Friday, September 7, 2012

နမူနာဆိုး အမွေမပေးကြပါနဲ့ 

နမူနာဆိုး အမွေမပေးကြပါနဲ့ 

by Htay Tint on Friday, September 7, 2012 at 11:23pm ·
နိုင်အောင်က မြန်မာပြည်ရောက်ရောက်ခြင်း
ပြည်တွင်းက ဒီမိုကရေစီ လှုပ်ရှားနေသူများ မီဒီယာသမားများ
နားရွတ်ကို တံထွေးစွတ်ထားပါသည် ။

မြောက်ပိုင်းကျောင်းသားများ အသတ်ခံရတဲ့ အမှု ဖြစ်ပါတယ် ။

မြန်မာပြည်မှာ ဒီမိုကရေစီနဲ့  လူ့ အခွင့်အရေး ထွန်းကားတဲ့ နိုင်ငံကြီးဖြစ်ဖို့ 
ကျောင်းသား လူထုထဲက အတိုက်အခံ အုပ်စုကြီး ၂ စုရှိနေပါတယ် ။

လက်နက်ကိုင်တော်လှန်ရေးနဲ့  ပြောင်းလဲတဲ့အဖွဲ့ ရယ် ။
အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ပြောင်းလဲတဲ့ အဖွဲ့ တွေဖြစ်ပါတယ် ။


ဒီအဖွဲ့ တွေထဲမှာ မြောက်များလှစွာသော ပြဿနာတွေ ရှိနေပါတယ် ။
ဒီမိုကရေစီ ကျင့်စဉ် အတွေးအခေါ်တွေနဲ့ 
လူထုကို နမူနာအဖြစ် ရှင်းလင်းကြရပါမယ် ။
ဒီမိုကရေစီ အုပ်စုတွေက
မိမိတို့ အဖွဲ့ တွင်းက လူထုသိသင့်တဲ့ ပြသနာတွေကို
ချမပြခြင်းဟာ လူထုကို စော်ကားတာဖြစ်ပါတယ် ။

အထူးသဖြင့် ရာဇဝတ်မြောက်တဲ့ မြောက်ပိုင်း တောင်ပိုင်း
လူသတ်မှုများနဲ့ ပါတ်သက်သည်များကို
ထိန်ချန် လိမ်လည်နေသူများကို
ဒီမိုကရေစီနဲ့  လူ့ အခွင့်အရေး
တိုင်းပြည် ပြန်လည် ထွန်းကားနေလိုသူတွေ
ကိုယ်တိုင်လိမ်ညာလှည်းဖျားနေခြင်းဟာ
ပြည်တွင်းက အုပ်ချုပ်သူများကို
နမူနာသင်ပေးနေသလို ဖြစ်တယ်လို သတိပေးလိုပါတယ် ။

မြောက်ပိုင်းနဲ့  တောင်ပိုင်း ကျောင်းသားတွေ အသတ်ခံခဲ့ ရတာဟာ
ရာဇဝတ်မှုမြောက်ပါတယ် ။
ရာဇဝတ်သားတွေ တည်ဆောက်မဲ့  ဒီမိုကရေစီနဲ့  လူ့ အခွင့်အရေး
တိုင်းပြည်မှာ လူတွေ ဘယ်လို အသက်ရှင် ရပ်တည်ကြမလဲ ။

တချိန်က ဗကပမှာ ဆိုးဆိုးဝါးဝါး လူ့ အခွင့်အရေးထက်ဆိုးတဲ့
သားက အဖေလည်မြိုကို တုတ်နဲ့ ရိုက်သတ်တာတွေကို
အစိုးရအနေနဲ့  ဥပဒေအရ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ 
ပျက်ကွက်ခဲ့တယ် ။

စားပွဲပေါ်မှာ ပြသနာဖြေရှင်းတဲ့ နည်း မသင်ကြရဖူး ။
ယနေ့ တိုင်းပြည်မှာ ယနေ့ အချိန်အထိ စစ်ဖြစ်နေတယ် ။
နယ်စပ်ဒေသတွေမှာ လူတွေသတ်ခဲ့တယ် ။
သတ်နေဆဲလည်းဖြစ်တယ် ။
ပြည်တွင်းမှာ လူသတ်မှုတွေ ဖြစ်နေတယ် ။
· · Share

No comments:

Post a Comment