Showing posts with label Ko Ko Oo. Show all posts
Showing posts with label Ko Ko Oo. Show all posts

Friday, September 7, 2012

သူမခမြာ တကဲ့ကိုသပ်ကိုရို့ကျိုးနေပါလားနော်.

    • Ko Oo money make everything is always true.
    • Tun Naing Yes, what you say is true. But, someday people will suffer because of money.
    • Min Ga Loon အဲဒါကျား ယုံမလေး၇ဲ့.. အဲလေ... လုံမလေးရဲ့
       
      Ko Oo ဖေ့စ်ဘွတ်မှ ကူးယူဖေါ်ပြပါသည်။
       

ကျားသားမိုးကြိုး ဘာတွေဖြစ်ကုန်ပြီလဲ

    • Tun Naing ဒီယုံမြင်လို့  ဒီချုံထွင်တာ ဒီလိုဘဲ ဖြစ်မှာပေါ့ ကိုဦးေ၇ ကျားသားလဲမဖြစ် မိုးကြိုးလဲမပြစ်ပါဘူး အချိန်က စကားပြောပါလိမ့်မယ် ကိုဦး...
    • Tun Naing Yes, what you say is true. But, someday people will suffer because of money.
    • Min Ga Loon ၈၈ တွေ လူကဲခတ်ညံ့တယ်လို့တော့မပြောခြင်ပါဘူး။
       
      Ko Oo ဖေ့စ်ဘွတ်မှကူးယူဖေါ်ပြပါသည်။
       

၈၈တွေအစော်ခံရမည်ကိုသာဖြစ်သည်၊

 
Ko Oo ဖေ့စ်ဘွတ်မှကူးယူဖေါ်ပြပါသည်။
 

သြော် ငွေ...ငွေ..ငွေ

အထူးဝမ်းနည်းသတင်း၊ ဖြစ်ပါလိမ့်မယ်၊

  • Kyaw Phyo Wai and Tun Naing like this.
    • Tun Naing အဲဒီလိုနိုင် လို့ ၇နေလို့ မြန်မာပြည်ကြီး ခြတက် လောက်စားနေတာ အနှစ် ၅၀ ကျော်ပြီလေဗျာ...
    • Min Min Aung ငွေများ တရားနိုင်ခေတ်ပါ
    • Min Ga Loon စကားပုံပြောင်းသွားပြီ...... ဒီဒီလိုလို မိုကြိုးပစ်တာကို ထန်းလျှပ်နဲ့ကာ အစား၊ လူသတ်မှုကို ကိုမင်းကိုနိုင်နဲ့ကာ။
       
      Ko Ooဖေ့စ်ဘွတ်မှ ကူးယူဖေါ်ပြပါသည်။
       

အမှန်တရားကို ဒေါ်လာကနိုင်သတဲ့လား

    • Min Ga Loon ဒီလူတွေ ဆွဲစားခံလိုက်ရပြီး။ အမေစုတော့လွတ်ပါစေ...
       
      Ko Oo ဖေ့စ်ဘွတ်မှကူးယူဖေါ်ပြပါသည်။
       

Sunday, August 5, 2012

စံနမူနာထားရမယ့်ကျင့်ဝတ်

တော်လှန်ရေးသမားတစ်ဦး၏ စံနမူနာထားရမယ့်ကျင့်ဝတ်

by Ko Oo on Wednesday, May 16, 2012 at 9:52pm ·
ငါတို့တော်လှန်ရေးနယ်မြေကိုထွက်လာတာ ဘာကြောင့်လည်းလို့မေးရင် အဖြေကရှင်းပါတယ်၊
လူ့အခွင့်အရေးချိုးဖေါက်ခံရလို့၊ ဒီမိုကရေစီအခွင့်အရေးတွေမရရှိလို့ဆိုတာလူတိုင်းဖြေရပါလိမ့်
မယ်၊ တော်လှန်ရေးအဖွဲ့အစည်းတိုင်းမှာ ဦးတည်ချက်ရှိတယ်၊ ရည်ရွယ်ချက်ပန်းတိုင်ရှိတယ်၊ ဒါဟာတပ်ဦးတစ်ခု၊အဖွဲ့အစည်းတစ်ခုရဲ့အသက်သွေးကြောဖြစ်တယ်၊
တပ်ဦးအဖွဲ့ဝင်တစ်ဦးကို ဒီလိုမေးခွန်းတွေကိုမေးမယ်ဆိုရင် ဘယ်လိုဖြေကြမလဲ။
၁၊ ခေါင်းဆောင်တစ်ဦးနှင့်အဖွဲ့အစည်း နှစ်ခုထဲကတစ်ခုခုကိုဦးစားပေးရမယ်ဆိုရင် သင်ဘယ်
ဟာကိုရွေးမှာလဲ။
၂၊ အဖွဲ့အစည်းနှင့်အဖွဲ့၏ဦးတည်ချက်ရည်ရွယ်ချက် နှစ်ခုထဲကတစ်ခုခုကိုရွေးရမယ်ဆိုရင် သင်ဘယ်ဟာကို ရွေးမှာလဲ၊
တကယ်တမ်း စစ်မှန်သောတော်လှန်သူတစ်ဦး(သို့)အမှန်တရားကိုလိုလားသူတစ်ဦးသာဆို
လျှင် အဖွဲ့အစည်း၏အရေးဟာ ခေါင်းဆောင်တစ်ဦးထက်ပိုပြီးအရေးတယ်လို့ဖြေမှာဖြစ်သလို
အဖွဲ့အစည်း၏ဦးတည်ချက်ရည်ရွယ်ချက်ဟာလည်း အဖွဲ့အစည်းထက်ပိုပြီးအရေးကြီးတယ်လို့
ဖြေပါလိမ့်မယ်၊
လူ့အခွင့်အရေးချိုးဖေါက်ခံရလို့တော်လှန်ရေးနယ်မြေကိုရောက်ခဲ့ကြသူတွေဟာ လူ့အခွင့်အ
ရေးချိုးဖေါက်မှုကို ဘယ်နေရာရာမှာပဲတွေ့တွေ့ လုံးဝကိုဆန့်ကျင်ရမယ်ဆိုတာ တာဝန်တစ်ရပ်
ဖြစ်ရပါမယ်၊ ကျနော်ချစ်တဲ့ခေါင်းဆောင်လုပ်ခဲ့တာဖြစ်လို့ ကျနော်လေးစားခဲ့ရသောခေါင်း
ဆောင်ဖြစ်လို့ ကျနော်ခေါင်းဆောင်ကိုကျနော်အကာအကွယ်ပေးရမယ်ဆိုတဲ့စိတ်ဓါတ်ကတော့
မှားယွင်းတဲ့စိတ်ဓါတ်(သို့)တော်လှန်ရေးသမားမဆန်တဲ့အတွေးအခေါ်ဖြစ်တယ်၊
အဲဒီလိုအတွေးအခေါ်တွေကြောင့်တော်လှန်ရေးတော်တော်များများပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့တဲ့
သမိုင်းတွေဟာ မြန်မာပြည်မှာသာမက ကမ္ဘာပေါ်မှာလည်းအများကြီးဖြစ်ခဲ့ပြီးပါပြီ၊ ဒါကြောင့် အဲဒီလိုအမှားတွေဆက်မမှားဘို့ တော်လှန်သူတိုင်းမှာတာဝန်ရှိပါတယ်၊
ပြီးတော့မိမိတို့အဖွဲ့အစည်းဟာ လူ့အခွင့်အရေးကိုဦးတည်ထားတာဖြစ်လို့ လူ့အခွင့်အရေးချိုး ဖေါက်မှုတွေ မိမိတို့အဖွဲ့အတွင်းမှာဖြစ်လာခဲ့ပြီဆိုရင် ကျနော်တို့အားလုံးတက်ညီလက်ညီ ဆန့်ကျင်ရမယ်၊ တာဝန်ရှိသူတွေကိုဖယ်ရှားပြစ်ရမယ်၊ ဒါဟာတော်လှန်ရေးတပ်ဦးတစ်ခုရဲ့
စံနမူနာထားရမယ့်ကျင့်ဝတ်တွေပဲ၊
ဒီလို ကျနော်တို့ စံနမူနာထားရမယ့်ကျင့်ဝတ်တွေကိုဖေါက်ဖျက်သူတွေဟာ ဖေါက်ပြန်ရေး
သမားမျှသာဖြစ်တယ်၊ ငါတို့ရဲ့တော်လှန်ခဲ့တဲ့သိက္ခာကိုအထိအခိုက်ခံပြီး သူတို့ကိုအကာ အကွယ်ပေးစရာမလိုဘူး၊ သူတို့ကိုမှားယွင်းစွာအကာအကွယ်ပေးခြင်းအားဖြင့် ငါတိုရဲ့ညီညွတ် ရေးကိုအထိအခိုက်မခံပါနဲ့၊
အခုအချိန်မှာဆို အားလုံးကအမှန်အမှားကို ဆင်ချင်သုံးသပ်လို့ရနေပါပြီ၊
ထာဝရခေါင်းဆောင်ဆိုတာ ဘယ်တော့မှမရှိ
ထာဝရအဖွဲ့အစည်းဆိုတာ ဘယ်တော့မှမရှိ
လူ့အခွင့်အရေးသည်သာ ကမ္ဘာပေါ်မှာလူသားတွေတည်ရှိနေသ၍တည်တန့်နေမည်မှာမလွဲပေ၊
Share

  • 14 shares
    • Aye Aye Soe Win Nice philosophical statement regarding leadership and truth.
    • Smile Pyone လူတိုင်းသိသင့်။လိုက်နာကျင့်သုံး။ထိန်းသိမ်းစောင့်ရှောက်သင့်တဲ့ ပရမတ္ထ တရားတွေပါ။
    • Min Min Aung
      အင်မတန်ကောင်းတဲ့ ဖြစ်သင့် ဖြစ်ထိုက်တဲ့ အယူအဆ....ဒါပေမယ်လို့ တချို့လူတွေအတွက်တော့ ကျင့်သုံးဖို့ခက်မှာပါ... "ဟိုတချိန်က ငါ့ကို ဘယ်လို ကူညီခဲ့ ကယ်တင်ခဲ့တယ် " ဆိုတာကြီးက အဓိက ရည်ရွယ်ချက်ကို ပျောက် ဆုံးစေခဲ့တာပါ...ခုချိန်မှာထောက်ပြလဲ "ပေါက်တဲ့နဖ
ူး မထူးဘူး" ဆိုတဲ့ဇာတ်ကိုပဲ က ကြတော့မှာ...သိသိကြီးနဲ့ မိုက်ကြတော့မှာ...ဒါပေမယ်လို့ သူတို့ရဲ့ Guilty Sense ကို Moral Sense အစား သယ်သွားရတော့ ဆိုတာ အချိန်မီသိဖို့ ပဲလိုပါတယ်...သုံးသပ်နိုင်ကြပါစေ...
    • Lay Lay Nwe I agree with you Ko Oo....thanks for sharing....lovely note....:o)
    • Yinmon Mon
      အခုတော့ တော်လှန်ရေးကြီးထဲက ခေါင်းရှောင်ကြီးတွေက ငါနဲ့မတူ ငါ့ရန်သူ...ငါ့ကိုချစ်ရင် နင်ကြိုက်တာယူ တွေချည်းပဲ....သူတို့ကို အဲဒီလို ပြောရင် သူတို့က ငါ့ကို ဆရာမလုပ်နဲ့ ငါပြောသလို လုပ် ငါလုပ်သလို မလုပ်နဲ့လို့ ပြောမှာ...ဆရာကြီးတွေလေ...ဆရာကြီးတွေ .
      ...တပည့်လည်း မရှိဘဲနဲ့ ဆရာကြီးတွေဖြစ်နေတာ...ကျီးကို ဘုတ် မြှောက်...ဘုတ်ကို ကျီးမြှောက်နဲ့ ရွံဖို့ကောင်းတဲ့ သတ္တဝါတွေ...တော်လှန်ရေးကြီးအဒွန့်ရှည်ပါစေလို့ ကျိတ်ဆုတောင်...မြန်မာပြည်ထဲဝင်ဖို့ အခါခါဖန်နေကြပါရောလား...ဖန်မှာပေါ့ အပြင်မှာ ဂွင်ပျက်နေတော့...အတွင်းမှာ ဂွင်ဝင်ရိုက်တော့မယ်...ဒီမှာကွယ်...သူတို့က နအဖ နဲ့ သားအဖ ဆိုတာ မမေ့ကြဖို့ပဲ...
    • Htun Aung Gyaw well written Ko Ko Oo

ABSDFဥက္ကဌဟောင်း၏ထုတ်ပြန်စာအပေါ်သုံးသပ်ချက်

ကိုနိုင်အောင်ABSDFဥက္ကဌဟောင်း၏ထုတ်ပြန်စာအပေါ်သုံးသပ်ချက်

by Ko Oo on Monday, March 26, 2012 at 7:06am ·
ကိုနိုင်အောင် ABSDF ဥက္ကဌဟောင်း၏ရှင်းလင်းချက်အပေါ်တွေ့ရှိချက်များ၊
ABSDF ကောက်ကြောင်းများ(2)
ဆလိုင်းကိုကိုဦး
25th March, 2012

ကျနော်အနေဖြင့်ပထမဦးစွာ ရှင်းလင်းချက်လူသိရှင်ကြားထွက်လာသည့်အပေါ်တွင်ကြိုဆိုပါ
သည်၊ ထို့အပြင်ဤရှင်းလင်းချက်နဲ့ပတ်သက်ပြီး တာဝန်ရှိမှု၊ တာဝန်ခံမှုအတိမ်အနက်များကို
လည်း ကျနော်တို့အနေဖြင့်မယိမ်းမယိုင်ဝေဖန်ဆန်းစစ်မှုပြုရမည်ဟုလည်းနားလည်သဘော
ပေါက်မိပါသည်၊ ကျနော်အနေဖြင့် ဖြစ်စဉ်တခုအပေါ်လူပုဂ္ဂိုလ်တဦး၏ ရှင်းလင်းအပေါ်တွင်
ဝေဖန်ထောက်ပြသည်မှာလည်း အမှန်တရားပေါ်ထွန်းရေးကိုဦးတည်ခြင်းသာဖြစ်ပြီး မည်သူ
တဦးတယောက်ကိုမှ ထိခိုက်နစ်နာစေခြင်း၊ ဦးစားပေးခြင်း(favour)ပေးခြင်းမျိုးမရှိပဲ ပြဿနာ
ကိုဝိုင်းဝန်းဖြေရှင်းသည်ကို ပါဝင်ပတ်သက်နေသူများအားလုံးကိုနားလည်ပေးစေချင်ပါသည်၊
မကဒတမြောက်ပိုင်းတွင်ဖြစ်ပွါးခဲ့သောကိစ္စဖြစ်သည်မို့ မတရားအညှင်းဆဲခံခဲ့ရပြီးမှအသတ်ခံခဲ့
ရသောကျနော်တို့၏ရဲဘော်ရဲဘက်၊ နောင်တော်ညီတော်များနှင့်သက်ဆိုင်သည့်ကိစ္စများကိုဦး
စားပေးသွားမည်ဖြစ်ပြီး မကဒတ၏အတွင်းကောက်ကြောင်းများကိုပါလိုအပ်ရင်လိုအပ်သလို
ထည့်သွင်းရေးသားသွားမည်ဖြစ်ပါသည်၊

ကိုနိုင်အောင်စာပါရေးသားချက်များကို ကိုးကားရန်စာလုံးစောင်းဖြင့်ဖေါ်ပြထားပါသည်၊

(၁)မြောက်ပိုင်းကိုယ်စားလှယ်တစ်ဦးဖြစ်သော ကျော်ကျော်(ကချင်)ကို ၁၉၉၂ ခုနှစ် ဇန္နာ ဝါရီလတွင် `မကဒတ´မြောက်ပိုင်းသို့ပြန်လည်စေလွှတ်လိုက်ပါသည်။ ၎င်းနှင့်အတူ မိမိတို့ ထံသို့စစ်ဆေးတွေ့ရှိချက်များ အမြန်ဆုံးပေးပို့ပါရန်နှင့် မိမိတို့ဗဟိုကော်မတီ၏ ဗဟိုဆုံးဖြတ် ချက်မပါဘဲ မည်သည့်အရေးယူမှုကိုမျှ မလုပ်ရန်၊ ဗဟိုနှင့် ဆက်သွယ်ရေးစနစ်ကို တိုက်ရိုက် ထူထောင်ရန် ညွှန်ကြားချက်များ ပေးလိုက်ပါသည်။
(၂)အောက်တိုဘာလ (၁၁) ရက်နေ့တွင်မြောက်ပိုင်းမှ စပိုင်ဟုစွပ်စွဲဖမ်းဆီးခံရပြီး ထွက်ပြေး လွတ် မြောက်လာသူ ၃ ဦးနှင့် ပြုလုပ်သော နဝတ၏သတင်းစာရှင်းလင်းပွဲကိုကြားသိရပါ သည်။ မကဒတ(မြောက်ပိုင်း)တွင် စပိုင်ဟု စွပ်စွဲပြီး ဖမ်းဆီးထားသူ(၄၀)ကျော်ရှိကြောင်း၊ ဥက္ကဌ ထွန်းအောင်ကျော်အပါအ၀င် ဗဟိုကော်မတီဝင်(၅)ဦး ပါဝင်ကြောင်း၊ ရက်ရက်စက်စက် နှိပ်စက်စစ်ဆေးခံရတဲ့အတွက် ယခုအခါ (၅)ဦး ခန်.သေဆုံးသွားပြီဖြစ်ကြောင်း၊ အဆိုပါထွက် ပြေးလာသူ(၃)ဦးက ပြောဆိုခဲ့သည်ကို စစ်အစိုးရေဒီယိုမှတဆင့်ညီလာခံကိုယ်စားလှယ်တချို. ကြားသိခဲ့ရပါသည်။

ကိုနိုင်အောင်ရေးထားသည့် အပိုဒ်(၂)အရဆိုလျှင် စပိုင်ဟုအစွပ်စွဲခံရပြီး(၅)ဦးအသတ်ခံခဲ့
ရသည့်ကိစ္စကို အောက်တိုဘာလ(၁၁)ရက်နေ့ကပင်သိရှိနေပြီးဖြစ်သော်လည်းကိုနိုင်အောင်ဦး
ဆောင်သောဗဟိုအနေနဲ့ ကချင်ကျော်ကျော်ကိုမကဒတမြောက်ပိုင်းကိုညွန်ကြားချက်များအတူ စေလွတ်ခဲ့သည်မှာဇန္နဝါရီလတွင်ဖြစ်ခဲ့ သည့်အတွက် ဥက္ကဌတဦးအနေနဲ့အလေးထားဆောင်
ရွက်မှုကိုမေးခွန်းထုတ်စရာဖြစ်လာပါသည်၊ အဖွဲ့အစည်းတခုလုံး၏ဂုဏ်သိက္ခာကိုလုံးဝထိခိုက်
နစ်နာစေနိုင်သောကိစ္စကို အချိန်တိုတိုအတွင်းမှာဘာကြောင့်မစွမ်းဆောင်ခဲ့ပါသလဲ၊

(၃) ၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ထုတ် The Nation သတင်းစာတွင် မကဒတ မြောက်ပိုင်း၌စပိုင်များကို သတ်ဖြတ်အရေးယူလိုက်သည်ဆိုသောကိစ္စပါလာကြောင်း မိမိ တို့ဘန်ကောက်ရုံးမှ ပေးပို့သည့်ကြေးနန်း မိမိတို့တောတွင်းဌာနချုပ်သို့ ရောက်ရှိလာချိန်မှ ဤကိစ္စကို မိမိတို့သိရှိရခြင်းဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ၁၉၉၂ခုနှစ် မတ်လ(၁)ရက်နေ့ ရက်စွဲဖြင့် ဘန်ကောက်နိုင်ငံခြားရေးရုံးမှ ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါသည်။

အပိုဒ်(၃)အရဆိုလျှင် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ထုတ် The Nation သတင်းစာမှတဆင့်သိခဲ့
ရသော အလွန်တရာကြီးမားသောသတ်ဖြတ်မှုများအတွက် အလိုတိုတောင်းသောတစ်ရက်တာ
မျှအတွင်း ကိုအောင်ထူး၏မတ်လ(၁)ရက်နေ့ထုတ်ပြန်ကြေငြာချက်ထွက်လာရသည့်အပေါ်
အလွန်မှဘ၀င်မကျဖြစ်ရပါသည်၊
အဆိုပါထုတ်ပြန်ကြေငြာချက်သည် ဗဟိုကော်မီတီ၏ဆုံးဖြတ်ချက်အရထုတ်ပြန်သောထုတ်
ပြန်ကျေငြာချက်မှဟုတ်ပါရဲ့လားဟု အမှန်ပင်သံသယရှိပင်ဖြစ်ပါသည်၊အကယ်၍ဤထုတ်ပြန်
ချက်သည် ဗဟိုကော်မီတီ၏ဆုံးဖြတ်ချက်မပါခဲ့ပါကအလွန်တရာမှားယွင်းနေသောလုပ်ဆောင်
မှုတခုဖြစ်ပြီး မကဒတ၏ဖွဲ့စည်းပုံအခြေခံဥပဒေပါစည်းမျည်းစည်းကမ်းများကို တာဝန်ရှိခေါင်း
ဆောင်များက ဖေါက်ဖျက်ကျူးလွန်ခဲ့သည်ဟုယူဆရမည်သာဖြစ်သည်၊
၎င်းအပြင် အဆိုပါလူသတ်မှုကို ဃဃနနမသိရှိပဲ ဘန်ကောက်နိုင်ငံခြားရေးရုံးအနေနဲ့
တာဝန်ခံခဲ့သည့်အမှားသည် ကျနော်တို့အားလုံးချစ်မြတ်နိုးကြသော ကျောင်းသားတပ်မ တော်၏ဂုဏ်သိက္ခာကိုထိခိုက်စေယုံမျှမက ဤခွပ်ဒေါင်းအလံတော်အောက်တွင်ပေးဆပ်ခဲ့
ကြပြီးဖြစ်သောကျဆုံးရဲဘော်ရဲဘက်များ၊ ပေးဆပ်နေဆဲဖြစ်သောရဲဘော်ရဲဘက်များ၏ ပေးဆပ်မှုများအားလုံးအပြင် မကဒတ၏သမိုင်းကြောင်းကိုလည်းမှေးမှိန်စေခဲ့ပါသည်၊
ဒါကြောင့်ဒီလိုမှားယွင်းစွာအလျှင်စလိုလုပ်ဆောင်မှုအတွက် မည်သူတွေမှာတာဝန်ရှိခဲ့ပါသလဲ၊
ဘယ်လိုတာဝန်ယူပေးမှာလဲ၊

(၄) မိမိပြန်လည်ထွက်ခွာပြီး(၃/၄)ရက်အကြာမေလ၂၁ရက်နေ့တွင် ဖမ်းဆီးခံနေရသူအားလုံး ထွက်ပြေးလွတ်မြောက်သွားပြီဖြစ်ကြောင်းကြားသိရပါသည်။သို့ဖြစ်၍ ထိုင်းနိုင်ငံသို့ ရောက်
လျှင်ရောက်ချင်း ၁၉၉၂ ခုနှစ် မေလ ၃၁ ရက် နေ့စွဲဖြင့် မိမိကြုံတွေ့ခဲ့ရသော အခြေအနေကို သဘောထားထုတ်ပြန်ခဲ့ပါသည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီသို့ အခြေအနေ များကိုဆက်လက်တင်ပြအစီရင်ခံခဲ့ပါသည်။

အဖမ်းခံရသူတွေထွက်ပြေးလွတ်မြောက်ပြီးမှ ကိုနိုင်အောင်ထုတ်တဲ့ထုတ်ပြန်ကြေငြာချက်ဟာ
နည်းနည်းတော့ထူးဆန်းနေပါသည်၊ မကဒတဥက္ကဌတဦးအနေနဲ့ဗဟိုကော်မီတီ၏တာဝန်ခံမှုမ
ရှိပဲ မြောက်ပိုင်းကော်မီတီ၏လုပ်ရပ်ကိုတာဝန်ခံခြင်းမှာ ဖွဲ့စည်းပုံစည်းမျဉ်းပါတာဝန်နဲ့လုပ်ပိုင်
ခွင့်ကိုကျော်လွန်သွားခဲ့ပြီဖြစ်ပါသည်၊ ထို့အပြင်သေဒဏ်အပြစ်ပေးခဲ့ခြင်းကိုတာဝန်ရှိဥက္ကဌတ
ဦးအနေနဲ့ ထောက်ခံမှုပေးခဲ့ခြင်းမှာ လုံးဝလက်ခံဘွယ်ရာမရှိသောတသီးပုဂ္ဂိလကဆုံးဖြတ်ချက်
အမှားပင်ဖြစ်ပါသည်၊

I have no more disputes about the righteousness to execute 15 spies. However, I myself, on behalf of the central committee, have the responsibilities for that even though there was no participation by central committee on decision process.

ကိုနိုင်အောင်အနေနဲ့ မည်သည့်အတွက်ကြောင့်အဆိုပါ(၁၅)ဦးကိုတပြိုင်တည်းသတ်ဖြတ်ခဲ့
သည်ကိုမှန်ကန်ပါသည်လို့ဆုံးဖြတ်ခဲ့ပါသလဲ၊ ကျနော်တို့အားလုံးလက်မခံနိုင်ပါ၊ တခါတရံမှာ
တာဝန်ရှိသောဥက္ကဌတဦးအနေနဲ့ ဦးနှောက်တကယ်သုံးပြီးဆုံးဖြတ်ခဲ့တာမှဟုတ်ရဲ့လားလို့
တောင်သံသယရှိလှပါသည်၊ ဒါဟာမကဒတသမိုင်းကြောင်းတခုလုံးကိုရိုက်ချိုးခံခဲ့ရတာနော်
ဒီအတွက်ရောကိုနိုင်အောင်ဘယ်လိုတာဝန်ယူပေးမှာလဲ၊

(၅)မြောက်ပိုင်းကိုယ်စားလှယ်များ တောင်ပိုင်းဗဟိုသို့ရောက်ရှိလာခြင်းများရှိသော်လည်း
တောင်ပိုင်းဗဟိုကော်မတီဝင်တွင်ပါဝင်ခြင်းမရှိပါ။

အပိုဒ်(၅)ဆိုလျှင် တောင်ပိုင်းဗဟိုဋ္ဌါနချုပ်တွင် အထင်ကရဖြစ်သောဗဟိုကော်မီတီဝင်များ
ဖြစ်ကြသော ကချင်ကျော်ကျော်၊ကိုလှဋ္ဌေး၊ကိုစိုးလင်း၊တို့ရှိနေသည်မှာလူသိရှင်ကြားဖြစ်သည်၊

(၆)မိမိ ဧပြီလပထမဆုံးအကြိမ် ရောက်ရှိစဉ်က ဖမ်းဆီးခံထားရသူများရော၊ ကျန်ရဲဘော်များပါ မည်သည့် နှိပ်စက်မှုကိုမှထုတ်ဖေါ်မပြောခဲ့ကြပါ။ မိမိအနေဖြင့် နဝတ သတင်းစာရှင်းလင်းပွဲမှ ကြားသိရမှုများကိုယုံတချက်၊ မယုံတချက်ဖြစ်ရပါသည်။ နောက်ပိုင်းတွင်မှတစစဖြင့်စိတ်မ
ကောင်း ဖွယ်ရာများ သိလာကြရခြင်းဖြစ်ပါသည်။မိမိအနေဖြင့် ရှင်းပြလိုသည်မှာ အခင်းဖြစ်ပွား ချိန်က ဤမျှအထိ ဖြစ်ခြင်းကိုမသိခဲ့ကြပါ။ ၎င်းအပြင် မိမိတို့ဗဟိုအနေဖြင့်မြောက်ပိုင်းကော်မ
တီမှ ထုတ်ဖေါ်တွေ့ရှိမှုများ မှန်မမှန်၊ ၎င်းတို့လုပ်နည်း မှန်မမှန် ဆိုသည်ကိုစစ်ဆေးနိုင်သည့် အနေအထားမရှိခဲ့ဘဲ၊ ဖြစ်ပြီးခဲ့သည်များကိုသာ နိုင်ငံရေးအရ ၀င်ရောက် တာဝန်ယူထိန်းသိမ်း ခဲ့ရခြင်းဖြစ်သည်။ မိမိတို့အကောင်းဆုံး လုပ်နိုင်ရန်ကြိုးစားသည်မှာ ဖမ်းဆီးခံများ ထပ်မံ
အသတ်မခံရရေး၊ ဖမ်းဆီးမှုများ ရပ်တန့်ရေး၊ ဖမ်းဆီးခံထားရသူများ လွှတ်ပေးရေးနှင့်
`မကဒတ´မြောက်ပိုင်းကို တောင်ပိုင်းဗဟိုအောက်တွင်ပါဝင်၍ ဗဟို၏ လမ်းညွှန်မှုကို ခံယူ နိုင်ရေးကိုသာအဓိကကြိုးစားခဲ့ပါသည်။

ဤအပိုဒ်တွင် “အခင်းဖြစ်ပွားချိန်က ဤမျှအထိဖြစ်ခြင်းကိုမသိခဲ့ကြပါ။” ဆိုသည့်အချက်ကို
လက်ခံပြီးစဉ်းစားကြည့်ပါသည်၊ ဥက္ကဌတဦးအနေနဲ့အဖြစ်အပျက်ကိုအသေအချာမသိရှိပဲ
အန္တရယ်အလွန်များသော နိုင်ငံရေးအရတပ်ဦး၏ဂုဏ်သိက္ခာကိုအကြီးအကျယ်ထိခိုက်စေနိုင်
သောကိစ္စကို မည့်သည့်အတွက်ဗဟိုကော်မီတီအများစုနဲ့တိုင်ပင်ဆွေးနွေးခြင်းမပြုပါသလဲ၊
“မြောက်ပိုင်းကို တောင်ပိုင်းဗဟိုအောက်တွင်ပါဝင်၍ ဗဟို၏လမ်းညွှန်မှုကိုခံယူနိုင်ရေးကိုသာ အဓိကကြိုးစားခဲ့ပါသည်။” လို့ဆိုထားတဲ့အတွက် ဗဟိုနှစ်ခုကွဲနေသည့်အပေါ် မိမိဦးဆောင်မှု
ဘက်ပါလာရေးကိုအဓိထားဆောင်ရွက်ရင်း၊ တပ်ဦး၏ဦးတည်ချက်ပါလူ့အခွင့်အရေးချိုးဖေါက်
မှုကိုသိသိကြီးနဲ့လစ်လျှူရှု့လေခဲ့သလား မေးစရာများပေါ်လာနေပါသည်၊

(ရ)ရန်သူစပိုင်ဖြစ်စေကာမူ အတွေးအခေါ် မတူသူသာဖြစ်၍ ခန္ဓာကိုယ် နာကျင်စေသည့်
နည်းဖြင့် ဖြေရှင်းအဆုံးသတ်ရမည်ဟု မိမိတစ်ယောက်တည်းအနေဖြင့် မယုံကြည်ပါ။
http://www.scribd.com/doc/86685600/D3Conf

ကျနော်အနေဖြင့်ကိုနိုင်အောင်၏အထက်ပါမြွက်ဆိုချက်ကိုလုံးဝနားလည်ပေးရန်သော်လည်း
ကောင်း၊ ယုံကြည်ရန်သော်လည်းကောင်းလုံးဝမဖြစ်နိုင်သည့်အကြောင်းတရားများအခိုင်အမာ
ရှိနေခဲ့ပါသည်၊ဗဟိုနဲ့နှစ်နာရီမျှသာခရီးဝေးသော သံလွင်စခန်းတွင်ဖြစ်ခဲ့သောတပ်ဖွဲ့ဝင်တဦးကို
စခန်းကော်မီတီမှဗဟိုအားလုံးဝအသိပေးအကြောင်းခြင်းမရှိပဲဆုံးဖြတ်ကာသေဒဏ်ပေးခဲ့သည့်
အမှုနှင့် ဘုရားသုံးဆူတပ်ရင်း(၁၀၁)တွင်အလားတူဖြစ်ခဲ့သော လုပ်ရပ်များအတွက် ဗဟိုကော်
မီတီအစည်းအဝေးနှင့်တတိယအကြိမ်ညီလာခံတွင် မည်သူတွေကိုမည်သို့ရပ်တည်ခဲ့ကြပြီး၊ အ
ပြစ်ရှိသူများကိုအကာအကွယ်ပေးခဲ့သည်ကို ကျနော်သိရှိနေသည့်အတွက်ကြောင့်ဖြစ်သည်၊
http://www.scribd.com/doc/86677742/ABSDF-MTZ-Third-Conference-Clarification

 (၈)သို့သော်လည်း အမှားများကိုပုံဖေါ်ရင်း အမှန်ကိုမေ့သွား ဖုန်းကွယ်သွားသည်များလည်းမ
ဖြစ်သင့်ပါ။ ယုံကြည်မှုဖြင့် အသက်စွန့်လွှတ်၍ တိုက်ပွဲဝင်ခဲ့ကြသော မကဒတနှင့်ကျောင်းသား တပ်မတော်ဟူသော အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်မှုကိုမှေးမှိန်ပပျောက်ရန် အထိမတိုက်ခိုက်သင့်ပါ။
ကိုနိုင်အောင်အနေဖြင့်မိမိ၏မှားယွင်းသောဆုံးဖြတ်ချက်ကြောင့် မကဒတအဖွဲ့ဂုဏ်သိက္ခာထိ
ခိုက်ခဲ့ရပါသည်ကိုလုံး၀၀န်ခံခြင်းမရှိပဲ၊ ဝေဖန်ပြောဆိုနေကြသောသူများကိုအပြစ်မြင်နေခြင်း
များကလည်းခေါင်းဆောင်မပီသသည့် တာဝန်ကိုရှောင်လွှဲလိုသောစိတ်ဓါတ်ကိုအပီအပြင်ဖေါ်
ပြလျှက်ရှိနေပါသည်၊ တကယ်ဆိုလျှင်မိမိ၏ချို့ယွင်းချက်များကြောင့် မကဒတဂုဏ်သိက္ခာကျခဲ့
ရပါသည်၊ မိမိတွင်လည်းတာဝန်ရှိခဲ့ပါသည်၊ မကဒတ၏တည်ရှိပြီးဖွဲ့စည်းပုံစည်းမျည်းများအ
တိုင်းဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသည်ကိုဝန်ခံပြီး မကဒတတွင်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပေးဆပ်ခဲ့ပြီးပေးဆပ်ဆဲရဲဘော်ရဲဘက်များကိုလည်း လူသိရှင်ကြားတောင်းပန်စကားဆိုသင့်
အပ်ပါသည်၊

(၉) ဆုံးရှုံးနစ်နာမှုများတွေ့ရှိပါက တာဝန်ရှိသူများကို နစ်နာသူများ၏ဆန္ဒအရသော်၎င်း၊ ဥပဒေအရသော်၎င်း အရေးယူဆောင်ရွက်မှုများ ပြုလုပ်သင့်ပါသည်။မြောက်ပိုင်းသူလျိုများ
အား ဖမ်းဆီးအရေးယူသည့်ကိစ္စရပ်တွင် မှားယွင်းစွာဖမ်းဆီးနှိပ်စက်ခံခဲ့ ရသော ရဲဘော်၊
ရဲမေများအားလုံးကို မကဒတဥက္ကဋ္ဌဟောင်းတစ်ယောက်အနေဖြင့် အနူးအညွတ်တောင်းပန်
အပ်ပါသည်။

မှားယွင်းစွာဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံခဲ့ရသော ရဲဘော်၊ရဲမေများအားလုံးကို မကဒတ ဥက္ကဋ္ဌဟောင်းတစ်ယောက်အနေဖြင့် အနူးအညွတ်တောင်းပန်ခဲ့သည်အပေါ် ကျနော်အနေ
ဖြင့်ကျေနပ်မိပါသည်၊ “တာဝန်ရှိသူများကို နစ်နာသူများ၏ဆန္ဒအရသော်၎င်း၊ ဥပဒေအရသော်
၎င်းအရေးယူ ဆောင်ရွက်မှုများပြုလုပ်သင့်ပါသည်။”ဆိုသည့်အချက်အတွက်ပိုပြီးရှင်းလင်းသွား
ရန်လိုအပ်နေပါသည်၊ ကိုနိုင်အောင်အနေနဲ့လက်တွေ့ဆုံးဖြတ်ပြီးသတ်ဖြတ်မှုကျူးလွန်သူများ
ကိုသာ“တာဝန်ရှိသူများ”အဖြစ်ရည်ညွှန်းပုံရသည်၊
အဆိုပါရည်ညွှန်းချက်ဖြစ်သည်“တာဝန်ရှိသူများ”ကိုအပြန်အလှန်ရှင်းချက်ထုတ်ရမည့်ကိစ္စက
တော့ သတ်ဖြတ်မှုတွင်အဓိကတာဝန်ရှိသူဟုအများကယူဆနေကြသည့်ရော်နယ်အောင်နိုင်နှင့်
မြောက်ပိုင်းဗဟိုကော်မီတီများသာလျှင်ဖြစ်ပေသည်၊

(၁၀)(မှတ်ချက် ။ ။ မြောက်ပိုင်းကော်မတီမှပေးပို့သော စစ်ချက်များ၊ ကိုနေ၀င်းအောင်နှင့် ကိုစိုးလင်းတို့၏ ထွက်ဆိုချက်များကို သင့်တော်သော အခြေအနေတွင် အများပြည်သူသိ ရှိအောင်ထုတ်ပြနိုင်ရန်အတွက် လုံခြုံစွာသိမ်းဆည်းထားပါသည်။၎င်းတို့ ထုတ်ဖေါ်ပြောဆို
ခဲ့သော နာမည်များသည် ယနေ့တိုင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်နေဆဲဖြစ်သောကြောင့် မသင့်တော်ဟု ယူဆသဖြင့် မထုတ်ပြန်ပေးခြင်း ဖြစ်ပါသည်။)

ဤအပိုဒ်ကိုကြည့်ခြင်းအားဖြင့် ကိုနိုင်အောင်အနေဖြင့်မြောက်ပိုင်းသတ်ဖြတ်မှုများအတွက်
နောင်တတရားမရသေးသည်ကိုဖေါ်ပြနေသည့်အပြင် မိမိ၏ဗဟိုကော်မီတီမှလူမဆန်စွာ
ညှင်းပန်းနှိပ်စက်ပြီးရယူထားသော မရေရာသောထွက်ဆိုချက်များနဲ့ပင် နောက်ထပ်လူများ
ကိုခြိမ်းချောက်ပြနေသကဲ့သို့ပင်ဖြစ်သည်၊ ဒါကြောင့်ကျနော်အနေဖြင့်ကိုနိုင်အောင်၏နစ်
နာခဲ့ရသောမိသားစုများနှင့်ရဲဘော်ရဲမေများကို တောင်းပန်ခဲ့သည်မှာအမှန်တကယ်ရင်ထဲ
မှလာသောစကားမှဟုတ်ပါလေစဟု ကျနော်အနေဖြင့်သံသယ၀င်မိပါသည်၊

ကျနော်အနေဖြင့် ကိုနိုင်အောင်မြောက်ပိုင်းကို ဖေဖေါ်ဝါရီလ(၁၂)ရက်မတိုင်မှီရောက်ခဲ့
သည်ဖြစ်စေ၊ မရောက်ခဲ့သည်ဖြစ်စေ၊ ကိုယ်တိုင်မမြင်မတွေ့ခဲ့ရသည့်အတွက် အငြင်းပွါး စရာမရှိပေမဲ့ ဥက္ကဌတဦးအနေဖြင့် မကဒတ၏ဖွဲ့စည်းပုံဆိုင်ရာစည်းမျည်းစည်းကမ်းအရ
လိုက်နာဆောင်ရွက်မှုမရှိခဲ့သည်ကိုတော့ အခိုင်အမာပြောဆိုချင်ပါသည်၊ မကဒတဥက္ကဌ
တဦးအနေနဲ့ စီမံခန့်ခွဲမှုဆိုင်ရာမှားယွင်းခဲ့သည့်အတွက် မကဒတသာမကရှစ်လေးလုံးတော် လှန်ရေးသမိုင်းကြောင်းတခုလုံး ထိခိုက်ခဲ့ရသည့်ကိစ္စကိုတော့ မုချမသွေတာဝန်ယူရလိမ့်
မည်ဖြစ်ကြောင်းပြောကြားလိုပါသည်၊

ကျနော်အနေနဲ့ခံယူထားသည်မှာ ကျနော်တို့အားလုံးသည် မှားယွင်းစွာဖမ်းဆီးနှိပ်စက်သတ်
ဖြတ်ခံခဲ့ရသော ရဲဘော်၊ရဲမေများအားလုံး၏ နိုင်ငံရေးဂုဏ်သိက္ခာကိုပြန်လည်ဖေါ်ထုတ်ပေးရ
မည့်အပြင် မကဒတ၏သမိုင်းကြောင်းဆိုင်ရာ နိုင်ငံရေးဂုဏ်သိက္ခာကိုလည်း ပြန်လည်တည်
ဆောက်ရမည်ဟုအပြည့်အ၀ယုံကြည်မိပါသည်၊ ဤယုံကြည့်ချက်နဲ့အတူ အမှန်တရားနှင့်အ
မှုမှန်သမိုင်းမှန်ဖေါ်ထုတ်ရေးကို ဘက်ပေါင်းစုံမှပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြော
ကြားလိုက်ပါရစေခင်ဗျာ၊

အမှန်တရားနှင့်အမှုမှန်သမိုင်းမှန်ဖေါ်ထုတ်ရေးကိုဦးတည်လျှက်
(ကိုကိုဦး)
ကျောင်းသားတပ်မတော်အဖွဲ့ဝင်ဟောင်း၊

http://www.scribd.com/doc/86691013/Review-DNA-Statement
Share

  • 29 shares
    • Kyaw Than very good points your are raising, they say you cannot cover elephant skin with goats'
    • မိုး စဲ
      မြောက်ပိုင်းဗဟိုကော်မှ ပေးပို့သော စစ်ချက်များ ကိုနေ၀င်းအောင်နဲ့ ကိုစိုးလင်းတို့ရဲ့ ထွက်ချက်များကို သင့်တော်သော အချိန်တွင်အများပြည်သူ သိရှိနိုင်ရန်အတွက် လုံခြုံစွာ ထိမ်းသိမ်းထားပါသည် ဆိုသည်မှာ မကဒတ ဥက္ကဌုင် ဟောင်း တယောက်အနေနှင့် ၄င်းထွက်ဆိုချ
      က်များကို ဆက်လက်ထိမ်းသိမ်းထားပိုင်ခွင့် ရှိပါသလား လက်ရှိ မကဒတ ဗဟိုကော်မတီ မှ ထိမ်းသိမ်းထားပါသလား သိလိုပါသည် ကျနော့်အမြင်တွင် ၄င်းထွက်ဆိုချက် စစ်ဆေးချက်များကို လက်ရှိ အေဘီအက်စ်ဒီအက်ဖ် ကသာ ထိမ်းသိမ်းထားပိုင်ခွင့် ရှိသင့်သည်ဟု ထင်ပါသည်။
    • Nicky Shein အခုအချိန်ရောက်နေတာတောင် သင့်တော်တဲ့အချိန်တွင် လုပ်နေမှတော့ မင်းတို့တွေ ဘယ်တော့ကျမှ ထပ်ပြီး သင့်တော်ကြမှာတုံးဟ
    • Smile Pyone you knew that noone keep confidencial files of organization after who lost the president position.
    • Htay Tint
      ၁၉၈၈ မတ်လအနောက်ကြို့ ကုန်း ကြိုးကုန်းရပ်ကွက်
      ရထားသံလမ်းဘေးက လဘ္ကရည်ဆိုင်တွင် သီချင်းဖွင့်ရန် တောင်းဆိုရာမှ
      စက်မှုတက္ကသိုလ် ကျောင်းသားများ နှင့် အရပ်သားများ ရန်ဖြစ်ခဲ့ပါသည် ။
      ဆိုင်မှထွက်လာသည့် စက်မှု တက္ကသိုလ်ကျောင်းသားကို
      ရပ်ကွက်ကောင်စီသား အုပ
်စုက ရိုက်လွတ်လိုက်ပါသည် ။
      အရိုက်ခံရသည့် တက္ကသိုလ်ကျောင်းသားများ က ရဲစခန်းတွင်
      တရားဥပဒေဖြင့် အရေးယူရန် တိုင်ကြားခဲ့ပါသည် ။
      အာဏာပိုင်တွေက တရားဥပဒေကို လေးစားလိုက်နာမှုမရှိသောကြောင့်
      အမှန်အတိုင်း သတင်းစာမှရေးသားရန်
      တာဝန်ရှိသူများကို အရေးယူပေးရန် တောင်းဆိုရင်း
      ၁၉၈၈ ဒီမိုကရေစီ အစိုးရ ပေါ်ပေါက်ရေး
      လူထုလှုပ်ရှားမှု မြန်မာပြည်တွင် စတင်နိုင်ခဲ့ပါသည် ။
      နေဝင်းဦးဆောင်တဲ့ တပါတီအာဏာရှင်စနစ်ကျဆုံးသွားပြီး
      နေဝင်း စိန်လွင် မောင်မောင် စောမောင် ခင်ညွန့် တို့ ကျဆုံးခဲ့ပါတယ် ။
      အကြမ်းမဖက်လှုပ်ရှားမှု
      လက်နက်ကိုင်တိုက်ပွဲ
      နိုင်ငံတကာလှုပ်ရှားမှုတွေ ကြောင့်
      မြန်မာပြည်ကို ဒီမိုကရေစီ စနစ်ကျင့်သုံးရန်
      အာဏာရှင် စစ်တပ်မှ စတင်ပြင်ဆင်နေရပြီဖြစ်ပါသည် ။
      တိုက်ပွဲဝင် ကာလသည် နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပေသည် ။
      တော်လှန်ရေးနယ်မြေဟု ခေါ်ဆို နိုင်သော နယ်စပ်ဒေသ
      လှုပ်ရှားမှု ကြိုးပန်းမှုသမိုင်းများကို ရိုးသားစွာ
      ရေးသား မှတ်တမ်းတင် အပ်သော ကာလကို ရောက်လာပါပြီ ။
      ဥပဒေစိုးမိုးရေး အမှန်တရား ဖေါ်ထုတ်ရေးဖြင့်
      စတင်ပေါက်ဖွားလာခဲ့ရသောကျောင်းသားများ လှုပ်ရှားမှု
      ၈၈ လူထုတရပ်လုံးတောင်းဆိုမှုသည် ။
      အမှန်တရားဖေါ်ထုတ်ရေး ဖြင့် အဆုံးသတ်ရတော့ပေမည် ။
      အစနဲ့  အဆုံး အမှန်တရားဖေါ်ထုတ်ရေးတွေပါဘဲလား ။
      အချိန်ပေါင်းများစွာ သွေးပြောင်းများစွာ အသက်ပေါင်းများစွာ ဘဝပေါင်းများစွာ
      ခန္တကိုယ် အစိတ်အပိုင်းမြောက်များစွာ ပေးဆပ်ခဲ့ကြသော်လည်း
      လူတယောက် လူတစု လူတဖွဲ့  မှားယွင်းခဲ့တဲ့ ဆုံဖြတ်ချက်ကြောင့်
      ရင်ထဲမှာ တစစ်စစ်နဲ့  နာလာတယ်ဗျာ ။
      နောင်လာနောင်သားတွေ သံဝေဂ ရကြပါဗျာ ။
    • ဘရာဇီး ငှက်ရိုး BarBu Abnb
      ကိုကိုဦးခင်ဗျာ ခွပ်ဒေါင်းစိတ်ဓါတ်အပြည့်နဲ့ ထောက်ပြ
      ပေးတဲ့အတွက်နှိပ်စက်ဖိနှိပ်ခံလွတ်မြောက်လာသူတစ်
      ဦးအနေနဲ့ အထူးကျေးဇူးတင်ရှိပါတယ်။
      ဒီအဆင့်ဟာလုံးဝ ဝန်မခံ မကျေနပ်ဖြစ်ခဲ့ရတာ ထက်စာရင် ဖုံးကွယ်မူများရှိနေသော်လည်း စပြီးလက်ခံပေးနိုင်တဲ့အဆင့်ပါ။
      ရဲဘော်ဘာဘူ
      11 minutes ago · Like
    • Nge Naing
      ‎((((((၅)မြောက်ပိုင်းကိုယ်စားလှယ်များ တောင်ပိုင်းဗဟိုသို့ရောက်ရှိလာခြင်းများရှိသော်လည်းတောင်ပိုင်းဗဟိုကော်မတီဝင်တွင်ပါဝင်ခြင်းမရှိပါ။
      အပိုဒ်(၅)ဆိုလျှင် တောင်ပိုင်းဗဟိုဋ္ဌါနချုပ်တွင် အထင်ကရဖြစ်သောဗဟိုကော်မီတီဝင်များဖြစ်ကြသော ကချင်ကျော်ကျော်၊ကု
ိလှဋ္ဌေး၊ကိုစိုးလင်း၊တို့ရှိနေသည်မှာလူသိရှင်ကြားဖြစ်သည်။))))) ဦးဆလိုင်း အဲဒီပိုဒ် တပိုဒ်တည်းနဲ့ ဦးဆလိုင်းက ပို့စ်ကို သေသေချာချာ မဖတ်ဘူး ဆိုလိုချက်ကို နားမလည်ဘူးဆိုတာ သက်သေပြနေပါတယ်။ ဒေါက်တာနိုင်အောင် ပို့စ်ထဲမှာ ပြောထားတာ ရေးထားတာ အဲလို မဟုတ်ဘူး (((("မြောက်ပိုင်းကိုယ်စားလှယ်များ၊ ဗဟိုသို့ရောက်လာခြင်းများရှိခဲ့ကြသော်လည်း မိမိတို့တောင်ပိုင်းဗဟိုမှ ၎င်းတို့ထံရောက်ရှိခဲ့ခြင်း မရှိပါ။" ))) လို့ပဲ ရေးထားပါတယ်။ စကားလုံးလည်း မတူသလို အဓိပ္ပာယ်လည်း လုံးဝ ကွားပါတယ်။ မောင်နှမတွေလို ရင်းနှီးကျွမ်းဝင်လာခဲ့သူ အချင်းချင်းတွေမို့ Message ပို့ပြီးပဲ ပြောချင်ပေမဲ့ ဦးဆလိုင်းရေးထားတာ ဟိုလူ Share ဒီလို Share နဲ့ ဟိုလူ့ tag ဒီလူ့ tag လုပ်ထားပြီးပြီဆိုတော့ အကုန်လုံးက ဖတ်ထားပြီးပြီမို့ မထူးပါဘူးဆိုပြီးတော့ ဒီတခုကိုပဲ ရေးလိုက်ပါတယ်။ တခြား တလွဲစီ ဖြစ်နေတာတွေတာ့ အကျိုးထူးမယ်မထင်လို့ ကျွန်မ မပြောတော့ဘူး။ တခြားနေရာတွေမှာလည်း ဥပမာ ဦးနေ၀င်းအောင်တို့နဲ့ ပတ်သက်ပြီးလည်း ကျွန်မတို့ ထီးခီးမှာ သားဖွားသင်တန်းတက်နေစဉ်က ထီးခီးရုံးမှာ ဦးဆလိုင်းနဲ့ ကျွန်မတို့နဲ့ တွေ့တုန်းက ဦးဆလိုင်းပြောခဲ့တာတွေနဲ့ အခုဦးဆလိုင်း အခုပြောနေတာတွေလည်း တလွဲစီချည်းပဲ။ ABSDF ကမဟုတ်တဲ့ သူတွေအတွက် ထင်ယောင်ထင်မှားတွေ ဖြစ်စေနိုင်ပေမဲ့ တကယ်လက်တွေ့ ဖြတ်သန်းဖူးသူတွေကတော့ သိမှာသေချာပါတယ် ဦးဆလိုင်း။
    • Zar Ni Oh ! Jesus..... Salain!!...What wrong with you?
    • Nge Naing
      Jesus..... Salain!!...What wrong with you? ဟုတ်လား ။ (((((((((၅)မြောက်ပိုင်းကိုယ်စားလှယ်များ တောင်ပိုင်းဗဟိုသို့ရောက်ရှိလာခြင်းများရှိသော်လည်းတောင်ပိုင်းဗဟိုကော်မတီဝင်တွင်ပါဝင်ခြင်းမရှိပါ။))))))) မဟုတ် (((((((((("မြောက်ပိုင်း
      ကိုယ်စားလှယ်များ၊ ဗဟိုသို့ရောက်လာခြင်းများရှိခဲ့ကြသော်လည်း မိမိတို့တောင်ပိုင်းဗဟိုမှ ၎င်းတို့ထံရောက်ရှိခဲ့ခြင်း မရှိပါ။" ))))))))))) ဖြစ်တယ်။ အဲလောက်ဆိုရင်တော့ သဲသဲကွဲကွဲ မြင်ရလောက်ပြီထင်တယ်။ အဲဒါ မမြင်ရင်တော့ မျက်မှန်ပါဝါသွားချိန်းဖို့ပဲ အကြံပြုလိုပါတယ်။
    • Zar Ni Oh!!Jesus again!.. Please check again at the DNA' s testimony: Question No,(2), lines eight and nine.
    • Nweni Tun ကိုဇာနည်.. ကိုနိုင်အောင်ရဲ့  စာအရဆိုရင် အောက်တိုဘာ ၁၁ရက်မှာ ညီလာခံ မပြီးသေးဘူးဆိုတော့ ကိုကိုဦး ကိုနိုင်အောင်ကို မေးခွန်းထုတ်ထားတဲ့ ဥက္ကဌအနေနဲ့  အလေးထားဆောင်ရွက်မှုဆိုတာကလဲ လွဲနေပြန်တယ်..
    • Zar Ni Tha Nge Chin Salian yel....Dote Kha Pa Bel Kwar!!!!!!!!!!
    • Zar Ni Nge Ni, Please directly ask to Salain.
    • Nweni Tun ဟုတ်ကဲ့ပါ... ကိုဇာနည် အဲဒီအချက်ကိုပြောနေတယ်ထင်လို့ ဝင်ပြောတာပါ.. ပြီးတော့ ကိုကိုဦး ရဲ့  ပို့ စ်အောက်မှာ ဖြစ်လို့ ပါ..
    • Zar Ni Ok..I understand you, you are my beloved niece. By the way I heard about that your dad's healthy. What can I help you it?
    • Myint Zu သတင်းအမှန်ပေါ်လာပြီဆိုပါတော့ဘာဆက်လုပ်ဖို့ ဆုံးဖြတ်ကြမလဲ။ဟာမူရာဗီကိုယ်ဒဥပဒေ အတိုင်းလုပ်လို့ မှမရနိုင်တာနောက်ဒီလို မဖြစ်ရအောင်လို့ ကတိပေးလာသော်လည်းသူ့ လူငါ့ဖက်သားတွေကရှိနေမှာပါအေဘီနှစ်ပိုင်းပြဲသွားတာဒါတွေအားလုံးထောက်ပြစရာအချက်တွေပါပဲ(မြိတ် အထက-၃ ၁၉၈၈)မှUG များ.....
    • Ko Baloi တရားမျှတမှုနဲ့ ဖြစ်စဉ်မှန်ပေါ်ပေါက်လာရေးအတွက်၊ အပြုသဘောဘောင်တွင်း ကနေ ဆွေးနွေးသွားကြရင် အနီးစပ်နိုင်ဆုံး အဖြေတခုကရလာမှာပဲ။ ဒီအတွက် ကျနော်တို့အားလုံး ဝိုင်းဝန်းလုပ်ဆောင်သွားကြရဦးမှာပဲ..။ ဝိုင်းဝန်းဆွေးနွေးပြီး အဖြေမှန်ကိုရှာတာ အကောင်းဆုံးပါပဲ။
    • Nweni Tun Thanks for asking Ko Zar Ni..ကိုဇာနည် အဖေက စိုးရိမ်ရတဲ့ အခြေအနေကနေ ပြန်သက်သာလာပြီ.. ဆေးဝါးကုသမှုကတော့ခံနေရတုန်းပေါ့ ထူထူထောင်ထောင်ကြီးတော့ မဟုတ်သေးဘူး..fortwayne မှာဆိုတော့ ကိုဇာနည်တို့ နဲ့ ဝေးမယ်ထင်တယ်.. နွယ်နီလဲ July လထဲမှာ တခေါက်သွားဖြစ်မယ်..
    • Aung Htun
      ‎(၂ ) ၁၉၉၁ ခုနှစ် အာက်တိုဘာလ (၁၁) ရက်နေ့တွင်မြောက်ပိုင်းမှ စပိုင်ဟုစွပ်စွဲဖမ်းဆီးခံရပြီး ထွက်ပြေး လွတ် မြောက်လာသူ ၃ ဦးနှင့် ပြုလုပ်သော နဝတ၏သတင်းစာရှင်းလင်းပွဲကိုကြားသိရပါ သည်။ မကဒတ(မြောက်ပိုင်း)တွင် စပိုင်ဟု စွပ်စွဲပြီး ဖမ်းဆီးထားသူ(၄၀)ကျော
်ရှိကြောင်း၊ ဥက္ကဌ ထွန်းအောင်ကျော်အပါအ၀င် ဗဟိုကော်မတီဝင်(၅)ဦး ပါဝင်ကြောင်း၊ ရက်ရက်စက်စက် နှိပ်စက်စစ်ဆေးခံရတဲ့အတွက် ယခုအခါ (၅)ဦး ခန်.သေဆုံးသွားပြီဖြစ်ကြောင်း၊ အဆိုပါထွက် ပြေးလာသူ(၃)ဦးက ပြောဆိုခဲ့သည်ကို စစ်အစိုးရေဒီယိုမှတဆင့်ညီလာခံကိုယ်စားလှယ်တချို. ကြားသိခဲ့ရပါသည်။ (၃) ၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ထုတ် The Nation သတင်းစာတွင် မကဒတ မြောက်ပိုင်း၌စပိုင်များကို သတ်ဖြတ်အရေးယူလိုက်သည်ဆိုသောကိစ္စပါလာကြောင်း မိမိ တို့ဘန်ကောက်ရုံးမှ ပေးပို့သည့်ကြေးနန်း မိမိတို့တောတွင်းဌာနချုပ်သို့ ရောက်ရှိလာချိန်မှ ဤကိစ္စကို မိမိတို့သိရှိရခြင်းဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ၁၉၉၂ခုနှစ် မတ်လ(၁)ရက်နေ့ ရက်စွဲဖြင့် ဘန်ကောက်နိုင်ငံခြားရေးရုံးမှ ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါသည်။




      မီဒီယာ (Media) မှာ သတင်းပေါက်သွားတာကို ထပ်ဆိုလိုချင်တဲ့ သဘောဖြစ်မယ်ထင်တယ်:P ပုဂ္ဂိုလ်ရေးဆိုင်ရာ ရေးသားချက်တွေနဲ့ ပါတ်သက်လို့  သက်ဆိုင်တဲ့ လူတွေရဲ့  တိုက်ရိုက်ဖြေရှင်းချက်တွေ လိုအပ်နေတာတော့  အမှန်ပဲ။
    • Ye Myint Next time, please take time before publishing comments of this importance, Ko Oway Aung. I belive KKO is quite honest. His memory is not too good now.
    • Ko Oo
      ကိုနိုင်ရေးမူရင်းစာသားကိုပြန်ကြည့်ပါNge Naingရေ၊ ကျန်ရှိသေးမေးခွန်းများရဲ့နံပတ်(၂)ထဲကအပိုဒ်ထဲမှာပါ၊ တတိယအကြိမ်ညီလာခံအထိ မြောက်ပိုင်းသည် `မကဒတ´
      နာမည်ကို ခံယူထားသော်လည်း သီးခြားဖွဲ့စည်းပုံဥပဒေနှင့်
      လွတ်လပ်သောအုပ်ချုပ်ပုံဖြစ်ပြီး တောင်ပိုင်းဗ
      ဟို၏ အမိန့်
      ပေးမှု၊နှင့် စီမံခန့်ခွဲမှုအောက်တွင် မရှိပါ။ ၎င်းတို့၏ စည်းမျဉ်းဥပဒေနှင့်အုပ်ချုပ်နေခြင်းဖြစ်ပါသည်။ မြောက်ပိုင်း
      ကိုယ်စားလှယ်များ တောင်ပိုင်းဗဟိုသို့ရောက်ရှိလာခြင်းများ
      ရှိသော်လည်းတောင်ပိုင်းဗဟိုကော်မတီဝင်တွင်ပါဝင်ခြင်းမရှိပါ။
    • Phome Maung
      နိုဝင်ဘာမှာလာမလား၊ဒီဇင်ဘာမှာလာမလား၊သီချင်းတဲ့ကလိုဆိုပြလိုက်ချင်တယ်ဗျာ၊" ဖေဖေါ်ဝါရီမှာလာသလား၊ဖေဖေါ်ဝါရီမှာမလာသလား၊ရွှေရင်ပူတာတစ်ယောက်ထဲဖြစ်နေ"လာတာမလာတာထက်ညာတာကပိုဆိုးပါတယ်။DNAကရော်နယ်ကြီးအပေါ်ကိုအားလုံးပုံချပြစ်ပြီး၊ဦးအောင်မင်းခေါ်ရာနောက်ယောင်နေ
ာင်ဆံထုံးပါဖြစ်တော့မယ်၊Ronald ကြီးရေအခုတော့မင်းအလှည့်ဘဲ၊အားလုံးကမင်းကိုပုံချပြီးလွတ်ရာကျွတ်ရာကြံစီနေကြပြီ၊မင်းအမှန်အတိုင်းပြောရင်ဦးသိန်းစိန်ကလွတ်ငြိမ်းချမ်းသာခွင့်မပေးရင်တောင်၊မင်းကိုဒီမိုကရေစီအင်အားစုတွေကလျှော့ရက်တွေပေးလိမ့်မယ်ထင်ပါတယ်၊မင်းတခုခုပြောမှဖြစ်မယ်နော်။ဘာမှမပြောရင်တော့မင်းထိုက်နဲ့မင်းကံဘဲကွ၊ငါတို့အားလုံးအမှန်ကိုသိချင်တယ်
    • Maung Chit Thanks for sharing Ko Oo. I have one question.Between Kachin Kyaw Kyaw and Saye Pyar Sait Kyaw Kyaw, is that a same person ?
    • Ko Ooွှမောင်ချစ်ရေ၊ကချင်ကျော်ကျော်ကနောက်တယောက်ပါ၊ကိုကျော်ကျော်(ကရင်ဒေသ)ကအထွေထွေအတွင်းရေးမှုးဟောင်းပါပဲ၊
    • Maung Chit Thanks for clarification Ko Salai.
    • မိုး စဲ
      ကိုဦး ခင်ဗျားမှားပြန်ပြီ..အေဘီမှာ ကျော်ကျော် နှစ်ယောက်ရှိတာ မြောက်ပိုင်းမှာ အေဘီ(ကချင်)နာမည်နဲ့တုန်းက ဥက္ကဌလုပ်ခဲ့တဲ့ တောင်ပိုင်းကို ကိုယ်စားလှယ်လာခဲ့တဲ့ ကောင်ကို ကချင်ကျော်ကျော်လို့ ခေါ်ပြီး တောင်ပိုင်းက ကျော်ကျော်ကို ဆယ်ပြားစေ့လို့ ခေါ်ပါတယ
် တတိယအကြိမ်ညီလာခံမှာ အေဘီနိုင်အောင် ဘက်ခြမ်းမှာ ဒုဥက္ကဌ လုပ်ခဲ့တယ် အထွေထွေ အတွင်းရေးမှုးတာဝန်ယူဘူးရင် ယူဘူးပေမဲ့ နောက်ဆုံးအမြင့်ဆုံး ဒုဥက္ကဌ တာဝန်ထိယူဘူးသူ ဖြစ်တယ်ဗျာ..နဂိုထဲက အမှားတွေပြောတယ် မမှန်တာတွေပြောတယ်ဆိုပြီး သူခိုးက လူဟစ်နေရတဲ့ကြားထဲ..ခင်ဗျားကလဲ မှားပြန်ပြီ..
    • Maung Chit ‎@ Moe Sal :I only need to know there was two different K.K. I don't mind Salai make mistake or not. You already made a correction on that. We need to understand on each other.
    • Ko Oo မဟုတ်ဘူးမိုးဆဲဆယ်ပြားကျော်ကျော်လို့မခေါ်ချင်လို့ကရင်ေးသကော်မီတီဥက္ကဌလုပ်ခဲ့ဘူးတဲ့သူ့ကိုကျော်ကျော်(ကရင်ဒေသ)လို့ရေးပေးလိုက်တာပါ၊မမှားပါဘူး၊ဆယ်ပြားလို့မသုံးခင်လို့ပါ
    • Smile Pyone why ko oo everybody know kyaw kyaw 10 cent not circle, square
    • Tay Za Thura http://moemaka.com/2012/01/testimonial-of-nay-win-aung-1996-came-out-on-absdf-south-conspiracy/
      moemaka.com
      ‎> အေဘီမြောက်ပိုင်းလုပ်ကြံမှုများရဲ့နောက်ဆက် အေဘီတောငá...
    • Tay Za Thura
                ကိုနိုင်အောင်ရဲ့  သြဂုတ်လ ၁၉၉၁ ခုနှစ်မှ မေလ ၁၉၉၂ ခုနှစ် အထိ ABSDF-NB
      မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု့များ ၊ကျောင်းသားအချင်းချင်း ရက်စက်စွာ ခေါင်းဖြတ် သတ်မှု့များကို ခပ်ပေါ့ပေါ့ ခပ်ပါးပါးလွှာလွှာလေးရှင်းပြသုံးသပ်ပြီး အနူး...
    • Smile Pyone nge naing you are so poor naing aung crazy lover,
    • Phome Maung ကိုမိုးဆဲခင်ဗျားကိုဦးရေးတာသေချာမဖတ်ဘဲပြောနေတာကိုးဗျ။