Tuesday, March 12, 2013

မြောက်ပိုင်းကိစ္စက သေးသေးလေးပါ။

မြောက်ပိုင်းကိစ္စက သေးသေးလေးပါ။ အောင်ဇော် (ဧရာဝတီ)

by Baydar Lam on Wednesday, September 12, 2012 at 2:45pm ·
                                မြောက်ပိုင်းကိစ္စက သေးသေးလေးပါ။
                                                           အောင်ဇော်(ဧရာဝတီ)                                   ၁၀-၉-၂၀၁၂ ရက်နေ. မနက် ၁၀ နာရီကမြောက်ပိုင်းကျောင်းသားများလူသတ်ပွဲတွင်ကျဆုံးခဲ့သော ကိုထွန်းအောင်ကျော်၏အစ်မဝမ်းကွဲ၊ကျဆုံးရဲဘော် ကိုချိုကြီး၏ ညီမအရင်းဖြစ်သူ မသင်းသင်းနဲ. မချောအိဖြူ တို.ဟာ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ရုံးချုပ်ကိုရောက်ခဲ့ပါတယ်။မသင်းသင်းက အခွင့်အရေးများရရင် ဒေါ်အောင်ဆန်းစုကြည်နဲ.တွေ.ပြီး မြောက်ပိုင်းကိစ္စတွေကို တင်ပြဖို.ရှိလို.ပါ။ အဲဒီမှာရုံးခန်းအပြင်ဘက်မှာ မသင်းသင်းတို.စောင့်နေတုန်း ဧရာဝတီသတင်းဌါနက ဆံပင်ရှည်ကို မြင်းမြှီး လိုချည်ထားတဲ. အောင်ဇော် ရောက်လာပါတယ်။အဲဒီမှာ မသင်းသင်းက ခင်ဗျားတို.မီဒီယာတွေအပေါ်မှာ ဒေါက်တာ နိုင်အောင်ရဲ.သြဇာလွမ်းမိုးမှု ရှိသေးလားလို. မေးတော့ သူက မေးတဲ့မေးခွန်းအပေါ်မှာအတော်ကိုအံ့သြပြီး နားမလည်တဲ့ဘာသာစကားတခုနဲ.အမေးခံလိုက်ရတဲ့မျက်နှာအမူအရာမျိုးလုပ်ပြပါတယ်။ဒါနဲ.ဘေးကပါလာတဲ့ မချောအိဖြူက သူကမြောက်ပိုင်းမှာအသတ်ခံခဲ့ရတဲ့ ကိုထွန်းအောင်ကျော်ရဲ.အမပါလို.ပြောတော့ အနှီ ဧရာဝတီ သတင်းဌါနက ပုဂ္ဂုလ်က အခုလိုတုန်.ပြန်ပါတယ်။ မြောက်ပိုင်းကိစ္စကသေးသေးလေးပါတဲ့၊ ၈၈ မှာရော ၂၀၀ရ မှာရောလူတွေသေခဲ့တာအများကြီးပါတဲ့၊နောက်ပြောသေးတယ်၊ဒီသတင်းကို သူကအစောဆုံး ၁၉၉၆ ကစခဲ့တာပါတဲ့၊ဒီစကားတွေကိုမလေးမစားနဲ.ပီကေ တဝါးဝါး နဲ.ပြောခဲ့တာပါ။ ဒီလိုအပြောခံရတော့ မသင်းသင်းက သူ.ကိုလုံးဝဥပက္ခာပြုပြီး စကားပြန်မပြောတော့ပါဘူး။အဲဒီမှာသူက မြောက်ပိုင်းကိစ္စနဲ. အမေစုကို လာတွေ.တာလားလို.မေးတော့ sorry ပါလို.ပြောပြီး အပြင်ထွက်လာခဲ့ပါတယ်။
ဒီစကားတွေကမြောက်ပိုင်းရာဇဝတ်မှုကြီးကို သေးသီမ်သွားအောင်၊ မြောက်ပိုင်းမှာသေဆုံးသွားခဲ့သူတွေ၊ညှင်းပန်းနှိပ်စက်ခံခဲ့ရပြီး စိတ်ဒဏ်ရာတွေ၊ကိုယ်ဒဏ်ရာ ရခဲ့တဲ့သူတွေ၊သူတို.ရဲ.မိသားစုဝင်တွေကို ပြောင်ပြောင်တင်းတင်း စော်ကားလိုက်တဲ့စကားပါ။
                                                                                                                                 ၁၂-၉-၂၀၁၂


2Like · ·
Baydar Lam   ဖေ့စ်ဘွတ်မှကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment