မြောက်ပိုင်း ကိစ္စအတွက် အေဘီအက်စ်ဒီအက်ဖ် က တောင်းပန်စာထုတ်ပါပြီ။
တောင်ပိုင်း ကိစ္စတွေ ကျန်ပါသေးတယ်။
တောင်ပိုင်းမှာ ကျနော်တင်ပြခဲ့တဲ့ သတ်ဖြတ်မှုတွေ
ထောက်လှန်းရေးလို့ စွပ်စွဲပြီး ဖမ်းဆီးနှိပ်စက်ခံခဲ့ရတဲ့ ငါးဦး
၁။ ကိုစိုးလင်း(အာရ်အိုင်တီကျေုာင်းသား၊ မန္တလေး အနကလ)
၂။ ဆရာကိုနေ၀င်းအောင်( ရန်ကုန် လုပ်သားကောလိပ် မြန်မာစာဌာန နည်းပြ)
၃။ ကိုထင်ကျော်(တပ်မတော်သားဟောင်း၊ အေဘီအက်စ်ဒီအက်ဖ်မှာ တပ်ခွဲမှူးတာဝန်ယူ တိုက်ပွဲများစွာ တိုက်ခဲ့၊ ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် ကိုယ်အင်္ဂါချွတ်ယွင်းခဲ့သူ)
၎။ ကိုမြင့်ဦး (မုဒုံဘက်ကလို့သိရပါတယ်။ မြန်မာစာရေး၊ စာဖတ်တောင် မတတ်တဲ့
သာမန်အရပ်သားလူငယ်လေးပါ။ ထောက်လှန်းရေးတယောက် စာမတတ်တာ ဖြစ်နိုင်၊
မဖြစ်နိုင် မဆင်ခြင်ဘဲ ဖမ်းခဲ့တာတွေ ရှိပါတယ်။
၅။ မမီမီခိုင်( NLD လူငယ်မှ၊ ဖမ်းဆီးခံရစဉ်မှာ ညှင်းပမ်းနှိပ်စက် မုဒိန်းကျင့်ခံခဲ့ရခြင်းကြောင့် မမီမီခိုင် စိတ်ဝေဒနာပြင်းထန်စွာ ခံစားနေရပါတယ်။ ယခု အမေရိကားမှာ ဘယ်ရောက်လို့ရောက်နေမှန်းမသိလို့ သိရပါတယ်)
ဒီလူတွေအားလုံး ဒေါက်တာနိုင်အောင်ဘက်အခြမ်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး၊
ကိုမိုးသီးဇွန်ဘက် အခြမ်းမှာ ကိုဌေးနိုင်ကတော့ ဖမ်းဆီးညှင်းပမ်းသေဆုံးခဲ့ရပါတယ်။
ဒီကိစ္စတွေကို စုံစမ်းဖေါ်ထုတ်ဖြေရှင်းဖို့ လိုပါဦးမယ်။
ချိုတူးဇော်
No comments:
Post a Comment