(၁)မြောက်ပိုင်းဇတ်မှန်၊ ပေါ်စေငြား၊ သစ္စာပန်းများ ပွင်.ပါစေ။ (မာတိကာ)
by Min Tharr on Sunday, January 20, 2013 at 7:24am ·
(၁) မြောက်ပိုင်းဇတ်မှန်၊ ပေါ်စေငြား၊ သစ္စာပန်းများ ပွင်.ပါစေ။
မုသားစကားတွေထက် သစ္စာ ပန်းများ ပွင်.စေလို
ကျနော် သိခဲ့ ပတ်သတ်ခဲ့တဲ့ မြောက်ပိုင်းကိစ္စအမှုမှန် သမိုင်းမှန် ဖေါ်ထုတ်ရေးမှာ ရေးသားမယ့် အဓိကအကြောင်းအရာတွေကို မဖေါ်ပြခင် ကျနော့်အနေနဲ. စိတ်ဝင်စားသူများကို ပြောပြချင်တာ ရှိပါတယ်၊ ကျနော်အခုရေးမယ့် အကြောင်းအရာတွေဟာ မြောက်ပိုင်းအမှုမှန်ဖေါ်ထုတ်ရေး လမ်းကြောင်းကို ဖျက်ဆီးနှောင့်ယှက်ခြင်းမဟုတ်သလို ပုဂိုလ်ရေးတိုက်ခိုက်ခြင်းလဲမဟုတ်ပါ။ ဖြစ်သင့် လုပ်သင့်တဲ့ လမ်းကြောင်းပေါ်ကနေ လွဲချော်သွားစေတဲ့ လုပ်ဆောင်ပြောဆိုဆောင်ရွက်ချက်များနှင့်တကွ တည်ဆောက်ခဲ့တဲ့ အင်အားစုများ ညီညွတ်ရေးကို အားနည်းမှုများ ဖြစ်ပေါ်စေခဲ့တဲ့ အကြောင်းအချက်များကို မအေးအေးစိုးဝင်း အဲဒစ်လုပ်ပေး၊ တည်းဖြတ်ကူညီပြီး စနစ်တကျ ရေးသားတင်ပြမှာဖြစ်ပါတယ်။
ကျနော့် အနေဖြင့် မြောက်ပိုင်းပြန်များ တွေ.ကြုံခံစားခဲ့သမျှကို စာနာမြဲစာနာလျက်ရှိသလို ဒီလူမဆန်ရက်စက်မှုကြီးအတွက် ပါဝင်ကျူးလွန်ခဲ့တဲ့သူများကို ဖေါ်ထုတ်အရေးယူရေးမှာလဲ လမ်းကြောင်းမှန် လုပ်ဆောင်ချက်မှန်ကန်စွာ ပြုလုပ်နေသူများနောက်ကနေ တစ်တပ်တစ်အား ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်လို.လဲ ကတိပြုပါတယ်။
ကျနော်ရေးသားမယ့် အကြောင်းအရာများကို အောက်ဖေါ်ပြပါ ခေါင်းစဉ်များအတိုင်း ရးသားသွားမှာဖြစ်ပါတယ်။(ခေါင်းစဉ် အစီအစဉ်နှင့် ရှေ.နောက် အထား အသို ပြောင်းလဲသွားနိုင်ပါသည်၊)ဒီအစီအစဉ် ဒီ ဖေါ်မက် ကို အချက်အလက်များ နှင်. သုံးသပ်မှု များ တွဲမိစေရန်၊ ဖတ်သည်.အခါ အဆင်ပြေစေရန် ယာယီ သတ်မှတ်ထားသော ခေါင်းစဉ်များဖြစ်ပါတယ်။
မာတိကာ
--မြောက်ပိုင်းစခန်း အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် ကနဦး သတင်းတိုက်ပွဲ ( ၂၀၁၁ နှစ်ကုန် မှ --၂၀၁၂ ဂျွန် အထိ)
--မီဒီယာနှင့် တုန်.ပြန်မှု ဂယက်များ
--နန်းအောင်ထွေးကြည်၏ အမေရိကားခရီး
--တရားစီရင်ရေး အဖြေရှာမှု
--ခင်ရွေလှိုင်၏ တုန်.ပြန်ချက်များကို သုံးသပ်ခြင်း
--တရားမမှုလား၊ ရာဇ၀တ်မှုလား
--အစိုးရမီဒီယာနှင့် ABSDF အနေအထား ၂၀၁၂ နှစ်လယ်မှ ၂၀၁၂ နှောင်းပိုင်း
--တရားလိုမရှိသော မြောက်ပိုင်းပြန်များနှင့် ပီအာ လုပ်ကွက်များ
--လက်ဝါးကပ်တိုင်ကျသောနေ. (သို.) ခံဝန်ချက်ပေးပွဲ (သို.) ရှေ.နောက်မညီသော ပြောကြားချက်များ
--သားကေါင်ဖြစ်သွားသော မခင်ချိုဦး
--နန်းအောင်ထွေးကြည်၏ ကချင်စခန်း မှ ထိုင်းနိုင်ငံခရီး
--မကဒတ၏ လက်ရှိအနေအထားနှင့် မြောက်ပိုင်းပြန်တို.၏ ရည်ရွယ်ချက်
--အထွေထွေသုံးသပ်ချက်များ
အစရှိသည်တို. ပါဝင်မှာဖြစ်ပါတယ်။
ကျနော့်အနေနှင့် မြောက်ပိုင်းပြန်များနှင့်တကွ ဒီတိုက်ပွဲဖြစ်စဉ်အတွင်းမှာ ပါဝင်ဆောင်ရွက်ခဲ့သူများကို ပန်ကြားချင်သည်ကတော့ မိမိတို. သိရှိထားသော အချက်အလက်၊ အထောက်အထားများကို ပါဝင်ဖြည့်စွက် ဖေါ်ပြပေးစေချင်များ ရှိခဲ့လျှင် ကျနော့်ထံသို. ဖုန်းဖြင့်သော်လည်းကေါင်း။ အီးမေးလ်ဖြင့်သော်လည်းကေါင်း ဆက်သွယ်ပေးပို.နိုင်ပါသည်။
ကျေးဇူးတင်လျက်
မိုးအောင်
(651) 202 8629
nyamintharr@gmail.com (make sure you type two “r”s)
--------------------------------------------------------------------------------------------------------------------------
အယ်ဒီတာ၏ မိတ်ဆက်
မိတ်ဆွေတွေ မင်္ဂလာပါ။
စကားဆို ကျမ တည်.တည်.ပဲပြောတတ်ပါတယ်။
အထက်က စာစု ကို ကျမတို. သူငယ်ချင်းတွေအကြား ပူးပေါင်းအဖြေရှာ စုပေါင်းရေးသားကြမှာဖြစ်ပါတယ်။ ကျမ မြင်တာကတော. ဒီလိုပါ။
ခု စစ်အစိုးရ သူ.ပြဿနာတွေနဲ.သူ အခက်အခဲ တွေရှိနေတယ်။ ကြားခံနေတဲ. အခက်အခဲ ဟာ မြောက်ပိုင်းကိစ္စမှာ လူအချို.က အဖြောင်.သွားဖို. ငြင်းဆိုနေလို.သာဖြစ်တယ်။
ကိုမောင်ဝမ်း ၏ ဖဘ မျက်နှာများ က အရိုးတွန်သံဆောင်းပါးတွေ အောက်မှာ သွားလေ.လာကြပါ။ မှတ်ဥာဏ်တွေကို ပြန်လှုပ်နှိုး နိုင်အောင်ဖြစ်ပါတယ်။
မြောက်ပိုင်းပြန်တွေကို ခံခဲ.ရသူတွေအဖြစ် ပရိတ်သတ်ကြီးက ဖြူဖြူစင်စင် ဂရုဏာသက်ခဲ.တယ်။ သွားရမဲ.လမ်းကြောင်းကို အဖြောင်.သွားခြင်းဖြင်. ဒီ ကိစ္စအမှန်တရား ဖော်ထုတ်တဲ.အခါ ဘာမှ စိုးရိမ်စရာ မရှိနိုင်ပါ။ အဖြောင်. မသွားချင်ဘူး၊ စိုး ရိမ်ပူပန်မှုတွေ ရှိနေတယ်ဆိုရင် အမှား လုပ်ခဲ့တဲ့သူတွေသာ စိုးရိမ်ပူပန် နေတာပဲဖြစ်မယ်။.
သို.သော်၊ တစ်ဦးတစ်ယောက် ရဲ. လူသိမခံလိုတဲ. ရည်ရွယ်ချက်တခုကြောင်. အမှုမှန် အတိုင်း ပေါ်ပေါက်ရမဲ. အခွင်.အရေးတွေဟာ ဖျက်ဆီးခံနေရတယ် လမ်းလွှဲခံနေရတယ် ဆိုလျှင်၊ ဒီလမ်းလွှဲမှုဟာမိစ္ဆာ ရန်သူ. အကြိုက်ပဲ ဖြစ်ရမယ် လို.သုံးသပ်ထားပါတယ်။
ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ရဲဘော် ၊ မိတ်ဆွေတွေ နဲ. ဖြစ်ရပ်မှန် ကြား မှာ ရိုးသားဖြောင်.မတ်မှု ဆိုတာ၊ သိပ်အရေးကြီးတဲ. အရာဖြစ်ပါတယ်။ ဒီတရားကို လူအချင်ချင်းကြား တွင်တွင်ကျယ်ကျယ် သိနားလည်ကြမယ် သုံးကြမယ် ဆိုရင် ဒီမိုကရေစီ တိုက်ပွဲအပေါ်မှာလည်း သစ္စာ စောင်.သိပြီးသား ဖြစ်သွားပါလိမ်.မယ်။
ဆုံးရှုံးမှုတွေများလွန်းမကများလှတဲ. ဒီမိုကရေစီလမ်းရှည်ကြီးမှာ၊ အောင်ပွဲနဲ. အလှမ်းဝေးနေသေးတယ်ပဲထားဦး။ လူတဦးစီ ၏ရိုးသားမှု အတိုင်းအတာ ကို လေ.လာထားတဲ.အတိုင်း တင်ပြခြင်းဖြစ်ပါတယ်။ မျက်နှာဖုံးခွာပစ်ခြင်း မမည်တဲ. အမှန်တရား ရှာဖွေမှုသက်သက်ဖြစ်ပါတယ်။
တည်ကြည်စွာဖြင်.
အေးအေးစိုးဝင်း
urbaneducatorsnyc@gmail.com

- Khin Nyein Thit, Thiha Kyaw, Nicky Shein and 33 others like this.
- Nweni Tun မာတိကာ ကို ဖတ်ုကည့်ုပြီး ဖတ်ဖို့ တော်တော်စိတ်ဝင်စားသွားပြီ.. အမှန်အတိုင်းပြောရရင် မမေသုက်န်ဟိန်းနဲ့  မပ ပြန်တွေလုပ်ခဲ့တဲ့ အင်တာဗျူးတွေရော.. တခြား မပနဲ့ ပါတ်သတ်တဲ့ ဆောင်းပါးတွေရော မဖတ်ဖြစ်ခဲ့တာကြာပြီ.. အခု သူငယ်ချင်းဖြစ်တဲ့  တစခန်းထဲလဲနေတဲ့သူက ဒီကိတ်စတွေကို ပြန်လည်ခြုံငုံ သုံးသပ်ထားတာဆိုတော့ တော်တော်စိတ်ဝင်စားတယ် .. မအေးအေးစိုးဝင်းရဲ့ အမှာ ရေးထားတာကလဲစိတ်ဝင်စားဖို့ ကောင်းတယ်..အပြည့်အစုံကို အမြန်တင်နိုင်ပါစေ..
- L-Zaw Sai ကျနော်လည်း အရမ်းစိတ်ဝင်စားမိပါတယ်..ဖြစ်နိုင်ရင် စာရေးသူတွေအကြောင်းလေး ပဏာမ မိတ်ဆက်ပြီး ရေးသားပေးရင် ပိုကောင်းမလားလို့ပါ..ဘာလို့လည်းဆိုတော့ ကိုအောင်မိုးဝင်းရေးတဲ့ အရိုးတွန်သံအကြောင်း ဖတ်တုန်းကဆိုရင် ဇတ်ရေလည်အောင် မနည်းဖတ်ယူရတယ်..ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့က ခုမှကြားဖူးလေ့လာဖူးလို့ပါ.....
- Tun Naing တခုတော့ အကြံ ပြုခြင်ပါတယ်.. ရေးမဲ့သူရော တည်းဖြတ်မဲ့သူကိုရော.. အားလုံးအချက်အလက်တွေစုစည်းပြီးမှ့ တပြိုင်းထဲတင်ရင်ပိုကောင်းမယ်ထင်တယ်နော်... အခန်းဆက်တွေ နဲ့ ဆိုရင် စါဖတ်သူကတခန်းနှင့်တခန်းကို အလျှင်မမီရင် ကြာရင်ငြီးငွေ့ သွားရော ...ကိုယ်ကိုသူသူဘဲ...ဖြစ်နှိုင်ရင်ဆက်တိုက်တင်ပေးပါလို့ အကြံပြုခြင်ပါတယ်...တတ်နိုင်ရင်ပေါ့လေ...
- Tun Naing ဟုတ်ကဲ့ပါ ဆန္ဒ မစေါပါဘူး ပျော်ပျာ်ပါးပါးကြီး အုတ်မြစ်ချကြတာပေါ့ ((း- (ဒီဆိုင်းကိုမမေးတော့ဘူး)
- Min Tharr ဖြစ်နိုင်ရင်တော့ တစ်ခါထဲ အပြီးရေးလိုက်ချင်ပါတယ်။ တစုတစည်းထဲပေါ့။ ဒါပေမယ့် ခေါင်းစဉ် တစ်ခုအောက်မှာတောင်မှေ၇းရမယ့်အချက်တွေက တော်တော်များနေတယ်။ အဲဒါကြောင့် ခွဲတင်ရတာပါ။ မေသင်္ကြန်ဟိန်းလို. အတွဲများလေ ရောင်းကေါင်းလေ သဘောမျိုးတော့ မဟုတ်ပါဘူး။ နားလည်ပေးကြပါခင်ဗျာ။
- Zaw Naing ကောင်လေးမိုးကျော် တော်လာပြီ ၊ မြင်တတ်လာပြီ ။ ဒါးစာခံဖြစ်သွားတဲ့ ခင်ချိုဦးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ။ဦူးနှောက်မဲ့တဲ့သံချောင်း ။မလိုတော့လို့  ပေးနားလိုက်တာခံရတဲ့ မျိုးဝင်။နဲ့ ဥက္ကဌဖြစ်ချင်လွန်းလို့ သူငယ်ချင်းပြန်သတ်တဲ့ ရော်နယ်အောင်နိုင်ဆိုတာပါရယ်။ဇာတ်လမ်းဆုံးအောင် ဆက်လက် က ပြရဦးမဲ့  နအထက ဆိုတာပါရေးကွ။
- Zaw Naing kay khaing oo ပြောတာမမှန်ဘူး။နိုင်အောင်လည်းသေဘောဘိုးနဲ့ မဆိုင်ဘူး။ဘယ်ရဲဘော်၊ရဲမေမှ စည်းကမ်းမဲ့ နေခွင့်မရှိဘူး။တော်လှန်ရေးမှာ လူမှုရေးဖောက်ပြန်ရင် အပြစ်ကြီးပေးတယ်။
- Kay Khaing Oo ခုလိုဖြေပေးတဲ့အတွက် ကျေးဇူးနော်။ ဒါပေမဲ့ ပြောတဲ့သူကပြောတယ် အတိအကျပဲနော်။ ဒေါက်တာနိုင်အောင်က မခင်ဥမ္မာကို ကြာခိုတယ် ဆို။ မခင်ဥမ္မာမှာ အရင် ယောင်္ကျားရှိလို့လား။
- Nweni Tun ကိုဇော်နိုင်ရေ ပြန်ဖြေပေးလိုက်တဲ့အတွက် ကျေးဇူးပါ မနက်က မကေခိုင်ဦးရဲ့  မှတ်ချက်ကလေးကို ပြန်ပြောမလို့  မအားတာနဲ့  အခုမှ ရေးမလို့  ကိုဇော်နိုင်ဖြေပြီးပြီ သူ့ မှတ်ချက်လဲ ဖျက်လိုက်ပြီဆိုတော့ ပြန်ပြောပြနေစရာ မလိုတော့ဘူးပေါ့..။
- Moe Zay Nyein ကျေးဇူးပြုပြီး နောက်လာမဲ့ အပိုင်းတွေကိုလည်း ဆက်လက်ပြီး Tag လုပ်ပေးပါဦး ကို Min Tharr ရေ
- အိုးဝေအောင် အိုးဘားမား Kay Khaing Oo,>မေးခွန်းတွေထဲက... ဒေါက်တာနိုင်အောင်က မခင်ဥမ္မာကို ကြာခိုတယ် ဆို။ မခင်ဥမ္မာမှာ အရင် ယောင်္ကျားရှိလို့လား။....တဲ့။မခင်ဥမ္မာရဲ့  ပထမအိမ်ထောင်ဘက်က ဇော်ဇော် လို့  ကြားသိရပါတယ်။အမေရိကမှာ လမ်းခွဲခဲ့ကြတာလို့  ကြားသိရပါတယ်။နောက်ပိုင်းအသေးစိပ်က နီးစပ်သူတွေ ထပ်ဖြေပေးကြမယ် ထင်တယ်။
- Phyo Naing ခင်ဥမ္မာကို DNAရော၊မိုးသီးပါလိုက်ဖူးပါတယ်၊နိုင်အောင်နဲ.အဆင်ပြေသွားတယ်လို.ကြားဖူးပါတယ်၊ခင်ဥမ္မာတောစခိုကတည်းကသူ.မှာအချစ်ရေး၊နှလုံးသားရေးရာတွေကြောင်.လို. Hear say ကြားဖူးပြီးသား၊အရေးမ်ါ
No comments:
Post a Comment