အင်တာဗျူးတွေ လျှောက်ဖတ်မိတော့ မျက်စိထဲ ဝင်လာတဲ့ စာတပိုဒ်ကတော့..
... "အရင်က ထောက်လှန်ရေးတွေကိုလည်း သားသမီးချင်းစာနာတဲ့စိတ်နဲ့ ဝင်ကူညီပေးကြပါ။ ဘာလို့လဲဆိုတော့ မဟုတ်ပဲနဲ့ စွပ်စွဲခံရတဲ့ တစ်ဖက်ကလည်း အဖွဲ့အစည်းအနေနဲ့ မှားသွားတဲ့ ဟာမျိုး ရှိမယ်။ ကျွန်တော်တို့ ဗဟိုအနေနဲ့ မဟုတ်သော်ငြားလည်း တောင်းပန်ရမယ့် အနေ အထားပါ။ အဲလိုဟာမျိုးကို ပြောချင်တယ်။ ဒါကို လုပ်ဆောင်ခဲ့တဲ့ ထောက်လှန်းရေးတွေ အနေနဲ့ကလည်း ဝိုင်းကြူ

ပီးတော့ ပူးပေါင်းပါဝင်စေချင်ပါတယ်။" ဆိုတဲ့ စာပိုဒ်လးပါ။
၂၀၁၂ စက်တင်ဘာ ၆ ရက်နေ့က မြစ်မခနဲ့ အင်တာဗျူးမှာ ဒေါက်တာနိုင်အောင် ပြောသွားခဲ့တာ ဖြစ်ပါတယ်။
ကျွန်တော် ဆက်တွေးနေမိတယ်။ သူ့ဆိုလိုရင်းက ရှုပ်နေတယ်။ တောင်းပန်းမယ်လည်းဆိုတယ်။ ဒါကို လုပ်ခဲ့တဲ့ ထောက်လှမ်းရေး အနေနဲ့လည်း ဝိုင်းကူပြီးတော့ ပူးပေါင်းပါဝင်စေချင်တယ်။" ဆိုတော့ ... သူတို့ သတ်ခဲ့တာကို မှားတယ်လို့ တောင်းပန်မယ်။ ဒါပေမယ့် ဒီ အသတ်ခံ၊ အဖမ်းခံ၊ အနှိပ်စက်ခံရသူတွေဟာ ထောက်လှမ်းရေးတွေ ဖြစ်ပါတယ်ဆိုပြီး ... သေသွားခဲ့သူတွေရဲ့ အရိုးကို တံထွေး ထပ်ဆွတ်လိုက်သလိုပါပဲ။ "မင်းတို့ သူလျှိုတွေမို့လို့ ငါတို့ သတ်ခဲ့တာပဲ။ ထောက်လှမ်းရေးတွေ သက်သေရှိတယ်ဆိုတဲ့ သဘောပေါ့။ မင်းတို့ အခု လွတ်လာခဲ့သူတွေလည်း ထောက်လှမ်းရေးတွေပဲ .. လို့ တိုက်ရိုက် ထပ်မံ စွပ်စွဲလိုက်တယ်လို့ သူပြောတာကို ဖတ်ရင်း ကျွန်တော် ခံစားမိတယ်။
ကဲ ..
ပါဂျောင် ရှင်းတမ်း ထုတ်သူတွေ .. ထောက်လှမ်းရေးတွေ ဟုတ်၊ မဟုတ် ..
သေသွားသူတွေဟာ ထောက်လှမ်းရေး ဟုတ်၊ မဟုတ် ...
ဒေါက်တာနိုင်အောင်ကတော့ .. ထောက်လှမ်းရေးတွေ သက်သေရှိပါသတဲ့။

- Chan Nyein Moe ဟုတ်တယ် ကိုထိုက်၊ ကိုယ် အဲဒီဗျူး ဖတ်ပီးကတည်းက အတွင်းကျကျထဲက တုံ့ ပြန်မှုမျှော်နေတာ၊ ဘာလို့  မထွက်လာတာလဲ ၊ ထပ် စော်ကားထားတာကြီးကို ငြိမ်နေတာ မဖြစ်သင့်ဖူး။about an hour ago via mobile ·
- Don Steve Evergreen ငါမြင်တာတော့ ABSDF ရောက်သွားပြီး အသတ်ခံရတာကို ပြန်ပြီး အစဖော်တယ်ဆိုတာက ကရင် သူပုန်ထဲရောက်သွားပြီးမှ အနိုင်ကျင့်ခံရလို့ ပြည်မဖက် ပြန်လာပြီး တရား စွဲသလို ဖြစ်နေတယ်။ ABSDF ဆိုတာ လက်နက်ကိုင်တပ်ဖွဲ့။ အဲဒီထဲ ဝင်ပြီးမှတော့ သေမှာလဲ မကြောက်နဲ့တော့။ ဒီလိုပဲ ရှင်းနေ ကြတာပဲ။
- Chan Nyein Moe ဒါ သာမန် လက်နက်ကိုင်တော်လှန်ရေးထဲက လူသတ်မှု မဟုတ်ဖူး ၊about an hour ago via mobile ·
- Aye Aye Soe Win he made me puke....
- Nang Aung Htwe Kyi မှန်တယ်ထင်ရင် တရားရုံးမှာရင်ဆိုင်တော့လေ.
. နှစ်ဘက်ရှေ့နေနဲ့ ခြေပ ပေါ့ .. - Nang Aung Htwe Kyi ဘယ်ကရဲဘော်လဲ
သူ့မယုံရ ကိုယ့်မယုံရ
သံသယတွေပိုကဲ
ဟိုတစ သည်တစပြိုကွဲ
ဘယ်ကရဲဘော်ဖြစ်မှာလဲ။
တီးတိုးတီးတိုး
သဖန်းပိုး
ကွယ်ရာတမျိုး ရှေ့တမျိုး
ခြေထိုးမတော် ချော်လို့လဲ
ဘယ်ကရဲဘော် ဖြစ်မှာလဲ။
နေရာပိုင်မှု အပြိုင်လု
လူထုအတွက် ပြည်သူ့အတွက်တဲ့
အရှက်ကနည်း၊ သွေးကခွဲ
ဘယ်ကရဲဘော် ဖြစ်မှာလဲ။
ခြေပုန်းခုတ်လို့ ဂုတ်ပေါ်တက်
မျက်နှာနှစ်ဖက် လျှာနှစ်ခွ
နှစ်ဖက်လွှနဲ့ သတ်လျှိုခွဲ
ဘယ်ကရဲဘော် ဖြစ်မှာလဲ။
ဘယ်ကရဲဘော်လဲ..........
တင်မိုး
၁၆.၃.၂၀၀၀
(ကြာသာပတေး ညနေခင်း)
ဆရာ့ကဗျာတွေကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ဝေဖြန်ချိလိုက်တဲ့ ခွပ်ဒေါင်းအလံတော်ခေါ်ရာသို့လွတ်မြောက်ရေးကဗျာများ စာအုပ်ထဲကဖြစ်ပါတယ်.. 49 minutes ago · · 1 - Min Thu Ko Sရှက်မှမရှိတာဗျာ......ဒါနဲ
့များ ခေါင်းဆောင်လို့ အူချင်နေသေးတယ်။ထွီ..
No comments:
Post a Comment