ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနှင့်မြောက်ပိုင်းခရီး(၈)
by May Thingyan Hein on Wednesday, February 27, 2013 at 1:49am ·
(
ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းခရီးကို ကျမရဲ့ အမြင်နဲ့
ယူဆချက် ၊ သုံးသပ်ချက်၊ သဘောထား လုံးဝ မပါဝင်ဘဲ ဒေါက်တာနိုင်အောင်
ပြောသမျှကိုသာ ပြန်လည် ဖော်ပြခြင်းဖြစ်ကြောင်း အသိပေးအပ်ပါတယ်)
အပိုင်း(၈)
အဲလို ဗဟိုမှာနေရင်းနဲ့ မြောက်ပိုင်းကိစ္စကို နေရှင်းသတင်းစာမှာပါလာပြီး သိရတော့ကျနော်တို့လည်း မြောက်ပိုင်းက အစီရင်ခံစာကို စောင့်တာပေါ့နော်။ ကျနော်တို့ မြောက်ပိုင်းကို ပြောလိုက်တာကတော့ အေ၇းယူတဲ့ ကိစ္စတွေကို ကျနော်တို့ မသိဘဲနဲ့ မလုပ်ဖို့ ပြီးတော့ ဖြစ်ပျက်နေတာတွေကို ကျနော်တို့ကို အစီရင်ခံဖို့ဆိုပြီး မှာလိုက်တာပဲ။ ဒါပေမဲ့လည်း ကျနော်တို့ ဘာမှ မသိရဘူး။
အဲဒီအချိန်တုန်းက ကျနော်တို့က မြောက်ပိုင်းကို KIO ကနေ တဆင့်ပဲ ဆက်သွယ်ရတာကို၊ အဲဒီအချိန်မှာ ဘာဖြစ်နေလဲဆိုတော့ KIO ကလည်း အပစ်အခတ်ရပ်စဲရေးကို လုပ်ခါနီးဖြစ်နေတော့ မဟာမိတ်နဲ့လည်း တော်တော်အဆင်မပြေဖြစ်နေတော့ ကြားခံ ဆက်သွယ်ရေးကလည်း မရှိသလို ဖြစ်လာတယ်။ ကျနော်တို့မှာ ကြေးနန်းဆက်သွယ်ရေးကလည်း ကောင်းကောင်းမရှိသေးဘူး။
အဲလို သတင်းစာထဲပါလာတဲ့ အခါကျတော့ အမှန်အတိုင်းပြောရရင်တော့ မြောက်ပိုင်းကိစ္စက ကျနော်တို့ တောင်ပိုင်းပေါ်မှာ နိုင်ငံတကာက ဖိအားပေးတာတွေ များလာတယ်။ အထူးသဖြင့် လူ့အခွင့်ရေး အဖွဲ့တွေပေါ့။ နောက် ကျနော်တို့ကို ဆန်ထောက်ပံ့ပေးနေတဲ့ အဖွဲ့တွေကလည်း ရိက္ခာဖြတ်တော့မယ်ဆိုတာမျိုးတွေ ဖြစ်လာတယ်။
ကျနော် ပြောခဲ့သလိုပဲ ဒီမြောက်ပိုင်းမှာ ကျောင်းသားတွေကို သတ်ခဲ့တာက ကျနော်တို့လည်း သတ်ခဲ့တာ မဟုတ်ဘူး၊ ကျနော်တို့ ကိုယ်တိုင်လည်း ဆုံးဖြတ်တာမဟုတ်ဘူး သို့သော် ဒီကိစ္စတွေကို စပြီး ကျနော်တို့က စပြီး ခံစားရတာပါ။ အဲဒါနဲ့ ကျနော်ကပဲ ကြေညာချက် ထုတ်ပြီး တာဝန်ရှိပါတယ်၊ တာဝန်ယူပါတယ်၊ ကျနော်တို့ ဖြေရှင်းပါ့မယ် ဆိုပြီး လက်မှတ်ထိုးခဲ့ရတာ။
ပြောချင်တာပေါ့ဗျာ ဟာ မြောက်ပိုင်း ကျောင်းသားတွေသတ်တာ ကျနော်တို့သတ်တာလဲ မဟုတ်ဘူး သိလည်း မသိဘူးလို့ လွယ်လွယ်ကူကူပြောလိုက်ရင်တော့ ရတာပေါ့ဗျာ၊ ဒါပေမဲ့ ၈၈က ထွက်လာတဲ့ ကျောင်းသား ထုကြီး ဆိုတဲ့ စိတ်နဲ့ပဲ ဒါ ငါတို့ ရှင်းရမယ်ဆိုပြီး ခေါင်းဝင်ခံတာပဲ။ မြောက်ပိုင်းနဲ့ပတ်သက်လို့ သိတယ် ဆိုတာကလည်း ကျနော်တို့ ဆီကို ကိုယ်စားလှယ်အနေနဲ့ ရောက်လာတဲ့ လူသုံးယောက်ကိုပဲ သိတယ်။
ကျနော် ရှင်းတယ်ဆိုတာကလည်း နိုင်ငံတကာကို ရှင်းရတာ အဲတော့ ကျနော်က အဲလိုမြောက်ပိုင်းမှာ ဖြစ်သွားတာ ရှိတယ်၊ အဲဒါကို ကျနော်ကိုယ်တိုင်သွားရှင်းပါ့မယ် နောက် ကျန်တဲ့ လူတွေကိုလည်း ဟုတ်သည်ရှိ မဟုတ်သည်ရှိ လွတ်မြောက်အောင် ကျနော်တို့ ကြိုးစားပေးပါ့မယ် လို့ ပြောခဲ့တယ်။
အဲဒီအချိန်တုန်းက သံရုံးအဖွဲ့တွေ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့တွေနဲ့ ကျနော်တွေ့ပါတယ်။ သူတို့ကလည်း သုံပန်းတွေဘာတွေနဲ့ပတ်သက်ပြီးတော့လည်း လုပ်ပေးနိုင်မလားပေါ့ သူတို့ကလည်း သူလျှိုဖြစ်တယ်ဆိုရင် သူတို့ရဲ့ သုံပန်း ပေါ်လစီထဲမှာမပါဘူး တိုက်ပွဲမှာ ဖမ်းမိတာဆိုရင်တော့ သူတို့ ကကူညီလို့ရတယ်။နောက်တချက်က တရုတ်နိုင်ငံက သဘောတူညီမှ ရမယ်ပေါ့ဆိုတော့ အဆင်မပြေပြန်ဘူး။
အဲလို အဆင်မပြေဘူး ဒါပေမဲ့ မြောက်ပိုင်းနဲ့ သွားညှိုမယ်ဆိုတဲ့ အချိန်မှာ ဦးစိုင်းထွန်းက ဆက်သွယ်လာတယ်။ သူ့တူမ နန်းအောင်ထွေးကြည်က အဖမ်းခံနေရတဲ့ ထဲမှာ ပါတယ် အဲဒါကြောင့် ကူညီပါဦး ကျနော် သွားခေါ်ချင်တယ် ဆိုပြီး ဆက်သွယ်လာတော့ အေး ကျနော်တို့လည်း သွားချင်တယ်ပေါ့။ဒါပေမဲ့ ကျနော်တို့မှာလဲ ပိုက်ဆံ မရှိဘူးဆိုတော့ သူက သူစီစဉ်ပေးမယ်ဆိုပြီးတော့ သူပဲ ကျနော့်ကို ပတ်စပို့လုပ်ပေးတယ်။
အဲဒါနဲ့ သူရယ် ကျနော်ရယ် SSPPက ဆုံးသွားတဲ့ဗိုလ်မှူးကြီး စိုင်းလိတ်ရယ်အတူတူ သွားကြတယ်။ ဦးစိုင်းလိတ်ကတော့ ထိုင်းကနေ အတူတူသွားပေမဲ့ ဟိုမြောက်ပိုင်း ပါဂျောင်ထိတော့ မပါခဲ့ဘူး။ နောက် မသွားခင်မှာ KIO ကနေ တဆင့် ကျနော် ကြေးနန်းပို့လိုက်သေးတယ်၊ ဒါပေမဲ့ ပြန်စာမရဘူး။
ဟိုကိုရောက်တော့ ရော်နယ်အောင်နိုင်ကိုပဲ အားပြုပြီး သွားရတာကိုး ကျန်တဲ့ သူတွေနဲ့ကျတော့ မသိဘူး။ ရော်နယ်အောင်နိုင်နဲ့ကတော့ မန္တလေးဆေးကျောင်းမှာကတည်းက သူ့နာမည်ကို သိတာကိုး မိဘတွေကလည်း သိတယ်ဆိုတော့ အနည်းဆုံးတော့ ကျနော့်ကို ရန်သူ့လူလို့ မဟုတ်မှန်း သူသိသလို၊ ယုံမယ်ဆိုရင်လည်း ပုဂ္ဂိုလ်ရေး အာမခံချက်ရှိမယ်လို့ စဉ်းစားတာပေါ့။ ဒါပေမဲ့ တခါမှလည်း မတွေ့ဖူးဘူး စကားလည်း မပြောဖူးပါဘူး ဒါပေမဲ့ သူ ဆိုတာကျနော် သိတယ်၊ ကျနော်ဆိုတာလည်း သူသိတယ်ပေါ့ဗျာ။ အဲဒါလေးကိုပဲ အားပြုပြီးတော့ ညှိဖို့ ကြိုးစားမယ်ပေါ့လေ၊ နောက်မဟာမိတ်တွေရဲ့ အကူအညီကိုလည်း တောင်းရတာပေါ့ဗျာ။
အဲလို သွားတော့ သင်္ကြန်ပြီးမှ ထင်တယ် ကျနော် အမှတ်မမှားဘူးဆိုရင်တော့ ဧပြီ ၁၆လား ၁၇လား သင်္ကြန်းပြီးရက်ပဲ အဲလို ရက်လောက် ရောက်သွားတယ် ထင်တယ်။ အဲဒါနဲ့ မြောက်ပိုင်း ခေါင်းဆောင်တွေနဲ့ တွေ့တယ်၊ တိတိကျကျ ပြောရရင် ကိုရော်နယ်အောင်နိုင်၊ ကိုသံချောင်း ကိုလှဆိုင်း ကိုကျော်ကျော်နောက် ကိုအောင်ဆွေဦး တွေ့ရတယ်။
သူတို့ အားလုံးကတော့ ဒီလူတွေ( ထောက်လှမ်းရေးလို့ သံသယ ရှိပြီး ဖမ်းဆီးထားသူများ စုစုပေါင်း အယောက် ၁၀၀) အပေါ်မှာ ထောက်လှမ်းရေးလို့ ယုံယုံကြည်ကြည်ပြောတာပဲ။ သူတို့ရဲ့ စစ်ချက်အချို့ကို ပြတယ်၊ အယောက်၁၀၀ လုံးရဲ့ စစ်ချက်ကို ပြတာမဟုတ်ဘူး စစ်ချက်အချို့ကိုပဲ ပြတာ။ ဘယ်သူတွေရဲ့ စစ်ချက်လည်း ဆိုတာကိုတော့ ကျနော် မမှတ်မိဘူးဗျ။ ကျနော် ထင်တာကတော့ သူတို့ ကျနော့်ကို အဓိကထားပြီး ပြောတာ ရေလှိုင်းစီမံချက်ပေါ့။ ရေလှိုင်းစီမံချက်မှာ ဘယ်သူကတော့ ဘယ်လို တာဝန်ယူပြီးတော့ ဘယ်သူကတော့ ဘယ်လိုဆိုတာကို ပြောတယ်
နောက်ခြုံငုံပြီးတော့မှ သုံးသပ်ချက်လေ။
နောက် ဖမ်းထားတဲ့ သူတွေရဲ့ အဆိပ်ခတ်သတ်ဖို့ လုပ်တဲ့ အစီစဉ်တွေ ပြီးတော့မှ မိတဲ့ လက်နက်တွေကို ပြတယ်။ ထွက်ချက်တွေကိုလည်း ပြတာ ရှိတယ်။
အဲဒီတော့ ကျနော်ပြောပြတယ် သူတို့ကို။ သူတို့ ဖမ်းထားတဲ့ သူတွေကို သူလျှိုဟုတ်တယ်မဟုတ်ဘူးဆိုတာကို တကယ်တမ်းပြောရင် လက်တွေ့ စုံစမ်းဖို့ ဆိုတာလည်း ခက်တယ်။ ကျနော်တို့ တောင်ပိုင်းမှာလည်း ကျနော်ကိုယ်တိုင်ပင်လျှင် စွတ်စွဲခံရဘူးတာကိုး။ နောက် ကျနော်ဆေးကျောင်းတက်တုန်းကပဲ ဖြစ်ဖြစ် ကျနော်တို့ သူငယ်ချင်းထဲမှာပဲဖြစ်ဖြစ် သတင်းပေးအနေနဲ့ တာဝန်ယူရတာရှိတယ်၊ ပေါ်တင်ကိုပဲ နန်းတွင်းထဲမှာ စစ်သင်တန်းတက် စစ်စတိုင်ပင်နဲ့ ဆေးကျောင်းတက်ဆိုတဲ့ သူတွေလည်း ရှိနေတယ် ဆိုတော့ ကျနော်တို့ ထဲမှာလည်း သတင်းပေးဆိုတာမျိုးက ရှိမှာပဲ။ နောက် မြက်ခင်းသစ်ကြီး တခုလုံး ပလူပျံအောင်ထွက်နေတာ သတင်းပေး မရှိရင် ဘယ်လိုမှ မထွက်နိုင်ဘူးလေ။
ဒါပေမဲ့ ဒီလောက်အများကြီးတော့ မဖြစ်နိုင်ဘူး။ ကိုယ်ရင်တို့ ဖမ်းထားတဲ့ လူတွေအားလုံးကတော့ မဖြစ်နိုင်ဘူး။ ကိုယ်ရင်တို့လည်း သူတို့ကို မယုံတော့ဘူး သူတို့ကလည်း ဒီလိုပုံဆန်မျိုးနဲ့ ဖြတ်သန်ြး့ပီးတော့ကိုရင်တို့နဲ့ နေရဖို့က ခက်သွားပြီ။ အဲတော့ ကောင်းတာကတော့ သူတို့ကို ပြန်ပို့လိုက်တာ ကောင်းတယ် ဆိုပြီး ကျနော် ပြောခဲ့ပါတယ်။
နောက် သူတို့ ထွက်ချက်တွေက မှန်တာလဲ ရှိနိုင်တယ်။ မှားတာလဲ ရှိနိုင်ပါတယ်။ အဲဒီထွက်ဆိုချက်တွေကို တန်ပြန်စီစစ်ဘို့ ဆိုတာက တောတွင်းအခြေအနေနဲ့ မဖြစ်နိုင်ဘူးလေ။ အခြားအပြန်အလှန်ထွက်ချက်တွေ အပေါ်မူတည်ပြီး ဆင်ခြင်တုံတရားနဲ့ သုံးသပ်ရတာဘဲ။ဒါကြောင့် ပြစ်ဒါဏ်ပေးတဲ့နေရာမှာ သေဒါဏ်လိုမဖြစ်စေဘို့၊ မပ ကိစ္စမှာဆိုလဲ ပြန်လွှတ်ပေးဘို့ ပြောခဲ့ရတာပေါ့။
နောက် မဟာမိတ်တွေကိုလည်း နားလည်အောင်ပြောပြမယ်လို့ ပြောတယ်။ နောက် ကျနော်က လူ့အခွင့်ရေး အမြင်နဲ့လည်း ပြောပြတယ်။ လူတယောက်ရဲ့ အသက်ကို အခြားလူတယောက်က ဆုံးဖြတ်တာမျိုး ကို ကျနော်တို့ အနေနဲ့ကတော့ လက်ခံလို့မရဘူး။ နောက် ကျနော်တို့က နိုင်ငံတကာနဲ့ ဆက်ဆံနေရတာဆိုတော့ ဒါမျိုးတွေကလည်း ဖြစ်လို့မရဘူး ဆိုပြီးတော့ သူတို့ကို နားလည်အောင် ကျနော် ရှင်းပြတယ်။ နောက် ပြန်လွှတ်ပေးဖို့ ညှိနှို်းတယ်။ အဲလို ရှင်းပြပြီးတော့မှ သူတို့သူလျှိုဆိုပြီး ဖမ်းထားတဲ့ သူတွေနဲ့ ကျနော် တွေ့ခွင့်တောင်းတယ်။
တွေ့ခွင့်တောင်းဆိုတာက ပလောင်ကို စစ်ကူသွားရင်းနဲ့ ကျနော်တို့ တောင်းပိုင်းကနေ ရောက်သွားတဲ့ ရဲဘော်တွေ ရှိတယ်။
အဲဒီထဲကနေ သူတို့ ဖမ်းထားတဲ့ သူတွေ ရှိတယ်။ တောင်ပိုင်းစခန်းကလည်း သူတို့ရဲ့ ရဲဘော်တွေကို မြောက်ပိုင်းက ဖမ်းထားတဲ့အတွက် မေးခဲ့ပါဦး ကြည့်ခဲ့ပါဦးဆိုလို့ တောင်ပိုင်းက ကိုသိန်းထွန်းကို ကျနော်တွေ့တာ ပါတယ်။
အဲဒီမှာ သူ့ကို ကျနော်က ရိုက်လို့ နားကန်းသွားတယ်လို့ သူပြောတယ်၊ ကျနော်သူ့ကို မရိုက်ခဲ့ဘူး။ ကျနော် သူ့ကို ဘာရိုက်စရာ အကြောင်းရှိမှာလဲ။ ကျနော်က စစ်ဆေးတဲ့ သူလည်း မဟုတ်ဘူးလေ။ တောင်ပိုင်းကနေ လာတဲ့ သူတယောက်အနေနဲ့ သူ့ဘက်က ပြောချင်တာ ရှိရင် ပြောလို့ရအောင် အဲဒီအခွင့်အရေး ပေးတဲ့ သဘောပဲ။
ဒါပေမဲ့ ဘာဖြစ်လို့ သူပြောသလဲဆိုတာလည်း ကျနော်တော့ မသိဘူး။ ကျနော် တသက်နဲ့ တကိုယ်ခုချိန်ထိ လက်သီးထိုးပြီးတော့ကို ဘယ်သူနဲ့မှ ရန်မဖြစ်ဘူးဖူး။ တိုက်ပွဲတွေ ဘာတွေလည်း ကြီးကြီးမားမား မကြုံဘူးဖူး၊ ကျောင်းသားတပ်မတော်ဥက္ကဋ္ဌ လုပ်နေပေမဲ့ ကျနော်က နောက်တန်းမှာပဲ စီမံခန့်ခွဲနေတာဆိုတော့ ကြမ်းကြမ်းတမ်းတမ်းလည်း မရှိပါဘူး။ နောက် သူ့ဘက်ကနေ ဘာကြောင့် အဲလိုပြောသလဲဆိုတာလည်း ကျနော်တကယ်ကို မသိပါဘူး၊ ကျနော့်မှာ နဂိုကတည်းက အဲလို ကြမ်းတမ်းတဲ့ စိတ်ကိုမရှိတာပါ။
နောက် နန်းအောင်ထွေးကြည်။ ကျနော်တွေ့တဲကအချိန်မှာ နန်းအောင်ထွေးကြည်က ခံဝန်ချက်နဲ့ လက်မှတ်ထိုးထားရပြီး ရဲမေအဖြစ်ပြန်နေခွင့်ရတဲ့ အချိန်။ ရဲမေပြန်ဖြစ်နေတဲ့ အချိန်မှာပဲ ကျနော်နဲ့ တွေ့ခွင့်ရတယ် သူ့အကို စိုင်းထွန်းနဲ့အတူတူ။ သူက အဲဒီအချိန်မှာ အချုပ်ထဲမှာ မရှိတော့ဘူးဆိုတော့သိပ်လည်း ကြီးကြီးမားမားတွေပြောစရာ မရှိတော့ဘူးပေါ့။
ကျန်တဲ့ လူတွေနဲ့ကျနော် တယောက်ချင်းတွေ့တာ မရှိဘူး။နောက် ဘားတိုက်ထဲမှာ ဖမ်းထားတယ်ဆိုတာကိုကျနော်သွားကြည့်တယ်။
သွားကြည့်ပြီးတော့ သူတို့ကိုလည်း ကျန်တဲ့ ရဲဘော်တွေနဲ့ တန်းတူ ကျွေးဖို့ နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးဖို့ တွေ ပြောခဲ့တယ်။ နောက် ကျနော် ကိုယ်ချင်းစာစိတ်နဲ့ ပြောခဲ့တာက သံခြေကျဉ်းကြီးတွေနဲ့ ထားထားတာလေ သူတို့ကိုလည်း ပြန်လွှတ်တော့မဲ့ အတူတူ အဲလိုကြီး မထားပါနဲ့ ဆိုပြီးတော့ ဖြုတ်ပေးဖို့ မေတ္တာရပ်ခံတာ ရှိတယ်။
သူတို့ဘက်က ပြောတာကတော့ မိဘတွေက လာတွေ့တဲ့ သူတွေလည်း ရှိတယ်၊ လုံခြုံရေးအရ ဒီလို ထားနေရတာလည်း ရှိတယ်၊ သူုတို့ အာမခံတာကတော့ ၁ နှစ်အတွင်းမှာ ပြန်လွှတ်ပေးမယ်လို့ အာမခံတယ်။
နောက် မေလ ၃၁ ရက်နေ့မှာ ဒီမြောက်ပိုင်းABSDFက ကျောင်းသားတွေကို ထောက်လှမ်းရေးလို့ စွတ်စွဲပြီါ် သတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီးတော့ တာဝန်ယူတယ်ဆိုပြီးတော့ လက်မှတ်ထိုးရတာနဲ့ပတ်သက်ပြီး တာဝန်ယူတယ်ဆိုတာကတော့ ဒီလိုလေ ABSDF အနေနဲ့ ဒီကိစ္စကို မှန်တယ်မှားတယ်ဆိုတာ တနေ့နေ့ တော့ ဖော်ထုတ်ပြီးတော့ ရှင်းရမှာပဲ။ ကျနော်တို့ အဲလို ကာလမျိုးမှာ ကျနော်တို့ ဘယ်လိုမှ မရှင်းနိုင်ဘူး။ မှားတယ် မှန်တယ် ဟုတ်တယ် မဟုတ်ဘူး ဆိုတာကို ကျနော်တို့ ဘယ်လိုမှ မရှင်းနိုင်ဘူး။ တနေ့နေ့တချိန်ချိန်မှာ နစ်နာတဲ့ သူတွေ ကာယကံရှင်တွေက အမှန်အမှား သိချင်မှာပဲ။ ဆုံးဖြတ်တဲ့ သူတွေလည်း အမှန်အမှား သိချင်မှာပဲ၊ ကျနော်တို့လည်း သိချင်တာပဲ။ နောက် ကျနော်တာဝန်ယူတယ်ဆိုတာက ABSDF အနေနဲ့ဖြစ်လာတဲ့အပေါ်မှာ ကျနော်တို့ မသိဘူး ဆိုပြီး လုပ်လိုက်လို့ရတာပဲ ဒါပေမဲ့ ကျနော် တာဝန်ယူလိုက်တယ် အမုန်းလည်း ခံတယ် အစွတ်စွဲတာလည်း ခံတယ်၊ အပြစ်တင်တာလည်း ခံတယ်။ တတ်နိုင်သမျှ ၀န်ညှိတယ်၊ ကျန်တဲ့ အဖမ်းခံနေရတဲ့ သူတွေရဲ့ လွှတ်မြောက်ရေးကို ၀င်ပြီး ကျိုးစားပေးတယ်။ ဒါကလည်း ကျနော် တာဝန်ရှိမှု အပေါ်မှာလုပ်တာပေါ့လေ။ ခုချိန်ထိလည်း ကျနော် ရှင်းပေးနေတာပါပဲ။
ရှေ့ဆက်ဖော်ပြပေးပါမည်။
မေသင်္ကြန်ဟိန်(မြစ်မခ)

- UZa Wana and Nicky Shein like this.
- Ko Lin Wai Aung https://www.facebook.com/notes/nyein-chan-lin/%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%B1%E1%80%90%E1%80%BC-%E1%81%81%E1%81%82%E1%81%82%E1%81%81%E1%81%89%E1%81%89%E1%81%82-%E1%80%99%E1%80%BD%E1%80%AC-%E1%80%92%E1%80%AE%E1%80%9C%E1%80%AD%E1%80%AF%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%86%E1%80%B6%E1%80%AF%E1%80%B8%E1%80%BB%E1%80%96%E1%80%90%E1%80%B9%E1%80%81%E1%80%B6%E1%80%81%E1%80%B2%E1%80%B7%E1%80%9B%E1%80%90%E1%80%9A%E1%80%B9/234912493312930(ဘာသာပြန်) ABSDF (မြောက်ပိုင...By: Nyein Chan Lin
- Ko Lin Wai Aung ...See Moreအခုရက်ပိုင်း ABSDF လက်ရှိဥက္ကဋ္ဌ ကိုသံခဲ၊ ဒုဥက္ကဋ္ဌ ကိုမျိုးဝင်းနဲ့ ကိုယ်စားလှယ်အချို့ တာဝန်ရှိသူ တစ်ချို့နဲ့ဆွေးနွေးဘို့ ပြည်တွင်းကို ရောက်ရှိလာတော့မယ်လို့ သတင်းထွက်ပေါ်လာတာနဲ့ တစ်ချိန်တည်းမှာ ဘဲမြောက်ပိုင်းပြသနာနဲ့ ပတ်သက်ပြီး အမှန်တရားလိုလားသူတွေကြားမှာကော
... By: Min Nyein Thit - Ko Lin Wai Aung https://www.facebook.com/notes/ko-lin-wai-aung/%E1%81%81%E1%81%82%E1%81%82%E1%81%81%E1%81%89%E1%81%89%E1%81%82-%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%9E%E1%80%90%E1%80%B9%E1%80%81%E1%80%B6%E1%80%9B%E1%80%99%E1%80%BD%E1%80%B3%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7%E1%80%B1%E1%80%92%E1%80%AB%E1%80%80%E1%80%B9%E1%80%90%E1%80%AC%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9-%E1%80%B1%E1%81%BE%E1%80%80%E1%80%8A%E1%80%AC%E1%80%81%E1%80%BA%E1%80%80%E1%80%B9/417148585035843
- BarBu Abnb ကိုသိန်းထွန်းကိုရိုက်သွားတာအစစာထုတ်လက်မှတ်ထိုးအဆုံးကိုကြည့်ပြီးပါဝင်ပါတ်သက်တယ်လို့ယုံကြည်ထားကြပါတယ်။
- Ko Lin Wai Aung https://www.facebook.com/notes/%E1%80%98%E1%80%9B%E1%80%AC%E1%80%87%E1%80%AE%E1%80%B8-%E1%80%84%E1%80%BD%E1%80%80%E1%80%B9%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8/%E1%80%B1%E1%80%92%E1%80%AB%E1%80%80%E1%80%B9%E1%80%90%E1%80%AC%E1%81%BE%E1%80%80%E1%80%AE%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%B1%E1%80%95%E1%80%B8%E1%80%95%E1%80%AB/356316421087489ဒေါက်တာနိုင်အောင်ရဲ့ ရှင်းလင်းချက်ပါ ခေါင်းစဉ်က "ABSDF မြောက်ပိုင်း၌ ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်များ၌ ဖြစ်ပွားခဲ့သော ဖမ်းဆီးအရေးယူမှုများနှင့် ပတ်သက်၍ ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်၏ ရှင်းလင်းချက်" ဆိုတာကနေ စနေတော့ ဘယ်ကနေ ဘယ်လို ညှိနှိုင်း ဖြေရှင်းရမလဲ မသိနိုင်အောင်ပါပဲ.....By: ဘရာဇီး ငှက်ရိုး
- Ko Lin Wai Aung https://www.facebook.com/notes/htay-tint/%E1%82%8F%E1%80%AD%E1%80%B0%E1%80%84%E1%80%B9%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9-%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9%E1%80%86%E1%80%9A%E1%80%B9%E1%80%BB%E1%80%95%E1%80%AC%E1%80%B8-%E1%80%9C%E1%80%BD%E1%80%B1%E1%80%8C%E1%80%B8-%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9-%E1%80%80%E1%80%81%E1%80%BA%E1%80%84%E1%80%B9-%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%95%E1%80%B8%E1%80%9B%E1%80%94%E1%80%B9/491557224219341ပူးတွဲပါ စာတွင် ဖော်ပြထားသည့် အေဘီအတွင်းရေးမှူး ကိုမျိုးဝင်းမှာလက်ရှိ အေဘီ ဒုဥက္ကဋ္ဌ၊ အေဘီဥက္ကဋ္ဌကိုနိုင်အောင်မှာ လက်ရှိ FDB အတွင်းရေးမှူး အဖြစ် ထမ်းဆောင်နေကြသည်။ စာအပြည့်အစုံမှာအောက်ပါအတိုင်
းဖြစ်သည်။) စစ်ေ... By: Htay Tint - Aye Thu ×××တကယ်ဆိုရင်အမှန်ပြောဖို့ပဲလိုတယ်××ဘာကြောင့်သတ္တိမရှိလည်းကွယ်×××မတရားစွပ်စွဲခံရသူများအဖို့××ဆင်ခြေတွေမလိုဘူးကွယ်××××အမှန်ပြောဖို့ပဲလိုအပ်တယ်××××××××
- Ko Lin Wai Aung https://www.facebook.com/notes/%E1%80%A1%E1%80%AD%E1%80%AF%E1%80%B8%E1%80%B1%E1%80%9D%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9-%E1%80%A1%E1%80%AD%E1%80%AF%E1%80%B8%E1%80%98%E1%80%AC%E1%80%B8%E1%80%99%E1%80%AC%E1%80%B8/%E1%81%82%E1%81%80%E1%81%81%E1%81%82-%E1%80%99%E1%80%90%E1%80%B9%E1%80%9C-%E1%81%82%E1%81%85%E1%80%9B%E1%80%80%E1%80%B9-%E1%80%B1%E1%80%94%E1%82%95%E1%80%85%E1%80%BC%E1%80%B2%E1%80%BB%E1%80%96%E1%80%84%E1%80%B9%E1%80%B7-absdf-%E1%80%A5%E1%80%80%E1%81%A0%E1%80%8C%E1%80%B1%E1%80%9F%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%80%B1%E1%80%92%E1%80%AB%E1%80%80%E1%80%B9%E1%80%90%E1%80%AC%E1%82%8F%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9-%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%80%B8%E1%80%9C%E1%80%84%E1%80%B9%E1%80%B8%E1%80%81%E1%80%BA%E1%80%80%E1%80%B9%E1%80%A1%E1%80%B1%E1%80%95%E1%81%9A/10150644105890735?comment_id=21960930&offset=0&total_comments=25ABSDF မြောက်ပိုင်း၌ ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်များ၌ ဖြစ်ပွားခဲ့သောဖမ်းဆီးအရေးယူမှုများနှင့် ပတ်သက်၍ ABSDF ဥက္ကဌဟောင်းဒေါက်တာနိုင်အောင်၏ ရှင်းလင်းချက် (ဖတ်ချင်လျှင် အောက်ပါလင့်ခ်သို့ ၀င်ဖတ်ပါ။)http://www.scribd.com/
dna_freeburma/d/ 86622098-DNA-s-Testimony-on-ABS DF-s-Nor... - Kyawnaing Oo ကိုယ်ထုတ်ခဲ့ကိုယ့်ကြေငြာချက်ဘဲသဘောပေါက်အောင်ပြန်ဖတ်စမ်းပါကွာလူတိုင်းလက်ခံတဲ့ကျောင်းသားဆိုတာအဖြူနဲ့အစိမ်းဝတ်ထားလို့မဟုတ်ဘူးလုပ်ရဲတဲ့သတ္တိခံရဲတဲ့သတ္တိမှန်တာပြောရဲတဲ့သတ္တိဝန်ခံရဲတဲ့မဟုတ်ရင်မခံတဲ့စိတ်ရှိမှကျောင်းသားကွကျောင်းသားဆိုတဲ့ဂုဏ်မညှိးအောင်ဝေ့လည်ကြောင်ပတ်တွေလျောက်မပြောပါနဲ့ကွာခံခဲ့ရတာမနာဘူးမင်းလျောက်ပြောနေတာဘဲအသဲနာတာ
- TinHlaing Win သတင်း သမားတယောက်ရဲ့ အင်တာဗျူး လို. ယုံချင်စရာ မရှိပါ။ ညံတဲ့ သတင်းသမားတော. မဟုတ်ပဲ ????????????????.----- စကားဆိုတာ မှသားပြောရဲ သူ။ ရှေ့စကား နောက်စကား ပြန်မစစ်ပဲနဲ. အရှက်မရှိပြောရဲသူ။တွေအတွက်မခက်ပါ။ ------ထုတ်ခဲ့တဲ့ ကြေငြာချက်ကြီးရှိနေပါလျက်နဲ.------ဒေါက်တာနိုင်အောင် ဟာ ABSDF ဥက္ကဠ ကောင်းတစ်ယောက်ဘယ်လိုမှ မဖြစ်နိုင်----ABSDf ကျောင်းသားတပ်ရဲ.ဂုဏ်သိက္ခာ ကို ကိုယ်ကျိုးအတွက် ချနင်းနေတဲ. -------ကိုယ်.လိပ်ပြာ ကိုယ် မရှက်တတ်တဲ.----ရှက်ရကောင်းမှန်းမသိတဲ. ---သူတစ်ယောက်ပဲ။ ဒီလိုလူ ABSDF ဥက္ကဠဟောင်းဖြစ်ခဲ.တာ ကျောင်းသားတပ် အများကြီးနစ်နာတယ်။ဒါတောင် မြန်မာပြည်ပြန်လာပြီး မြန်မာ.နိုင်ငံရေးမှာဝင်ပါချယ်လှယ်ဖို.ကြိုးစားနေတာ ကို ---လက်ခံနေတဲ.သူတွေ ---ကြိုဆိုနေတဲ.သူတွေ ----ရှိနေတာ အံသြ စရာပဲ။အင်း----မြင်ယောင်မိပါသေးတယ်-------
- Ko Kyaw Tun ကျွန်တော်ကဥက္ကထဆိုတော့နောက်ကနေဘဲစီမံပြီးရုံးထိုင်တယ်။အဲဒီလိုကြမ်းကြမ်းတမ်းတမ်းမလုပ်ဘူး။
ကျန်တဲ့သူတွေ.....
ကောင်းလိုက်တဲ့ဥက္ကထနဲ့တန်တဲ့စကားလုံး။ABကျောင်းသားတပ်မတော်ကြီးရဲ့ဂုဏ်ဆောင်ကြီး။ - Ni Lar ကျနော်တို့ မြောက်ပိုင်းကို ပြောလိုက်တာကတော့ အေ၇းယူတဲ့ ကိစ္စတွေကို ကျနော်တို့ မသိဘဲနဲ့ မလုပ်ဖို့ ပြီးတော့ ဖြစ်ပျက်နေတာတွေကို ကျနော်တို့ကို အစီရင်ခံဖို့ဆိုပြီး မှာလိုက်တာပဲ
- Nang Aung Htwe Kyi တောင်ပိုင်းမှ ကိုသိန်းထွန်းရဲ့ အတွေ့ အကြုံ ကိုဖတ်ကြည့်ပါ ။ စာမျက်နှာ၁၄ မှာ ဘာရေးထားလည်းဆိုတာ ။ https://www.facebook.com/notes/nang-aung-htwe-kyi/%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%99%E1%80%BD%E1%80%9E%E1%80%8A%E1%80%B9-%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%86%E1%80%AE%E1%80%9E%E1%80%AD%E1%80%AF%E1%82%95/545435972157991
- Myo Thein လးစားမိပါတယ်...အစ်မ..မနန်းအောင်ထွေးကြည်......အစ်မတို့ABSDF(NB)အကြောင်းကို..ကိုမောင်မောင်ရေးတဲ့ခေတ်သစ်ဟသ်ာကိုးသောင်းစာအုပ်(အမှားပါရင်ခွင့်လွတ်ပါ....စာအုပ်နာမည်မမှတ်မိတော့ပါ)ကိုဖတ်မိကတည်းက..ကျနော်မျက်ရည်ဝဲခဲ့တယ်...ခံစားခဲ့ရတယ်....အစ်မတို့ကိုလည်းကျနော်သနားမိတယ်....စိတ်ဓာတ်တွေကိုလေးစားမိတယ်....အစ်မအခုပြည်ပနိုင်ငံတစ်ခုမှာနေတယ်ဆိုတာ.....''ကိုမောင်မောင်''စာအုပိထဲမှာဖတ်ရတယ်.....အဲဒါတစ်ကယ်လားအစ်မ.....မြန်မာပြည်ကိုမပြန်လာတော့ဘူးလား.......အစ်မတို့(၈၈ကျောင်းသားတွေ)ကို.ကျနော်တို့ကမျှော်လင့်ပါတယ်.....ခုချိန်မှာပြန်လာပြီးနိုင်ငံအတွက်နေရာတစ်နေရာကနေပါဝင်စေချင်တာ..ကျနော့်ဆန္ဒပါ.....ပြီးတော့ABSDF(NB)အကြောင်းကိုအမှန်တရားဘက်ကနေပြည်သူတွေသိရှိအောင်...ဖော်ထုတ်ပေးပါအစ်မရေ...........အစ်မကိုအစဉ်အမြဲလေးစားလျက်May Thingyan Hein ဖေ့စ်ဘွတ်မှ ကူးယးဖေါ်ပြပါသည်။
No comments:
Post a Comment