Showing posts with label ချိုတူးဇော်. Show all posts
Showing posts with label ချိုတူးဇော်. Show all posts

Saturday, September 8, 2012

လှရင် မင်းသား တင်ပါ့မယ်။

ဘယ်သူ မဆို မင်းသားဖြစ်ချင်တယ်. . .

ပြည်တော်ပြန် ABSDF ခေါင်းဆောင်ဟောင်း နှစ်ယောက်နဲ့ ပါတ်သက်ပြီး ရေးသားဖေါ်ထုတ်မှုတွေ ကို လုပ်တာဟာ ခုချိန်မှာ လုပ်သင့်ရဲ့လား၊ သူတို့နဲ့ ညီညွတ်ရေး မလိုဘူးလား လို့ မိတ်ဆွေတယောက်က စာပို့ပါတယ်။
ကျနော်က သူတို့နိုင်ငံရေး ဇာတ်ခုံပေါ်ပြန်တက်လာ၊ အခွင့်ရေး ယူလာမှာစိုးလို့ လို့ ပြန်ဖြေခဲ့တယ်။
တကယ်
တော့ ကျနော် ကိုနိုင်အောင် နဲ့ မဆုံဖူးပါဘူး။ ကိုမိုးသီးနဲ့ကတော့ ၈၈-၈၉ ကာလမှာလည်း အလုပ်လုပ်ခဲ့ဖူးတယ်။ ခုလည်း ပြန်ဆုံတယ်။ ခင်မင်ရင်းစွဲလေးလည်း ရှိပါတယ်။
ဒါပေမယ့် သမိုင်းဆိုတာ ခင်မင်ရင်းစွဲနဲ့ သာစေ၊ နာစေ ရေး ရတာ မဟုတ်ဘူး လို့ ကျနော် ခံယူထားပါတယ်။

သူတို့ဟာ ဒီမိုကရေစီ သမားတွေ မဟုတ်ဘူးလား၊ သူတို့ကို တိုက်ရင် ကြံ့ဖွံ့က အမြတ်ထုတ်သွားမှာပေါ့ လို့ တယောက်က ထောက်ပါတယ်။
ကျနော့်အမြင်မှာ ကြံ့ဖွံ့ပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီသမားပဲ ဖြစ်ဖြစ် တိုင်းပြည်
ကို အန္တရာယ်ပေးနိုင်တာ လူတဦးချင်းတယောက်ချင်းရဲ့ စိတ်ဓါတ်၊ အကျင့်
စာရိတ္တ၊ ခံယူချက်၊ လုပ်ဆောင်ချက်တွေနဲ့ပဲ ဆိုင်ပါတယ်။
ကျနော်အကြောက်ဆုံးကလည်း မြန်မာ့သမိုင်းစာမျက်နှာမှာ တိုင်းပြည်လွတ်
လပ်ရေးအတွက် ရွေးချယ်ခဲ့တဲ့ လူငယ် ၃၀ ထဲ ဗိုလ်နေ၀င်းလို့ အခွင့်အရေး
သမား တယောက်ပါသွားတဲ့အတွက် ခုချိန်ထိ မဆုံးနိုင်တဲ့ ဆိုးသံသရာမျိုး
ထပ်ဖြစ်မှာကိုပါပဲ။

တကယ်တော့ ကျနော်က သမိုင်းကို စိတ်ဝင်စားလေ့လာသူသာဖြစ်ပြီး၊
သမိုင်းပညာရှင်လည်း မဟုတ်၊ သုတေသီလည်း မဟုတ်ပါဘူး။ ဒီကိစ္စတွေ
မှာ ဘာကြောင့် ၀င်ပါဖြစ်သလဲ ဆိုရင် အနုပညာသမားတယောက်အနေနဲ့
ကိုယ့်အလုပ်ကိုယ်လုပ်ရင်း ဆွမ်းခံရင်း ငှက်သင့်တယ် ပဲ ထင်ပါတယ်။

ကျနော် ဒီရောက်ပြီး တနိုင်ငံလုံး အနှံ့လျှောက်သွား၊ တောထဲက ဖြတ်သန်း
လာခဲ့တဲ့ သူငယ်ချင်းတွေ၊ လုပ်ဖေါ်ကိုင်ဘက်ဟောင်းတွေ၊ ရဲဘော်ရဲဘက်တွေ နဲ့ ဆုံဆည်း စကားပြောရင်း သူတို့ဖြတ်သန်းလာခဲ့တာ
တွေကို အခြေခံပြီး နောက်တချိန် ကားရိုက်နိုင်ဖို့ပဲ ရည်ရွယ် အချက်အလက်
တွေ စုစောင်းခဲ့တယ်။
ဒါပေမယ့် တကယ်တမ်းကျတော့ နားထောင်ရင်း ရွှေလိုတောက်ပနေတဲ့
အေဘီအက်စ်ဒီအက်ဖ် သမိုင်း ရဲ့ နောက်ကွယ်က အကျည်းတန်ဖြစ်ရပ်
တွေကို ကျနော်သိလာ၊ မြင်လာရတယ်။

မတရားမှုတွေဗျာ
အဓမ္မတွေဗျာ...
ရက်စက်လိုက်ကြတာဗျာ။

နောက် ဒီဖြစ်ရပ်တွေ သာ မက၊ ဘာကြောင့် အေဘီအက်စ်ဒီအက်ဖ် နှစ်ခြမ်းကွဲ ခဲ့ရတယ်၊ နိုင်ငံရေး ကို ဖြောင့်မတ်သန့်ရှင်းစွာ လုပ်ကိုင်ခြင်းမရှိဘဲ နည်းမျိုးစုံနဲ့ကလိမ်ကကျစ် လုပ်တတ်တာ ဒါတွေဟာ မြန်မာ့သမိုင်းမှာ ဖြစ်ခဲ့ပြီး၊ ဒါတွေကြောင့် ခုချိန်ထိ
သမိုင်းရဲ့ အမွေဆိုးကို ရင်ဆိုင်နေရတာ။ ဒါကြောင့် ဒီလိုလူတွေရဲ့ လုပ်ရပ်
တွေကို ကျနော် ဖေါ်ထုတ်ဖို့ကို လိုပါတယ်။

ကျနော်လေ့လာထားသမျှကို ပြတ်ပြတ်သားသားပြောရမယ် ဆိုရင်
မြောက်ပိုင်း၊ တောင်ပိုင်း လူသတ်မှုတွေ မတရားဖမ်းဆီးနှိပ်စက်မှုတွေ နဲ့ ပါတ်သက်ပြီး ဒေါက်တာနိုင်အောင် တို့ ဘက်က အဲဒီကာလဗဟိုကော်မီတီတွေ တာဝန်ယူဖြေရှင်းရမှာ ဖြစ်ပါတယ်။
တောင်ပိုင်း ဖမ်းဆီးမှုတွေဟာ တကယ့်ကို အာဏာလုပွဲတွေလို့ပဲ ကျနော်သုံးသပ်မိသလောက် ပြတ်ပြတ်သားသား ရေးပါတယ်။
မကြာခင် ဆရာကိုနေ၀င်းအောင် နဲ့ ကိုထင်ကျော်တို့ရဲ့ အင်တာဗျူးမှတ်တမ်းတွေကို ဆက်တင်ပါ့မယ်။
အဲဒီထဲမှာ လူမဆန်ဆုံးက တဦးတည်းသော အကျဉ်းသူ မမီမီခိုင်ကို အကြိမ်ပေါင်းများစွာ အဓမ္မကျင့် စော်ကားခဲ့တာ။ နှိပ်စက်ခဲ့တာ။ နောက်တော့ မှားလို့ဆိုပြီး အန်န်အယ်လ်ဒီက ပြန်ခေါ်ထုတ်သွားခဲ့တာ။. .
မမီမီခိုင်ကို ခုချိန်ထိ ကျနော် မမြင်ဖူးသေးဘူး။ ဒါပေမယ့် သူနေခဲ့၊ သွားခဲ့ တဲ့
နေရာတွေက ကြားရသလောက် လပြည့်လကွယ်တွေမှာ စိတ်တွေ ဂယောင်ချောက်ခြား ဖြစ်ရတာ၊ တွေ့ရာယောက်ျားတွေ ခြေတော်တင်ခံရတာ
ဟာ စိတ်နာစရာကြီးဗျာ။ ပညာတတ်အမျိုးကောင်းသမီးလေး တဦး ဒီမိုကရေစီ တော်လှန်ရေးသမားတွေ လို့ နာမည်ခံထားတဲ့ သူတွေ ဖျက်ဆီးတာကြောင့် ဘ၀ ပျက်သွားရတာ။
ဒီလိုပဲ ကိုမြင့်ဦးဆိုတဲ့ လူငယ်လေးဟာ ထိုင်းကို နွားတွေ ကျောင်းပို့ရင်း ကျောင်းသားတပ်မတော် ဆိုတဲ့ နာမည်ကြီး နဲ့ ၀င်လာခဲ့တာပါ။ သူဟာ မြန်မာစာတောင် ရေးတတ်၊ ဖတ်တတ်တဲ့ သူမဟုတ်ပဘူး။ ဒါပေမယ့် သူ့ကိုလည်း ထောက်လှန်းရေး လို့ စွပ်စွဲ ဖမ်းဆီး နှိပ်စက်ခဲ့တယ်။ ဒါတွေကို ဒေါက်တာနိုင်အောင်တို့ အနေနဲ့ မသိဘူး၊ ငြင်းလို့မရဘူး။ ရှင်းကို ရှင်းဖို့လိုပါတယ်။

အဲဒီလိုပဲ အေဘီအက်စ်ဒီအက်ဖ် နှစ်ခြမ်းကွဲ ရတဲ့ ဖြစ်ရပ်တွေနဲ့
ကိုဌေးနိုင်သေဆုံးမှုကိုပါ တာဝန်ယူဖြေရှင်းရမှာ ကိုမိုးသီးဇွန် ရဲ့ တာဝန်တွေပါ။
ကိုမိုးသီးဇွန်ဟာ နိုင်ငံရေး လုပ်တဲ့အခါမှာ အင်မတန်မှာ မဖြောင့်မတ်တဲ့
သူတယောက်ပါ။ အစည်းအဝေးတွေမှာ စည်းမျည်းစည်းကမ်း ကို လိုက်နာ
တာ၊ အများသဘောရဲ့ ဆန္ဒကို လေးစားတာ လည်း နည်းပါးသလို၊ သူ့ ကို ဆန့်ကျင်ပြီ ဆိုတာနဲ့၊ သူမနိုင်လောက်ဘူး ဆိုတာနဲ့ အဲဒီပွဲ ကို ဖျက်တတ်
တဲ့ အကျင့် ရှိတယ်။
ပြောရရင် ညစ်တတ်တဲ့နိုင်ငံရေး သမား စစ်စစ် ပါ။ အစည်းအဝေး တခုမှာ
သူမနိုင်လောက်တော့ဘူး ဆိုရင် ဒီအစည်းအဝေးက ဘယ်လောက် လုံခြုံရေး
ရှိသလဲ၊ ထောက်လှန်းရေး မပါဘူး ပြောနိုင်လား ဆိုပြီး ပွဲ ဖျက်တတ်တာ၊
၈၈-၈၉ နိုင်ငံရေးပါတီအနေနဲ့ ကျောင်းသားပါတီတွေ ထောင် လုပ်ခဲ့ဖူးတဲ့
သူတွေ အားလုံး တွေ့ကြုံခဲ့ရတဲ့ ပြဿနာတွေပါ။
အဲဒီ ပြဿနာမျိုးတွေဟာ လက်နက်ကိုင်တဲ့ တောထဲကိုရောက်သွားတာပါပဲ။
ညီလာခံကွဲ ရ တာ ဘာကြောင့်လဲ ဆိုတာ အသေးစိတ် ဆရာကိုနေ၀င်းအောင် က ဆွေးနွေးတင်ပြထားပါတယ်။
ဆရာကိုနေ၀င်းအောင် ဟာ ပြောရရင် မိုးသီးဇွန်ရဲ့ လူရင်းပါ။ မိုးသီး တာဝန်ပေးမှုအရ မြေပေါ်တာဝန်ခံအနေနဲ့လုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် ညီလာခံမှာ မိုးသီးရဲ့ စည်းမျည်းစည်းကမ်း ကို မထေမဲ့မြင်လုပ်မှုတွေကို စိတ်ပျက်လွန်းလို့ အေဘီ အကွဲမှာ နိုင်အောင် ဘက် အခြမ်းကို ရပ်ခဲ့တယ် တဲ့။
မိုးသီးဇွန်ဟာ လူတဘက်သားကို မဟုတ်က ဟုတ်ကလုပ်ကြံတိုက်ခိုက်တတ်တယ်။ နောက် သူနိုင်ဖို့ ရိုးရိုးသားသား မကြိုးစားဘဲ အောက်လမ်း၊ အထက်လမ်း လမ်းပေါင်းစုံနဲ့ လုပ်တတ်တယ်။
ညီလာခံမှာ ဗိုလ်ချုပ်မြ ကိုပါ ခေါ်ပြီး သူ ဥက္ကဌ ဖြစ်ရေး ကြိုးပမ်းခဲ့တယ်။

ညီလာခံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စ အောင်မြင်ခဲ့တယ်။
နိုင်ငံရေးလမ်းစဉ် ဆွေးနွေးမှုအောင်မြင်ခဲ့တယ်။
စစ်ရေးလမ်းစဉ်ဆွေးနွေးမှု အောင်မြင်ခဲ့တယ်။
နောက်ဆုံး အဆင့် ရွေးချယ်နေရာချထားရေးအခန်းကဏ္ဍမှာ ကွဲကြတာပါ။
နေရာ.. အတွက် ကွဲကြတာပါ။

ကွဲပြီး ပြန်ညှိတော့လည်း ဘယ်လိုမှ ကို စည်းမျည်းစည်းကမ်းနဲ့မညီတာတွေ
ပြောပြီး ကို ညှိတဲ့အတွက် ပေါင်းစည်းလို့ကို မရခဲ့တာပါ။

ကဲ. . .ဒါတွေဘယ်လို ဖြစ်ရတယ် ဆိုတာ အသေးစိတ်ကို တင်ပါ့မယ်။

အဓိကပြောချင်တာက ကျနော် က အနုပညာသမားတယောက်အနေနဲ့ သစ္စာ ကိုသာ ကိုးကွယ်ပါတယ်။ အလှ ဟာ သစ္စာမှာပဲ ရှိတယ် လို့ ထင်ပါတယ်။
ကျနော်ကိုယ်တိုင် နိုင်ငံရေးသမား မဟုတ်တဲ့အတွက် ကိုမိုးသီး ကော၊ ကိုနိုင်အောင် ကော ကျနော့် ပြိုင်ဘက်တွေလည်း မဟုတ်၊ ကျနော်ရန်သူလည်း မဟုတ်၊ မိတ်ဆွေ တွေဘဲ ဖြစ်ချင်တာပါ။
ကျနော်အတွက်တော့ ၈၈ ဇာတ်လမ်းထဲ ကိုမိုးသီးဇွန်ဟာ ရယ်စရာကောင်းတဲ့
ဇာတ်ကောင် တကောင်သာ ဖြစ်ခဲ့တယ်။ တခါတလေ သူ့ရဲ့ လုပ်ကွက်တွေ
က တခိခိ သဘောကျစရာရယ်ရပါတယ်။
ဒါ သူ့ကို စော်ကားတာမဟုတ်ပါဘူး။ သူဟာ ခင်စရာကောင်းတဲ့လူတယောက်ပါ။ အနီးကပ်ပေါင်းတဲ့သူတိုင်း သူ့ကိုခင်ကြပါတယ်။

ရုပ်ရှင်အနေနဲ့ ဖန်တီးရင် သူ ထွက်လာတိုင်း ပရိတ်သတ် ပွဲကျမယ် ထင်တယ်။

ကျနော် သူတို့ကို ခေါင်းဆောင်တွေပီပီ၊ မှားခဲ့တာတွေ ကို သူရဲကောင်းစိတ်နဲ့ ၀န်ခံ၊ ၀န်ချ၊ ရင်ဆိုင်ဖြေရှင်းစေချင်တယ်။
ပြီးမှ တိုင်းပြည်အတွက်ပြန်ပြီး အလုပ်လုပ်စေချင်တယ်။
ဒါမျိုး လုပ်ပြီး မှားခဲ့တဲ့အမှားတွေ အတွက် ပေးဆပ်ပြီး၊
တိုင်းပြည်အတွက် တကယ်ကောင်းအောင် လုပ်ရင် ကျနော် ထောက်ခံရေးသားဖို့လည်း ၀န်မလေးပါဘူး။
သူတို့ကို မုန်းတီးစိတ်လည်း မရှိသလို၊ တိုက်ခိုက်လိုလို့ရေးနေတာမဟုတ်ဘူး။
ဒါပေမယ့် ရေးတော့ ရေးရလိမ့်မယ်။ ဒါ သမိုင်းပါ။ ပြည်သူ သိသင့်သိအပ်တဲ့
သမိုင်းပါ။ ကျနော့်အနေနဲ့တော့ ရေးရမယ်။ ဆုံးဖြတ်တာ ပြည်သူ့အလုပ်ပါ။

နယူးယောက်ခ် ပွဲမှာ လွမ်းစိမ့် လာကြည့်တော့ လွတ်လပ်တဲ့နယ်မြေမှာ လွတ်လပ်စွာ ကားရိုက်ပါဦး လို့ ကိုမိုးသီး က ပြောရင်း၊ မင်းသားလိုရင်ပြော လို့ အရွှန်းဖေါက်ပါတယ်။
အဲဒီတုန်းက ကျနော်ကလည်း ကိုမိုးသီးရေ. . မင်းသား မဖြစ်ဘဲ၊ လူကြမ်းဖြစ်နေမယ် လို့ ပြောခဲ့ပါတယ်။
သူနဲ့ကျနော် ဆုံဖို့လည်း ပြောထားပါသေးတယ်။ မအားတာနဲ့ကို မဆုံဖြစ်ပါဘူး။ ဆုံလည်း ဆုံချင် စကားစမြီလည်းပြောချင်ပါသေးတယ်။

လူတိုင်းကတော့ မင်းသားဖြစ်ချင်တယ်။ အနည်းဆုံး ကိုယ့်ဇာတ်လမ်းမှာ။
ဒါပေမယ့် မင်းသား ဆိုတာ မင်းသားကာရိုက်တာ တော့ ရှိရလိမ့်မယ် ဆိုတာ
မမေ့စေချင်ဘူး။

ကျနော် ခင်ဗျားတို့အတွက် အကောင်းဆုံး ဇာတ်ညွန်းရေးကြည့်တယ်။

သမိုင်း လှ ဖို့ဆို
သတ္တိရှိရှိ သူရဲကောင်းဆန်ဆန် ကိုယ်ကျူးလွန်မိခဲ့တာတွေ ကို ၀န်ချတောင်းပန်၊ ၀န်ခံရင်ဆိုင်၊ ပြီးရင် တိုင်းပြည်အတွက် အလုပ်ပြန်လုပ်ပါ။

ဒါဆိုရင်တော့ လှ တဲ့ မင်းသားတွေ ဖြစ်ကုန်မယ်။
လှရင် မင်းသား တင်ပါ့မယ်။

ချိုတူးဇော်

Sunday, July 29, 2012

ဒီလိုလူတွေကို လက်သပ်မွေးနိုင်တယ်.....

ဒီလိုလူတွေကို လက်သပ်မွေးနိုင်တယ် ပြန်အသုံးချနိုင်တယ်တဲ့

by Kyaw Gyi AB on Wednesday, February 15, 2012 at 6:25am ·
Cho Tu Zal

I DON'T WANNA TALK ABOUT IT . . .
မြောက်ပိုင်းကျောင်းသားကိစ္စ ၀င်မရေးလို့ ဆိုပြီး မိတ်ဆွေတယောက်က လာပြောတယ်... ဘာရေးရမှာလဲ ဗျာ။ ကျနော်ထောင်ထဲရောက်နေတုန်း ရုံးထုတ်တဲ့အချိန် အချုပ်ခန်းဘေးကိုလာ နှုတ်ဆက်သွားတဲ့ကိုရဲလင်း၊ ကျနော်တို့မရှိတုန်း ရုံးခန်းကို အပိုင်စီးတာကွ ဆိုပြီးတက်နေခဲ့တဲ့ စမ်းချောင်းအခသက ဘိုဘိုလေး၊ နောက် ညီနောင...်ပါတီဖြစ်တဲ့ မန္တလေးအနကလ က ကိုစိုးလင်း၊ နောက် အောင်နိုင်...။ ဒီလူတွေအတူထွက်သွားကြတယ်။ တယောက်က ဥက္ကဋ္ဌ လုပ်တဲ့အချိန်မှာ ကျန်တဲ့လူတွေကို ထောက်လှန်းရေးလို့စွတ်စွဲပြီး ရက်ရက်စက်စက် မကြားဝံ့မနာသာတွေ ကျူး လွန်ခဲ့တယ်။ ကျနော်က ကျန်ခဲ့ရတဲ့ လူဆိုတော့ဘာမှ မပြောနိုင်ဘူး။ ဒါပေမယ့်ဒီကိစ္စတွေ ကို ဖေါ်ထုတ်ဖို့လို တယ်ဆိုတာ တဖွဖွ ပြောခဲ့တယ်။ ပြည်တွင်းမှာလည်းကိုစိုးလင်းတို့ ဘိုဘိုတို့ဟာ ရင်းရင်းနှီးနှီး ဆိုတော့ အကုန်သိထားတယ်။ နောက်ဆုံး လွမ်းစိမ့် ကိုအတူကြည့်ရင်း ဘိုဘိုလေးက အသစ် တွေအဟောင်းပြန်ဖြစ်ပြီး ကိုထွန်းအောင်ကျော်အသတ်ခံရတဲ့အကြောင်းကို ပြန်ပြောပြီးလဘက် ရည်ဆိုင်မှာ ချုံးပွဲ ချ ငိုခဲ့တယ်။ တောထဲကပြန်ရောက်ကတည်းက ကိုရဲလင်း နဲ့ ကျနော် ၂ ခါ လောက်ပဲဆုံတယ်။ “တွေ့စရာလည်း မရှိတာဗျာ...မတွေ့တာပဲ ကောင်းပါတယ် ” လို့ ကျနော်တို့ အချင်းချင်း မတွေ့ကြဘူး။ ဘာမှ တယောက်ကိုတယောက်နာကြည်းစရာမရှိပဲ မတွေ့ချင်ကြဘူး။ ၀င်မပါချင်လို့မပါတာ လို့ ပြောတာ တကယ်ပြောတာဗျာ။ ကိုအောင်မိုးဝင်းနဲ့တွေ့တဲ့ အချိန်မှာ သူပြင်ဆင်ထားတာတွေ နားထောင်ပြီး ၀မ်းသာအားရ တိုက်တွန်းခဲ့တယ်။ သူက စမတ် ဖြစ်တယ်၊ အချက်ကျကျ လုပ်သွားတာပါပဲ။ တိုက်တွန်းခဲ့တာပါပဲ။ ဒါပေမယ့် ကိုယ်တိုင် တော့ ဘယ်က ဘယ်လိုစရမှန်း မသိအောင် ပဲ။ ကာယကံရှင်လား ဆိုတော့မဟုတ်၊ ကိုယ်တိုင် ဂဃဏန လည်းမသိဘူး။ နောက် ကျနော် နားမထောင်နိုင်၊ မဖတ်နိုင်ဘူး။ ပျော့ညံ့တယ် ပဲ ဆိုဆို စိတ်နှလုံးဆင်းရဲလွန်းလို့ဗျာ။ ရွှေဝါရောင် တော်လှန်ရေးကာလမှာ မနီလာသိန်းက သူ့သမီးလေး အကြောင်းပြောရင်း အင်တာဗျူးမှာငိုတော့ မန်းလေးက ကိုတင်သစ်တို့၊ ခု ကဗျာဆရာဒုဥက္ကဋ္ဌ ကိုစစ်တို့ရှေ့ မျက်ရည်မထိန်းနိုင်ကျခဲ့ရတယ်။ ကျနော့်ကို ညံ့တယ်ပဲဆိုဆို၊ ဒီလိုကိစ္စမျိုးတွေ ၀င် ကိုမပါချင်ဘူး။ နောက် ဒီကိစ္စတွေကြားတိုင်း၊ ဘေးနားက ကျည်တွေတရွှီရွှီအဖြတ်သွား ခံရတာမျိုး အသည်းတယားယား၊ ကျောတအေးအေး ပါ။ တကယ်ဆို အဲဒီတုန်းက ကျနော့်လည်းကံဖယ်လို့။ တကယ်လို့များပါသွားခဲ့ရင် သေရောပေါ့။ ဒီလိုပါးစပ်၊ ဒီလိုပြောတတ်၊ ရေးတတ်ပုံမျိုးနဲ့။ ကိုရဲလင်း က ကံကိုပါတာဗျ။ မြိတ်သပိတ်စခန်းထဲမှာတုန်းကလည်း နှစ်ယောက်ထဲ ရန်ကုန်သား သပိတ်စခန်းထဲ က လူမိုက်ခေါင်းဆောင်တယောက်နဲ့ငြိပြီး အဲဒီ လူမိုက်ခေါင်းဆောင်က အစည်းအဝေးပွဲမှာသူလည်း ရှုံးရော၊ အောက်ဆင်း သူ့တပည့်လုံခြုံရေးတွေကို ခေါ်ပါးရိုက်၊ ပြီးတော့ မင်းတို့အသုံးမကျဘူး ကျောင်းပေါ်မှာ ထောက်လှန်းရေးတွေ ရောက်နေပြီ လို့ ပြောခဲ့တယ်။ သပိတ်စခန်းတခုလုံးဗျာ..ခေါင်းစည်းအနီတွေနဲ့၊ လှံတွေ၊ မှိန်းတွေနဲ့၊ မြိတ်မှာဆိုတော့ သေနတ် တွေ လက်ပစ်ဗုံးတွေ တောင်ရှိတယ် ဆိုပဲ။ အဲဒီတုန်းကလည်း မနည်းရှင်းခဲ့ရတယ်။ ကံကောင်း လို့ ခေါင်းဖြတ်မခံရတယ်။ ကျနော်တို့ ၈၈၈၈ မတိုင်မီ ပင်လယ်ထဲက ရွာတွေလျှောက်သွားခဲ့ စည်းရုံးရေးဆင်းခဲ့တုန်းက ရွာကလူတွေ သပိတ်စခန်းထဲရှိနေ၊ ၀ိုင်းအာမခံပေးပေလို့သာပေါ့။ အဲဒီလူမိုက်ခေါင်းဆောင်ဟာ ညစ်ပတ်တဲ့စိတ်နဲ့ အဲဒီလိုလုပ်ခဲ့သလိုပဲ၊ ၈၈ ထဲမှာ ဒီလို၊ အဲဒီလို ညစ်ပတ်တဲ့စိတ်ရှိတဲ့ ကျောင်းသားခေါင်းဆောင်တချို့ပါလာတယ်။ ဒီလိုလူတွေကြောင့် ဒီလို မကြားဝံ့မနာသာ ဖြစ်ရပ်တွေဟာ ဖြစ်ခဲ့ရတယ် လို့ကျနော်တော့ယူဆ ပါတယ်။ အဲဒီကတည်းက ကိုရဲလင်းကို ကျနော် အကြိမ်ကြိမ်သတိတွေ ပေးခဲ့ဖူးတယ်။ ကိုရဲ ကို မေးကြည့်ပါ။ ပါတီနိုင်ငံရေးကာလတလျှောက်မှာလည်း ရွေးကောက်ပွဲလုံးဝမ၀င်ပါဘူး လို့ ကြွေးကြော်လုပ်နေ သည့်တိုင် အမျိုးမျိုးညစ်ညစ်ပတ်ပတ် လုပ်တာကိုင်တာတွေ၊ တိုက်တာတွေရှိခဲ့တယ်။ တိုင်းရင်းသားကျောင်းသားလူငယ်ပါတီတွေနဲ့ ညီညွတ်ရေးတွေပျက်ခဲ့ရဘူးတယ်။ ဘယ်သူဘယ် ၀ါလို့တော့ နာမည်တပ်မပြောချင်တော့ဘူး။ ပြောရရင် ခုချိန်မှာလည်း ဒီလူတွေ ပြည်တွင်းနိုင်ငံရေးလောက ကို ပြန်ဝင်ဖို့ပြင်ဆင်နေတယ်၊ ကြိုးစားနေတယ် လို့ ကျနော်မြင်မိတယ်။ အာဏာရှင်အုပ်စုက သူတို့ကိုပြန်အသုံးချနိုင်တယ်။ လက်ဝါးချင်းရိုက် လက်သပ်မွေးနိုင်တယ်။ ဒီတော့ သတိထားဖို့ပဲ ပြောချင်ပါတယ်။ အာဏာရှင်က ဒါကို ၀င်ပြီး အသုံးချမှာပဲ စိုးရိမ်တယ်။ ကိုယ့်ဘက်ကအမြတ်ထွက်မယ့် နိုင်ငံရေး အတိုး တခုခုယူနိုင်ရင် ကောင်းမလား စဉ်းစားမိတယ်။ အဲဒီ ရဲဘော်တွေဟာ နစ်နာခဲ့သလို၊ နိုင်ငံရေးစင်ပေါ်ကနေ ကန်ထုတ်ခံခဲ့ရသလိုပဲ။ ခုချိန်မှာ သူတို့ဦးဆောင်လှုပ်ရှားနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းတခုခုပေါ်လာနိုင်မလား စဉ်းစား မိပါတယ်။ ငြိမ်းချမ်းရေးအတွက်ပေါ့။ အဲဒီ နစ်နာခဲ့တဲ့ ရဲဘော်တွေ နစ်နာထားတာနဲ့အမျှ တန်တဲ့ သမိုင်းအမြတ်တခု ထွက်စေချင်တယ်။ ကိုရဲလင်းတို့ကိုသူတို့အမေပြန်သွားခေါ်တော့ အောင်နိုင်က မထိတထိနဲ့ “အောင်ဇော်မင်း ကိုလည်းပြောလိုက်စမ်းပါ၊ သိပ်သတိရတယ် လို့” လို့ပြောလိုက်သတဲ့။ သဘောကတော့ ကျနော့်ပါ စွပ်စွဲချင်တာပေါ့လေ။ ကျနော် သူ မိတ်ဆွေဖွဲ့တာ လက်မခံခဲ့ဘူး။ သူ ဒီစာဖတ်ဖြစ်ရင်သိဖို့ပြောမယ်။ ဇော်ရဲဝင်း ထောင်ထဲက သယ်လာလို့ ၀ဲတွေကူးကြတဲ့ကြားက ဆောင်းတွင်း ကြမ်းပြင်မှာ စောင်လုခြုံပြီးအတူအိပ်ခဲ့ကြ၊ စားစရာမရှိလို့ ဆန်ပြုတ်သောက်ကြ၊ ဆေးပေါ့လိပ်တိုဖင်စီခံကိုလုသောက်ကြကတည်းက သူငယ်ချင်း ရဲဘော် ဆိုတာ ဖွဲ့ခဲ့ကြပြီးပြီ။ “တယောက်ကိုတယောက် အသက်ပေးပေါင်းတယ် ဆိုတာ တယောက်အသက်ကို တယောက် ကာကွယ်ဖို့ တယောက်ကို တယောက် သတ်ပစ်ဖို့မဟုတ်ဘူး။ ” ခင်ဗျားနဲ့ကျနော် ဒီတသက် ဘယ်တော့မှ မိတ်ဆွေ ပြန်ဖြစ်နိုင်စရာအကြောင်းမရှိတော့ဘူး ဆိုတာပါဘဲ။ နာတယ်ဗျာ၊
ဒီအကြောင်းတွေ သိပ်မရေးချင်ဘူး                                                                       ချိုတူးဇော်
· · · Share

  • You, Aye Aye Soe Win, Thar Swe, Nay Zaw and 20 others like this.
  • 12 shares
    • Kyaw Gyi AB ဟုတ်ပါတယ် ကျွန်တော်တို့ လက်တွေ့ ကြုံခဲ့ရတာကတော့ ဇော်ဇော်မင်း၊ကျော်ထင်ဦးတို့ ဟာပြန်ရောက်တော့လဲ ထောက်နဲ့ ပေါင်းပြီး ကျွန်တော်တို့ ကိုပဲ ထပ်ဒုက္ခ ပေးခဲ့တာပါပဲ၊ အခုထိလဲ အောင်စိုးမြင့် ဟာ သူတို့ နဲ့ ပူးပေါင်းခိုလှုံနေတာပါပဲ၊ နိုင်ငံရေးအကျဉ်းသားဟောင်း သန်းဇော်ကတော့ အခြေအနေမသိရသေးပါဘူး
      February 15 at 6:33am · · 8
    • အိုးဝေအောင် အိုးဘားမား “တယောက်ကိုတယောက် အသက်ပေးပေါင်းတယ် ဆိုတာ တယောက်အသက်ကို တယောက် ကာကွယ်ဖို့ ပါ။ တယောက်ကို တယောက် သတ်ပစ်ဖို့မဟုတ်ဘူး။ ” (ရော်ရယ်အောင်နိုင် သို့ ချိုတူးဇော် ရဲ့ အသိပေးချက်)
      February 15 at 7:10am · · 6
    • Khu Daun ကျွန်တော်ရဲ့ မိတ်ဆွေတယောက်က..ကျွန်တော့်ကို မြောက်ပိုင်းကိစ္စကို ဘာမှမလုပ်နှင့်..ဘာမှမရေးနှင့်လို့ လာပြောရင်... ကျွန်တော် အမျိုးအစား ( ၃ ) မျိုးနှင့် ချက်ခြင်းတုန့်ပြန်မှာဖြစ်တယ်.... အဲဒါက ( ၁ ) ပါးကိုဆွဲရိုက်မယ် ( ၂ ) အိမ်ပေါ်မှ ဆောင့်ကန်ချလိုက်မယ် ( ၃ ) ရာသက်ပန် မိတ်ဆွေအဖြစ်မှ ရပ်စဲမယ်။
    • Than Doke ကို Khu Daun - ခင်ဗျာ့ကွန့်တာလေးကြိုက်လို့ မဲဆောက်ရောက်ရင် ထမင်းဝင်စာဗျာ။
    • Aung Khin Myint အင်း ... ကျနော်ဆိုရင် မြောက်ပိုင်းကိစ္စ ကျနော့်ဘလော့ပေါ်မှာတင်၊ ဖေဘွတ်ပေါ်မှာ တင်၊ အဲလိုတွေ တောက်လျှောက်လုပ်နေလို့ ... ပေါ်ပေါ်ထင်ထင် ဆဲတဲ့သူ၊ တိုးတိုးတိတ်တိတ် ဆဲတဲ့သူ စုံနေရောပဲ ...
    • အိုးဝေအောင် အိုးဘားမား
      ကျောင်းသားအဖွဲ့ထဲမှာ လက်ဦးမှု ရသူတွေက သူတို့ မကျေနပ်သူတွေကို ရန်သူ့လူ=ထောက်လှမ်းရေးလူ လို့ စွပ်စွဲပြီး ပြည်တွင်းထောက်လှမ်းရေးစခန်းက လူတွေထက် ဆိုးတဲ့ နှိပ်စက်ညှဉ်းပမ်း ရက်စက်စွာ သတ်ဖြတ်ခဲ့ကြတယ်။သူတို့သတ်ချင်တဲ့သူတွေ သေသွားပြီးမှ လူသတ်တရားခံတချို့ဟာ ပြည်တွင်းပြန် အလင်းဝင်ခဲ့တယ်။ကျောင်းသားကို ထောက်လှမ်းရေးလို့ စွပ်စွဲသတ်ဖြတ်ခဲ့သူ သန်းဇော်တို့ဟာ အခု မန်းလေး ထောက်လှမ်းရေးနဲ့ ၀င်လုပ်နေတယ်+ပေါင်းနေတယ်လို့ သတင်းတွေအ၇ သိလာရတယ်။(သံဝေဂ ရစရာပဲ။သူများကို ထောက်လှမ်းရေးလို့  သွားစွပ်စွဲပြီး တရားမဲ့ သတ်ဖြတ်ခဲ့။သူတို့က အခု ထောက်လှမ်းရေးတွေ ပြန်ဖြစ်နေကြ။)((သူတို့ကို နအဖက လက်သတ်မွေးတာလား။သူတို့ကိုယ်တိုင် လက်သတ်အမွေးခံချင်လို့ လိုလိုလားလားနဲ့ ပြန် အသုံးချခံနေတာလား။)) ဆိုလိုတာက ရာဇ၀တ်ဘေးက လွတ်လိုလွတ်ငြား နအဖနဲ့ ပြန်ပေါင်းနေတာ လား။ဒါဆို ထပ်ဆင့်အကယ်ဒမီ သစ္စာဖောက်တွေပေါ့။း(
    • Paing Zawzaw သောက်ရမ်းမိုက်ရိုင်းယုတ်မာခဲ့ကြတယ်-----။ မြန်မာပြည်ရဲ့ ကျောင်းသား တော်လှန်ရေးသမိုင်းက ရင်နာစရာကောင်းလိုက်တာ----။
    • Aye Aye Soe Win <<ရိုင်းစိုင်းယုတ်မာသူများအား တရားဥပဒေရှေ့မှောက် အရောက်ပို့ရေးသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းဝင် အားလုံး၏ တာဝန်ဖြစ်သည်။ စိတ်ရော၊ကိုယ်ပါ ပူးပေါင်းသွားမည်ဖြစ်ကြောင်း---->> Every means....