Friday, September 7, 2012

မြောက်ပိုင်း သတ်ဖြတ်မှုအတွက် တောင်းပန်

ABSDF က မြောက်ပိုင်း သတ်ဖြတ်မှုအတွက် တောင်းပန်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စံခလပူရီ (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က မြောက်ပိုင်း၌
နှစ်ပေါင်း ၂၀ က ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့မှုများနှင့် ပတ်သက်၍ သက်ဆိုင်သူများအား သောကြာနေ့တွင် တောင်းပန်လိုက်သည်။

““မြန်မာပြည်မြောက်ပိုင်း၌ ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်များအတွင်း နစ်နာဆုံးရှုံး အသက်ပေးသွားခဲ့ကြသည့် ရဲဘော်များ၊ သက်ဆိုင်ရာ ကာယကံရှင်များ၊ မိဘဆွေမျိုးများနှင့်အတူ မိမိတို့ အဖွဲ့အစည်းနေဖြင့် ထပ်တူ ဝမ်းနည်းရသလို ယင်းကဲ့သို့ ဖြေရှင်းဆောင်ရွက်ခဲ့မှုများအတွက် အလေးအနက် တောင်းပန်အပ်ပါသည်” ဟု အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ABSDF မှ အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်၍ ယင်းအဖွဲ့မှ ဓမ္မဓိဌာန်ကျသော မှတ်တမ်း ရယူနိုင်ရေး ကြိုးပမ်းနေသည်ဟု ABSDF လက်ရှိ ဥက္ကဋ္ဌ ရဲဘော် သံခဲက ပြောသည်။

“ကျွန်တော်တို့ ပထမ အဆင့် အနေနဲ့ အမှုမှန် ဖော်ထုတ်ရေး အလုပ်အဖွဲ့ကို ဖွဲ့စည်းတယ်၊ ဒီဖြစ်စဉ်ကြီးမှာ ပါဝင် ပတ်သက် ခဲ့သူတွေ တွေ့ဆုံမယ်၊ မေးမြန်းမယ်၊ ဘယ်လို ဖြစ်ခဲ့တယ် ဆိုတဲ့ အကြောင်းကို မှတ်တမ်း အဖြစ် ရယူဖို့ ရှိတယ်၊ အဲဒီလို ဓမ္မဓိဌာန် ကျကျ မှတ်တမ်း တစ်ခု ပထမ အဆင့် အနေနဲ့ တင်နိုင်မယ်၊ ဒီဖြစ်စဉ်ကြီးကို သေသေ ချာချာ ဖော်ထုတ်နိုင်မှ နောက်တစ်ဆင့်ကို ဆက်သွားမယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

၁၉၉၂ ခုနှစ်က ကချင်ပြည်နယ် မြောက်ပိုင်း ပါဂျောင်ဒေသတွင် ဖြစ်ပွားခဲ့သော ညှင်းပန်းသတ်ဖြတ်မှုများနှင့် ပတ်သက်၍  အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အဖွဲ့၏ အချက်အလက် စုဆောင်းခြင်းနှင့် အစီရင်ခံစာ ရေးသားခြင်း လုပ်ငန်းအား ၂ဝ၁၃ ခုနှစ် မေလတွင် အပြီးသတ် ဆောင်ရွက်သွားမည်ဟုလည်း မတ်လအတွင်းက ထုတ်ပြန်ခဲ့သည်။

ABSDF (မြောက်ပိုင်း) စခန်းရှိရာ ကချင်ပြည်နယ် ပါဂျောင်တွင် ထိုစဉ်က စစ်အစိုးရကို လက်နက်ကိုင်တော်လှန်ရန် စုဖွဲ့ခဲ့ကြသည့် ကျောင်းသားတပ်အကြား စစ်ထောက်လှမ်းရေးများ စိမ့်ဝင်ကာ ဖြိုခွဲရန် ကြိုးစားသည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီး ညှင်းပန်းစစ်ဆေးခဲ့ကြသည်။ မြောက်ပိုင်းဥက္ကဋ္ဌဟောင်း ကိုထွန်းအောင်ကျော် အပါအဝင် အဖွဲ့ဝင်  ၁၅ ဦး သေဒဏ် အပြစ်ပေးခံခဲ့ရသည်။

စခန်းရှိ အဖွဲဝင်အရေအတွက်၏ သုံးပုံတစ်ပုံကျော်ဖြစ်သော အဖွဲ့ဝင် ၁၀၀ ကျော်ကို ထောက်လှမ်းရေး၏ “ရေလှိုင်းစစ်ဆင်ရေး” အောက်မှ ပါဝင်လှုပ်ရှားသူများဟု စွပ်စွဲခဲ့ကြသည်။

၁၉၈၈ ခုနှစ် မြန်မာပြည်တဝှမ်း မြို့ကြီးများတွင် ပါတီစုံဒီမိုကရေစီ လိုလားသော လူထုဆန္ဒပြမှုများကို စစ်တပ်က
သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်း၍ အာဏာသိမ်းပြီးနောက် တက္ကသိုလ်ကျောင်းသားများ အပါအဝင် ကျောင်းသားလူငယ် များသည် လက်နက်ကိုင်ကို ပြန်လည်တော်လှန်ရန် နယ်စပ်ဒေသများသို့ တိမ်းရှောင်သွားရာက ကျောင်းသား တပ်မတော်ဟူ၍ ပေါ်ပေါက်လာခဲ့သည်။ ရှစ်လေးလုံးဟုတွင်ခဲ့သည့် အရေးအခင်းအတွင်း လူ သုံးထောင်ခန့်
သေခဲ့ကြရသည်။

ကျောင်းသားလူငယ် နှစ်သောင်းခန့်အထိ တောခိုသွားခဲ့ကြရာ အများစုက ထိုင်းနိုင်ငံနယ်စပ်ကို ရောက်သွားခဲ့ကြသလို တရုတ်နယ်စပ်၊ အိန္ဒိယနယ်စပ်တို့လည်း သွားရောက်ခဲ့ကြသူများလည်း ရှိသည်။


မဇ္ဈိမ ဂျာနယ်မှကူးယူဖေါ်ပြပါသည်။

မျက်စိထဲ ဝင်လာတဲ့ စာတပိုဒ်ကတော့..

12 · ·
    • Chan Nyein Moe ဟုတ်တယ် ကိုထိုက်၊ ကိုယ် အဲဒီဗျူး ဖတ်ပီးကတည်းက အတွင်းကျကျထဲက တုံ့ ပြန်မှုမျှော်နေတာ၊ ဘာလို့  မထွက်လာတာလဲ ၊ ထပ် စော်ကားထားတာကြီးကို ငြိမ်နေတာ မဖြစ်သင့်ဖူး။
    • Don Steve Evergreen ငါမြင်တာတော့ ABSDF ရောက်သွားပြီး အသတ်ခံရတာကို ပြန်ပြီး အစဖော်တယ်ဆိုတာက ကရင် သူပုန်ထဲရောက်သွားပြီးမှ အနိုင်ကျင့်ခံရလို့ ပြည်မဖက် ပြန်လာပြီး တရား စွဲသလို ဖြစ်နေတယ်။ ABSDF ဆိုတာ လက်နက်ကိုင်တပ်ဖွဲ့။ အဲဒီထဲ ဝင်ပြီးမှတော့ သေမှာလဲ မကြောက်နဲ့တော့။ ဒီလိုပဲ ရှင်းနေ ကြတာပဲ။
    • Chan Nyein Moe ဒါ သာမန် လက်နက်ကိုင်တော်လှန်ရေးထဲက လူသတ်မှု မဟုတ်ဖူး ၊
    • Aye Aye Soe Win he made me puke....
    • Nang Aung Htwe Kyi မှန်တယ်ထင်ရင် တရားရုံးမှာရင်ဆိုင်တော့လေ.. နှစ်ဘက်ရှေ့နေနဲ့ ခြေပ ပေါ့ ..
    • Nang Aung Htwe Kyi ဘယ်ကရဲဘော်လဲ

      သူ့မယုံရ ကိုယ့်မယုံရ

      သံသယတွေပိုကဲ

      ဟိုတစ သည်တစပြိုကွဲ

      ဘယ်ကရဲဘော်ဖြစ်မှာလဲ။

      တီးတိုးတီးတိုး

      သဖန်းပိုး

      ကွယ်ရာတမျိုး ရှေ့တမျိုး

      ခြေထိုးမတော် ချော်လို့လဲ

      ဘယ်ကရဲဘော် ဖြစ်မှာလဲ။

      နေရာပိုင်မှု အပြိုင်လု

      လူထုအတွက် ပြည်သူ့အတွက်တဲ့

      အရှက်ကနည်း၊ သွေးကခွဲ

      ဘယ်ကရဲဘော် ဖြစ်မှာလဲ။

      ခြေပုန်းခုတ်လို့ ဂုတ်ပေါ်တက်

      မျက်နှာနှစ်ဖက် လျှာနှစ်ခွ

      နှစ်ဖက်လွှနဲ့ သတ်လျှိုခွဲ

      ဘယ်ကရဲဘော် ဖြစ်မှာလဲ။

      ဘယ်ကရဲဘော်လဲ..........

      တင်မိုး

      ၁၆.၃.၂၀၀၀
      (ကြာသာပတေး ညနေခင်း)

      ဆရာ့ကဗျာတွေကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ဝေဖြန်ချိလိုက်တဲ့ ခွပ်ဒေါင်းအလံတော်ခေါ်ရာသို့ လွတ်မြောက်ရေးကဗျာများ စာအုပ်ထဲကဖြစ်ပါတယ်..
      49 minutes ago · · 1
    • Min Thu Ko Sရှက်မှမရှိတာဗျာ......ဒါနဲ့များ ခေါင်းဆောင်လို့ အူချင်နေသေးတယ်။ထွီ..
    • Par Gyi ကောင်းမှကောင်းပဲ Ko Htike ရေ။ ဖတ်တာချင်းအတူတူ မတွေးတဲ့သူက ဘာမှ ဃကဏနမသိလိုက်ဘူး။ သေချာတွေးမှ ပုစ္ဆာလိုပဲ ရှင်းရှင်းကြီးဆိုတာတွေ့ရတယ်။
      Ko Htike ဖေ့စ်ဘွတ်ခ်မှကူးယူဖေါ်ပြပါသည်။

နမူနာဆိုး အမွေမပေးကြပါနဲ့ 

နမူနာဆိုး အမွေမပေးကြပါနဲ့ 

by Htay Tint on Friday, September 7, 2012 at 11:23pm ·
နိုင်အောင်က မြန်မာပြည်ရောက်ရောက်ခြင်း
ပြည်တွင်းက ဒီမိုကရေစီ လှုပ်ရှားနေသူများ မီဒီယာသမားများ
နားရွတ်ကို တံထွေးစွတ်ထားပါသည် ။

မြောက်ပိုင်းကျောင်းသားများ အသတ်ခံရတဲ့ အမှု ဖြစ်ပါတယ် ။

မြန်မာပြည်မှာ ဒီမိုကရေစီနဲ့  လူ့ အခွင့်အရေး ထွန်းကားတဲ့ နိုင်ငံကြီးဖြစ်ဖို့ 
ကျောင်းသား လူထုထဲက အတိုက်အခံ အုပ်စုကြီး ၂ စုရှိနေပါတယ် ။

လက်နက်ကိုင်တော်လှန်ရေးနဲ့  ပြောင်းလဲတဲ့အဖွဲ့ ရယ် ။
အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ပြောင်းလဲတဲ့ အဖွဲ့ တွေဖြစ်ပါတယ် ။


ဒီအဖွဲ့ တွေထဲမှာ မြောက်များလှစွာသော ပြဿနာတွေ ရှိနေပါတယ် ။
ဒီမိုကရေစီ ကျင့်စဉ် အတွေးအခေါ်တွေနဲ့ 
လူထုကို နမူနာအဖြစ် ရှင်းလင်းကြရပါမယ် ။
ဒီမိုကရေစီ အုပ်စုတွေက
မိမိတို့ အဖွဲ့ တွင်းက လူထုသိသင့်တဲ့ ပြသနာတွေကို
ချမပြခြင်းဟာ လူထုကို စော်ကားတာဖြစ်ပါတယ် ။

အထူးသဖြင့် ရာဇဝတ်မြောက်တဲ့ မြောက်ပိုင်း တောင်ပိုင်း
လူသတ်မှုများနဲ့ ပါတ်သက်သည်များကို
ထိန်ချန် လိမ်လည်နေသူများကို
ဒီမိုကရေစီနဲ့  လူ့ အခွင့်အရေး
တိုင်းပြည် ပြန်လည် ထွန်းကားနေလိုသူတွေ
ကိုယ်တိုင်လိမ်ညာလှည်းဖျားနေခြင်းဟာ
ပြည်တွင်းက အုပ်ချုပ်သူများကို
နမူနာသင်ပေးနေသလို ဖြစ်တယ်လို သတိပေးလိုပါတယ် ။

မြောက်ပိုင်းနဲ့  တောင်ပိုင်း ကျောင်းသားတွေ အသတ်ခံခဲ့ ရတာဟာ
ရာဇဝတ်မှုမြောက်ပါတယ် ။
ရာဇဝတ်သားတွေ တည်ဆောက်မဲ့  ဒီမိုကရေစီနဲ့  လူ့ အခွင့်အရေး
တိုင်းပြည်မှာ လူတွေ ဘယ်လို အသက်ရှင် ရပ်တည်ကြမလဲ ။

တချိန်က ဗကပမှာ ဆိုးဆိုးဝါးဝါး လူ့ အခွင့်အရေးထက်ဆိုးတဲ့
သားက အဖေလည်မြိုကို တုတ်နဲ့ ရိုက်သတ်တာတွေကို
အစိုးရအနေနဲ့  ဥပဒေအရ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ 
ပျက်ကွက်ခဲ့တယ် ။

စားပွဲပေါ်မှာ ပြသနာဖြေရှင်းတဲ့ နည်း မသင်ကြရဖူး ။
ယနေ့ တိုင်းပြည်မှာ ယနေ့ အချိန်အထိ စစ်ဖြစ်နေတယ် ။
နယ်စပ်ဒေသတွေမှာ လူတွေသတ်ခဲ့တယ် ။
သတ်နေဆဲလည်းဖြစ်တယ် ။
ပြည်တွင်းမှာ လူသတ်မှုတွေ ဖြစ်နေတယ် ။
· · Share

ABSDF(ဗဟို) ၏ ထုတ်ပြန်ချက်


ကျောင်းသား(၃၈)ဦးစာရင်းထုတ်ပြန်

ပါဂျောင်ဒေသ လိုင်စင်စခန်းတွင် မတရားစွပ်စွဲ အသတ်ခံလိုက်ရသော ကျောင်းသား(၃၈)ဦးစာရင်းထုတ်ပြန်

by Ko Lin Wai Aung on Friday, September 7, 2012 at 2:00pm ·





....................................................................................................................................................



FIRST WEEKLY NEWS JOURNAL VOL.1  - NO 44 မှကူးယူဖေါ်ပြပါသည်။
· · · Share · Delete

သေဆုံးသွားသော မိသားစုက လူသတ်မှုဖြင့် အမှုဖွင့်

၁၉၉၂ခုနှစ်က မြောက်ပိုင်းဒေသတွင် သေဆုံးသွားသော မိသားစုက လူသတ်မှုဖြင့် အမှုဖွင့်

by Ko Lin Wai Aung on Friday, September 7, 2012 at 1:44pm ·


NEWS WATCH ဂျာနယ် အတွဲ၇ - အမှတ် ၆၂ မှကူးယူဖေါ်ပြပါသည်။
· · · Share · Delete

ဒေါက်တာနိုင်အောင်က အဖြစ်မှန်ပေါ်ပေါက်ရန် ပူးပေါင်းမည်ဟုဆို

ဒေါက်တာနိုင်အောင်က မြောက်ပိုင်းလူသတ်မှု အဖြစ်မှန်ပေါ်ပေါက်ရန် ပူးပေါင်းမည်ဟုဆို

by Ko Lin Wai Aung on Friday, September 7, 2012 at 1:34pm ·


NEWS WATCH ဂျာနယ် အတွဲ ၇ - အမှတ် ၆၂ မှကူးယူဖေါ်ပြပါသည်။
· · · Share · Delete