PEACE DELEGATION FOR MOTHERLAND ၏ YUZANA HOTEL သတင်းစာရှင်းလင်းပွဲ .....
by Ko Lin Wai Aung on Monday, September 3, 2012 at 10:35pm ·

PEACE DELEGATION FOR MOTHERLAND …… ၏
သတင်းစာ ရှင်းလင်းပွဲကို YUZANA HOTEL မှာ ယနေ့ နံနက်(၁၀း၀၀)နာရီက ကျင်းပခဲ့ပါတယ်…အခန်းအနားကို ကိုမိုးသီး၊ကိုကိုအောင်၊ကိုကိုလေး၊ကိုရွှေဇင်၊
ကိုရင်အေး၊ကိုမှူးသာ၊ကိုထွန်းအောင်ကျော်တို့ တက်ရောက်ရှင်းလင်းခဲ့ပါတယ်။
သမတကြီး၏ ဖိတ်ကြားချက်အရ မစ်ရှင်အဖွဲ့အနေနှင့်လာရောက်ခြင်းဖြစ်ကြောင်း
တစ်ဦးချင်းစီမှ မြန်မာပြည်နိုင်ငံရေး လိုအပ်ချက်များ မိမိတို့လုပ်ဆောင်လိုသည့် အချက်များ
ကိုပြောကြားခဲ့ပါတယ်…
သတင်းထောက်များ၏မေးခွန်းများကို ဖြေကြားရာတွင်….
( ၁ ) ဒီမိုကရေစီခေါင်းဆောင်ဟုဆိုင်းဘုတ်ကိုင်ကာကြိုဆိုသည့်ကိစ္စကို မည်သို့သဘောထားပါသလဲဟု မေးမြန်းချက်ကို ကိုမိုးသီးဇွန်က ပြည်သူများ၏သဘောကို အလေးထားရမည်ဟုဖြေကြားခဲ့ပါသည်။နောက်သတင်းထောက်တစ်ဦးမှ ထိုလူအစုအဖွဲမှာ ပြည်သူ အားလုံးကိုကိုယ်စားမပြုကြောင်း မေးမြန်းရာ ကိုမိုးသီးမှ ထိုသူတို့၏ဆန္ဒကိုအလေးထားရမှာ ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။
မြောက်ပိုင်းကိစ္စနှင့်ပတ်သက်ပြီး မြောက်ပိုင်းပြန်များမှ မီဒီယာကိုရှေ့ထားကာ ၃ပွင့်ဆိုင် ရှင်းလင်းရန် ပြောကြားထားမှုကိုမည်သို့သဘောထားပါသလဲဟု သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ကိုမိုးသီးဇွန် မှ ရှင်းလင်းရန်မရှိကြောင်း ဖြေကြားပါသည်။ သို့သော်
ထိုကိစ္စနှင့်ပတ်သက်ပြီး မြောက်ပိုင်းကိစ္စအတွက် ဂုဏ်ပြုပွဲ အကြီးကြီးတစ်ခု ပြုလုပ်ပေးမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး သတင်းထောက်အချို့မှ ရှေ့နောက်မညီသောကြောင့် ဘာကိုနားလည်ရမှန်း မသိကြောင်း ပြောကြားခဲ့ကြပါသည်။
မြောက်ပိုင်းကိစ္စနှင့်ပတ်သက်ပြီး ရှင်းလင်းပွဲတစ်ခု သီးခြား လုပ်သွားရန် အစီအစဉ်ရှိမရှိ မေးမြန်းရာ မရှိကြောင်း ကိုကိုလေးမှ ဖြေကြားခဲ့ပါသည်။
( ၂ ) ကိုမိုးဟိန်းမှမြန်မာပြည်အတွက် အလုပ်လုပ်လိုလျှင် ပါတီထောင်ပြီးလုပ်ရမှာ ဖြစ်သောကြောင့် ပါတီထောင်ရန်အစီအစဉ်ရှိမရှိမေးမြန်းရာ ကိုမိုးသီးက မရှိကြောင်းဖြေကြားခဲ့ ပါသည်။ကိုမိုးသီး၏ ပဏာမ ပြောကြားချက်တွင်လည်း မိမိနှင့်ကိုထွန်းအောင်ကျော်မှာ အမေရိကန်နိုင်ငံသားဖြစ်နေသည့်အတွက် မြန်မာ့နိုင်ငံရေးအ၀န်းအ၀ိုင်း၏ ဘေးသို့ရောက်နေကြောင်း သမတကြီးမှ မိမိတို့အား လုပ်ကိုင်နိုင်ရန် အခွင့်အရေးပေးလျှင်
လုပ်လိုကြောင်းပြောကြားခဲ့ပါသည်။
( ၃ ) ကိုထွန်းအောင်ကျော်နှင့် ကိုမိုးသီးတို့အား မျက်ကွယ်သေဒဏ်ပေးထားခြင်း အပေါ်
ပယ်ဖျက်ပေးရန် တောင်းဆိုခြင်း ပြုမည်လား ဟုမေးမြန်းချက်ကို ကိုထွန်းအောင်ကျော်မှ တောင်းဆိုခြင်းမပြုလုပ်ပါ ဟုဖြေကြားခဲ့ပါသည်။ မြောက်ပိုင်းကိစ္စနှင့်ပတ်သက်ပြီး မိမိသည်
ပြည်ပတွင်ရှိစဉ်ကတည်းက အမှုမှန်ပေါ်ပေါက်ရေးအတွက် ကာယကံရှင်များနှင့်အတူ ရပ်တည်ခဲ့ပါကြောင်း၊ ယ္ခုပြည်တွင်းသို့ရောက်ရှိ ပြီး နောက် ကာယကံရှင်များနှင့် တွေ့ဆုံသွားရန်ရှိကြောင်း ပြောကြားခဲ့ပါသည်။
( ၄ ) ထူးခြားမှုတစ်ခုမှာ ထိုပွဲသို့ မြောက်ပိုင်းမှ ကာယကံရှင်ရဲဘော်တစ်ဦး ဖြစ်သော ကိုကျော်စွာဝင်းမောင် - ရင်း (၄၀၁) တက်ရောက်ပြီး မေးခွန်းအချို့မေးမြန်းရန်ကြိုးစား ခဲ့ပါသည်။ ( ၃ ) ဦး မြောက်ခန့်တွင်မေးမြန်းမည်ပြုရာ အစီအစဉ်မှူးက မီဒီယာများကိုသာ ဦးစားပေးရန်ပြောပြီး တန်းစီပါဟုပြောခဲ့ပါသည်။ တန်းစီဟုသာပြောရာ တန်းစီမေးမြန်းမှုမျိုး မရှိပါ။ ကြုံသလိုမေးမြန်းနေကြခြင်းသာရှိပါသည်။ နောက် ၃ ယောက်မြောက်လောက်တွင် ကိုကျော်စွာဝင်းမောင်က ထပ်မံမေးမြန်းမည်ပြုရာ မိုက်ကိုင်ထားပြီးဖြစ်သော်လည်း မီဒီယာ
များကိုသာ ဦးစားပေးပါ ဟု အစီအစဉ်မှူးမှ ထပ်မံပြောပြီး တန်းစီပါဟု ထပ်မံပြောဆိုပါသည်။
မီဒီယာသမား များမှ မေးခွင့်ပေးလိုက်ပါ….မေးခွင့်ပေးလိုက်ပါဟု ကျယ်လောင်စွာပြောကြား ခဲ့ သော်လည်း တန်းစီပါ….မီဒီယာကို ဦးစားပေးပါဟု ထပ်မံပြောဆိုခဲ့သည့် အတွက် ကိုကျော်စွာဝင်းမောင် နောက်ပြန်လှည့်ခဲ့ရပါသည်။
ကျနော်မှ အခြေအနေကိုသုံးသပ်မိပြီး မမေးနဲ့တော့ မပကိစ္စနဲ့ပတ်သက်ပြီး အကန့်အသတ်ရှိပုံရတယ်… မီဒီယာသမားတွေ ဒီကိစ္စမေးကြမှာ လို့ပြောနေစဉ် မီဒီယာသမား (၁၅) ဦးခန့် ပြေးလာကြပြီး ကိုကျော်စွာဝင်းမောင်ကို ဓာတ်ပုံရိုက်ခြင်း မေးမြန်းခြင်း ပြုလုပ်ကြပါသည်။ ခေတ္တခဏ ရုတ်ရုတ်သဲသဲဖြစ်သွားပါသည်။
ကိုကျော်စွာဝင်းမောင် နှင့် သူငယ်ချင်းများက ခန်းမအပြင်သို့ သွားနေရန် ပြုလုပ်နေစဉ်
ဇင်အောင်(ဗကသဟောင်း) ဆိုသူမှ ပွဲဖျက်ဘို့ လာတာလားဟု ၀င်ရောက်ပြောဆိုတာတွေ့ရပါတယ်။
ဒါဟာအဖြစ်အပျက်အမှန်တခုပါ။ မြောက်ပိုင်းပြန်တွေ မရိုင်းခဲ့ပါ….
မီဒီယာများမှမေးခွင့်ပေးလိုက်ပါ…မေးခွင့်ပေးလိုက်ပါဟု…ပြောစဉ်က မေးခွင့်ပေးလိုက်လျှင် ထိုအခြေအနေဖြစ်ပေါ်လာမည်မဟုတ်ပါ….မေးဘို့လာသူသည် ထို သူတစ်ယောက်သာ ရှိပါသည်။မဖြေချင်လျှင်လည်း မဖြေလို့ရပါသည်….သို့လောသို့လော မေးမြန်းမှုများရှိနေပါ
သောကြောင့် ရေးသားပေးလိုက်တာဖြစ်ပါတယ်။
မည်သူ့ကိုမှ အမုန်းတရားမရှိပါ…….

- Khine Khine Saw Lwin and ဘရာဇီး ငှက်ရိုး like this.
- 5 shares
Nicky Sheinလိပ်ပြာမလုံသူတွေဟာ၊ ဆင်ဖြူ့မျက်နှာ ဆင်မဲမကြည့်ဝံ့သကဲ့သို့ဖြစ်နေခြင်းပါ၊ မြောက်ပိုင်းကိစ္စနှင့် တိုက်ရိုက်သက်ဆိုင်သူ သူတို့အထဲတွင်တဦးမှမပါဝင်ပါ၊ သို့ရာတွင် မြောက်ပိုင်းတောင်ပိုင်းဖမ်းဆီးမှုများဆက်နွယ်နေခြင်းနှင့် တောင်ပိုင်းမှ ကိုဌေးနိုင်ကို သတ်ဖြတ်မှူ အဓိကတာဝန်ရှိသူ မိုးသီး အတွက် ဝိုင်းဝန်းကာ ကြိုတင်ကာကွယ်ကြခြင်းမှာ အဆိုပါအဖွဲ့ဝင်အားလုံး၏ အမှန်တရားမျက်ကွယ်မှုအဖြစ်၊မှတ်တမ်းတင်ရမည်သာဖြစ်ပါသည် ၊ တတိုင်းပြည်လုံးအရေး နင့်ဆိုင်သောကိစ္စရပ်များတွင် ယခုကဲ့သို့ ခေါင်းရှောင် လမ်းလွှဲလိုသူများအား မည်ကဲ့သု့် အားထားရပါမည်နည်း၊ ယ္ခုန လူမိုက်ဆန်ဆန် လုပ်သွားသူ ဇင်အောင် ဆိုသည့်ကောင်မှာ၊ မိုးသီး၏ ငယ်မွေးတပည့် တရပ်ကွက်ထဲနေ မုံ့ခင်းခါးရောင်းသည့်ကောင် ဖြစ်ပါသည်၊ ဗကသ ဟောင်း တခါမှ မဖြစ်ဘူးခဲ့ပဲ၊ လူ.ဘောင်သစ်ဟောင်းဖြစ်ပါသည် ၊ အေးလွင်ထံ တပည့်ပြောင်းခံခဲ့ရာမှ နိုင်ငံရေးအပယ်ခံဘဝဖြင့် လူရာမဝင်ရှိနေသူသာပါ၊ လူ့ဘောင်သစ်တွင်တုံးကလဲ ထောက်လှမ်းရေးသတင်းပေးလုပ်ခဲ့သဖြင့် လူ့ဘောင်သစ်ပါတီဝင်အများသူ့ ကြေင့်ဒုက္ခရောက်ခဲ့ကြဘူးပါသ ည်၊
Kyawnaing Oo ဇင် အောင် ဆို ရင် မြန် မာ့ လူ့ ဘောင် သစ် က ပါTuesday at 2:29pm · · 1
Nicky Shein ဟုတ်ပါတယ် ကိုကြောင်၊ အဲ့ဒါ ဒီတကောင်ထဲ ပါပဲWednesday at 5:40am · · 1














Comments
ဘာ....တောထဲကဖြစ်ခဲ့တဲ့၊ လူတစ်စုတည်းသိတဲ့....ဟုတ်
လား။ ဒီမှာ...လူတစ်စုတည်းကဘဲသိသိ တစ်ကမ္ဘာလုံးကဘဲ
သိသိအပြစ်ဟာအပြစ်ပဲကွ။ တကယ်လို့များ ABSDFရဲ့ ၁၉၉၂
အစုလိုက်အပြုံလိုက်လူသတ်ပွဲတွေမှာ မင်းမိသားစုဝင်တစ်ယောက်များပါသွားခဲ့မယ်ဆိုရင်..မင်းဒီစကား
ပြောထွက်မှာလား။ပြီးတော့ သက်သေမရှိဘူးလို့မင်းကိုဘယ်သူ
ပြောလဲ။အမှန်တရားကိုကြာ၇ှည်ဖုံးကွယ်လို့မရဘူးဆိုတာ မင်းလည်းသိမှာပါ။
စာဖတ်သူများခင်ဗျာ...ABSDFရဲ့အကြောင်းကောင်းကောင်းသိချင်တယ်ဆိုရင် မောင်မောင်(ရွှေကရ၀ိတ်)ရေးတဲ့ “ကျွန်တော်သိသော ခေတ်သစ်ဟင်္သာကိုးသောင်းပုံပြင်”ဆိုတဲ့စာအုပ်ကိုဖတ်ဖို့ အကြံပြုပါရစေ။
ငါပေးထားတဲ comment အတွက်ကြောင့်ပေါ့
Topic ကို အရင်မဖတ်ပဲနဲ့ comment တွေ အရင်ဖတ်ပြီးမှ comment ပေးခဲ့လို့ပါ....
comment ပေးပြီးမှ Topic ကိုပြန်ဖတ်ကြည့်တော့
ကိုစိုးလင်းပြောသလို သူ (ဒေါက်တာနိုင်အောင်) အပေါ်မှာ လုံးဝ တာဝန်ရှိပါတယ်ဆိုတာ လက်ခံပါတယ်....
အားလုံးနားလည်ပေးမယ်လို့ယုံကြည်ပါတယ်....
comment ကတော့ အောက်မှာ copy/paste လုပ်ထားပါတယ်
Quoting ကျောင်းသားကြီး:
ဒီပဲယင်းလုပ်ကြံမှု ၂၀၀၇ သံဃာတော်လုပ်ကြံမှုတွေကိုရော ဘာလို့ မပြောကြလဲ။ မြို့ လယ်ကောင်မှာ ဖြစ်ခဲ့တာ။ ဟိုး တောထဲက ဖြစ်ခဲ့တဲ သက်သေမဲ့ လူတစ်စုတည်း သိတဲ့  ဖေ့ဘွတ်က အကြောင်းရာတွေတော့ ပြန်ဖွပြီး ABSDF ကို နာမည်ဖျက်ဖို့ လုပ်နေကြတာဟာ ဘယ်သူ့ လက်ချက်လဲ စဉ်းစားစရာပဲ။
ကိုကျောင်းသားကြီး ပြောသွားတာကို 100% သဘောတူတယ်...ဒီအတိုင်းဆို သူပြောသွားတဲ့ အတိုင်းပဲ ဒီပဲယင်းတို့ သံဃာတော်လုပ်ကြံမှုတွေ ကိုလည်း သတင်းစာ ရှင်းလင်းပွဲ လုပ်သင့်တာ ပိုတောင် လုပ်သင့်တယ်.....
But, after 19 Sept, I stayed at home quietly, never thought to sacrifice young times like as AB do initially.
AB was set up to against oppression for people.
They might have done some mistakes along their way, but appreciate to initial spirit of their sacrifices of young times for country.
အသက်အရွယ် အခြေအနေတွေပေါ် မူတည်ပြီးဖြစ်ကြတာပါ
လူကြီးဖြစ်လာသူတိုင်းဟာလည်း တချိန်က လူငယ်ကျောင်းသား ဘဝတွေကို ဖြတ်သန်းလာခဲ့သူတွေပါပဲ
ကျောင်းသားသဘာဝဆိုတာ အသက်အရွယ်အရ စူးစမ်းတယ် တက်ကြွတယ် ကိုယ့်အပေါ် မှီခိုအားးကိုးသူ အနှောင်အဖွဲ့တွေ နည်းပါးကင်းမဲ့ လွတ်လပ်ချိန်ဖြစ်တယ် မှန်တယ်လို့ယုံကြည်တာကို အဖက်ဖက်က ဆင်ခြင်ချိန်ဆမှု့တွေ သိပ်အားမပြုပဲ စိတ်မြန်လက်မြန်လုပ်ချင်စိတ်နဲ့ မဟုတ်ရင်မခံဘူးဆိုတဲ့ လူငယ်သဘာဝစရိုက်တွေကြောင့်ပဲ မတရားဖိနှိပ်မှု့တွေကို ဦးဆောင်တွန်းလှန်တဲ့ သူတွေဖြစ်ခဲ့တာပေါ့ ခံစရာရှိတော့ ရှေ့ဆုံးကအရင်ခါးဆီးခံရသူတွေပါ ဘဝတွေ အသက်တွေထိ ပေးဆပ်ခဲ့ရပါတယ်
စစ်အစိုးရကို လက်နက်နဲ့ အပြုတ်တိုက်ပြီး ဖြုတ်ချမယ်ဆိုတဲ့ ABSDF အဖွဲ့ဝင်တွေ မမွေးခင်ကတည်းက မြန်မာပြည် လွတ်လပ်ရေး မရခင်ကတည်းက ဖွဲ့စည်းတော်လှန်ခဲ့တဲ့ လက်နက်ကိုင် အဖွဲ့စည်းတွေတောင် ယနေ့အထိ ဘာလုပ်လို့ရခဲ့သလဲ လက်ရှိ ဘယ်လိုရပ်တည်နေကြရသလဲ
ဘယ်ပြဿနာကိုဖြစ်ဖြစ် ပြေလည် အောင်မြင်အောင် ဖြေရှင်းရာမှာ ထိရောက်တဲ့အကျိုးသက်ရောက်မှု့ရှိဖို့ နည်းလမ်းမှန်ကန်ဖို့ အင်မတန်အရေးကြီးပါတယ်
စိတ်ထားတွေ အင်အားတွေ ရည်ရွယ်ချက်တွေကောင်းပါတယ် သို့သော် အလုပ်ပြီးမြောက်ခြင်းရဲ့ သီအိုရီလိုပါပဲ အင်အားတွေ ဘယ်လောက် စိုက်ထုတ်ထုတ် ရွေ့ရှားမှု့မရှိရင် အလုပ် လို့မမည်ပါ
တချိန်က သခင်အောင်ဆန်းတို့လို ကျောင်းသားတွေ ကိုလိုနီနယ်ချဲ့နဲ့ ဖက်ဆစ်စနစ်တွေကို အမြစ်ပြတ်အောင် တိုက်ထုတ်ခဲ့တဲ့ အခြေအနေတွေနဲ့ တူပါသလား လေ့လာပါ ဆင်ခြင်သုံးသပ်ပါ
ကိုယ်တိုင်ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းထဲမှာတောင် နေရာအာဏာလု အုပ်စုတွေကွဲဖြစ်နေကြတာ အခု တိုင်းရင်းသား အမျိုးသားရင်ကြားစေ့ရေး ဒီမိုကရေစီလမ်းကြောင်း ညီညွတ်ရေးဆိုတာတွေ ပြောနေပြန်ပြီ ဟုတ်ပါ့မလား
သမိုင်းစာမျက်နှာမှာ အစွန်းအထင်းတွေ ထပ်မဖြစ်အောင် သင်ခန်းစာယူပါ နောင်မျိုးဆက် ကျောင်းသားလူငယ်တွေ အတုယူမမှားအောင် လက်ဆင့်ကမ်းပေးဖို့လိုနေပြီ
မဆိုင်တာတွေ ဆွဲထဲ့ ပြီး လမ်းလွှဲ နေတာလား .. ကော်မန့် ထင်မြင်ချက်တွေ ကတော့ ရဲ (negative) နေတာဘဲ
.နိုင်အောင်ကတော့ညာလို့ ကောင်းတုန်း.....ဒီလိုလူတွေကို ကြဉ်သင့်ပါတယ်။
နဲ့ မပါတ်သက်ပါ။ ဒီကိစ္စမှာ အဓိကလက်သည်ကတော့ သေသွားပြီဖြစ်
တဲ့ မျိုးဝင်း ကတော့ MIနှင့် ပါတ်သက်ကောင်း ပါတ်သက်နိုင်ပါသည်
အဲဒီကောင်သေတာရိုးရိုးသေတာမှဟုတ်ပ့ရဲ့လား ဂွင်းဆက်ဖြတ်တာ
များလား?
နိုင်ငံရေးဆိုတာ ကမ္ဘာမှာ အကောင်းဆုံး စီးပွားပါပဲ...
ဘယ်လိုနိုင်ငံရေးသမားမှ မယုံရဘူး...
ငါတော့ လုံးဝမယုံဘူး....
..KIA..ထောက်ပံတဲ့အထောက်အပံတွေကိုကိုယ်ကျိုးအတွက်သုံးသွားသူလူတစ်စုထဲကတစ်ယောက်မို့ လို့ သူ၇ဲလုပ်၇ပ်တွေအတွက်လက်ခံနိုင်စ၇ာမရှိပါဘူး..
သူရဲ့စစ်ကြောေ၇းမှူးတစ်ယောက်ဆိုနိုင်အောင်အမိန့် ပေးတဲ့အတိုင်တာဝန်ကျေခဲ့ လို့ အခု sydney မှာနောင်တတစ်ပွေ့ တစ်ပိုက်နဲ့ ညတိုင်းအိပ်မပျော်ဖြစ်နေပြီ...နိုင်အောင်ကတော့ညာလို့ ကောင်းတုန်း.....
သန်းရွှေနဲ့ နိုင်အောင်နဲ့ မတူဘူးလေ .. ငါက လူမိုက်ကွ အကုန်သတ်ပြစ်မယ် လို့ပြောပြီး သတ်တဲ့လူနဲ့ ... ကျတော်က လူလိမ်မာလေးပါ၊ ဒီမိုကရေစီသမားပါ၊ လူ့အခွင့်အရေးအတွက် လုပ်ပေးနေတာပါလို့ ပြောပြီး သတ်တာနဲ့ တခြားစီပဲ ... ဘာနိုင်ငံရေးမှ နားမလည်ဘဲ လက်နက်ကိုင်ပြီး လူမိုက်လုပ်တဲ့ ကောင်တွေ .. KIA ကပြောသားပဲ "ငါတို့ KIA ကိုဖွဲ့ပြီး နှစ်ပေါင်းများစွာ အတွင်းမှာတောင် အစိုးရရဲ့ Spy ၂ ယောက် ၃ ယောက်ပဲ ဖမ်းမိတယ်။ မင်းတို့၁၀၀ လောက်မိတာမဖြစ်နိုင်ဘူးလို့။" လူမိုက်ကွလို့ ကြော်ငှာပြီး မိုက်ရိုင်းတာနဲ့ .. ကျတော်တို့ ကလူမိုက်တွေကို ပြန်တိုက်မလို့ပါလို့ ပြောပြီးမှ နောက်ကွဲကနေ မိုက်ရိုင်းတာက တခြားစီးပဲ .. ဒီကောင်တွေ "ထမီ"တောင်ဝတ်ဖို့ မထိုက်တန်တဲ့ စောက်ချောက်တွေ .. ကိုမင်းကိုနိုင်ရဲ့ ချီးတောင် သူတို့ထက် ပိုတန်ဖိုးရှိတယ်။
ပြီး ပြောတယ်...ချာတိတ်တွေ တော်တော် အိုင်ကြူနိမ့်တယ်....တဲ့....
ကွယ်ရာက ဘဘ ကြီးက ဘယ်လို အမိန့်ရှိလဲ ဆိုတော့....
ဒီတိုင်းပြည်ကို စစ်တပ်က နောက် အနှစ် ၂၀၀ လောက် အုပ်ချုပ်ရအုံး
မယ်တဲ့........
............................
.........................................
ကိုကျောင်းသားကြီး ပြောသွားတာကို 100% သဘောတူတယ်...ဒီအတိုင်းဆို သူပြောသွားတဲ့ အတိုင်းပဲ ဒီပဲယင်းတို့ သံဃာတော်လုပ်ကြံမှုတွေ ကိုလည်း သတင်းစာ ရှင်းလင်းပွဲ လုပ်သင့်တာ ပိုတောင် လုပ်သင့်တယ်.....
၈၈တုန်းက ကျနော့်ရွာလေးကနေ မြို့အထိ အလံကိုင်ချီတက်ခဲ့တဲ့ လူက န၀တ နအဖခေတ်ရောက်တော့ ရာအိမ်မှူး၊ ရွာလူကြီးဖြစ်လာပြီး လုပ်အားပေးမလိုက်ရင် ထိတ်တုံးခတ်ခံရမယ်၊အရေးယူမယ်လို့ ရွာသားတွေကို ပြန်ခြိမ်းခြောက်တာတွေလုပ်တာမြင်ရတော့ တို့မြန်မာပြည်ကြီး လုံးလည်ချာလည်လိုက်နေတာ ဒီလူတွေကြောင့်ပဲ။ ဒီလိုလူမျိုးတွေ ဘယ်လောက်များနေပါလိမ့်လို့ တွေးရင်း လူငယ်တစ်ယောက်အနေနဲ့ စိတ်ပျက်ခဲ့ဖူးပါတယ်။ စိတ်ဓါတ်လည်းကျဖူးပါတယ်။ ဒါကရွာအဆင့်ပဲရှိပါသေးတယ်။
ခုတော့ ဒီလိုလူမျိုးတွေကို တပြည်လုံးသိအောင် မီဒီယာတွေ အားကောင်းလာခဲ့ပါပြီ။ အင်တာနက်ကြီးလဲရှိပါပြီ။ မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိဆိုတာသိဖို့၊ နိုင်ငံရေး၊ဘာသာရေးကို ခုတုံးလုပ်ပြီး အရှက်သိက္ခာမရှိ တကိုယ်ရေကောင်းစားဖို့ လုပ်နေတဲ့လူတွေကို ဖော်ထုတ်ရှုံ့ချပါမှ နှောင်းလူတွေ စိတ်ဓါတ်တွေပြင်လာကြပါလိမ့်မယ်။
ကျနော့်အနေနဲ့ စစ်အစိုးရကိုလည်း မုန်းတီးခဲ့သလို ဒီမိုကရေစီအရေခြုံပြီး ကိုယ်ကောင်းစားဖို့လုပ်နေတဲ့လူတွေကိုလည်း မုန်းတီးခဲ့တယ်။ လူအဖွဲ့အစည်းကလည်း ဒီလိုလူတွေကို ကြဉ်သင့်ပါတယ်။
အတိုက်အခံပါတီကို လုပ်ကြံသတ်ဖြတ်တဲ့ အလေ့အထက ဥပဒေမစိုးမိုးတဲ့ ဒီမိုကရေစီနိုင်ငံငယ်လေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတော့၊ အစိုးရအနေနဲ့လဲ ကိုယ်ကတဲ့ဇာတ်ကိုယ်နိုင်ဖို့လိုမယ်ထင်ပါတယ်။