Wednesday, January 30, 2013

မပြောချင်တာတွေကို ပြောရတောမယ်။

by Min Tharr on Wednesday, January 16, 2013 at 12:15pm ·
ကျနော် status တစ်ခုမှာ ရေးခဲ့ဖူးတယ်။ အတိုက်အခိုက်တွေ အငြင်းအခုန်တွေ မလုပ်ချင်တော့ဘူးလို.ဆိုပြီးတော့။ ဒါပေမယ့် အခုကျနော်တို.ကို လက်သီးပုန်းထိုးနေတာတွေ ဖြစ်လာနေတယ်။ ဗြောင်ကြေငြာပြီးတော့လဲ မပြောရဲကြဘူး။ အဲဒီသူကတော့ Nang Aung Htwe Kyi ပါပဲ။ သူတို.ရဲ. လှို.၀ှက်ဖွဲ.ထားတဲ့ အုပ်စုထဲမှာပြောနေကြတယ်။ ကျနော် သူရေးတဲ့ ကွန်မင့်တွေရထားတယ်။ အဲဒါကတော့

Nang Aung Htwe Kyi : အင်းးး အေးစိုးဝင်းနဲ့ မင်းသား( မိုးကျော်) က
မိုးသီးလူမို့ နိုင်အောင်ကို အသေ လိုက်ဖဲ့နေတာ။ မြောက်ပိုင်းကေ့စ် ကို ခုတုန်းလုပ်ပြီး လိုက်ဖဲ့နေတာ ။
ခုထက်ထိ ရော်နယ်အောင်နိုင် ကို စိတ်ဝင်တစားမရှိဘူးဖြစ်နေတာကိုး။ DNA က ၁၂ ရက် မတိုင်ခင် မြောက်ပိုင်းကိုရောက်မလာဘူးလို့ သေဒဏ်ချသူထဲမှာပါသူတဦး ပြောထားတာရှိတယ်။ ကျော်ကျော် ကိုဘာမှာလိုက်လည်းတော့မသိဘူး။ ကဲ ..ဒီအဖွဲ့ထဲမှာ ဘယ်သူ DNA ကို ၁၅ ဦး မသတ်ခင်လာတာတွေ့သလဲ ။ အတိအကျပြောရမယ်။ အထောက်အထားခိုင်လုံမှု့ ရှိရမယ်။ ယောင်ဝါးဝါး လုပ်လို့ မ၇ဘူး။ ဒါ တရားဥပဒေ ။

ကဲ အထက်က စကား ကို တချက်စီ သုံးသပ်ကြည်.ပါဦး။ (သူတို. ဖွဲ.ထားတဲ. အဖွဲ.လေးမှာ သူ. လူတွေကြား ပြောခဲ.တာဖြစ်ပါတယ်။  နန်းအောင်ထွေးကြည်ဟာ သတ္တိမရှိ၊ ပိုက်ဆံပေးလူမွေး တဲ. အလုပ်ပဲ လုပ်တတ်တာကြောင်.၊ အထက်က စကားကို လူသူရှေ.မှာ ထုတ် ပြောဆိုနိုင်စွမ်းမရှိပါဘူး။ ) ဒီတော. ကျနော် က စဉ်းစားတယ်။
မနန်းအောင်ထွေူကြည်ဟာ ခု ဒေါက်တာ နိုင်အောင် အတွက် လော်ဘီ လုပ်ပေးနေတာလားလို.
သံသယဖြစ်မိပါတယ်။

ကျနော်တို. မြောက်ပိုင်းကိစ္စကို ၀င်ဆွေးနွေးနေခဲ့တာ ဘယ်သူ.ကြောင့် ဘယ်ဝါကြောုင့်မှ မဟုတ်ဘူး။ ကိုယ့်ခံယူချက်။ ယုံကြည်ချက်ကြောင့် တိုက်ပွဲဝင်ပေးခဲ့တယ်။ လုပ်ရပ်မှားနေတယ်၊ လမ်းကြောင်းလွဲနေလို. ထောက်ပြပေးခဲ့တယ်။ အဲဒီကွန်မင့်အပြင် ပိုမိုက်ရိုင်းတဲ့ ကွန်မင့်တွေလဲ သိထားတယ်။ အဲဒီအပြင် ကွယ်ရာမှာ မိုက်ရိုင်းစွာပြောနေတာတွေ သိလိုက်ရတော့ တော်တော်စိတ်မကေါင်းဖြစ်မိတယ်၊ ဒါအပြင် သတင်းတစ်ခုကလဲ ရှိသေးတယ်။ တော်တော် အောက်တန်းကျတယ်လို. ပြောရမယ်။

အဲဒါက သူတို.ရဲ. ၅ ရက်နေ.က သတင်းစာရှင်းလင်းပွဲမှာ ခင်ချိုဦးကိစ္စနဲ့ပတ်သက်ပြီး သူပြောခဲ့တဲ့ RFA အင်တာဗျူးပြောပြချက်နဲ.လူသတ်ပွဲကို  ကိုယ်တိုင်သွားရောက်ကြည့်ခဲ့တဲ့ ခင်ရွှေလှိုင်ပြောဆိုချက်တို.ရဲ. ကွဲလွဲမှုကို နန်းအောင်ထွေးကြည်ကို  မေးခွန်းတစ်ခွန်း  မေးမြန်းခဲ့တဲ့ အမျိုးသမီးလေးကို နောက်ပိုင်း အကေါက်ကြံဖို. ကြံစည်တယ်ဆိုတာကို ကျနော့်ကို ယုံကြည်ရတဲ့ မိတ်ဆွေတွေက ပြောပြကြတယ်။

အဲဒီတော့ ကျနော့်ဖက်ကလဲ တုန်.ပြန်မှု.ပြုလုပ်ရပါတော့မယ်။ အဲဒီအတွက် မကြာခင်မှာပဲ သမိုင်းမှန်ကို စစ်မှန်တိကျမှန်ကန်တဲ့ အချက်များနဲ. ဖေါ်ထုတ်မယ်ဆိုတဲ့ နန်းအောင်ထွေးကြည်ရဲ. လှည့်ပတ်လိမ်ကေါက်သော လုပ်ဆောင်ချက်များနှင့်တကွ အရှုပ်တော်ပုံ ကလိမ်ကကျစ် စကားကုလားဖန်ထိုးတဲ့ အချက်များကို မြိုင်ဆိုင်စွာဖတ်ရှု.ရမည်ဖြစ်ကြောင်း သတင်းကေါင်းပါးအပ်ပါသည်ခင်ဗျား။
14Like · · ·
  • Smile Pyone နားမလည်တော့ဘူးငါတို့က စာနာ သနားစိတ်၊အမှန်တရား ကိုချစ်မြတ်နိုးတဲ့စိတ်။ ညှင်းပန်းနှိပ်စက်တာကို ကန့်ကွက်ရှုံချတဲ့စိတ် အဲ့ဒီလိုစိတ်တွေနဲ့ မြောက်ပိုင်းကိစ္စ မှာ ၀င်ရပ်ခဲ့တာပါ
  • Min Tharr ဟုတ်တယ် ကိုပြုံး ကျနော်တို. ဒီကိစ္စကို တိုက်ပွဲဝင်ခဲ့တာ မိုးသီးကြောင့် နိုင်အောင်ကြောင့်မဟုတ်ဘူး။ အမှန်တရားကို ချစ်မြတ်နိုးလို. တိုက်ပွဲဝင်ရဲဘော်ချင်းအပေါ် မတရားလုပ်ခဲ့တာတွေကို ဖေါ်ထုတ်ချင်လို. တိုက်ပွဲဝင်ခဲ့တာ။ အခု သူကဒီအင်အားတွေကို စော်ကားနေတယ်
  • Min Dagwan မတရားသက်သက် အနိုင်ကျင့် ဗိုလ်ကျတာမျိုးဆို ဘယ်သူလုပ်လုပ် လုံးဝမကြိုက်ဘူး...မိဘက သားသမီးကို ဖြစ်စေ...ဆရာက တပည့်ကို ဖြစ်စေ မတရား ညှင်းပန်းရိုက်နှက်ရင်တောင် လုံးဝမကြိုက်ပါဘူး...မြောက်ပိုင်းကိစ္စမျိုးကတော့ ယုတ်မာ ပက်စက်လွန်းအားကြီးပါတယ်...ရက်ရက်စက်စက် ပက်ပက်စက်စက်လုပ်ခဲ့တဲ့သူတွေကို တူသောအကျိုးလေးတော့ ချက်ချင်းပြန်ပေးလိုက်ချင်တယ်...နောင်ဘ၀ မစောင့်နိုင်ဘူး...ခုဘ၀မှာတင် မျက်ဝါးထင်ထင် ပီပိပြင်ပြင် ဒဏ်ခတ် အပြစ်ပေးစေချင်တယ်...
  • Shwelatyar Daw 92 စာထွက်ထားတဲ့အတွက် ကိုနိုင်အောင်မှာ တာဝန်ရှိပါတယ်။ ဒါတော့သေချာတယ်။ အချင်းချင်းတွေပြန်ပြီး လှို့ဝှက်အုပ်စုဖွဲ့ရင်တော့ မကောင်းဘူးဗျာ...။ထောက်လှမ်းရေးပေါ်ထောက်လှမ်းရေးဆင့်ပြီး ..ခုထိဝင်္ကဘာလို...ထောက်လှမ်းရေးဇာတ်ဆက်ခင်းနေရင် သွားပြီ။
  • Leo Zawoo Shwelatyar Daw..အပန်းမကြီးရင် Profile foto တင်ပါလား
  • Shwelatyar Daw အပန်းကြီးလို့မတင်တော့ဘူးဗျာ...
  • Min Tharr ၉၁ အောက်တိုဘာမှာ ကိုစိုးလင်းကို မြောက်ပိုင်းက လာတဲ့ကြေးနန်းအရ ဖမ်းထဲက ကိုနိုင်အောင်ဟာ ဒီအမှုမှာ ပါဝင်ခဲ့ပါပြီး အခုထက်ထိလဲ ကိုနေ၀င်းအောင်နဲ. ကိုစိုးလင်းကို စပိုငဆိုပြီး ပြောနေတုန်းလေ။
  • Maungmaung Skw အားလုံးကိုတင်ပြလိုပါတယ်-
    ကျွန်တော်ဟာ အရေးအခင်းပြီးစမှာ
    တောင်ပိုင်းကို တောခိုဖို့ စီစဉ်ခဲ့ပြီးမှ
    တောမခိုဖြစ်ခဲ့ပါဘူး။
    ဘယ်အချိန် ဘယ်အခါကမှ ABSDF

    အဖွဲ့ဝင် မဖြစ်ခဲ့ပါဘူး။
    ကံမကောင်း အကြောင်းမလှစွာနဲ့
    ညီဖြစ်သူနဲ့ ပတ်သက်ပြီး မြောက်ပိုင်း
    ကို နှစ်ခေါက် ရောက်ခဲ့မိပြီးတဲ့နောက်
    ABSDF(NB) ရဲ့. မကောင်းသတင်းတွေ
    ကို အများပြည်သူသိအောင် ဖြန့်ဝေတဲ့သူ
    တစ်ယောက်ဖြစ်ခဲ့ပါတယ်။
    အချို့သောသူများက. ကျွန်တော့်စာအုပ်
    ကို လက်ခံကြသလို အချို့က လက်မခံနိုင်
    ကြတာတွေ့ရပါတယ်-အချို့ကတော့
    အစိတ်အပိုင်းအလိုက်သော်၎င်း-အရေး
    အသားအချို့ကိုသော်၎င်း စိတ်တိုင်းမကျ
    ဖြစ်ရတာကို သိရှိရပါတယ်။
    ကျွန်တော့်စာအုပ်အတွက် ကျွန်တော်
    တာဝန်ခံရမှာဘဲဖြစ်ပါတယ်။
    စာအုပ်ထုတ်ဝေပြီးတဲ့နောက်
    မြောက်ပိုင်းပြန်အချို့ရဲ့. တောင်းဆိုမှု
    ကြောင့် "မြောက်ပိုင်းအမှုမှန်ဖော်ထုတ်
    ရေး" ဆိုသော အဖွဲ့ လိုလို အစု တစ်ခုမှာ
    ပါဝင်ခဲ့ပါတယ်။
    သို့ပါသော်လည်း
    အခြေအနေ အကြောင်းကြောင်းများ
    ကြောင့်-ပီပြင်သောအလုပ် ဘာတစ်ခုမှ
    မလုပ်နိုင်ခဲ့ပါကြောင်း ဝန်ခံပါတယ်။
    လက်ရှိ နန်းအောင်ထွေးကြည် မြန်မာနိုင်
    ငံသို့ ရောက်ရှိချိန်မှစ၍ အဆိုပါ အစုအဖွဲ့
    နှင့် ကျွန်တော် မည်သည့် အခန်းကဏ္ဍတွင်မှ ပတ်သက်ခြင်း
    သိရှိခြင်း အသိပေးခံရခြင်းများမရှိပါ။
    သို့ဖြစ်သည့်အတွက် မြောက်ပိုင်းကိစ္စ
    အမှုမှန်ပေါ်ပေါက်ရေးအတွက် ကျွန်တော့်ဘက်မှ လုပ်ဆောင်ရန်ရှိသည်များကို ရပ်နားထားပါသည်။
    ကျွန်တော့ကိုလိုအပ်သောအချိန်
    အမှန်တကယ်လုပ်ဆောင်ရန် လိုအပ်ချိန်
    အထိ စောင့်ဆိုင်းသွားမည်ဖြစ်ပါကြောင်း
    သက်ဆိုင်သူများသိစေအပ်ပါသည်။
  • Nicky Shein ကိုမောင်မောင် ၊ ကိုယ်တိုင်ကြုံတော့ သိပြီပေါ့၊ အရင် ကျွန်တော်တို့ ပြောခဲ့တုံးက ခင်ဗျားကတောင် စိတ်ဆိုးခဲ့သေးလို့ ငြင်းရသေးတာပဲ၊ ကျွန်တော်တို့မှာ ဘယ်သူ့ကိုမှ တဖက်သတ် နစ်နာလိုစိတ်မရှိရိုး အမှန်ပါဗျာ၊ အမှန်ဖက်က ရပ်တည်ရလို့လဲ အသေခံပြီး ရပ်တည်ရဲကြပါတယ်၊ ကျွန်တော်တို့ကိုလဲ နားလည်နိုင်ပါစေ....
  • Maungmaung Skw အေးဗျာ-လို့ဘဲ ပြောပါရစေတော့။
    အားလုံးကို တောင်းပန်ပါတယ်။
    ကျွန်တော်ပြောမိဆိုမိတာတွေအတွက်
    ခွင့်လွှတ်ပါဗျာ။
  • Min Tharr ကိုမောင်မောင် ခင်ဗျားဒီမြောက်ပိုင်းကိစ္စမှာ ခင်ဗျားလုပ်ဆောင်ချက်တွေဟာ သူတို.အသက်ကို ကယ်ဖို.အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါကိုဘယ်သူမှ ငြင်းလို.မရဘူး။
  • Min Tharr ကျနော် မြောက်ပိုင်းပြန်တွေနဲ. သေသွားတဲ့သူတွေအပေါ်မှာ ဘယ်တော့မှ စော်ကားမှာ မဟုတ်ပါဘူး။ သူတို.အပေါ်ကိုလဲ လေးစားစာနာလျက်ပါ။ ဒါပေမယ့် နန်းအောင်ထွေးကြည်ရဲ. လုပ်ဆောင်မှုတွေနဲ. ကျနော်တို.အပေါ် ကွယ်ရာမှာ အပုပ်ချ ပြောဆိုနေမှုတွေကို သည်းမခံနိုင်တော့ပါ။ ဒီအမှုလမ်းကြောင်းလွဲအောင်လဲ လုပ်ဆောင်မှာ မဟုတ်သလို. ပပျောက်သွားအောင်လဲ လုပ်မည် မဟုတ်ပါ။
  • Maungmaung Skw သူတို့အသိ(သူတို့ရေးသာချက်)ထဲမှာ
    တော့-မောင်မောင် ဆိုတာ မြောက်ပိုင်း
    ကိုနှစ်ခေါက်ရောက်ခဲ့ပြီး-ခေတ်သစ်
    ဟင်္သာကိုးသောင်းစာအုပ် ရေးခဲ့သူ
    တစ်ယောက်ထက် မပိုပါဘူး။
  • Darli Pug အပြစ်မရှိပဲတစ်ကယ်သေဆုံးသွားတဲ့သူတွေအတွက်တော့ရင်နာတယ်။ လွတ်မြောက်လာသူတွေအတွက်ကရုဏာဖြစ်ခဲ့ရတယ်။မတရားအပြစ်မဲ့ အသတ်ခံရသူတွေအတွက် တရားသဖြင့်အမှန်တရားကို ဖော်ထုတ်ရာမှာ အနီးကပ်ဆုံးလွတ်မြောက်လာတဲ့သူတွေက သတ္ထိရှိကြလိမ့်မယ် ရိုးသားမှုနဲ့သစ္စာရှိကြလိမ့်မယ်လို့ထင်ပါတယ်။ ဘေးလူပြောတာထက် သူတို့က ကာယကံရှင်တွေဆိုပြီး ပိုသိတယ်ဆိုရင် ဦးဆောင်ဖြေရှင်းရမဲ့လုပ်ရပ်တွေမှာ ဘာမှရှုပ်နေ,တွန့်နေစရာမလိုဘူးမဟုတ်လား။ သူတို့ကာယကံရှင်တွေ အမှန်တရားအတွက်သွားတာ လူမညီပဲ ခရီးမရောက်ကွေ့ကောက်နေတာက တစ်စုံတစ်ဦးဟာ တစ်စုံတစ်ရာအတွက် ရိုးသားမှုမရှိလို့ ဖြစ်နေရတာလို့ထင်ရမှာပေါ့။ အသက်ပေးသွားသူများအတွက် နာကျင်စွာနဲ့ ဘေးလူအနေနဲ့ စိတ်ဝင်စားခဲ့, ဝင်ဆွေးနွေးခဲ့ဘူးတဲ့ ဒီဇာတ်လမ်းကို ဆက်ကြည့်ဖို့ရာ အားအင်တော့ကျနေပါပြီ၊ ဒီဇာတ်လမ်းအဆက်မှာ မရိုးသားတဲ့အမှန်တစ်ကယ်ကျောင်းသား၊ ကျောင်းသားအမည်ခံ အမှန်ထောက်လှန်းရေးများကတော့ မတိုမရှည်၊ မလည်ရှုပ်နဲ့ ဆက်ခြေရှုပ်မွှေနေမဲ့ပုံပါ။ ဘယ်သူဘယ်ဝါမှန်တယ်ဆိုတာ တရားကိုနတ်စောင့်ပါတယ်။ သူတို့ရေးမဲ့သူတို့သမိုင်းအဆုံးသတ်ကိုပဲစောင့်ကြည့်ပါတော့မယ်။ သိပ်မသိတာတွေ နားမလည်တာတွေ အပိုထပ်ဆောင်းသွားလို့ဝင်မဆွေးနွေးတော့ပါဘူး။
  • Do Gyi NB သမိုင်းဖြစ်ရပ်မှန်ပေါ်ပေါက်ရေးအတွက်ဘယ်ခေါင်းဆောင်တွေမှားမှားအနာဂတ်မျိုးဆက်သစ်ခေါင်းဆောင်တွေသင်ခန်း
    စာယူနိုင်အောင်မမှားကြရအောင်ဖေါ်ထုပ်ရမဲ့တာဝန်၈၈မျိုးဆက်များရဲ့တာဝန်သာဖြစ်တယ်
  • Aye Aye Soe Win နန်းအောင်ထွေးကြည် က ငါးစိမ်းသည် ရဲ မြင်.ကို ငှားထားပြီး ဟိုဘက်မှာ အပုတ်ချနေတဲ. အတွက် ဒီလို စိမ်ခေါ်မှုတွေ ဖြစ်လာရတာပါပဲ။ မသိဘူးလဲပြောသေးတယ်။ သိများသိရင်။ လူတောင် လိုက်သတ်ပေးမလာမသိဘူး။ ရှက် စရာ ကြီးတွေ။ ကာ ယကံရှင်ကတော. လူ မိုက် ငှားပြီး ရူးချင်ယောင်ဆောင် ငြိမ်နေတယ်။
  • Aye Aye Soe Win အောင်မိုးဝင်း ရော ကိုမောင်မောင်ရော။ စမားရော စာတွေက တကယ် ဖြစ်လာတဲ. ၀ိတ်တ် ဖိအားကို ကို သူတို. လူလည်တွေ တမင် ဖေါ..ပြောသွားကြပါတယ်။ စမားဟာကိုဆို မမှန်ဘူး၊ ဘာညာ နဲ. စပြီး ကင်ပိန်းလုပ်နေတာက အဲဒီ. ထဲ က ပဲ ခေါင်သူကြီးတွေပါ။
  • Aye Aye Soe Win အမှုမှန်ပေါ်ပေါက်ရေးကတော. တမင် ပတ်မျွှေ ပတ် ရှုတ်နေတဲ. သူ အချို. ကို အား နာ နာ နဲ. သူတို. အကြောင်း သိအောင်လုပ်ပြီးမှ၊ ကင်းကင်းဆက် သွား ရမှာ ပါ။
  • Zaw Min Lay ထင်တော့ထင်သားဘဲ နန်းအောင်ထွေးကြည် fb မှာ ရှယ်ထားတာတွေ ကြည့်ပြီး သဘောထားမမှန်ဘူးဆိုတာ...ပြည်သူတွေရဲ့ သနားတတ်တဲ့ စိတ်ကိုအလွဲသုံးစားလုပ်ခြင်းဘဲ......ထွီ...
  • Baydar Lam ဆမားညီညီမှားတယ်ဆိုရင်ကွယ်ရာမှာမပြောပါနဲ့  တည့်ပြောကြပါ သူ့ ကိုဆက်သွယ်ရတာမခက်ပါဘူး အမေရိကန်ကလူတွေတောင်သူနဲ့ စကားပြောကြပါတယ် ကိုညီနဲ့ ကိုချိုကြီးတို့ က သူတို့ လွတ်နေပြီးမှပြန်ဝင်တဲ့သူတွေပါ။သူတို့ သေသွားနိုင်တယ်ဆိုတာကိုကောင်းကောင်းကြီးသိကြပါတယ်။ကိုချိုကြီ...See More
  • Aye Aye Soe Win စမားရေးတဲ. စာအုပ်မှာ ခုနောက်ပိုင်း နန်းအောင်ထွေးကြည်နဲ. လုံးနေတဲ.သူတွေ က စမားစာအုပ် အကြောင်း အပြစ်တင်ကြပါတယ်။ အမှန်တော.--အဲဒီ.စာအုပ်မှာ အမှန်တွေ သွေးထွက်အောင် တချက်စီပါလာတဲ. အတွက် နန်းအောင်ထွေးကြည်ကသာ စမား ပေါက် ကရတွေလုပ်နေတယ်။ စမားရမ်းတယ်စမားပြောတာမမှန်ဘူး စသဖြင်. သူက ဦးဆောင်ပြီး၊ (သူပြောတဲ. ဇတ်ဝင်ခန်းကလွဲရင်) သူများ ပြောတာက မတိကျဘူး။ မသေချာဘူး။ မခိုင်လုံဘူးမတိကျဘူး စသဖြင်. ကွယ် ရာ က လူတွေကို လှည်.ပတ် လိမ်တဲ. အကျင်. ရှိပါတယ်။ လူတယောက်ကို ခုတမျိုးတော်ကြာတမျိုး ဗလောင်းဗလဲလုပ်နေတာ တခြား မဟုတ်ပါဘူး။ ဒီ နန်းအောင်ထွေးကြည်ပါပဲ။ သူ.ကို မျက်စိလဲ အ၀တ်နဲ. စည်းထားသေးတယ် ဆိုသေး။ ဘာကြောင်. သူတယောက် ထဲက ပဲ ကျန်တဲ. လူ အများကြီး တွေ ကြုံရတဲ. အတိုင်း ၏ သည် မရွေး သိနိုင်ရတာလဲ။ ထူးတော.ထူးဆန်းနေတယ်နော်။ နန်းအောင်ထွေးကြည်ဟာ ကိုယ်ပြောတဲ.စကား ကိုယ်တာဝန်မယူတတ်ပဲ၊ လူမိုက်လူယုံငှားပြီး လူတွေကွဲအောင်လုပ်တတ်ပါတယ်။ တောထဲမှာ ပူးသတ်မှုကြောင်. အဲသလို ဖြစ်ခဲ.တာဆိုရင်တော.၊ ကြောက်စရာကြီး။
  • Aye Aye Soe Win ကျောင်းသားတွေကို ရက်ရက်စက်စက်လုပ်ခဲ.တဲ. မျိုးဝင်း သံချောင်းဘက် က သူနာပြုမ အကြောင်း စမားစာအုပ်ထွက်မှ အမှန်သိခဲ.ရပါတယ်။ အဲဒီ. သူနာပြုမ၏ရပ်တည်ပုံ၊သူ.သဘောထား၊ သွေးဧဧနဲ. တဖက်က ရပ်တည်ခဲ.ြ့ပီး ခင်ချိုဦးအပေါ်ရက်စက်ခဲ.တာတွေကို သေးသေးမွှားမွှားတွေက အခြားတနေရာကလည်း သိခဲ.ရပါတယ်။ခု အဲဒီ .လောက်ရက်စက်တဲ.သူနာပြုအမျိုးသမီး နဲ. ဟေးလားဝါးလားပွဲကောင်းနေတာ က ဘယ်သူပါလဲ။ နန်းအောင်ထွေးကြည်ကတော.၊ သူက တရားခံဖြစ်လာမဲ.သူတွေကို ထိန်းထားတာဆိုပဲ။ ဘယ်လိုနည်းနဲ.လဲ။ စိတ်ချပါ ဒီအမှု မပေါ်စေရပါဘူးလို. ကျူးလွန်ခဲ.သူတွေနဲ. သူ.တို. ၀ိုင်းသားတွေကို ကတိပေးခဲ.တာလား။ ဒါဆိုသူ က ဘယ်ဖက်က ရပ်တည်တာလဲ။
  • Shwe Htee အထိကပြသနက အမှန်တရားအပ်ါမှာ လာရပ်တည်တဲ့သူတွေနဲ့ AB မြောက်ပိုင်းကိစ္စအပေါ် နံမည်ကြီးလိုမူ့၊ အုပ်စုစွဲနိုင်ငံရေးလုပ်လိုမူ့၊ တရားဥပဒေကြောင်းအရ ကာရကံရှင်တွေကို၌က နားလည်လုပ်ဆောင်မူ့အားနဲခြင်းတို့နှင့် မလုပ်သင့်မလုပ်ထိုက် အတွင်းစည်း နိုင်ငံရေးပြုလုပ်မူ့တွေကြောင့် အပြစ်မဲ့ မတရား လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ ကိုထွန်းအောင်နှင့်တကွ AB မြောက်ပိုင်းကကျောင်းသားတွေရဲ့ သမိုင်းကွေသွားပါတော့မယ်။ အယ်ဒီလူတွေယ္ခုလို လုပ်နေတဲ့အတွက်ကြောင့် ကိုထွန်းအောင်နှင့်တကွ AB မြောက်ပိုင်းကကျောင်းသားတွေနဲ့ ကျန်ရစ်သူမိသားစုများအတွက် ကျွန်ုပ်လုံးဝစိတ်မကောင်းဖြစ်မိရပါသည်။ အမှန်တရားပေါ်လာဖို့ အမှန်တကယ်ပြုလုပ်နေသူများကို ဆက်လက်ပံပိုးကူညီမည့် ကျွန်ပ်ရဲ့ရပ်တည်မူ့ကတော့ လုံးဝပြောင်းလွဲမည်မဟုတ်ပါ ကြိမ်သေတာကတော့ အာသမားများနဲ့ဝေးဝေးမှာနေပါမည်။ မင်းသားရေ မင်းအတွက် ယ္ခုလိုမင်းစေတနာတွေကို အဆော်ကားခံရတာ ငါ့တော်တော်စိတ်မကောင်းဖြစ်တယ်။ ရဲမြင့်လို့ အခွင့်ရေးသမားနဲ့NAHK ပတ်သတ်နေတယ်ဆိုတော့ ရဲမြင့်အကြောင်းကောင်းကောင်းသိတဲ့ သူတယောက်အနေနဲ့ အကြံပေးချင်တာက သူတို့နဲဝေးဝေးရှောင်နိုင်လေ ကောင်းလေးပါဘဲ။ လူပုဂ်ဂိုအရ ဘယ်သူကိုမှမုန်းဘူး ဒါပေမဲ့ နိုင်အောင်နဲ့မိုးသီးတို့ရဲ့ လုပ်ရပ်တွေကိုတော့မုန်းတယ်ကွာ။
  • Aye Aye Soe Win နိုင်ငံရေးမှာပဲဖြစ်ဖြစ် ဘယ်နယ်ပယ်မှာဖြစ်ဖြစ်၊သံသရာတလျောက်မှာ သူယုတ်မာနဲ့ ပေါင်းသင်းမိယင် သူယုတ်မာနဲ့နီးစပ်ယင် ပတ်ဝန်းကျင် သိပ်ထိခိုက်တယ်။ အဆုံးသက်က မလှဘူး။ပြုသူလဲ အကျိုးမရှိဘူး။ သူယုတ်မာတွေက စဉ်းလဲတယ်။ အဖြောင်.မသွားဘူး။
  • Min Tharr ကျနော်စဉ်းစားလို.မရတာက မြောက်ပိုင်ပြန်တွေကလဲ နန်းအောင်ထွေးကြည်အခု လုပ်နေကိုင်နေတာတွေကို လမ်းမမှန်တာသိရက်နဲ. ဘာဖြစ်လို. မပြောကြတာလဲ။ သူရေးတဲ့ ကွန်မင့်ကိုကြည့်ရတာတော့ သူကတော်တော်အာဏာပြင်းနေတဲပုံပဲ။ မပပြန်တွေကို သတိပေးချင်တာကတော့ မပြောရဲ မဆိုရဲခဲ့လို. လူ၁၀၀ ကျော် သေလုမျောပါးခံခဲ့ရပြီး ၄၀ နီးပါး အသက်ဆုံးရှုံးခဲ့၇တာဖြစ်ခဲ့ပြီးပြီ။ အခုလဲ မဟုတ်တာလမ်းကြောင်းမှားနေတာကို ၀ိုင်းပြင်ပေး၊ ဝေဖန်ပေးကြပါ။
  • Aye Aye Soe Win ပိုက်ဆံလေ။ နှစ်ပဲ တပြားပစ်ပေးပြီး--ငါခိုင်းတာ လုပ်၊ အမှု မပေါ်စေနဲ.တဲ.။
  • Johnny Lynn စစ်အစိုးရကစားကွက်ထဲအားလုံးမျှော်နေကြပြီ၊မိုးသီးကိုတရားစွဲခွင့်ပေးပြီးနိုင်အောင်ကိုကာနေတာ ဟိုသမတအကြံပေးနိုင်အောင်လူ ဇော်ဦးတို့လုပ်ပေး နေတာကိုမြင်ကြပါဦး၊ အရင်တုန်းကမဟာမိတ်တွေအချင်းချင်းပြန်ပြီးရန်ဖြစ်နေတာကြည့်လို့မကောင်းဘူး၊ သေချာတာက technically ဘယ်သူကမှ ထထမြောက်မြောက် မလုပ်နိုင်ပါပဲ။ ကံယကံရှင်တွေမလုပ်နိုင်သလိုဘေးကအားပေးသူတွေကလည်း မလုပ်ပေးနိုင်ကြဘူး၊ မြောက်ပိုင်းကိစ္စကလူတွေအားလုံးသိနေကြပြီမို့ နောက်ထပ်မသိချင်တော့ဘူးဆိုတာရှင်းတယ်၊ ဒါပေမဲ့ကိုယ် principle ကိုတော့ထိန်းထားသင့်ပါတယ်၊ မဖြစ်ရကောင်းလားဆိုပြီး ဟိုလူ့လက်ညိုးထိုး စီလူလက်ညိုးထိုးတာတော့မလုပ်သင့်ပါ၊ လူသတ်သမားတွေကိုရော စစ်အစိုးရကိုရော တရဂားဥပဒေဘောင်ထဲပို့ရမဲ့တာသန်ဟာ အမှန်တရားကိုလိုလားသူတိုင်းတာဝန်ပဲ၊ စစ်အစိုးရကိုမလုပ်နိုင်ရင် လူသတ်သမားတွေကိုလည်း မလုပ်ပါနဲ့ဆိုတာ out of Principle ဖြစ်နေပြီ။ တစ်ဦးတစ်ယောက်ကိုမကျေနပ်တာနဲ့ မိမလက်ခံထားတဲ့ principle ကို အမှိုက်ချင်းထဲပြစ်ထည့်လိုက်တာကတော့မကောင်းပါ၊ အားလုံးပြန်စဉ်းစားစေချင်တယ်
  • Aye Aye Soe Win ဟုတ်တယ်။ အဲဒီ. မိန်းမ က အစိုး၇မီဒီယာနဲ.ပေါင်းပြီး လူ ၄၀ ကျော် သတ်ခဲ.တဲ. အမှုကြီးကိုဖျောက်နေတယ်။ သူက စေတနာ ရှိသလိုလို နဲ. လူ လုံးပြနေတာ။ တခုပြောလိုက်မယ်။ မြောက်ပိုင်းကိစ္စအတွက် တာဝန် တကယ် ရှိတဲ. ဒေါက်တာ နိုင် အောင် လွတ်မြောက်ရေးအတွက် နန်းအောင်ထွေးကြည် ဟာ အစိုးရမီဒီယာနဲ.ပေါင်းပြီး နောက်တဦးကို ထိုးကျွေးခဲ.တယ်
  • Skyheart Winko အင်း.....................................................................................သတင်စာရျင်းလင်းပွဲရှာလိုက်အုံးမယ်..
  • Aye Aye Soe Win ဒိလောက် ကြီးတဲ. ကေ.စ်ကြီး ဘာကြောင်. နိုင်အောင်.ကို ကာပေးချင်ကြတာလဲ မသိဘူးနော်။ ပေါ်တင်ကြီးပဲ။
  • Aye Aye Soe Win သူ၇န်ကုန်မသွားချင်ကတည်း က လက်ဝါး ရိုက်ပြီးသား ဆို တာ ခန်.မှန်းခဲ.ပါတယ်။ နိုင်အောင် ကို တရားခံစာရင်း ထဲ. လို. မရဘူး ဆိုပြီး နိုင်အောင်. အတွက်နန်းအောင်ထွေးကြည် လော် ဘီ စလုပ်နေတာ ရှင်းနေပြီ။ နိုင်အောင် စခန်း ရောက် မရောက် နေ.စွဲကို ငြင်းနေမဲ. အစား သူ ကိုယ် တိုင် တာ ၀န် ယူပါတယ် တာ ၀န် ရှိပါတယ် ပြောခဲ. တာ ပဲ။ ခုတော. နန်းအောင်ထွေးကြည် က ဖေဖေါ်ဝါရီ ၁၂ မှာ နိုင်အောင် ပါဂျောင်မှာ ရှိမရှိ အပေါ် အသေ လိုက်ငြင်းနေတယ်။ ခု သူက မြောက်ပိုင်း ပြန် တကယ်ခ့ရတဲ. သူတေါ အပေး ခေါင်းပုံဖြတ်သွားတယ်။ နိုင် အောင်. ကို အရှင် လွှတ်ပေးခဲ.တယ် ( အစိုး ရ အလို ကျ)၊ ပြီးတော.--အေဘီ ကို လည်း မပြီးစီးနိုင်သော အင် တာ ဗျူး တွေ အသိသီ ရေး လုပ်စားပြီး နံမည် ဖျက်တယ်။ အမှု က ဘယ် မှာ လဲ။ အမှု က ဘယ်မှာလဲ။
  • Johnny Lynn ဖတ်ရတာလမ်းမမြင်ကမ်းမမြင်ဖြစ်နေပြီ၊ ဇတ်လမ်းကပြီးသွားပြီ၊ စစ်အစိုးရကနိုင်အောင်ကိုရွေးတယ်၊ မိုးသီးကိုပယ်တယ်၊ ပယ်မှာပဲ အမေရိကန်ကကွန်မြူနစ်ဆိုရင်အရမ်းမုန်းတယ်၊ မိုးသီးကလည်း ကွန်မြူနစ်တွေ့နဲ့တွဲခဲ့ပြီး ဖက်ရှင်မောင်လုပ်ခဲ့တဲ့ အကျိုးဆက်ဘဲ၊ သူအသုံးမကျခဲ့လို့ နိုင်အောင်တို့အမှုကိုသူ့ကိုလာပတ်တယ်၊ ဘယ်သူမှကယ်လို့မရဘူး၊ သူထိုက်သူကံဘဲ၊ မြောက်ပိုင်းကိစ္စကိုတော့မိုးသီးကအစမှာကာပြီးနောက်ပိုင်းလှောချသွားတာအားလုံးအသိ၊ ဒါကြောင့်အခုဟာ သပွတ်အူလိုက်နေတဲ့ဇတ်လမ်းပဲ၊ နန်းအောင်ထွေးကြည့်ကိုပဲပုံချနေလို့မရဘူး၊ နိုင်အောင်မိုးသီး အေဘီဗဟို သံခဲရဲ့နိုင်အောင်ဘက်လိုက်တဲ့ အခြေခံကအစပြန်သုံးသပ်သင့်ပါတယ်၊ ဘယ်နေရာမဆိုတဖက်သတ်မပြောသင့်ပါ၊ အပြင်သွားဦးမယ်၊ ပြန်လာခဲ့မယ်
  • Skyheart Winko အခုမှပြန်ပေါ်လါတယ်ဆိုလို့ မင်းဆက်ယုံနေမယ်ဆို ABSDF နာမည်ကို ဖျက်စီးရင် သေသွားတဲ့ရဲဘော်တွေနာမည်ဖျက်လိုက်သလိုဘဲနော်... https://www.facebook.com/photo.php?fbid=511835365516041&set=a.344368818929364.85694.100000687458648&type=1
    Photo
    ဒီ Photo အကြောင်းမေးတော့
    “ ဘဟိန်း ” ကျနော့ကို ပြောပြတာ ။
  • Skyheart Winko https://www.facebook.com/photo.php?fbid=588477634501605&set=a.521556817860354.110401553.100000181218020&type=3&theater
    Photo
    ‎(၅-၁-၂၀၁၃) မြောက်ပိုင်း အမှန်တရား သတင်းစာရှင်းလင်းပွဲ........
    မီဒီယာ လူငယ်လေးက မေးတယ်...ဒီမြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ လူသတ်မူ့အကြောင်းကို ယခုအချိန် ဖေါ်ထုက်နေကြတာ အခုလက်ရှိကျောင်းသား တော်လှန်ရေးကို မထိခိုက်ဘူးလါးဟုဆို၍၄င်း၊...နောက်တစ်ဦးမှ ယနေ့ကျောင်းသားတပ်မတော်ထဲမှာ လက်ရှိရာထူးကြီးနဲ့လုပ်နေတဲ့သူက ထိုမြောက်ပိုင်း လူသတ်စဉ်ကပါဝင်ခဲ့သောကြောင့် ဘယ်လို အဖြစ်မှန်ပေါ်ဖို့ဖြစ်နိုင်ပါ့မလါးဟုမေး၍၄င်း၊........ရဲလင်းက ဒီအဖြစ်မှန် ရှင်းလင်းရေး အဖွဲ့ဝင် အားလုံး ကိုယ့်သမိုင်းကြောင်းလေးတွေ ပြောပေးဖို့ မေးတုန်းက မပြောဘဲထိုင်ရာက ထွက်သွားတဲ့ စမ်းချောင်း ဘိုဘိုက ရှေ့ဆက်တိုင်းပြည်ပြောင်းလဲရေးမှာ ဒီအရိပ်မဲတွေရှိနေတဲ့ ဘယ်လိုနေရာ ခေါင်းဆောင်တဲ့သူတွေကိုမှ မပါဝင်လါနိုင်စေရန်ရည်ရွယ်ပြီး အဖြစ်မှန်ကို ယခုအချိန်တွင် ဖော်ထုက်ရခြင်းဖြစ်ကြောင်း ဒီမိုကရေစီနှင့်တရားမျှတမူ့အတွက် ဖြစ်သောကြောင့် ယခုကျောင်းသား တော်လှန်ရေးကို မထိခိုက်ကြောင်းဝင်၍ ရှင်းလင်းပေးခဲ့ပါသည်။ ထိုနောက် မကြည်ပြာမှ မြောက်ပိုင်း ကျောင်းသူတစ်ဦးအား အသတ်ခံရသောအချိန်တွင် တစ်ကိုယ်လုံးချွတ်၍ သတ်ဖြတ်မူ့အပေါ် နန်းအောင်ထွေးကြည်အား သက်သေရှိလါးမေးရာ အသံဖိုင်ရှိကြောင်းဖြေပါသည် ဖွင့်ပြနိုင်မလါးဟုမေးသောအခါ တရားရုံးကြမှဖွင့်ပြမယ်တဲ့ နောက်သက်သေ ၃ယောက်ရှိပါတယ်ဖြေပါသည် ဘယ်သူတွေလဲဟု မေးသောအခါ သူတို့အသက်အန္တာရာယ်ရှိနိုင်ပါသည် ဒါကြောင့်လျိုဝှက်ထားပါသည်တဲ့။ တော်ဝင်နှင်းဆီ အမှန်တရား သတင်းစာရှင်းလင်းပွဲ ပြီးဆုံး၊..လဘ္ဘတ်ရည်သောက် မှုန့်စားပြီးပြန် ကျေးဇူးတင်ပါသည် ကျွန်တော်တို့ရဲဘော်တွေ အသတ်ခံရတာ ဘာတစ်ခုမှ အဖြေမရပါ။
    Sky Heart Win Ko ရဲ့မှတ်တမ်းများ။ Absdf Peace
  • Aye Aye Soe Win စစ်အစိုးရနဲ. နိုင်အောင် ပူးပေါင်းခြင်း ကတော. နောက် တယောက် ကါန်မြူနစ် တွေနဲ. တွဲတာမတွဲ တာ ပေါ် အဓိက မကျပါဘူး။ မြန်မာစစ်အစိုးရ၏ တစ်ဦးတည်းသော မိတ်ဆွေ ဟာ စီစီ ပီ ကါန်မြူနစ်ချိုင်းနား ပါ။ အစိုးရက ဒီကွေ. ဟို ကွေ. ကွေ.တိုင်းမှာ ဘာရပ်တည်ချက်မှ ရှိတာ မဟုတ်ပဲ တက်ပေါင်းစုံနဲ. လှော် တဲ. ညစ် ပတ်တဲ. သောက်ကျင်. ရှိလို. နိုင်အောင်နဲ. တွဲ ဖြစ်သွားတာပါ။ ခြုံပြောရရင် ခြစားတာ ခြင်း လူမွေးတာခြင်း၊ လူသတ်တာခြင်း တူ တယ် လေ။ ဒါကြောင်. နိုင်အောင်.ကို အစိုးရက ရွေးလိုက်တာပါ။ ဒါပေမဲ. ရေရှည် နိုင်ငံရေးမှာ နိုင်အောင် က သေသွားပါပြီ
  • Johnny Lynn ၀င်းကိုမင်းကလည်းအေဘီမှာခဏာနေသွားလို့ပေါ့။ မာနာပလောတိုက်ပွဲတွေကိုသာမင်းပါခဲ့ရင် မင်းဘယ်လောက်ပြောမလဲ၊ မင်းကအေဘီသိပ်ချစ်ပြနေတယ်။ အေဘီမှာမင်းထက်လုပ်ခဲ့သူတွေတပုာံကီးပဲ၊ မင်းလောက်မကျယ်ဘူး၊ မင်းကမိုးသီးအတွက်လုပ်ချင်လို့ အေဘီကိုချစ်ဟန်ပြတာငါတို့သိနေတယ်၊ ခလေးတွေမဟုတ်ဘူး၊တော်လှန်ရေးလောကသားမှာဘယ်သူကဘာကောင်လည်းသိနေကြတယ်၊ မင်းကမနေ့တနေ့ကမှာ ဖဘအပေါ်ပေါ်လာတဲ့လူပါသွာ၊ မင်းသိပ်မပြင်းထန်နဲ့၊ တကယ်လုပ်ခဲ့သူတွေပြောပါစေ။
  • Skyheart Winko ပြည်တွင်းမှာငါ့လို တစ်ရက်ဘဲလါလုပ်ပါအုံး....
  • Johnny Lynn မင်းမလုပ်ခင်ကတည်းငါတို့လုပ်ခဲ့ပြီးပြီကွ၊ ထောင်လည်းကျပြီးပြီဝင်းကို
  • Johnny Lynn မင်းကသူများကိုစောက်ရှုးလို့ပြောတာမင်းအဆင့်အတန်းပဲဝင်းကို
  • Aye Aye Soe Win ကို ၈ျွန် နဲ. ကို ၀င်းကို ၇န်မဖြစ်ပါနဲ.။ ၂ယောက်လုံး က ရပ်တည်ချက် အသီးသီး ရှိကြတဲ.သူတွေပါ။ တည်နေရာပဲ ကွဲ ပါတယ်။ ဒါပေမဲ.==အစိုးရလူတွေ အစိုး ရ အသဲစွဲတွေ မှ မဟုတ်တာ။ ခု နိုင်အောင် လွတ်သလို ဖြစ်နေတာ က လဲ သမ္မတ အကြံပေးဇော် ဦး နဲ. မင်း ဇော် ဦးတို. က ၀င် ကစားနေလို.ပါ။
  • Johnny Lynn ငါကဒီနေ့အထိသူပုန်ပဲဝင်းကို မင်းကိုစာရိုက်တဲ့အချိန်မှာတောင်ငါ့ခလေးတွေကိုထိန်းရင်းနဲ့ရိုက်နေရတာကွ၊ မင်းလိုမဟုတ်ဘူး၊မဟုတ်တာတွေ့ရင်ပြောမှာပဲ
  • Johnny Lynn ခလေးထိန်းလိုက်ဥိးမယ်။မင်းရေးထားနှင့်
  • Skyheart Winko ဆောတီး လေးစားသွားပြီ...မင်းကိုဘယ်တော့မှ မပြောတော့ဘူး တောင်းပန်တယ်....ငါလည်း လက်နက်မချပါဘူးကွာ...မရမချင်း..
  • Aye Aye Soe Win ဟော. ဒီ ၂ ယောက် တော် ပါ။ နိုင်အောင် ကို အစိုး ရ ရွေးတဲ. အကြောင်း က လူသတ်တာ ခြင်း တူနေလို.။ ဟုတ်တယ် မဟုတ်လား။
  • Aye Aye Soe Win လွှတ်ထားလိုက်ပါ။ မတရားပြုထားသူတွေ အခြင်းခြင်း အမှီ သဟဲပြုပြီး ခဏတော. တဥိးအပေါ် တစ် ဥိး က တည် ရာ မီ ရာ ရှာ ကြမှာပဲ။ ဒီ အမှုကြီးက ပျောက်မသွားနိုင်ပါဘူး။
  • Aye Aye Soe Win သူတို. က ခု အားကြီးနေတယ်။ အမှန်တရား ဘက်သားတွေ အား နည်းနေတယ် လို. သူတို. ကို ယုံကြည်ခွင်.ပေးထားလိုက်ပါလေ။ သူတို. အထင်နဲ. သူတို. ရှိပါစေ။
  • Aye Aye Soe Win https://www.facebook.com/notes/htay-tint/%E1%82%8F%E1%80%AD%E1%80%B0%E1%80%84%E1%80%B9%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9-%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9%E1%80%86%E1%80%9A%E1%80%B9%E1%80%BB%E1%80%95%E1%80%AC%E1%80%B8-%E1%80%9C%E1%80%BD%E1%80%B1%E1%80%8C%E1%80%B8-%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9-%E1%80%80%E1%80%81%E1%80%BA%E1%80%84%E1%80%B9-%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%95%E1%80%B8%E1%80%9B%E1%80%94%E1%80%B9/491557224219341
    ပူးတွဲပါ စာတွင် ဖော်ပြထားသည့် အေဘီအတွင်းရေးမှူး ကိုမျိုးဝင်းမှာလက်ရှိ အေဘီ ဒုဥက္ကဋ္ဌ၊ အေဘီဥက္ကဋ္ဌကိုနိုင်အောင်မှာ လက်ရှိ FDB အတွင်းရေးမှူး အဖြစ် ထမ်းဆောင်နေကြသည်။   စာအပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်သည်။)   စစ်ေ...
  • Aye Aye Soe Win ဒေါက်တာ နိုင်အောင် ကို မြောက်ပိုင်း လူသတ်မှုတွေနဲ. မဆိုင်ဘူး ဆို ပြီး ပေါ်တင် လော် ဘီ လုပ်၊ ပြီး ဟို မွှေ ဒီ မွှေ လုပ်သွားတဲ. ငဘတ်မ ငလိမ်မ ကို တော် တော် အံ.သြ မိပါတယ်။ တခုမှတ်ထားပါ။ ဒီ အမှု ပျောက်သွားမှာ မဟုတ်ပါ။

No comments:

Post a Comment