ကျွန်တော် မသိတဲ့ ကိုဝင်းအောင် အတွက်
October 22, 2013 at 4:51am

ကြည့်လိုက်ပါ
သာမာန်ပါပဲ
ဝှီးချဲထက်ဝယ်က အမေအို
နံရံထက်မယ်က မိသားစု
ပြီးတော့....
တစ်နှစ်ကျော်ကျော်ကမှ သူပိုင်ဆိုင်ခွင့်ရတဲ့ ပုံရိပ်တစ်ခု
ကြည့်လိုက်ပါ
သာမာန်ပါပဲ
ခင်ဗျားအတွက်ဆိုပေမဲ့လဲ မထူးကဲပါဘူး
ဒါပေမဲ့လဲ
ဒီပုံထဲက အိုကြီးအိုမအမေ ဟာ
ဒီပုံထဲက နံရံမှာရှိတဲ့ ပုံရိပ်ကိုစူးရဲစွာကြည့်လို့ 
စကားတစ်ချို့ ဆိုခဲ့ဘူးတယ်
လူတို့ နားလည်လို့ ရနိုင်ပါတယ်
ခင်ဗျား ကြားနိုင်မယ် ဆိုရင်ပေါ့.......
- You, Nang Aung Htwe Kyi, ဘရာဇီး ငှက်ရိုး, Aung Thu and 40 others like this.
- Htun Aung Gyaw အမေ့ကိုသွားတွေ့တော့ "သားကြီးအမေ့ဆီပြန်လာတယ်နော်" တဲ့နောက်မှ လက်ကိုကိုင်စေ့စေ့ကြည့်ပြီး "နာမည်သာပြန်လာတယ်လူတော့ပါမလာဘူး"တဲ့မျက်ရည်လည်ရွဲနဲ့ပြောရှာတယ်။ တကယ်ကြေကွဲစရာပါ။
- Kyaw Gyi AB " သားကြီးအတွက် အမေစလုပ်ပြီ ..ဟေ့ " တဲ့ ၁၆. ၅. ၂၀၁၃ နေ့ တုန်းကပေါ့ ၊ သုံးလွှာက အိမ်အောက်ကိုရောက်ရဖို့  ဝှီးချဲ မဖို့  စောင့်နေသူတွေ ကြားခဲ့ရဘူးတယ်
- Maung Maung အမေ့သားကို မြန်မာ့သမိုင်းက အပြီးအပိုင်မွေးစားလိုက်တာ-အမေ..... မြန်မာပြည်ရဲ့သမိုင်းပြောတိုင်း အမေ့သားပါနေမှာပါ....မြန်မာပြည် တည်ရှိနေသ၍ ..အမေ့သား ရှင်သန်နေမှာပါ။
- Kyaw Gyi AB ဖေ့စ်ဘွတ်မှကူးယူဖေါ်ပြပါသည်။
No comments:
Post a Comment