒ၊ သဘောထား၊ ရပ်တည်ချက် ဘယ်အပိုင်းမှာမှ လူသတ်ဝါဒ မပါဝင်ပါဘူး... လူတဦးချင်း (သို့)လူတစုရဲ့ ဆုံးဖြတ်ချက်၊ ရက်စက်မှု၊ မတရားမှုပါ... မဂဒတရဲ့ အလံတော်အောက်မှာ မသမာသူ လူတစုကို ဆွဲထုတ်ပေးပါ့မယ်... ကျောင်းသားတပ်မတော်ရဲ့ အရိပ်ကို ခိုပြီး လုပ်ဆောင်သွားသူတစုပါ... ကျောင်းသားတပ်မတော်ရဲ့ ပုံရိပ်နဲ့ မဆိုင်ပါ...
      4 hours ago · · 1

No comments:

Post a Comment