Wednesday, January 30, 2013

မြောက်ပိုင်းသုံးသပ်ချက် (၁)မြောက်ပိုင်းဇတ်မှန်၊

မြောက်ပိုင်းသုံးသပ်ချက် (၁)မြောက်ပိုင်းဇတ်မှန်၊ ပေါ်စေငြား၊ သစ္စာပန်းများ ပွင်.ပါစေ။

by Min Tharr on Wednesday, January 23, 2013 at 11:25pm ·
မြောက်ပိုင်းသုံးသပ်ချက် (၁)မြောက်ပိုင်းဇတ်မှန်၊ ပေါ်စေငြား၊ သစ္စာပန်းများ ပွင်.ပါစေ။

၂၀၁၁ ဒီဇင်ဘာ လ က စပြီး မြောက်ပိုင်း စခန်းက အဖြစ်အပျက်တွေ အင်တာနက်၊ ဖေ.စ်ဘွတ်ခ် တို.မှာ ပထမဆုံးအကြိမ် ကျယ်ကျယ်လောင်လောင် ပေါက်ကွဲ ထွက်လာခဲ.ပါတယ်။

ပန်းချီထိန်လင်း၏သန်းကြီးမ ဆောင်းပါး၊ ပြီးတော. အောင်မိုးဝင်း၏ အရိုးတွန်သံများဆောင်းပါးတွဲ ( အမှတ် ၁--၁၁) ထွက်လာတဲ.အခါ အေဘီဟောင်းတွေသာမက နေရာ အနှံ.အပြားက စာဖတ်ပရိသတ် တွေကြားမှာ အံ့သြစရာကောင်းလောက်အောင် ကို  မခံချင်စိတ်၊နာကျင်စိတ် တွေနဲ. အကြီးအကျယ်စိတ်ထိခိုက် ပေါက်ကွဲမှုတွေ ဖြစ်ခဲ.ကြပါတယ်။ ခံခဲ.ရတဲ.သူတို. ကို စာနာသနားစိတ် တွေဖြစ်ခဲ.ကြပါတယ်။ အမှန်တရားကို ကူညီရှာဖွေပေးလိုစိတ်နဲ. မြောက်ပိုင်းပြန်တွေကို လူတွေက တသားတည်း ၀ိုင်းရံပေးခဲ.ကြပါတယ်။ တဖက်မှာလည်း-ဘက်ရွေးမှု တွေ၊ ပုဂ္ဂိုလ်ရေးခင်မင်မှုတွေ ကြောင်.၊ အဖွဲ.ကို ကာသလိုနဲ.လူကို ကာပေးခဲ.တာတွေလည်း တွေ.ခဲ.ရပါတယ်။ ဒီကိစ္စ ကြောင်. သူငယ်ချင်း၊ မိတ်ဆွေ နဲ. ရဲဘော် တွေ အချင်းချင်းကြား မျက်နှာပျက်စရာတွေ ၊ငြင်းခုန်ရတာတွေ ဖြစ်ခဲ.ကြပါတယ်။ ဒါပေမဲ.- အုပ်စုစွဲကင်းတဲ. လူသူအမြောက်အများကတော. ခံခဲ.ရတဲ. မြောက်ပိုင်းပြန်တွေ အပေါ် (၁၉၉၂ က စလို. သူတို.ဘယ်တုန်းက ဘယ်နေရာမှာမှ မရ ဘူးတဲ.) အသိအမှတ်ပြုမှုမျိုးကို သတ္တိ ရှိရှိ ပြသခဲ.ကြပါတယ်။ ဒီလိုနဲ. ပရိတ်သတ် ကြီးဟာ ထက်သန်တဲ. စေတနာတွေနဲ.  အပယ်ခံ မြောက်ပိုင်းပြန်တွေဘက်က  ရပ်ပေးရုံသာမက၊ သူတို.ကို အမှုမှန်ပေါ်ပေါက်ရေး မှာ လက်တွေ.ကျကျ ၀ိုင်းကူညီမယ် ဆိုမယ်ဆိုတဲ. ပိုင်းဖြတ်ချက်တွေကိုပါ ကမ်းလှမ်း  ဖော်ပြခဲ့ကြတယ်။

သို.သော်---နှစ် ၂၀ တိမ်မြှပ်နေတဲ. ဒဏ်ရာဟောင်းတစ်ခု အတွက် ကုထုံးကို ရှာဖွေကြရာမှာ နည်းလမ်းမှားယွင်းနေတာ လွဲချော်နေတာ တွေ ကို ၂၀၁၂ ဧပြီ လနောက်ပိုင်းကစ ပြီး အကဲခတ်မိပါတယ်။ လူအချို.က ငါတို.မြောက်ပိုင်းပြန်တွေ၏ပြဿနာဆိုတဲ. ခေါင်းစဉ်အောက်မှာ အဖြစ်မှန်ပေါ်ဖို. ၂၀၁၂ အတွင်း အားထုတ်ကြတယ်ဆိုပေမဲ.  ဖြစ်ပေါ်ပြောင်းလဲမှု အသီးသီးဟာ ဟာ ကျေနပ်အားရစရာ မရှိခဲ့ပါဘူး။ ၂၀၁၂ခုနှစ် ပထမ ၆ လပိုင်းမှာ အများထောက်ခံမှုတွေနဲ. ဆူညံ နေတဲ. မြောက်ပိုင်း ဇတ်လမ်းဟာ ၂၀၁၂ နှစ်ဝက်ကျော် လာတဲ. အချိန်က စလို. ၂၀၁၃ အကူးမှာ ဦးတည်ရာ ဂီယာ ပြောင်းသွားပါတော.တယ်။ ဒီလို ဦးတည်ရာဂီယာပြောင်းသွားခဲ.တာကို  စောင်.ကြည်.လေလာနေသူတွေက မျက်ခြေမပြတ်ခဲ.ပါဘူး။ အောက်က ရေးသား ချက် ဟာ သူငယ်ချင်း ကိုမိုးကျော် နှင်. ကျမ ၏ တဦးစီ သုံးသပ်ချက်ဖြစ်ပါတယ်။ သေသေချာချာ ဖတ်ရှုဖို. တိုက်တွန်းလိုပါတယ်။
အေးအေးစိုးဝင်း

===========================================================

မြောက်ပိုင်းကိစ္စနဲ.ပါတ်သက်ပြီး အလုပ်ပိုင်း မထိရောက်ခြင်း ၊မြောက်ပိုင်းပြန်တွေ လုပ်ရမဲ. လမ်းကြောင်းက သွေဖယ်လာတဲ. အကြောင်းရင်း
(မိုးကျော်)

ထိရောက်အောင်၊ သူတို.မလုပ်နိုင်ပါ။ လူတွေနဲ.ညှိမရသေးဘူး၊ အခက်အခဲတွေ- အဟန်.အတားတွေ ရှိတယ် ဆိုတဲ. ဆင်ခြေကို မနန်းအောင်ထွေးကြည်ကသာ အမျိုးမျိုးပြောဆို ပြီး အလုပ်မဖြစ်အောင် တမင် လုပ်ထားတာဖြစ်ပါတယ်။ ဘယ်အချက်တွေကြောင်.  အလုပ်မဖြစ်ခဲ.ဘူးဆိုတာ အောက်ပါအတိုင်း အချက်တွေအရ ကျနော်  ပြောပါမယ်။ စာဖတ်သူတွေလဲဝိုင်းစဉ်းစားနိုင်ပါတယ်။
  • မြောက်ပိုင်းကိစ္စကို ကိုအောင်မိုးဝင်းက အစပြုလို. အားလုံးဝိုင်းဝန်းပြီးဖေါ်ထုတ်ခဲ့ကြတဲ့ ရလဒ်အရ လက်သည်တရားခံတွေဟာ ဘယ်သူတွေလဲဆိုတာ ပေါ်လွင်နေပါတယ်။ လုပ်ခဲ့တဲ့သူတွေလဲ သူတို.လုပ်ခဲ့တယ် ဆိုတာကို ကမ္ဘာသိ ကြေငြာချက်ထုတ်ပြီး ပြောကြားထားတယ်။ အဲဒိမှာ သူတို.လုပ်နိုင်တာကတော့ တရားရေးလမ်းကြောင်းပါပဲ။ ဒါပေမယ့် အခုဖြစ်နေတာက အဲဒီလမ်းကြောင်းကို မရောက်ပဲ ဟန်ရေးပြ လေလုံးထွားပြီး ဟိုလူက ဒီလိုဖြစ်လို. ဒီလူက ဟိုလိုဖြစ်လို. ဆိုပြီး ညီညွတ်ရေး ပျက်ပြားအောင် ဦးတည်တဲ့ လုပ်ဆောင်ချက်တွေရယ်။ လူတစ်ဦးတစ်ယေါက်ထဲကနေပြီး ဖြစ်ရမယ့် လမ်းကြောင်းကို မရောက်အောင် ဒီအမှုကို ကြိုးကိုင်နေတာရယ်တွေကတော့ အဓိက ပြသနာပါပဲ။ အဲဒါတွေကိုတော့ ကျနော်နောက်ပိုင်း ရေးသားချက်တွေထဲမှာ အကျယ်ချဲ.ဖေါ်ပြသွာမှာပါ။

  • သမိုင်းတစ်ခုကို ဖေါ်ထုတ်တယ်ဆိုတဲ့ နေရာမှာ မိမိသိတဲ့ မိမိပါဝင်ခဲ့တဲ့ လုပ်ဆောင်ချက်များအပြင် တခြားသော သူတွေရဲ. သိရှိချက် လုပ်ဆောင်ချက်တွေကိုလဲ လေးလေးစားစား လက်ခံရမှာဖြစ်ပါတယ်။ မိမိပြောဆိုရေးသားခဲ့တဲ့ အချက်အလက်နဲ. ဆန်.ကျင့်ဖက်ဖြစ် ကွဲပြားနေရင် မိမိအဆိုမှန်ကန်ကြောင်းကိုလဲ သက်သေပြရမှာဖြစ်ပါတယ်။ အခုဒီမြောက်ပိုင်းကိစ္စမှာကျတော့ သမိုင်းမှန်ကို ဖေါ်ဆောင်နေတယ်သာပြောတယ်။ ဒီဖြစ်စဉ်ကြီးရဲ. အစက ဘယ်လိုမှန်းမသိ။ သူတို.ရဲ.ပါဝင်ခဲ့မှတွေကိုလဲ ပြောဆိုခြင်းမရှိ။ ဘယ်သူတွေက ဘယ်လိုပါဝင်ခဲ့တယ်။ ဘယ်သူတွေက ဘယ်လိုလုပ်ဆောင်ခဲ့တယ်ဆိုတာကိုလဲ တိတိကျကျ ပြည့်ပြည့်စုံစုံ ဖေါ်ပြခြင်းမရှိ။ စာဖတ်သူပရိတ်သတ်တွေသိနေရတာက သူတို.တွေကို ဘယ်သူတွေက ဘယ်နေ.မှာ ဘယ်လိုဖမ်းသွားပြီး ဘယ်လိုနှိပ်စက်မှုမျိုးတွေနဲ. ဘယ်လောက်ရက်စက်စွာ နှိပ်စက်ခဲ့တယ်ဆိုတာတွေကိုပဲ ပြောကြားနေကြတယ်။ အဲဒီတော့ ကျနော်တို. ယူဆနိုင်တာက အခုသမိုင်းမှန် ဖေါ်နေတယ်ဆိုတဲ့သူတွေဟာ သူတို.တကယ်ပါဝင်ပတ်သက်ခဲ့တာတွေကို မဖေါ်ပြနိုင်တဲ့၊ ပရိသတ်ကို မသိစေချင်တဲ့ အချက်တွေရှိတယ်။ နောက်တစ်ခုက တကယ်လုပ်ရမယ့် လုပ်သင့်တဲ့အလုပ်ကို မလုပ်ပဲနဲ. သူတို.ဘယ်လိုခံစားရတာတွေကိုပဲ ထပ်တလဲလဲ ပြောကြားရင်းနဲ. လူထုကြားမှာ နာမည်ကြီးအောင်လုပ်နေပြီး သူတို.ကိုယ်တိုင် ပါဝင်ခဲ့ဖူးတဲ့ အဖွဲ.အစည်းကို ဂုဏ်သိက္ခာချနေတယ်လို. ယူဆလို.ရပါတယ်။

  • အခုနန်းအောင်ထွေးကြည် လုပ်ဆောင်ချက်တွေဟာ သူမ နာမည်ကြီးရေးနဲ. အမှုလမ်းကြောင်းပျောက်အောင်လုပ်ဆောင်နေတယ်လို. ယုံကြည်ထင်မြင်ပါတယ်။ ရလဒ်တစ်ခုပေါ်လာပြီးတဲ့နောက်မှာ လုပ်သင့်တာတွေကို မလုပ်ပဲနဲ. ဘယ်သူ.သဘောထားယူဖို.လိုတယ်။ ဘယ်သူ.တွေဆီက ဘာအချက်တွေရမှ လုပ်လို.ရမယ်ဆိုတာတွေဟာ တကယ်တော့ ဒီအမှုမှန်မပေါ်အောင် ဟန်ဆောင်လိမ်ညာခြင်းသက်သက်သာဖြစ်တယ်လို. ကျနော်ယုံကြည်တယ်။
နောက်ပိုင်းကျနော်တင်ပြမဲ. အပိုင်းတွေမှာ အသေးစိတ်လေးတွေကို တချက်စီ တင်ပြသွားမှာဖြစ်ပါတယ်။

မိုးကျော်
=============================================================
မြောက်ပိုင်းကိစ္စနဲ.ပါတ်သက်ပြီး အလုပ်ပိုင်း မထိရောက်ခြင်း ၊မြောက်ပိုင်းပြန်တွေ လုပ်ရမဲ. လမ်းကြောင်းက သွေဖယ်လာတဲ. အကြောင်းရင်း

၂၀၁၂ နှစ်ဝက်ကျော်  နောက်ပိုင်း လများ နဲ. ယနေ.အထိ သူတို.မြောက်ပိုင်းပြန် တွေလုပ်တဲ. ပီအာ အ၀၀မှာ စီမံခန်.ခွဲနေတဲ. မနန်းအောင်ထွေးကြည် ၏လုပ်ရပ်များကြောင်. တကယ်နစ်နာခံစားခဲ.ရသူတွေအတွက် အမြတ်တ၀က် အ ရှုံး တ၀က် ဖြစ် ခဲ.ရပါတယ်။ မြင်ထားတာကတော. ဒီလိုပါ။

၁။ အမှုဖြစ်ချင်ရင် ဖြစ်လို.ရတဲ. အနေအထား ၂၀၁၂ ဧပြီလလောက် ကတည်းက လုပ်ချင်တဲ.သူတွေအတွက် လုပ်နိုင်ခြေရှိပါတယ်။  (အဖွဲ. အစည်းအသွင်နဲ. မဖြစ်မနေ အမှု ကို စုလုပ်မယ် ဆိုရင်) trust-worthy ဖြစ်တဲ. မြောက်ပိုင်းပြန်တွေနဲ. ပြင်ပက ပံ.ပိုးကူညီပေးမဲ.သူတွေ ကြားမှာ ရိုးသားမှု မြင်သာမှုတွေ ရှိခဲ. လျှင် မှ ဒီအမှုကို ရမှာဖြစ်ပါတယ်။ သို.သော်- ရိုးသားမှု မရှိသူတစ်ဦးက အတွင်းအပြင် ဆက်ဆံရေး အသွားအလာတွေအားလုံးကို တစ်ဦးတည်း  ကြိုးကိုင်နေသည်. အတွက်ကြောင်.-- အစိုးရမီဒီယာဖက်က အင်တာဗျူးတွေ နဲ.  ရေးသားချက်တွေ သာ ထွက်လာပါတယ်။ ဒါကြောင်.--မိတ်ဆွေ ရဲဘော်များ၏ ရှေ.ပိုင်းက အမှုဖြစ်ရေးဆွေးနွေး အကြံပေးခဲ.မှုများ အရာ မထင်ခဲ.၊ အကြံပေးကူညီရကျိုး လည်းမနပ်ခဲ.ပါ။ ၂၀၁၂ စက်တင်ဘာနောက်ပိုင်း မြောက်ပိုင်းပြန်တို. လုပ်နေတဲ. ပီအာ public relations ကိစ္စတွေဟာ အစိုးရအတွက် အမြတ်ထုတ်နိုင်တဲ. အတွက် သမ္မတဘေးက ဇော်ဦး၊ အောင်မင်းဘေးက လှမောင်ရွှေ၊ ညိုအုန်းမြင်.၊ မင်းဇော်ဦး စသည်. အကြံပေးများက အစိုးရမီဒီယာကို သူတို.လိုချင်တဲ.ပုံစံခွက်အတိုင်း  ခြေသွက်လက်သွက်ဖြစ်အောင် ဒိုင်ခံ ညွှန်ကြားနေပါတော.တယ်။ 
Zaw Oo, one of President Thein Sein's opportunistic right-wing men, a major player behind recent media tactics against the ABSDF.

၂၀၁၂ နှစ် ဒီဇင်ဘာမှာ အစိုးရနဲ.ထိပ်တိုက်စစ်ဖြစ်နေတဲ. ကချင်မြေက ကျောင်းသားတပ်မတော် က လက်နက်မချသေးပါ။ အေဘီ ဥက္ကဌနဲ. အဖွဲ.လည်း ၂၀၁၂ ဒီဇင်ဘာမှာ ပြည်တွင်းရောက်ရှိနေပါတယ်။ ဒီ.အတွက် စစ်အစိုးရက မြောက်ပိုင်း ဇတ်နာကို ပြောချင်သူတွေကို အသုံးချကာ သူတို. မီဒီယာနဲ. ထိုးနှက်လို.ကောင်းတဲ. အချိန်ကာလလဲဖြစ်နေပါတယ်။ အမှန်က -  မြောက်ပိုင်းပြန်အချို.က  အစိုးရပိုင် မီဒီယာကို မညှာမတာ အသုံးပြု လိုက်တဲ.အတွက် တကယ် တာဝန်ရှိခဲ.တဲ. ဗီလိန်အစစ်ကိုမရပဲ၊ လမ်းကြောင်းလွဲသွားတယ်
ဆိုတာ ပေါ်လွင်ခဲ.ရပါတယ်။ စောင်.ကြည်.လေ.လာနေသူတွေကို တပတ်ရိုက်ခဲ.သလို ဖြစ်ခဲ.ပါတယ်။

၂။ ခြုံကြည်.ရင်- မြောက်ပိုင်းပြန် တွေမှာ အစိုးရအကြံပေးများက လွဲလို. ပြင်ပက ကောင်းစွာ ကူညီပေးနိုင်တဲ.သူတွေနဲ. အခွဲခံထားရဆဲလို.မြင်ပါတယ်။ ငါတဦးထဲ  ကြိုးကိုင်ချယ်လှယ်ခွင်.မရရင် အချက်အလက်တွေ ဘယ်သူ.ကိုမှမပေးဘူး၊ငါ ပဲအဓီက ဆိုတဲ. မနန်းအောင်ထွေးကြည်ရဲ.စတိုင်က --
အစိုးရမီဒီယာအတွက် ကျေနပ်စရာ။
ကျောင်းသားတပ်မတော်အတွက် ခံပြင်းစရာ။
အမှန်တကယ်ခံခဲ.ရတဲ.မြောက်ပိုင်းပြန်မိသားစုတွေအတွက် စိတ်ရှုတ်ထွေးအားငယ်စရာ ဖြစ်ခဲ.တယ်။ သူမ ပြောခဲ.တဲ. အချက်အလက်တွေကလည်း ၇၀%-၈၀% လောက်သာ မှန်ကန်ပြီး ကျန်တဲ. ၂၀%-၃၀%က ထိန်ချန်မှုတွေ၊ ၀န်မခံလိုမှုတွေ နဲ.ပြည်.နေပါတယ်။

ကျည်ဆံ အစစ်မပါတဲ. သေနတ်နဲ.ပစ်ခြင်းမှာ မည်သည်.ပစ်မှတ်ကိုမှ မထိ ခဲ.ပါ။ အစိုးရမီဒီယာနဲ. ပူးပေါင်းလုပ် ဆောင်တဲ. အခါမှာ၊ တရားခံ အစစ် ဘယ်မှာလဲ ၊ ဘာကြောင်.လွတ်နေတာလဲ ၊ ဘယ်လို နည်းနဲ. အကာအကွယ် ရထားသလဲ စသည်. ပိုင်းခြား စိတ်ဖြာ သုံးသပ်ချက်တွေမပါတဲ. အင်တာဗျူးတွေ ကြောင်. အစိုးရကို မျက်နှာလုပ်ချင်သူတွေ သတင်းသမားတွေပဲ စန်းပွင်. အမြတ်ထုတ်ခဲ.ကြပါတယ်။ မဟာမိတ်ရွေးချယ်မှု မှားယွင်းမှုကြောင်. စစ်မှန်တဲ.တော် လှန်ရေးသမားတွေစီက  ကျောင်းသား တန်ပြန် ခြေပ ခြင်းတွေကိုလည်း မနန်းအောင်ထွေးကြည် သင်တင်. လျှောက်ပတ်စွာ ဖြေရှင်း ပေးနိုင်ဖို. မပြင်ဆင်ထားခဲ.ပါ။  ၂၀၁၂ နှစ်ဦးပိုင်း လောက်က အများက ထားခဲ.တဲ.စေတနာကို လက်မခံရင် အများက ပြန်ငြိုညင်တာ ခံရတတ်ပါတယ်။ လမ်းကြောင်းမှားတစ်ခုကို တမင်တင်ပြီးကာမှ ကိုယ်ကတဲ.ဇတ် ကိုယ်မနိုင်လို. ပြန်ပြီး ရှာင်ထွက် သွားမယ်ဆိုရင်တောင် ခု တော်တော် နောက်ကျသွားပြီလို.ပြောနိုင်ပါတယ်။ ဒီတော.-အစိုးရအဖွဲ့တွင်း က အကြံပေးသူ တစ်ဦး နှစ်ဦးရဲ. ဂိုက်လိုင်း လမ်းညွှန်ချက်တွေနဲ. ကပြနေကြကြောင်း လူတွေကို ရိပ်မိစေပါတယ်။ (ဆက်လက်ဖေါ်ထုတ်မှာ ဖြစ်ပါတယ်။)




U Aung Min, U Hla Maung Shwe and Nyo Own Myint, also players behind media tactics against the ABSDF as a whole and the real victims in order to save their accomplices.

၃။ ဒီလို အစိုးရမီဒီယာကို အသုံးချမှုကတဆင်. ရှုတ်ထွေးမှု အချို.ပေါ်လာရတဲ.အတွက် မြောက်ပိုင်းမှာ ခံခဲ.ရသူတွေ၏ သမိုင်းကတော. ပျောက်သွားမှာ မဟုတ်ပါ။ ဒီဖြစ်ရပ်ကြီးတစ်ခုလုံးအပေါ် ရိုးသားစွာ ယုံကြည်ခဲ.သူတွေ ထောက်ခံပေးခဲ.သူတွေ အားလုံး  သတိကြီးရပါလိမ်.မယ်။ အဲလိုဆိုရင်-- ခု လမ်းကြောင်းမှားကို တမင်ကလာ တင်၊ တယောက်ထဲချယ်လှယ်နေ သူတစ်ဦးရဲ. အခန်းကဏ္ဍ သို.မဟုတ် ပြောရေးဆိုခွင်.၊ ဆင်ခြေပေးခွင်.တွေ ကတော. ရှေ.ရှောက် တော်တော် ကြီး လျှော.နည်းသွားပါလိမ်.မယ်။ ဆိုရေးရှိက မဆိုပါက လူတစ်ဦး တစ်ဖွဲ.ကပဲ အမြတ်ထုတ်၊ အစိုးရက အမြတ်ထုတ်၊ အမှု ဖြစ်မလာပဲ ဆူညံနေတဲ.မီဒီယာ ရှိုး တွေကတဆင်.  ထိုသူများ၏ မလိမ့်တပတ် ရည်ရွယ်ချက်တွေပဲ အခြေခိုင်လာမှာစိုးရိမ် တဲ. အတွက် ကိုယ်တတ်နိုင်သလောက်ရေးသားဖေါ်ထုတ်ပေးရတာဖြစ်ပါတယ်။

၁၉၉၂ ဖေဖေါ်ဝါရီ၁၂ ရက်နေ. ခေါင်းဖြတ်လူသတ်ပွဲ အပေါ် တာဝန်ရှိတဲ. မြောက်ပိုင်း မကမဒ ခေါင်းဆောင်မှု ကို မနန်းအောင်ထွေးကြည် က ရဲရဲတောက် ကဗျာ တပုဒ် သီကုံးပြီး နဲ. ၂၀၁၂ နှစ်ဆန်းပိုင်းက စိမ်ခေါ်ခဲ. ပါတယ်။ ရဲရဲတောက် ဒီကဗျာတစ်ပုဒ်ကို မှတ်မိနေကြဦးမှာပါ။

မြောက်ပိုင်းစခန်းပြန်တွေ ကြားမှာ လူတိုင်း ဒဏ်ရာ ဒဏ်ချက် ကိုယ် စီ ရှိကြပါရဲ.နဲ. နန်းအောင်ထွေးကြည် တယောက် ထဲ ဦးဆောင်ပြီး  ဘာကြောင်. ဇတ်နာတဲ.အပိုင်းကိုပဲ ဇောင်းတင် ပြောကြား နေတယ်လို.ထင်ပါလဲ။ အမှုဆင်မယ် အမှုပေါ်အောင်လုပ်မယ် စသည်. ခေါင်းစဉ်တွေ အောက်မှာ သနားတတ်တဲ.ပရိတ်သတ် ကြီးလည်းစောင်.ရင်း စောင်းရင်း မောပန်း စိတ်ပျက် သွားပါပြီ။ လူတွေရဲ. ထက်သန် တက်ကြွတဲ.စိတ်ဆန္ဒတွေ အားနည်းသွားခဲ.တာ တစ်စုံတစ်ဦးမှာ  လုံးလုံးတာဝန်ရှိပါတယ်။    ဗီလိန်တွေကို ဥပဒေကြောင်းအရ အရေးယူစေချင်တဲ.ပရိတ်သတ်ကြီး ကို တဖက်က မက်လုံးပေးထားသော်လည်း အခြားတဖက်မှာ ဘာမှ မလုပ်နေတဲ.အတွက် ဘာမှဖြစ်မလာခဲ.ပါ။ ဒီလိုနဲ. တနှစ်ကြာသွားပါတယ်။ ယခုထိ ဘာမှ မည်မည်ရရ ဖြစ်မလာသေးပါ။ အစိုးရဖက်ကတော. တော်တော်မြတ်သွားပါတယ်။

ဒီတော. ၀ိုင်းစဉ်းစားကြပါတယ်။ ဘယ်လို ရည်ရွယ်ချက်မျိုးနဲ. ဒီကိစ္စကို ဒီလိုအချိန်မှာမှ အစိုးရမီဒီယာက ဒီလိုပုံစံမျိုးနဲ.  ဖေါ်ထုတ်နေချင်ကြလဲ ဆိုတာ ကို အလေးအနက် တွေးမိကြပါတယ်။  နောက်ကွယ် မှာ ရည် ရွယ်ချက်တမျိုး ရှိနေပြီ၊ လူသိမခံရဲတဲ.ညွှန်ကြားချက်တွေပါဝင်နေပြီ ဆိုတာ မိမိတို.လေ.လာထား သလောက်  ရှင်းပြပေးချင် တဲ.အတွက် ဆက်လက်တင်ပြပေးပါမယ်။

သက်ရောက်မှု  ကြီးသော လူသားဝါဒ သာဖြစ်စေလို။


တည်ကြည်စွာဖြင်.
အေးအေးစိုးဝင်း
Jan 22   2013
15Like · · ·
  • Aye Aye Soe Win အိုင်ဒီယာ စပေးခဲ.လို. ကျေးဇူးတင်တယ် ဟေ.။ အစ ခက်ပေမဲ. အဆုံးမှာတော. လွယ်လာမှာပါ။ ဆက်ရန်ရှိသေးပြီပေါ. ၊
  • Min Tharr ပေါပါတယ် အချက်တွေက။ ဘာလို.လဲဆိုတော့ ကြွားချင်ဝါချင်တဲ့သူဟာ ပါးစပ်မှ မပိတ်ထားတာ၊ ဒီတော့ အကုန်ပေါ်တာပေါ့လေ
  • Aye Aye Soe Win အဲတာ မြန်မာစကားပုံအရ ကိုယ်ဖေါ်တဲ.ဆေး---
  • Aye Aye Soe Win အင်တာဗျူးတွေ အကြိမ်ကြိမ်လုပ်ပြီး။ တဖက်က ဒိုင်ခံပြောနေတာ ကို ကောင် တာ မေးခွန်း မမေးပဲ။ သတင်းသမား အိမ်စာကျေရကောင်းမှန်း မသိပဲ၊ သူများပြောသမျှကို သတင်းအနေနဲ.တင်ပေးတယ်ဆိုတာ တော်တော် အဆင်.နိမ်.တဲ. တင်ပြနည်းပါ။ ဘက်လိုက်မှု ရှိတယ်။ သတင်း တိကျမှု မရှိဘူး။ သူများပြောသမျှ ထိုင်ရေးနေတဲ. အင်တာဗျူးရောင်းစား သတင်းရောင်းစား စီးပွားရေးသမားများ ကြားမှာ---ထိုင်အမြတ်ထုတ်နေတဲ.သူတွေကို တော.--ဝေဖန်ရေးဆက်လုပ်ပေးပါ.မယ်။
  • MC Monywa နံမည်ကြီးရေးဆိုတာက ဒဏ်ရာအနာတရတွေနဲ့နှိုင်းယှဉ်ကြည့်ရင် ဘယ်လိုမှမမျှတပါဘူး ပြုသူအသစ်ဖြစ်သူအဟောင်းပါ။ ကိုယ်ချင်းစာစိတ်ကလေးနဲနဲထားပြီး သူတို့လို ရက်ပေါင်းများစွာမဟုတ်တောင် နာရီပိုင်းလောက် ခံစားကြည့်စေချင်ပါတယ်။ ဒီအချိန်ကျမှ လွယ်လွယ်လေးမပြောစေချင်ပါဘူး။
  • Aye Aye Soe Win conspiracy --လှို.၀ှက် ရှုတိထွေးတဲ. ကွင်းဆက်တွေ အစိတ်အပိုင်းတွေကို လူတွေ သတိထားမိအောင် ရေးတဲ. ဆောင်းပါး ဖြစ်ပါတယ်။ နံမည်ကြီးတာ မကြီးတာတွေကို သိပ်စိတ်မ၀င်စားပါဘူး။ ခံ၇တဲ.မြောက်ပိုင်းပြန်တွေကို သနားဆဲပါ။ သို.သော်-ကွန်စပိုင်ယာရေစီတွေ ဖြစ်လာ ရင်၊ လူဆိုးက လူကောင်းဖြစ်၊ လူကောင်းက လူဆိုးဖြစ်တတ်တယ်။ အဲဒါတွေကို --နည်းနည်ူပါးပါးလေးပဲ ပြော ရုံရှိပါသေးတယ်။ အားလုံးစိတ်ရှည်ကြမှာပါ။ ဘယ်သူမှ လွယ်လွယ်ပြောမှာ မဟုတ်ပါ။
  • Soe Moe Nai ကို်မင်းသား ရေးနေပြီလား။ ကေါင်းတယ်ဗျာ၊ ကျနော်တောင် ၅ ရက်နေ.က သူတို. သတင်းစာရှင်းလင်းပွဲသွားမလို. ကိစ္စတစ်ခုပေါ်လာတာနဲ. မသွားဖြစ်လိုက်ဘူး။ အဲဒီနေ.က သူတို.ကို မေးတဲ့မေးခွန်းတွေ တော်တော်ကေါင်းတယ်။ သိလိုက်ရတာက သတင်းထောက်တွေမေးတာမဟုတ်ဘူး။ အပြင်က စိတ်ဝင်စားတဲ့သူတွေ မေးကြတာ။
  • Min Tharr MC Monywa ကျနော်တို. အခုရေးနေတယ်ဆိုတာ ပုဂိုလ်ရေး မတိုက်ခိုက်ပါဘူး။ နန်းအောင်ထွေးကြည်ဟာလဲ အနည်းနဲ.အများနှိပ်စက်ခံခဲ့၇တာကို ကျနော်တို. ခံစားစာနာနားလည်ပါတယ်။ အဲဒါတွေကြောင့်လဲ သူကိုကျနော်တို. တင်ပေးခဲ့တာပါ။ ဒါပေမယ့်အခု သူလုပ်ကိုင်ဆောင်ရွက်ပုံတွေက လွဲမှားနေတယ်။ သူတို.မြောက်ပိုင်းပြန်အချင်းချင်းထဲမှာတောင် သွေးကွဲအောင် မယုံကြည်ဖြစ်အောင် သွေးထိုးပြောဆိုမှုတွေနဲ. ဟိုလူ.ခေါက်လိုက် ဒီလူ.ကို ပစ်ထားလိုက်ဆိုတဲ့ လုပ်ရပ်မျိုးတွေနဲ. လုပ်ဆောင်နေတာကို တွေ.နေရပါတယ်။ ဒါအပြင် သူ.ကိုစေတနာထား ၀န်းရံပေးတဲ့သူတွေကိုလဲ နောက်ကွယ်မှာ မှိုချိုးမျှစ်ချိုးပြောနေတာတွေရှိနေတယ်။ အဲဒါတွေ ခင်ဗျားလဲသိလောက်မှာပါ။
  • Shyu Mawa ကျမလည်း ထပ်တူထပ်မျှပါ။ ဒေါက်တာနိုင်အောင်တို့ကို မြန်မြန်တရားစွဲကြပါ။ နန်းအောင်ထွေးကြည်ဟာ သူ့ကို စာနာထောက်ခံသူတွေအပေါ် မရိုးမသားလုပ်တာတော့ ရုပ်ပျက်လွန်းပါတယ်ရှင်။
  • Min Tharr မနန်းအောင်ထွေးကြည်ကတော်တော် လွန်တယ်တယ် ဗျာ။ သူခိုးတစ်ကောင်ကို အလကား ငှားထားပြီး လိုက်ဆဲခိုင်းနေတယ်။ ကျနော် တို.ကတော.၊ ရေးစရာ ၇ှိတာ ရေး၇မှာပဲ။ မဟုတ်ရင် လူတွေက မသိဘူးလေ။
  • Ko Ko Gyi @ Min Tharr, I read the whole post, no substance but attacking NAHK နန်းအောင်ထွေးကြည် only. My bros Mg Mg and Nyi Nyi told me and even Mg Mg had given some of his records (hand written) to me in 2002. Nyi Nyi had even given his story in English. He later wrote it again in Burmese. Please kindly show us or advice us how to take action on top criminal leaders, Aung Naing and Naing Aung. Even NLD LA and NLD HQ led by U Aung Shwe would be partly responsible. My brother Mg Mg wrote that When the father of နန်းအောင်ထွေးကြည် try to complaint and asked help from NLD HQ led by U Aung Shwe for the release of the ABSDF N prisoners, irresponsible U Aung Shwe replied that he was not free because of building his new house. Omission of duty is a crime! FYI Both Aung Naing and Naing Aung were my students when I was teaching in Institute of Medicine Mandalay. And the parents, uncle and grandfather of Aung Naing were my teachers/lecturers. Naing Aung's father was also my lecturer. Esp. I had coached Naing Aung during the university holiday, practical dissection (and theory) of the dead body's Lower Limb because my boss head of dpt requested me. He missed that part when he transferred from Rgn to Mdy..
  • Than Oo အဖြစ်အပျက်အားလုံးရဲ့ ပထမဆုံရပ်ဟာ သတင်းသမားပါ။ ဒုတိယဆုံရပ်က သတင်းဌာနပါ။ အဲဒီခေတ်ကာလမှာ ကျနော် ဟာ ခေတ်ပြိုင်ဆိုတဲ့သတင်းဌာနမှာ ရှိနေခဲ့ပါတယ်။ အကွဲအပြဲတွေအရဆိုရင်ဒညတအဖွဲ့ရဲ့ နိုင်ငံတော်အာဏာသိမ်းရေးမှနေ မြိုင်ကြီးငူအရေးအထိ ဆိုပါတော့ဗျာ။ စေ့စပ်ရေးဆိုင်ရာတွေအရဆိုရင်လည်း ဗစ်တိုးရီးယားဟော်တယ် (ဆဖန်ကွိုင်နယ်မြေ၊ ဘန်ကောက်မြို့)မှနေ မာနယ်ပလောထိဆိုပါစို့။ ဒါကြောင့်ဘယ်သူ့ဘယ်သူကိုမှအပစ်တင်မစောကြပါနဲ့၊မလောကြပါနဲ့။ အောင့်နိုင်ရင်အကျိုးရှိ စောင့်နိုင်ရင်သူခိုးမိဆိုသလိုပေါ့။အားလုံးအမှန်တွေကိုသာ ချပြေလိုက်ရရင် ဘယ်လက်နက်ကိုင်အဖွဲ့ အစည်း (စစ်တပ်၊ တော်လှန်ရေး)ကိုမှ ခင်ဗျားတို့ လက်ခံ ယုံကြည်နိုင်တော့မှာ မဟုတ်ပါဘူး။ အစိုးရအဆက်ဆက် (ယ္ခုအထိ)က ပြည်သူကိုညာခဲ့၊ နိုပ်စက်ခဲ့တယ်။ တော်လှန်ရေးအဖွဲ့အ စည်းအသီးသီးက ပြည်သူကို သစ္စာဖေါက်ခဲ့တယ်။

No comments:

Post a Comment