ကူညီမှုများစွာ နဲ့  ဆိုဖူးတဲ့ သစ္စာ
November 19, 2013 at 2:26am
စစ်တပ်က ဖမ်းမှာကြောက်လို့  ကျောင်းသားလေးတွေ နယ်စပ်ထွက်ပြေးတိမ်းရှောင် တဲ့
ခဏခဏ ဖတ်ရ ကြားခဲ့ရတယ်
တကယ်က အာဏာမသိမ်းခင် ကတဲက သွားကြလာကြ အဆက်အသွယ်ရှာကြ တချို့ က ရောက်ခဲ့ပြီးပြီ
ဒါ မန္တလေးကို ပြောတာပါ
နယ်တချို့ က အစုလိုက် အပြုံလိုက် ရွေ့ ရှားခဲ့ကြလဲ မန်းမှာက တောင့်ခံနိုင်သမျှ
မြေပေါ်မှာ လှုပ်ရှားကြရင်း နောက်ဆုံးအခြေ ချည်းနင်းမှ တောဘဝကို ရွေ့ လျားခိုခဲ့ကြတယ်
သွေးပူလို့ သွားတယ်တော့ မဟုတ်ခဲ့ပါဘူး
အရေးတော်ပုံ တဖက်မှ တော်လှန်ရေးဘဝကို ခံယူရင်း
ကိုယ်ရှိနေခြင်းက အများအန္တရာယ်ကျဖို့ ဖြစ်လာပြီဆိုရင်တော့
နုတ်ဆက်ထွက်ခွာကြရပေါ့......
လုပ်ဖော်ကိုင်ဖက်များက
နည်းလမ်းရှာကြ ၊စုံစမ်းကြ အဆက်အသွယ်ရှာကြ
နုတ်ဆက်ကြ လိုက်ပို့ ကြ စားရိတ်ထောက်ကြ
ဝှက်ပေးကြ လုံခြုံရေးပေးကြ လမ်းပြပေးကြ ပို့ ဆောင်ပေးကြ
အော်....
ဒီနေ့  အပြောများနေတဲ့ AB ဟောင်းဘဝရဖို့ 
ကျေးဇူးတင်လို့ မဆုံးရမဲ့ သူက အများသား ပါ....

တနေ့ က နှစ်အစိတ်ပွဲတစ်ခုမှာ ကျေးဇူးရှင်များစွာထဲက ကျေးဇူးတင်ခဲ့ရတဲ့ နှစ်ဦးကို
အမှတ်မထင် မှတ်တမ်းတင်ခဲ့တယ် ( မကျေနပ်လဲ နေတော့ )
ဖြစ်နိုင်ရင်....
ခရီးစဉ်လမ်းရွာများက အကောင်းဆုံးစောင်ခြင်ထောင်နဲ့ သိပ်ခဲ့ကြ ကင်းစောင့်ပေးခဲ့ကြ
ကျွေးမွေးဧည့်ခံကြ သတင်းထောက်ပေးကြ ကိုယ်တိုင်ကိုယ်ကျလိုက်ပါပို့ ဆောင်ပေးခဲ့ကြ သူတွေကိုလဲ
မှတ်တမ်းတင်ခွင့်ရမယ်ဆိုရင် တင်လိုက်ချင်ပါသေးတယ်
တကယ်က
အလံကိုင်သစ္စာဆိုခွင့်ရဖို့ ဆိုတာ
ကျွန်တော်တို့ ကိုယ်တိုင်ဆုံးဖြတ်ခဲ့တဲ့နောက်မှာ ကျေးဇူးတင်ထိုက်သူများစွာ ရှိခဲ့တယ်

......နဲ့  နမ္မတီး......

AB အလံကိုင်သစ္စာဆိုတဲ့ မငယ်

လေးစိန် ၊တဆေကြီး ၃ ကောင် နဲ့  သန်းထွန်း(ရွှေကူ)

တာတူး (ရွှေဘိုထောင်) ကိုလင်းဝေအောင် ၊ရဲမောင်
..... နဲ့ ......

ကျွန်တော်၊ တင်ဌေး၊ဘိုဘို၊ထွန်းထွန်း ၊.......နဲ့ ကြယ်နီ

တိုက်ပိတ်၊ဘောတလုံး၊ဒိုဇာ ၊သစ်သားရုပ် နဲ့ ကိုပေါက်(ကျဆုံး)

ဖိုးကျော် နဲ့  ကိုတူးတူး (Feb 12 ခေါင်းဖြတ်ခံရ)
- You, Nang Aung Htwe Kyi, တင် မျိုး, ဘရာဇီး ငှက်ရိုး and 18 others like this.
- Naing Zaw Win အပေါ်ဆုံးပုံက နမ္မတီး ကိုမောင်ချိုပုံလား ..... ကျနော် သူနဲ့အဆက်အသွယ်ရခြင်ပါတယ် ... မြစ်ကြီးနာက နိုင်ဇော်ဝင်းလို့ပြောပေးပါ .... ကျနော်တို့ ကွဲကွာခဲ့တာ ၂၃ နှစ်လောက်ရှိသွားပြီ ... ကျေးဇူးပြုပြီး ဆက်သွယ်ပေးပါ ... လုပ်ဖော်ကိုင်ဖက်တွေပါ .... ဖုန်းနံပါတ်ရှိရင်လည်းရခြင်ပါတယ် ....
- Kyaw Gyi AB ကိုရဲ ကျေးဇူးပဲ လိုင်းကမကောင်းရတဲ့အထဲ အိပ်ရေးကပျက်တော့ သိတော့သိတယ် မသေမချာဖြစ်ကုန်လို့  ကွက်လပ်ကလေးဖြည့်ပေးပါလုပ်လိုက်တာ
- Kyaw Gyi AB အဲဒါတော့မသိဘူး ဆရာရေ ကျောင်းသားမှာတော့ အလံကိုင်သစ္စာဆိုတာ အဓိပ္ပါယ်တော်တော်ရှိတယ် ခွပ်ဒေါင်းအလံ လေ
- Kyaw Gyi AB ဒေါ်သောင်းလှ (ကျောင်းဆရာမ၊ဘုရားကြီး) အဖျားရောဂါ နဲ့  လိုင်စင်(ပါဂျောင်)မှာပဲ ကျဆုံးပါတယ် ၊အချိန်က ၁၉၉၁ ပထမနှစ်ဝက် အတွင်းပါ။Kyaw Gyi AB ဖေ့စ်ဘွတ်မှကူးယူဖေါ်ပြပါသည်။
No comments:
Post a Comment