Monday, June 3, 2013

အမှန်တရားနှင့် တရားမျှတမှု ခရီး စတင်ခြင်း

အမှန်တရားနှင့် တရားမျှတမှု ခရီး စတင်ခြင်း

Hits:3,079
ABSDF အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အဖွဲ့မှ တာဝန်ခံညှိနိုင်းသူ ရဲဘော် ကျော်ကျော်လင်း

လွန်ခဲ့သော ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်း ဒေသတွင် သူလျှိုဟု စွပ်စွဲကာ ညှဉ်းပမ်းသတ်ဖြတ်ခဲ့မှုများကြောင့် အဖွဲ့ဝင် ကျောင်းသားများ သေဆုံးခဲ့ရ ခြင်း နှင့် ပတ်သက်ပြီး အမှန်တရားနှင့် တရားမျှတမှု ပြန်လည် ဖော်ထုတ်ရန် ကော်မရှင်တရပ်ကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီက စတင် ဖွဲ့စည်းခဲ့သည်။
ABSDF ကျောင်းသား တပ်မတော်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေး လူထု အုံကြွမှုကို စစ်တပ်က သွေးထွက်သံယို နှိမ်နှင်းအပြီး တောခိုသွား ခဲ့သည့် ကျောင်းသား လူငယ်များနှင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး လက်ရှိ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေး နေသည့် လက်နက်ကိုင် အဖွဲ့အစည်း တခုဖြစ်သည်။
ဖွဲ့စည်းထားသည့် အမှန်တရား နှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အဖွဲ့က အချက်အလက် စုဆောင်းခြင်း နှင့် အစီရင်ခံစာ ရေးသားခြင်း လုပ်ငန်းများကို ၂၀၁၃ ခုနှစ် မေလတွင် အပြီးသတ် ဆောင်ရွက်သွားမည် ဟု ယင်းအဖွဲ့က ကြေငြာချက် ထုတ်ပြန်ခဲ့သည်။
ယင်း ကြေငြာချက်အရ သတ်မှတ်ကာလ ပြည့်သည့် ယခု အချိန်တွင် အဖွဲ့၏ လုပ်ဆောင်နိုင်ခဲ့မှု အခြေအနေ၊ ယင်းသို့ ဖော်ထုတ် စစ်ဆေး မှတ်တမ်းတင် သွားမည့်ကိစ္စ စသည်တို့ နှင့် ပတ်သက်၍ အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အဖွဲ့မှ တာဝန်ခံညှိနိုင်းသူ ရဲဘော် ကျော်ကျော်လင်း နှင့် ဧရာဝတီ သတင်းဌာနက မေးမြန်း ထားသည်များကို ကောက်နုတ် ဖော်ပြအပ် ပါသည်။
မေး။      ။ မြောက်ပိုင်း ကိစ္စတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေ စုဆောင်း၊ အစီရင်ခံစာတွေ ရေးပြီး ၂၀၁၃ မေလမှာ ထုတ်ပြန်မယ် လို့ ပြောခဲ့ဖူးတော့ အခု လက်ရှိမှာ ဘာတွေ လုပ်နေလဲ၊ ဘယ်လို ဆက်သွားနေပါသလဲ။
ဖြေ။       ။ တနှစ်ကျော် ကာလမှာ အကောင်အထည် ဖော်နိုင်ဖို့ အတွက် ပုံစံ မျိုးစုံနဲ့ ကြိုးစားခဲ့တယ်။ အခက်အခဲက ဘာလဲ ဆိုရင် နေရာ အခက်အခဲ။ ကျနော်တို့က အပြင်မှာ ရှိနေတယ်။ တော်တော်များများက ပြည်တွင်းမှာ ရှိနေတယ်။ ဒါကြောင့် ကျနော်တို့ ကြားမှာ ဆက်သွယ်မှုက ကောင်းကောင်း လုပ်လို့ မရခဲ့ဘူး။ ဒီကိစ္စက လူချင်း တွေ့ပြီးမှ ပြောလို့ ရမယ့် ကိစ္စတွေ ကိုး။ ပထမဆုံး လူချင်း စတွေ့ရတာက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကနေ ဇန်န၀ါရီ အတွင်း ABSDF ကိုယ်စားလှယ် ၉ ယောက် အဖွဲ့ ၁၈ ရက် လေ့လာရေး ခရီးစဉ် လာတုန်းက။ အဲဒီ ခရီးစဉ်မှာ မြောက်ပိုင်းက ထိခိုက် နစ်နာခဲ့တဲ့ ရဲဘော်တွေ နဲ့ တရက် အစည်းအဝေး စလုပ်ဖြစ်တယ်။ အဲဒီတော့မှာ စထိတွေ့ရတာ။
အဲဒီ တုန်းကတော့ အဖွဲ့အစည်း နဲ့ ပတ်သက်ပြီး မရှင်းတာတွေ သူတို့ မေးကြတယ်။ ကော်မရှင် အနေနဲ့ ဒီဟာတွေ ဆက်လုပ်ဖို့ ရှိတယ် ဆိုတာကို ပြန် ရှင်းပြတယ်။ အဲဒီမှာ သဘောတူခဲ့ တာက ကော်မရှင် အနေနဲ့ မတ်လလောက်မှာ ပြန်လာပြီး အချက်အလက်တွေ ကောက်မယ်။ အင်တာဗျူးတွေ လုပ်မယ်၊ ဧပြီ လောက်မှာ ရေးပြီးတော့ မေလလောက်မှာ အစီရင်ခံစာ ထုတ်မယ် ဆိုပြီး စီစဉ်ခဲ့တာ။ မဖြစ်လာခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ ABSDF ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဘယ်လောက်ထိ ပေါက်မြောက် နေပြီလဲ၊ ဘယ်လောက်ထိ ခရီးရောက်နေပြီလဲ ဆိုတဲ့ အပေါ် မူတည်တာကိုး။ အဲဒီချိန်မှာ အစိုးရနဲ့ တရားဝင် အပတ်ခတ် ရပ်စဲတာတွေ လည်း မလုပ်ရသေးဘူး။ ဒီတော့ စီစဉ်ရတဲ့ အပိုင်းမှာ အခက်အခဲ ရှိတယ်။ အဲဒီတော့ ထပ်ရွှေ့ရင်း ရွှေ့ရင်းနဲ့ အခုမှ လာဖြစ်တာ။
မေး။      ။ အဲဒါဆိုရင် အခု ခရီးစဉ်က ABSDF ရဲ့ Peace Process ခရီးစဉ် အပြင်၊ ဒီအမှန်တရားနဲ့ တရားမျှတမှု ဖော်ထုတ်ရေး ကော်မရှင်ရဲ့ အချက် အလက်ကောက်ယူဖို့ ဆိုတဲ့ အစီအစဉ်လည်း ပါတာပေါ့။
ဖြေ။       ။ ဟုတ်ပါတယ်။ ဒီကာလမှာ ကျနော်တို့တွေကြား အပြန်အလှန် ဆက်သွယ်မှုတွေ ရဖို့ ကြိုးစားခဲ့တယ်။ ကျနော် တို့ ဒီကို လာလို့ မရရင် နိုင်ငံခြားကို ထွက်ပြီးတော့ တွေ့ရအောင် ဆိုပြီး ကြိုးစားခဲ့ကြတာ ရှိတယ်။ ပြီးတော့ အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်တယ်။ ဒီ စီမံကိန်းကနေ အကောင်းဆုံး ရလာဒ်တခု ပေါ်အောင်လုပ်မယ် ဆိုပြီး ပြင်ပက၊ နိုင်ငံခြားက နားလည်တဲ့ လူတွေ ဖိတ်ခေါ်ပြီး ဆွေးနွေးပွဲတွေ လုပ်ခဲ့တယ်။ အဲဒီအပိုင်းတွေ လုပ်နေပေမယ့် လူကိုယ်တိုင် လာပြီးတော့ တိတိကျကျကြီး အချက်အလက် ကောက်တာတွေ မလုပ်နိုင်ခဲ့ဘူး။ ဒီကို လာတာ အခုမှ စတယ်လို့ ပြောလို့ရမှာပေါ့။
မေး။      ။ အခု ဘယ်လိုပုံစံမျိုးနဲ့ စစ်တမ်းကောက်တာတွေကို လုပ်သွားမှာလဲ။
ဖြေ။       ။ ပထမဆုံး ရဲဘော်တွေကို ကိုယ်စားပြုတဲ့ သူတွေကို ကျနော်တို့ အစည်းအဝေး ပြန်ခေါ်တယ်။ ကိုယ်စားပြုနိုင်တဲ့ ရဲဘော်တွေ ပေါ့။ ဒါကတော့ သူတို့ဘာသာ သူတို့ ရွေးကြပါတယ်။ ကော်မရှင်ဘက်က ကျနော် အပါအ၀င် တာဝန်ရှိတဲ့ သူတွေ နဲ့ တွေ့ကြတယ်။ တွေ့ပြီးတော့ အချိန်ဇယားတွေ ဆွဲကြတယ်။ နောက်ပြီးတော့ တခြား ဘယ်နယ်တွေမှာ ရှိနေတယ်၊ တချို့က မန္တလေးမှာ၊ တချို့က ရန်ကုန်၊ တချို့က ကရင်ပြည်နယ်၊ မွန်ပြည်နယ်မှာ.. အဲဒါ တွေကို သူတို့နဲ့ ဆွေးနွေးပြီး အချိန်တွေ သတ်မှတ်ကြ တယ်။ ကော်မရှင်နဲ့ ပတ်သက်ပြီး မရှင်းတာလေးတွေ ပြန်မေးကြတယ်။ ကော်မရှင်က ဘာလုပ်မှာလဲ၊ ဘယ်လောက်ထိ ဆက်သွားမှာလဲ၊ ကော်မရှင်ရဲ့ ရလာဒ်က ဘာ ဖြစ်လာနိုင်မလဲ ပေါ့။ အဲဒီလို မျှော်လင့်ချက် မတူတာတွေ ပြန်ညှိကြတယ်။
ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတာ ကြေကြေလည်လည် ဖြစ်ပါတယ်။ သူတို့ဘက်က လည်း လုပ်ပေး နိုင်တာကို တင်ပြ တယ်။ အခုအဆင့် ကတော့ အလုပ် လုပ်တဲ့အဆင့်ကို ရောက်သွားပြီ ပေါ့နော်။ နေ့တိုင်း ရဲဘော်ဟောင်းတွေနဲ့ သွားတွေ့ တယ်၊ အင်တာဗျူးတယ်၊ အချက်အလက် စုတယ်။ သူတို့ အဆင်ပြေတဲ့ နေရာကို သွားပြီး တစ်ယောက်ချင်းကို တွေ့တယ်။ သူတို့နဲ့ သဘောတူထားတဲ့ ကတိတခု ရှိတယ်။ ရဲဘော် တယောက်ချင်းစီက သူတို့ အင်တာဗျူး မလုပ်ချင်ဘူး ဆိုရင် သူတို့ကို အင်တာဗျူး မလုပ်ဘူး။
မေး။      ။ နယ်တွေမှာ ရှိနေတဲ့ သူတွေကိုလည်း အိမ်တိုင်ယာရောက် သွားတွေ့ပြီး အချက်အလက် စုဆောင်းသွားဖို့ လည်း ရှိတယ် လို့ ဆိုလိုတာလား။
ဖြေ။       ။ ဟုတ်တယ်။ နောက်တခုက မိသားစုတွေ ကို လိုက်ပြီး တောင်းပန်စာ ပို့မယ် ဆိုတာ ရှိတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ တုန်းက မန္တလေးမှာ အထိမ်းအမှတ် နှစ်ပတ်လည်ပွဲ လုပ်တယ်လေ။ ၁၅ ယောက် တပြိုင်တည်း သတ်ခံရတဲ့ နေ့လေ။ အဲဒီ တနေ့တည်းမှာ အသတ်ခံခဲ့ ရတဲ့ ဥက္ကဋ္ဌ ဟောင်း ကိုထွန်းအောင်ကျော် အပါအ၀င် အဲဒီ ၁၅ ယောက်ရဲ့ မိသားစုတွေ ကို တောင်းပန်စာ ပို့ခဲ့တယ်။ အခုကတော့ လူကိုယ်တိုင် ရောက်နေတဲ့ အချိန်ဆိုတော့ တောင်းပန်စာတွေ လိုက်ပို့သွားဖို့ စီစဉ်ထားတာရှိတယ်။ အဲဒါ ကလည်း ဒီမှာ ရှိနေတဲ့ ရဲဘော်တွေနဲ့ တိုင်ပင်ပြီး လုပ်သွား မယ်။
မေး။      ။ အဲဒီတုန်းက အသတ်ခံရတဲ့ မိဘတွေထဲက တချို့က အမှု ဖွင့်တာတွေ ရှိတယ်လေ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ရော ဘယ်လို မှတ်ချက်ပေးချင် တာမျိုး ရှိပါသလဲ။
ဖြေ။       ။ ပထမ တမှုကတော့ ပိတ်သွားပြီလို့ မီဒီယာတွေမှာ ဖတ်ရတယ်။ ဒုတိယတမှုကတော့ ကျနော်တို့ ဒီရောက်မှ သတင်းစာတွေမှာ တွေ့ရတယ်။ ဒါက ကျူးလွန်ခံခဲ့ ရသူတွေရဲ့ အခွင့်အရေး ဖြစ်တယ်။ တရားစွဲဆိုခွင့် ဆိုတာ လူတိုင်းမှာ ရှိတယ် လေ။ တဦးချင်း စွဲတဲ့အပေါ်မှာ ကျနော်တို့ကတော့ ဘာမှ မပြောလိုဘူး။ ဒါက ခံခဲ့ရသူတွေရဲ့အခွင့်အရေး ဖြစ်တယ်။ သူတို့ မိသားစုတွေရဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ကာယကံရှင်တွေက လက်ရှိ ဥပဒေအရ လုပ်ပိုင် ခွင့်ရှိတာကို လုပ်တာပါ။
မေး။      ။ စစ်တမ်းတွေ ကောက်ဖို့ အတွက် ကာယကံရှင် ရဲဘော်တွေနဲ့ တွေ့နေပြီလို့ ပြောတယ်။ မိသားစုဝင် တွေနဲ့ တွေ့ရတဲ့ အခြေအနေကရော ဘယ်လိုရှိ နေပြီလဲ ပြောပြပေးပါဦး။
ဖြေ။       ။ မိသားစုတွေနဲ့ တွေ့ဖို့ ကတော့ သဘောတူ ထားတာ ရှိတယ်။ ဒါပေမယ့် ဘယ်နေ့မှာ ဘယ်သူ့ကို သွားတွေ့မယ် ဆိုတာတော့ ကျနော်တို့ တိတိကျ ကျပြောလို့ မရသေးဘူး။ ဘယ်သူက ဘယ်မှာ ရှိနေမှန်း မသိတဲ့ အတွက် မြောက်ပိုင်း ပြန်ရဲဘော်တွေနဲ့ တိုင်ပင်ပြီး လိုက်စီစဉ်ရမယ်။ ဟိုတနေ့က ဆိုရင် နန်းအောင်ထွေးကြည်ရဲ့ အမေနဲ့ သွားတွေ့ ဖြစ်တယ်။ သူလည်း သူသိတာတွေ ရှင်းပြတယ်။
မေး။      ။ အစ်ကိုတို့ သွားပြီး အင်တာဗျူးရတဲ့ အကြောင်းတွေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ကိစ္စတွေ ဖြစ်တော့ ဒါတွေကို မိသားစုဝင်တွေက ပြန်ပြီး ပြောပြချင်ကြ သလား။ ဒါမှမဟုတ် ဒါတွေကို ပြန်မပြောပြ ချင်တော့ဘူး ဆိုတာမျိုး တုံ့ပြန်တာမျိုး ရှိသလား။
ဖြေ။       ။ တွေ့ခဲ့တဲ့ တော်တော် များများကတော့ ဒီကိစ္စကို ပြန်ပြောချင် ကြတယ်။ ဒီကိစ္စကြီးက သူတို့မှာလည်း စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုတွေ အများကြီးရှိ ခဲ့တယ်လေ။ ဒါကြီးကို ထပ်ခါ တလဲလဲ ပြောပြောနေရတဲ့ အတွက် အရမ်း ထိခိုက်တယ်။ သူတို့ မျက်နှာတွေ၊ မျက်လုံးတွေကို ကြည့်ရင် ဒါက သိသာတယ် လေ။ ဒါကို သူတို့ ကိုယ်တိုင်လည်း ဖွင့်ပြောတယ်။ ပုံစံမျိုးစုံနဲ့ ဟိုလူက မေးလိုက်၊ ဒီလူက မေးလိုက်နဲ့ ဒါကို ထပ်ခါထပ်ခါ ပြန်ပြန် ပြောပြနေရတယ် ပေါ့။ အနာဟောင်းကို ပြန်ဆွနေသလို ဒါကို ပြော ပြောနေရ တော့ သူတို့မှာ စိတ်ခံစားမှုတွေ ရှိတာပေါ့။ ထုတ်မပြောလည်း ကျနော်တို့ နားလည်တယ် လေ။ တဖက်ကလည်း ကျနော်တို့ ပြန်ရှင်းပြ တယ်။ ဒီ ကော်မရှင်ရဲ့ ရည်မှန်းချက်နဲ့ တခြား ဟာတွေနဲ့တော့ တူချင်မှ တူမယ်။
ကျနော်တို့ မေးတဲ့အခါမှာ မေးခွန်းကို အပိုင်း ၄ ပိုင်းခွဲပြီး မေးတယ်။ ပထမ အချက် ကတော့ တဦးချင်းရဲ့ နောက်ခံ သမိုင်းကြောင်း။ ၈၈ ကို ဘယ်လို ဖြတ်သန်းခဲ့ သလဲ။ ကျောင်းသားဘ၀နဲ့ ဖြတ်သန်းခဲ့ သလား..စသဖြင့် ပေါ့။ ABSDF ထဲကို ဘယ်လိုမျိုး ရောက်ခဲ့တယ်။ ဒုတိယ အချက်ကတော့ ABSDF မြောက်ပိုင်းရဲ့ သမိုင်းကြောင်းကို မေးတယ်။ သူတို့ သိသလောက် ပေါ့။ တချို့ ရဲဘော်တွေကတော့ သိတယ်။ တချို့ ရဲဘော်တွေကတော့ မသိဘူး။ ရှမ်းပြည် မြောက်ပိုင်းက လာတဲ့ ရဲဘော်တွေ ဆိုရင် မသိဘူး။ တောင်ပိုင်းက လာတဲ့ ရဲဘော်တွေ ဆိုရင် မသိဘူး။ တချို့ကတော့ မြောက်ပိုင်းက တိုက်ရိုက် လာတဲ့ လူတွေ ဆိုတော့ သိတယ်။ အဲလိုမျိုးတော့ ကွဲသွားတာ ပေါ့။ ဒီပြဿနာကို ဖော်ပြဖို့ အခါမှာ နောက်ခံ သမိုင်းကြောင်း သိဖို့လိုတဲ့ အတွက် အဲဒါကို မေးတာ။ အဲဒီအချိန်မှာ သူတို့ကို ဘာ့ကြောင့် ဖမ်းတာလဲ၊ သူလျှိုလို့ ဘယ်လို သက်သေ အထောက်အထား တွေနဲ့ စွပ်စွဲခဲ့ တာလဲ၊ ဘယ်လို အထောက်အထားကို အခြေခံပြီး သူတို့ကို ဖမ်းတာလဲ၊ ဘယ်လို အခြေ အနေမျိုးမှာ ဖြောင့်ချက် ပေးခဲ့ရတာလဲ ဆိုတာ တစ်ဦးချင်းစီ ကို အဓိကထား မေးတယ်။ ပြီးတော့ အဲဒီမှာ ရှိခဲ့စဉ်က ကျန်းမာရေး စောင့်ရှောက်ခံခဲ့ရမှု၊ သူတို့ နေရထိုင်ရတဲ့ အခြေအနေ၊ စစ်ကြောရေးမှာ ဘယ်လို မျိုးနည်းလမ်းတွေ လုပ်တယ် ဆိုတာတွေကို မေးတယ်။
တတိယ ပိုင်းကတော့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှု ပေါ့။ သူတို့ ရန်ကုန်၊ ဒါမှမဟုတ် မွေးရပ်မြေကို ပြန်ရောက် လာတဲ့အခါ အဲဒီ အကျိုးဆက်ကို ဘယ်လိုမျိုး ခံစားရသလဲ၊ နိုင်ငံရေး မိတ်ဆွေ အသိုင်းအ၀ိုင်းကြားမှာ သူတို့ဟာ ဘေးဖယ် ခံနေရသလား။ အဲဒီ နိုင်ငံရေး အသိုင်းအ၀ိုင်း ကရော သူတို့ကို လိုလိုလားလား လက်ခံကြရဲ့လား။ ဘာကြောင့်လဲဆိုတော့ သူတို့က သူလျှိုလို့ စွပ်စွဲခံ ခဲ့ရသူတွေ ကိုး။ နောက်ပြီးတော့ ကျန်းမာရေး ပေါ့။ စစ်ကြောရေးမှာ ရခဲ့တဲ့ ဒါဏ်ရာတွေကြောင့် ကျန်းမာရေး မှာ ဘယ်လိုမျိုး ထိခိုက်မှု ရှိသလဲ ပေါ့။ မိသားစုတွေထဲမှာ ဘယ်လိုမျိုး သက်ရောက်မှု ရှိသလဲ စသဖြင့် မေးတယ်။
နံပတ် ၄ အချက် ကတော့ အဖွဲ့အစည်းကို ဘယ်လို အကြံပေးချင် သလဲ။ လောလောဆယ်မှာ အဖွဲ့အစည်းက တောင်းပန်ထား တယ်။ အဖြစ်အပျက်များတွင် နစ်နာဆုံးရှုံး အသက်ပေးသွားခဲ့ရသည့် ရဲဘော်များအား၊ သက်ဆိုင်ရာမိသားစုများအား တောင်းပန်ပါသည် ဆိုပြီးတော့ ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာက ကြေငြာချက် ထုတ်ပြန်ခဲ့တာ ရှိတယ်။ လူတစ်ဦးချင်း လိုက်ပြီး တောင်းပန်တာတွေ ရှိတယ်။ အဲဒီ အပေါ်မှာ ကျေနပ်မှု ရှိရဲ့လား၊ အဲဒါအပြင် ဘာ လုပ်ပေးဖို့ လိုသေးလဲ၊ ဘာ လုပ်ပေးသင့်လဲ ဆိုတဲ့ အစီရင်ခံစာ အကြံပေးမှု အပိုင်းအတွက် ကျနော်တို့ မေးတယ်။ အစီရင် ခံစာမှာ အဲဒီအပိုင်းတွေအလိုက်ဖော်ပြမှာပါ။
မေး။      ။ အခု လောလောဆယ်မှာ မိသားစု ဘယ်နှစ်စုလောက် တွေ့ပြီးသွားပြီလဲ။
ဖြေ။       ။ မိသားစု မတွေ့ရသေး ဘူး။  မိသားစု ဆိုလို့ မနန်းအောင်ထွေးကြည်ရဲ့ အမေကိုပဲ တွေ့ရသေးတယ်။ တချို့က တွေ့ဖို့ လုပ်ပေမယ့် မအားတာ၊ တချို့က ခရီးသွားဖို့ ပြင်ထားပြီးသား ဖြစ်နေတယ်။ တွေ့တာကတော့ လိုက်တွေ့မယ်။ အဓိကကတော့ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကို လိုက်တွေ့မယ်။ လောလောဆယ် ကာယကံမြောက် ခံစားရတဲ့ ရဲဘော်တွေကို လိုက်တွေ့တာ ၆ ယောက်လောက် ရှိသွားပြီ။ ကျနော်တို့ လုပ်ငန်းက တကယ်စတာက မေ၊ ၂၄ မှာ စတာ။ ပထမပိုင်းက အစိုးရနဲ့ စကားပြောတဲ့ အပိုင်းကို လုပ်တာမှာ ကျနော်တို့လည်း ပါတာကိုး။ ၂၄ နောက်ပိုင်း ကနေ ဒီနေ့ အထိ ၃ ရက် လောက် အတွင်းမှာ ၆ ယောက်လောက် ပြီးသွားပြီ။ အချိန်က တရားဝင် ခွင့်ပြုထားတာ ၃ ပတ်ပဲ ရတယ်။ အဲဒီ ၃ ပတ် အတွင်းမှာ ကျနော်တို့ ရသလောက်လုပ် သွားမယ်။
မေး။      ။ အဲဒီ ၃ ပတ် အတွင်းမှာ နယ်တွေလည်း ဆင်းရဦး မယ်ဆိုတော့ အချိန်က လုံလောက်ပါ့မလား။ အားလုံးကို ရောက်အောင် သွားရောက် နိုင်ပါ့မလား။
ဖြေ။       ။ ရန်ကုန်ပြီးရင် တော့ ဇွန်လထဲမှာ မန္တလေး သွားမယ်။ မန္တလေးမှာ ၁ ပတ်လောက်တော့ ကြာမယ် ထင်တယ်။ ပြီးရင်တော့ ကျိုက်ထိုဘက်ကို သွားရမှာ ရှိသေးတယ်။ ၃ ပတ်အတွင်းမှာ ရသလောက်တော့ သွားရမှာ ပေါ့။
မေး။      ။ အချက်အလက် စုဆောင်းတဲ့ နေရာမှာ မိသားစုဝင်တွေရဲ့ ပူးပေါင်း ပါဝင်မှုက အခရာကျတယ် လို့ အစ်ကိုတို့ ပြောထားတာ ရှိတယ်။ ဒီတော့ အခု အလုပ်စတဲ့ အချိန်မှာ သူတို့ရဲ့ ပူးပေါင်း ပါဝင်မှုက ဘယ်လို ရှိပါသလဲ။ လက်ရှိ လုပ်နေတဲ့ အခြေအနေအရ ဘယ်လောက်ထိ ပါဝင်လာနိုင်မယ် လို့ရော မျှော်လင့်ထားလဲ။
ဖြေ။       ။ ပထမဆုံး တွေ့ဖူးတဲ့ တယောက်ကိုပဲ ပြောရမယ်။ အခုက အကုန်လုံးကို လိုက် မတွေ့ရသေးဘူး ဆိုတော့ ချက်ချင်းကြီး တော့ မပြောနိုင် သေးဘူး။ လက်ရှိမှာတော့ ရဲဘော်တွေ ကိုယ်စား လာတွေ့တဲ့ လူတွေကတော့ တော်တော်လေး အားကြိုးမာန်တက် ရှိတယ်။ အမေ ဆိုရင်တော့ မငယ် (မနန်းအောင်ထွေးကြည်)ရဲ့ အမေ တယောက်ပဲ တွေ့ရသေးတယ်။ သူ ပြောတာကို နားထောင်ရတော့ စိတ်လည်း မကောင်းဘူး။ သူတွေ့တာတွေ အကုန်ပြောပြတယ်။
မေး။      ။ ဆိုတော့ စောစောက ပြောခဲ့တယ်။ ကျနော်တို့ တောင်းပန်ထားတယ်၊ ဒါနဲ့မှ မရသေးဘူး ဆိုရင် ဘာတွေ ထပ်လုပ်ပေး စေချင်သလဲ လို့လည်း မေးမြန်း ထားတာတွေ ရှိတယ်ဆိုတော့..၊ အစ်ကိုတို့ ဘက်က ဘယ်လောက်အထိ လုပ်ပေးဖို့ ရည်ရွယ်ထားလဲ။ ကြိုတင် စဉ်းစားထားတာ ရှိလဲ။
ဖြေ။       ။ ဗဟို ကော်မတီမှာ ဆွေးနွေးခဲ့တာ ရှိတယ်။ အစီရင်ခံစာက ထွက်မယ့် ရလာဒ်နဲ့ ဘယ်လို အကြံပြုချက်တွေ လာမလဲ ဆိုတာကို သူတို့ စောင့်နေကြတယ်။ အဲဒီ အကြံပြုချက်တွေ အပေါ် မူတည်ပြီး ဗဟိုက နည်းလမ်းတွေ ဆက်ဆောင်ရွက် သွားပါလိမ့်မယ်။ အဲဒါကျတော့ ကော်မရှင်နဲ့ မဆိုင်တော့ဘူး။ အဖွဲ့အစည်းနဲ့ ဆိုင်သွားပြီ။
မေး။      ။ အခု ပြည်တွင်းထဲမှာ စစ်တမ်းတွေ ကောက်ဖို့ အတွက် လာတဲ့အခါမှာ အစ်ကိုတို့ အဖွဲ့အနေနဲ့ လူဦးရေ ဘယ်လောက် သုံးပြီး လာသလဲ။ အဲဒီ လူတွေ ကိုယ်တိုင်ရော သူတို့သိထားတဲ့ အချက်အလက်တွေ၊ လိုအပ်တဲ့ အထောက်အထား တွေကို ထုတ်ပြပြီးပြီလား။
ဖြေ။       ။ လာခွင့်ရတာ ၄ ယောက်ပဲ ရှိတယ်။ လောလောဆယ်တော့ ၄ ယောက်ပါပဲ။ ဒီ ၄ ယောက်နဲ့ပဲ လုပ်နေပါတယ်။ အခုလို အချက်အလက် စုဆောင်းတဲ့ အချိန်မှာတော့ လူ ၄ ယောက်အားနဲ့ လောက်သေးတယ်။ ဒါပေမယ့် အစီရင်ခံစာ ရေးတဲ့ အပိုင်းမှာတော့ အခြား အပြင်က တတ်ကျွမ်း နားလည်တဲ့ ပညာရှင်တွေနဲ့ အများကြီး လုပ်ရဦးမယ်။ ရနိုင် သလောက်တော့ အချက်အလက်တွေ စုတယ်၊ သူတို့တွေ မီဒီယာတွေမှာ ဖြေခဲ့ဖူးတာတွေ ရှိတယ်၊ သူတို့ကိုယ်တိုင် ထုတ်ပြောတဲ့ အင်တာဗျူးတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကိုတော့ ကျနော်တို့ စုထားတယ်။ ဒါပေမယ့် များများစားစား တော့ မရှိဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒါတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အဖွဲ့အစည်းမှာ အဲဒါတွေက မရှိတော့ဘူး။ ကျနော်တို့က တောင်ပိုင်းမှာ ဗဟိုကိုး။ အဲဒါတွေက မြောက်ပိုင်းမှာ ဖြစ်ခဲ့တာ ဆိုတော့ တောင်းပိုင်း ဗဟိုမှာ အဲဒါတွေက မရှိဘူး။ အဲဒီတုန်းက ဒီဟာနဲ့ ပတ်သက်တဲ့ အခွေတွေကို ဗီဒီယို ရိုက်ကြတယ် ပြောတယ်။ တချို့စခန်းတွေက မမြင်ဖူးဘူး။ တချို့ စခန်းတွေတော့ တွေ့ဖူးတယ်။ ဒီဘက်မှာ အဲဒီ အချက်အလက်တွေက အများကြီး မရှိဘူး။ ဒီကိုလာတော့ သူတို့မှာ တဦးချင်း စုထားတာလေးတွေ ရှိတယ်။ အဲဒါတွေကို အခြေခံပြီး ပြန်လိုက် တောင်းနေရတယ်။
ဒါပေမယ့် ဟော်လန်မှာတော့ ABSDF နဲ့ ပတ်သက်ပြီး အဖွဲ့အစည်းက လုပ်ထားတဲ့ မော်ကွန်းတိုက် ရှိတယ်။ လိုအပ်ရင် အဲဒါတွေ သွားတောင်းပြီး ကြည့်ဖို့ အစီအစဉ် ရှိတယ်။ လိုအပ်မယ် ထင်တာတွေ၊ အထောက်အကူ ဖြစ်မယ် ထင်တာတွေ ကို ယူကြည့်ဖို့ ပေါ့။ အဲဒီအတွက် အဖွဲ့အစည်းကိုလည်း အစ်ကိုတို့ခွင့် တောင်းထားတယ်။
မေး။      ။ ABSDF က ကျုးလွန်ခဲ့တဲ့ အမှုကို ABSDF က ပြန်ပြီး ကော်မရှင်ဖွဲ့ စုံစမ်းတာက တရားမျှတမှု ရှိမယ် ထင်လား။ ဒီဟာကို တရားမျှတမှု ရှိပါတယ်လို့ ဘယ်လို သက်သေပြ မလဲ။
ဖြေ။       ။ အဲဒါက အကြီးမားဆုံး စိန်ခေါ်ချက်ပဲ။ ကျူးလွန် ခံခဲ့ရတယ် ဆိုတဲ့ ရဲဘော်တွေ ကြားမှာရော၊ ပြင်ပကနေ စောင့်ကြည့်တဲ့ လူတွေ ကြားထဲမှာရော ဒါက ကျနော်တို့ အပေါ်မှာ လုံးဝ မယုံတဲ့ အပိုင်းပေါ့။ ဒီလို ထင်တာလည်း သူတို့ ဘက်က တရား ပါတယ်။ သူတို့နဲ့ တေ့တေ့ ဆိုင်ဆိုင် စကားပြောကြည့်တော့ အဲဒီ အချက်ကို သူတို့လည်း ပြောတယ်။ ဘယ်လောက်ထိလဲ ဆိုရင် ဒါက လူတစု အတွက် အကာကွယ် ပေးဖို့ လုပ်တာလား ဆိုတဲ့ အထိတောင် ပြောခံရတယ်။ ကျနော်တို့ အလုပ်ကို သူတို့ကို သေချာ ရှင်းပြတယ်။ အခု အခြေအနေ အထိမှာတော့ ကျနော်တို့ ထိတွေ့ခဲ့တဲ့ လူ တော်တော် များများ က အဲဒီကိစ္စကို ကြေလည်တယ်။ သူတို့နဲ့ အစည်းအဝေး ၂ ကြိမ်လုပ်ပြီး သွားပြီ။ ကျနော့် စိတ်ထဲမှာ တော့ ဒါကို သူတို့ ကြေလည်တယ် လို့ ထင်တယ်။ သူတို့က ထုတ်ပြော တာတွေလည်း ရှိတယ်။ ဒီ ကော်မရှင်ကို သူတို့ ယုံကြည်ပါတယ် ဆိုပြီး တော့ပါ။ ကျနော်ကတော့ အစီရင်ခံစာကို စောင့်ကြည့် သင့်တယ်လို့ ထင်ပါတယ်။ အစီရင်ခံစာကို စောင့်ကြည့်ပါ။ အစီရင်ခံစာမှာ ဖော်ပြမယ့် အချက်အလက်တွေကို စောင့်ကြည့် သင့်တယ်။ အဲဒီ အချက်အလက် တွေကို ကြည့်ခြင်း အားဖြင့် ဒီ ကော်မရှင်ဟာ ဘက်လိုက်မှု ရှိ/မရှိ ၊ တကယ်တန်း ချထားတဲ့ ရည်မှန်းချက်ကို သွား/မသွားဆိုတာ အဲဒီကျရင် အဖြေပေါ်မှာပါ။ သံသယတွေ ကတော့ရှိမှာပဲ။ ဒါကလည်း တရားပါတယ်။
မေး။      ။ ဒါဆို အဲဒီ စိန်ခေါ်မှုကို ကြားထဲက အဆုံးအဖြတ် လုပ်ပေးနိုင်မယ့် ဘယ်လို လူမျိုးတွေကို အကူညီ တောင်းသွား မလဲ။ ဥပမာ – နိုင်ငံတကာက အရေးအခင်းကာလ ပဋိပက္ခကို ကြုံခဲ့ဖူးတဲ့ ပညာရှင်တွေလိုမျိုး ဖြစ်ဖြစ်ပေါ့။
ဖြေ။       ။ လောလောဆယ်တော့ တတိယလူကို မထားဘဲ၊ တိုက်ရိုက် လုပ်သွားဖို့ပဲ ရှိတယ်။ ကျနော်တို့ အပေါ်မှာ မယုံကြည်ဘူး ဆိုရင် တိုက်ရိုက် မေးဖို့၊ တိုက်ရိုက်ပြောဖို့ လမ်းဖွင့်ထားတယ်။ ဘာလို့လဲ ဆိုတော့ ဒီကိစ္စက ကာယကံရှင်နဲ့ တိုက်ရိုက် ပြောတာက ပိုပြီး ထိရောက်တယ် လို့ ကျနော်တို့ ထင်လို့လေ။ ပြည်တွင်းမှာ အခြေစိုက်တဲ့ ကြားနေ သြဇာရှိသူ တွေ နဲ့ တဆင့် လုပ်ဖို့ စဉ်းစားခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒါကျတော့ ကျနော်တို့က အပြင်မှာ၊ သူတို့ကအထဲမှာ ဆိုတော့ ကြားခံနဲ့ လုပ်မယ် ဆိုရင် စကားတွေက ဘာသာပြန်မှု တွေလွဲသွားနိုင် တယ်။ ဒါကြောင့် တိုက်ရိုက်ပဲ ဆက်သွယ်တယ်။
မေး။      ။ အခု ကိုယ်တိုင် ကြုံရတဲ့ ရဲဘော်တချို့နဲ့ မိသားစုဝင် တယောက်ကို အင်တာဗျူး လုပ်ပြီးပြီ ဆိုတော့ သူတို့ဆီက ရထားတဲ့ အချက်အလက်တွေက အမှန်တရားနဲ့ တရားမျှတမှု အတွက် ဘယ်လောက်များ အထောက်အကူ ပြုနိုင်တာတွေ ပါလဲ။
ဖြေ။       ။ အထောက်အကူ ဖြစ်ပါတယ်။ ကျနော်တို့ မေးချင်တဲ့ အပိုင်း ၄ ပိုင်းကို သေသေချာချာ သူတို့ကို မေးတယ်။ ပြောတာတွေ တော်တော်များများက တူတာတွေ တွေ့ရတယ်။ ကာလတခုကို အတူတူ ဖြတ်သန်းခဲ့ရတော့ သူတို့ ပြောတာတွေ တော်တော်များများ တူကြတယ်။ ဥပမာ- စစ်ကြောရေး ပုံစံတို့၊ ဘယ်လိုမျိုး ထွက်ဆိုရတယ် ဆိုတာတွေ၊ ဖြောင့်ချက် ပေးရတဲ့ ပုံစံပေါ့။ နောက်ပြီး စစ်ကြောရေး နည်းလမ်းတွေ ပေါ့။ အဲဒါတွေ တော်တော်များများ တူကြတယ်။ နောက်ပြီး ဘယ်သူက စစ်တယ် ဆိုတာ မျိုးတွေ တူကြတယ်။ ဒါတွေက လူမှုကွန်ယက် မီဒီယာတွေမှာလည်း သူတို့ ပြောခဲ့ကြ တာတွေပဲ။ ဒါပေမယ့် အခုကတော့ တရားဝင် လာပြီး အတိအကျ လာယူတဲ့ သဘောပေါ့။ အခြေခံတွေ က သိထားပြီး သားပဲ။ ဒါပေမယ့် အခုဟာက အသေးစိတ်နဲ့ ပိုပြီး တရားဝင် ဖြစ်အောင်ပေါ့။
မေး။      ။ အပြောင်းအလဲတွေ နောက်ပိုင်းမှာ မြန်မာပြည်တွင်းထဲ ကို ပြန်ဝင်လာတဲ့ ABSDF ရဲဘော်တွေနဲ့  ပြန် မ၀င်လာသေးဘဲ အပြင်မှာ ရှိနေသေးတဲ့ ရဲဘော်တွေရဲ့ ဒီအဖွဲ့ လုပ်ကိုင်မှုတွေကို ပူးပေါင်း ပါဝင်တဲ့ အနေအထားကရော ဘယ်လိုရှိ သလဲ။ ပူးပေါင်းချင် စိတ်ပေါ့။
ဖြေ။       ။ ဒီတနှစ်တာ ကာလထဲမှာ လုပ်ခဲ့တာတွေမှာ အဲဒါတွေလည်း ပါတယ်။ လုပ်ငန်းစဉ်၊ ရည်ရွယ်ချက်၊ ဦးတည်ချက်၊ ဘာတွေ လုပ်မယ် ဆိုတာတွေ…၊ ရေးပြီးတော့ ဒါနဲ့ ပတ်သက်တဲ့ လူတွေအားလုံးကို လက်လှမ်းမီ သလောက် အီးမေးလ် တွေ ပို့တယ်။ သူတို့ရဲ့ သဘောထားတွေကို မေးတယ်။ အီးမေးလ် ပို့တဲ့ သူတိုင်းကတော့ ပူးပေါင်းဆောင်းရွက်မှု ပေးမယ်လို့ ပြောတယ်။ သူတို့ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ လာမေးပါ၊ သူတို့ ပြောပါ့မယ်လို့ ကျနော် တို့ကို အီးမေးလ်ထဲမှာ တရားဝင် ပြန်ထားတာ ရှိတယ်။ မြန်မာပြည်ထဲမှာ ၃ ပတ်ခရီးစဉ် ပြီးရင် ကျနော်တို့ နယ်စပ်ကို ပြန်မယ်။ ပြင်ပမှာ ရှိတဲ့လူတွေကို ထပ်ပြီးတော့မေးမယ်။
မေး။      ။ ဒီစစ်တမ်းကို ကာလ ဘယ်လောက်အကြာမှာ ထုတ်ပြန်နိုင်မယ် လို့ မှန်းထားလဲ။
ဖြေ။       ။ အမြန်ဆုံး ထွက်ဖို့တော့ မှန်းထားတယ်။ လူ ၁၀၀ လောက်ရှိတာ မှာ ၃၅ ယောက်က ဆုံးတယ်။ ၁၅ ယောက်က ဖေဖော်ဝါရီမှာ အသတ်ခံ ခဲ့ရတယ်။ ကျန်တဲ့ ၂၀ က စစ်ကြောရေး ကာလမှာ ပုံစံမျိုးစုံနဲ့ ဆုံးသွားခဲ့ ကြတယ်။ အဲဒီ ၃၅ ယောက် ရဲ့ မိသားစုတွေနဲ့ လိုက်ပြီး တွေ့နိုင်သလောက် တွေ့မယ်။ ကျန်တဲ့ ၅၅ ယောက် အုပ်စုတို့၊ ၅၅ ယောက် အပြင်က အုပ်စုတွေ ရှိကြတယ်။ တတ်နိုင်သလောက်၊ ရသလောက်တော့ ဆုံနိုင်သလောက်ကို အင်တာဗျူး လုပ်သွား မယ်။ ဒီ ၃ ပတ်အတွင်း မှာ တော့ အားလုံးတော့ မစုံနိုင်ဘူး။ အများဆုံး ရရင် လူ ၃၀ ပေါ့။ ပြီးတော့ အပြင်မှာလည်း သက်ဆိုင်သူတွေ ကို အင်တာဗျူး လုပ်ဦးမယ်။ အဲဒီ ဟာတွေ လုပ်ပြီး သွားရင် အစီရင်ခံစာ ရေးဖို့အတွက် အချိန်ပြန်ယူ ရဦးမယ်။ ဒီ သတင်း အချက်အလက်တွေကို ပြန်သုံးသပ်တဲ့ အပိုင်းတွေလုပ်ရ ဦးမယ်။ ဒါက အချိန်တော့ နည်းနည်းလို တယ်။ တိတိကျကျကြီးတော့ ပြောလို့ မရဘူး။ အမြန်ဆုံးတော့ လုပ်ချင်တယ်။ ပြီးသွားရင်တော့ နောက်တဆင့်ကို ထပ်သွားလို့ ရပြီလို့ ထင်တယ်လေ။
မေး။      ။ ဒါဆို ဒီနှစ်ထဲမှာ ဖြစ်နိုင်မလား။ ဒါမှ မဟုတ် ၂၀၁၄ နှစ်စပိုင်း လောက်မှာ ဖြစ်နိုင်မယ် ထင်လား။
ဖြေ။       ။ အခုက မေ ဆိုတော့၊ ဒီနှစ်ထဲမှာ ဖြစ်နိုင် ပါတယ်။ ဖြစ်အောင် ကြိုးစားရမှာ ပေါ့။ နည်းနည်းလေး ဖြည့်ပြောချင် တာက ဒီ အစီရင်ခံစာက အဆုံး မဟုတ်ဘူး။ ဒီအစီရင်ခံစာ ပြီးသွားတာနဲ့ ဒါကြီးက ပြီးသွားမှာ မဟုတ်သေးဘူး။ ကျနော်တို့ လုပ်ချင်နေတဲ့ အမှန်တရားနဲ့ တရားမျှတမှုတွေရဲ့ အစပဲ။ ဆက်ပြီးတော့ အကြံပြုချက်တွေ ပါမယ်။ အဲဒါတွေကို အကောင် အထည် ဖော်တဲ့ လုပ်ငန်းတွေ ပါမယ်။
မေး။      ။ ဒါတွေကို မေးမြန်းတဲ့ အခါမှာ အဲဒီတုန်းက သက်သေ အထောက်အထားတွေ ရှိတဲ့သူတွေ၊ စာရွက်စာတမ်း၊ ဓာတ်ပုံတွေ လက်ထဲမှာ ရှိတဲ့သူတွေ သက်ရှိ ထင်ရှား ရှိနေဦးမယ် ဆိုတော့၊ အဲဒီလိုလူတွေက ဒါတွေကို ထုတ်ဖော်လိုက် မှာ စိုးလို့ သူတို့ကို အသက်အန္တရာယ်ပေး တာမျိုး၊ နှုတ်ပိတ်တာမျိုး ဖြစ်လာနိုင်မလား။ အဲဒါကို အစ်ကိုတို့က ဘယ်လောက် အထိ ကာကွယ်ပေးနိုင်မလဲ။ ဥပမာ ထောင်ထဲမှာ ရှိနေတဲ့လူမျိုးဆိုရင် သူက အချိန်မရွေး အသက်အန္တရာယ်ရှိ နိုင်တယ် လေ။
ဖြေ။       ။ လောလောဆယ် တွေ့တဲ့ ရဲဘော် တော်တော်များများက သူတို့မှာ ရှိတာတွေကို အကုန် ထုတ်ပေးကြတယ်။ သူတို့မှာ တကိုယ်ရေ သိမ်းထား တာတွေ ရှိတယ်။ ဥပမာ ဗီဒီယိုခွေ ရှိတယ်။ ဓာတ်ပုံ အဟောင်းလေးတွေ ရှိတယ်။ အစီရင် ခံစာကို ထိထိရောက်ရောက် ဖြစ်အောင် အဲဒါတွေကို ထုတ်ပေးဖို့ ရှိကြတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒီ အချက်ကိုတော့ ထည့်ပြီး စဉ်းစားခဲ့တာ မရှိခဲ့သေးဘူး။  ဒါပေမယ့် ဆွေးနွေးထားတာ တချက်ကတော့ ကာယကံရှင်တွေ သဘောတူမှ ဒါကို သုံးစွဲသွားမယ် ဆိုတာ သဘောတူထားတာရှိတယ်။
မေး။      ။ အခု အစ်ကိုတို့က နယ်မှာ ရှိတဲ့လူတွေ၊ ရန်ကုန်မှာ ရှိတဲ့ လူတွေနဲ့ လိုက်တွေ့တာတွေ လုပ်နေတယ် ဆိုတော့၊ အကျဉ်းထောင် ထဲမှာရှိတဲ့ သူတွေနဲ့ရော တွေ့သွားဖို့ အစီအစဉ် ရှိသလား။
ဖြေ။       ။ အဲဒါကတော့ အာဏာပိုင်တွေနဲ့ ဆိုင်သွားပြီ။ သူတို့ ခွင့်ပြုတယ် ဆိုရင်တော့ သွားတွေ့မယ်။ ဘယ်လောက်ထိ တွေ့ခွင့်ရမယ် ဆိုတာ ကျနော်တို့ မသိသေးဘူး။ ကြိုးစားနေပြီ။
မေး။      ။ အခုတွေ့ထားတဲ့ လူတွေဆီကကော အချက်အလက်တွေ စုံစုံလင်လင် ရပြီးပြီလား။ နောက်တကြိမ် ထပ်တွေ့ဖို့ လိုသေးလား။
ဖြေ။       ။ တော်တော်လေး တော့ စုံလင်တယ်။ တချို့က အောက်ခြေ ရဲဘော်တွေ။ သူတို့ကို ဘာဖြစ်လို့ ဖမ်းသွားမှန်း တောင် မသိလိုက်ဘူး။ တချို့ဆို ကင်းစောင့်နေရင်းနဲ့ လာဆိုပြီး သေနပ်နဲ့တေ့ပြီး ဖမ်းသွားတာမျိုး။ ဖမ်းသွားပြီးမှ စစ်ကြောရေးမှာ ၀ုန်းဒိုင်းဝုန်းဒိုင်းထုပြီး ၀န်ခံခိုင်း၊ ပြီးတော့ အချုပ်ထဲချလိုက် တာမျိုး။ မြောက်ပိုင်းရဲ့ဆက်ဆံရေးက အထက်အောက် ဆက်ဆံရေး ပုံစံမျိုးရှိတယ်။ တောင်ပိုင်းနဲ့ နည်းနည်း ကွာတယ်။ သတင်း စီးဆင်းမှုမှာလည်း မသိတာများ တယ်။ အဲဒီတုန်းက ရဲဘော်ရဲ့ အဲဒီတုန်းက ယူခဲ့တဲ့ တာဝန်နဲ့လည်း ဆိုင်တယ်။ သူတို့ တာဝန်ကြီးရင် ကြီးသလို များများ ပြောနိုင်တယ်။  တာဝန်သေးရင် သေးသလို နည်းနည်းပဲ ပြောနိုင်တာ ရှိတယ်။ သူတို့နဲ့ ဆိုင်တာလောက်ပဲ သူတို့ ပြောနိုင်တယ်။ အခု လောလောဆယ် တွေ့နေတဲ့ ရဲဘော်တွေက အောက်ခြေ ရဲဘော်တွေ များတယ်။ သူတို့ ကျတော့ သိပ်အများကြီး မပြောနိုင်ဘူး။ ဒါပေမယ့် တချို့က အဲဒီမှာ ခေါင်းဆောင် အနေနဲ့ ဖြစ်ပြီး၊ အဖမ်းခံပြီးမှ လာခဲ့တဲ့သူတွေ ဆိုရင်တော့ အသေးစိတ် အများကြီး ပြောနိုင်မယ်လို့ ယုံတယ်။
မေး။      ။ မြန်မာ ငြိမ်းချမ်းရေး စင်တာ (Myanmar Pace Centre – MPC) မှာ အစ်ကိုတို့ တွေ့ဆုံပွဲ လုပ်ထားတာလည်း ရှိတော့..၊ အဲဒါကရော ဒီကော်မရှင်နဲ့ ဆက်စပ် သလား၊ ဘယ်လို ရလာဒ်တွေ ရခဲ့လဲ။
ဖြေ။       ။ အဲဒီ ဆွေးနွေးပွဲက ABSDF နဲ့ အစိုးရကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိစ္စကိုပဲ ဆွေးနွေးတာ။ ဒီကိစ္စကို မဆွေးနွေး ဘူး။ ဒါပေမယ့် ဒီကိစ္စ အတွက် သီးသန့် တရားဝင်စာနဲ့ ၃ ပတ်ခွင့်ပြု ခဲ့တယ်။ MPC မှာ လုပ်ခဲ့တဲ့ ၂ရက်မှာ တပ်မတော် ကိုယ်စားလှယ် တွေလည်း ပါတယ်။ MPC ကတာဝန်ရှိသူ တွေလည်း ပါတယ်။ အဲဒီမှာ ဆွေးနွေးတာက ဒါနဲ့ မဆိုင်ပါဘူး။
မေး။      ။ ABSDF က ကျောင်းသားတပ်ဖွဲ့ ဆိုတဲ့ အမည်ကို ပြောင်းဖို့ ရှိသလား။ တချို့က ကထိကတွေ လောက်တောင် ဖြစ်နေပြီ။ ဒါပေမယ့် ကျောင်းသား နာမည်ပဲ ဆက်ယူထားနေဆဲ ဆိုတော့လေ။ ကျောင်းသားဆိုတာကို ဖြုတ်သွားဖို့ရှိလား။ အဖွဲ့နာမည်နဲ့ပတ်သက်ပြီး နည်းနည်း ပြောပြပေးပါဦး။
ဖြေ။       ။ ကျောင်းသားဆိုတာ အဖြူနဲ့ အစိမ်းကျောင်းသား၊ တက္ကသိုလ် ကျောင်းသား ဆိုတာကို ဆိုလိုတာ မဟုတ်ဘူး။ ကျနော်တို့က ကျောင်းသား စိတ်ဓာတ်ကို အရင်းတည် ထားလို့။ မြန်မာ့လွတ်လပ်ရေး သမိုင်းမှာရော၊ ဒီမိုကရေစီ အရေးမှာပါ ထိပ်တန်းက ပါခဲ့တဲ့ ကျောင်းသားတွေရဲ့ စွန့်လွှတ် စွန့်စားမှု၊ ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကို သင်္ကေတ အနေနဲ့ ယူပြီးတော့ သုံးတာ။ ကျောင်းသားကြီးတွေ မဟုတ်ဘူး။ ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့တဲ့ စွန့်လွှတ် အနစ်နာခံခဲ့၊ တိုက်ပွဲဝင်ခဲ့ တာတွေကို ကိုယ်စားပြုတဲ့ အနေနဲ့ ဒီနာမည်ကို သုံးထားတာ ဖြစ်ပါတယ်။
မေး။      ။ ကော်မရှင်က  အခုလို အချက်အလက် ကောက်နေတာတွေနဲ့ ပတ်သက်ပြီးတော့ ကာယကံရှင်တွေနဲ့ မိသားစုဝင်တွေကို ဘာများထပ်ပြီး ပြောပြချင် တာရှိဦး မလဲ။
ဖြေ။       ။ ဒီကော်မရှင်ရဲ့ ရည်ရွယ်ချက်ထဲမှာ ပါတယ်။ နံပတ် ၁ အချက်က ဒီဖြစ်စဉ် တခုလုံးနဲ့ ပတ်သက်ပြီး သမိုင်းမှန်ကို ဖော်ထုတ်ချင်တယ်။ နောက်ဆုံး အချက်က တာဝန်ခံမှုနဲ့ တာဝန်ယူမှုကို ဖော်ထုတ်ချင်တယ်။ အဲဒီ ၂ ချက်က အရေးကြီးတယ် လို့ ကျနော် ထင်တယ်။ ဘာတွေ ဘယ်လိုဖြစ် တယ်၊ ဘာ့ကြောင့် ဖြစ်တယ် ဆိုတာတွေကို ဘေးမှာ ပြောနေမယ့် အစား တရားဝင် ပြောခွင့် ရှိလာတယ်လို့ လည်းထင်တယ်။ အဲဒီအတွက် မိသားစုတွေကို ပါဝင်ပေးဖို့ ဖိတ်ခေါ်ချင် တယ်။ တာဝန်ယူမှု တာဝန်ခံမှု ရှိလာရင်၊ အဖြစ်မှန်ကို သိရင်ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာ အလိုလျှောက် ပေါ်လာမယ်။ အဲဒီ အတွက် ကာယကံရှင် မိသားစုတွေ ပါမှ လုပ်လို့ ရတယ်။ အဲ ၂ ချက်ကို အလေးအနက် စဉ်းစားပေး စေချင်တယ် လို့ သက်ဆိုင်ရာ ကာယကံရှင်မိသားစုတွေကို ပြောချင်ပါတယ်။     ။

ဧရာဝတီ ဘလော့စာမျက်နှာမှ ကူးယူမှတ်တမ်းပြု ဖေါ်ပြပါသည်။

ABSDF အမှန်တရားနှင့်တရားမျှတမှုဖေါ်ထုတ်ရေးကော်မရှင်နှင့် မြန်မာပြည်မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများတွေ့ဆုံ

ABSDF အမှန်တရားနှင့်တရားမျှတမှုဖေါ်ထုတ်ရေးကော်မရှင်နှင့်
မြန်မာပြည်မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများတွေ့ဆုံ

  1. Like · ·
    • Ko Phyo likes this.
  2. 9Unlike · ·
    • You like this.
  3. 7Unlike · ·
    • You like this.
  4. 6Unlike · ·

ABSDF မြောက်ပိုင်းတွင် ၁၉၉၁-၉၂ ကအသတ်ခံခဲ့ရသူများကို ABSDFမှတောင်းပန်သွားမည်။


မြောက်ပိုင်းABSDF ဥက္ကဋ္ဌ အသတ်ခံရမှု မိခင်ဖြစ်သူမှအမှုဖွင့်တိုင်ကြား


မြောက်ပိုင်းABSDF ဥက္ကဋ္ဌ အသတ်ခံရမှု မိခင်ဖြစ်သူမှအမှုဖွင့်တိုင်ကြား

Tuesday, May 21, 2013

ABSDF (မြောက်ပိုင်း) ငြိမ်းချမ်းရေး ကိုယ်စားလှယ်ကို အစိုးရ တာဝန်မယူ

ABSDF (မြောက်ပိုင်း) ငြိမ်းချမ်းရေး ကိုယ်စားလှယ်ကို အစိုးရ တာဝန်မယူ
Tuesday, May 21, 2013 သျှမ်းသံတော်ဆင့်

ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မတီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရန်ကုန်မြို့သို့ ထွက်ခွာမည့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ တရုတ်နယ်စပ် KIO ထိန်းချုပ်နယ်မြေ အခြေစိုက် ABSDF (မြောက်ပိုင်း) ကိုယ်စားလှယ်အား အစိုးရဘက်မှ လမ်းခရီးကိစ္စ တာဝန်မယူနိုင်ဟု အကြောင်းကြားခဲ့သဖြင့် ယနေ့ရန်ကုန်မြို့တွင် ပြုလုပ်နေသည့် နှစ်ဘက်ဆွေးနွေးပွဲသို့ မြောက်ပိုင်းကိုယ်စားလှယ် လိုက်ပါ တက်ရောက်နိုင်ခြင်း မရှိ ကြောင်း သိရသည် ။


ABSDF ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ၄င်းတို့ ဗဟိုဋ္ဌာနချုပ်ရှိရာ ထိုင်းနယ်စပ်မှ ရန်ကုန်မြို့သို့ မေလ ၁၉ ရက်နေ့က စတင်ထွက်ခွာသွားပြီး ယနေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးကော်မတီနှင့် ရန်ကုန်မြို့၌တွေ့ဆုံဆွေးနွေးနေကြောင်း ABSDF (မြောက်ပိုင်း) မှ ဗိုလ်မှူးမင်းဌေးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကျနော်တို့ ဗဟိုကော်မတီ စုံညီအစည်းအဝေးကနေပြီး တွေ့ဆုံဆွေးနွေးရေးအဖွဲ့ကို မြောက်ပိုင်းက ကိုယ်စားလှယ် တစ်ဦး ၊ အနောက်ပိုင်း တစ်ဦး ၊ တောင်ပိုင်းက ဗဟိုကော်မတီဝင် ၃ ဦး အားလုံး ၅ ဦးနဲ့ ဖွဲ့လိုက်တယ် တွေ့ဆုံဆွေးနွေးမဲ့ ကာလ ရောက်တော့ မြောက်ပိုင်းအနေနဲ့ ကိုယ်စားလှယ် အမည်တင်သွင်းတယ်ပေါ့နော် ရန်ကုန်သွားမဲ့လမ်းခရီးပေါ့နော် လမ်း ခရီးနဲ့ ပတ်သက်ပြီး မြောက်ပိုင်းကိုတော့ ဘာမှမစီစဉ်ပေးနိုင်ဘူးလို့ အကြောင်းပြန်လာတယ် ဆိုတော့ ဒီဆွေးနွေးပွဲမှာ မြောက်ပိုင်းကိုယ်စားလှယ်က မပါသွားတော့ဘူးပေါ့ ” ဟု သူက ပြောသည် ။

ထိုသို့ အစိုးရဘက်မှ တာဝန်မယူသည့် ကိစ္စ အပေါ် သူက ဆက်ပြောရာတွင် “ဆိုလိုတဲ့သဘောကတော့ ကိုယ့်ဟာ ကိုယ် လာချင်ရင်လာပေါ့ လုံခြုံရေးတော့ တာဝန်မယူဘူးဆိုတဲ့ အဓိပ္ပါယ် သက်ရောက်နေတယ်လေ အစိုးရတစ်ရပ်အနေနဲ့ ဒီလမ်းခရီးကိစ္စလေးကိုတောင် မစီစဉ်ပေးနိုင်ဘူးဆိုတော့ မလာစေချင်တဲ့ သဘောပါပဲ ” ဟု ဆိုသည်။

အစိုးရ၏ ယခုလုပ်ရပ်မှာ နိုင်ငံတကာ ဖိအားကြောင့်သာ ငြိမ်းချမ်းရေးကို ဟန်ပြ လုပ်ဆောင်နေခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပုံမရကြောင်း တစ်ဖွဲ့ကိုအပစ်ရပ်နားလိုက် ကျန်တစ်ဖွဲ့ကိုတိုက်လိုက် လုပ်ဆောင်နေကြောင်း ပြည်တွင်း စစ်ရပ်စဲရေးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖေါ်ဆောင်ရန် လိုအပ်ကြောင်း စစ်ပြင်ဆင်မှုများ တပ်တိုးချဲ့ မှုများကို တရားဝင် ရပ်ဆိုင်းရန် လိုကြောင်းလည်း ဆက်ပြောသွားသည်။

ယခု ABSDF နှင့် အစိုးရကိုယ်စားလှယ်များ၏ ရန်ကုန်ဆွေးနွေးပွဲမတိုင်မီ ကာလအတွင်း အစိုးရဘက်မှ KIO ထိန်းချုပ်ရာ တရုတ်နယ်စပ် လိုင်ဇာဒေသတစ်ဝိုက်တွင် သံချပ်ကာ နှင့် တင့်ကားများ အပါအဝင် စစ်အင်အား တိုးချဲ့မှုများ ဆက်တိုက် ပြုလုပ်နေကြောင်းလည်း သိရသည်။
2Like · ·
 
Zawzaw Zaw's photo. ဖေ့စ်ဘွတ်မှ....
 

AB-မြောက်ပိုင်းလိုင်စင်စခမ်းတွင် လုပ်ကြံခံ၇သော ဦးလေးစိန်

 
AB-မြောက်ပိုင်းလိုင်စင်စခမ်းတွင် လုပ်ကြံခံ၇သော ဦးလေးစိန်
 
၂၀၁၂-အောက်တိုဘာလ(၂၃)၇က်နေ့ ဟာ-ABSDFမြောက်ပိုင်းကော်မတီဝင် ဦးလေးစိန်ကွယ်လွန်ခဲ့တာ(၂၁)နှစ်မြောက်ဖြစ်ပါတယ်။ဦးလေးစိန်ကို VCS မျိုးဝင်းနှင့်အပေါင်းပါတစုက တပ်မတော်ထောက်လှမ်းေ၇းဟုစွတ်စွဲဖမ်းဆီးကနှိပ်စက်ညှင်းပမ်းမှုများကြောင်စစ်ကြောေ၇းကာလမှာပင်ကွယ်လွန်ခဲ့၇ ပါတယ်။ ကွယ်လွန်ချိန်မှာအသက်(၄၃)နှစ်သာ၇ှိပါသေးတယ်။
ဦးလေးစိန်ကို မြောက်ပိုင်းကော်မတီဝင်များနှင့်တော်လှန်ေ၇းခေါင်းဆောင်များကို အဆိပ်ခတ်လုပ်ကြံ
သတ်ဖြတ်၇န် ABမြောက်ပိုင်းသို့ မြှုပ်နှံထားသည့် ထောက်လှမ်းေ၇း ဗိုလ်မှူးအဖြစ်စွတ်စွဲကာညှင်းပမ်းနှိပ်စက်မှု
ကြောင့်သေဆုံးခဲ့၇သလို၊တပ်ဖွဲ့ ဝင်(၁၀၀)ကျော်ကိုဖမ်းဆီးပြီးအယောက်(၃၀)ကျော်အသတ်ခံခဲ့၇သော်လည်း
မည့်သည့်အဆိပ်လက်နက်ကိုမှ၇ှာဖွေတွေ့ ၇ှိခဲ့ခြင်းမ၇ှိခဲ့ပါ။(မ၇ှိတဲ့အဆိပ်ကိုဘယ်သူကမှလည်းမပေးနိုင်ခဲ့ပါ။)
ဦးလေးစိန်အကြောင်း ကျနော်သိသမျှ ပြန်လည်ပြောပြ၇မည်ဆိုပါလျှင်-----။
ဦးလေးစိန်ဟာ-၁၉၇၄ ၇န်ကုန်မြို့ ဆင်မလိုက်သင်ဘောကျင်း အလုပ်သမားအေ၇းအခင်းတွင်ပါဝင်ခဲ့ပြီး
၇၅ခု- နှစ်ပတ်လည် လှုပ်၇ှားမှုဖြင့် ၇န်ကုန်အင်းစိန်ထောင်တွင် ထောင်(၅)နှစ်ကျခဲ့ပါတယ်။၁၉၈၈ခုတွင်-၇န်ကုန် မြောက်ဥက်ကလာပမြို့ နယ်တွင်-ကျောင်းဆ၇ာတဦးဖြစ်ပြီး၊ ၇ှစ်လေးလုံးအေ၇းတော်ပုံတွင် ပါဝင်ခဲ့ပြီး
နောက် သမတ ဒေါက်တာမောင်မောင်ကာလတွင် GSC-အထွေထွေသပိတ်ကြီးကြပ်ေ၇းကော်မတီ-အဖွဲ့ ဝင်
ဖြစ်ပါတယ်။
၁၉၈၉ခုတွင် ABSDF-(၇၀၁)တပ်၇င်း လိုင်စင် စခမ်းသို့ေ၇ာက်၇ှိခဲ့ပါတယ်။ ၁၉၈၉-နိုဝင်ဘာလတွင်
ကျင်းပသည့် အပတ်စဉ်(၅)သင်တန်းဆင်း၇ဲဘော်ဖြစ်ပြီး ၊၁၉၉၀ ဇန်န၀ါရီလတွင် အပါတ်စဉ်(၅)သင်တန်းသား
များ၇ဲ့ကချင်ပြည်နယ်သားများသာက်ာမတီဖြစ်၇မည်၊ကချင်ပြည်နယ်သားများသာတပ်၇င်းအားဦးဆောင်ပိုင်ခွင့်၇ှိသညကျန်ဒေသမှေ၇ာက်လာသူများသည်မဲပေးခွင့်သာ၇ှိပြီက်ာမတီအဖြစ်ဝင်ေ၇ွးခွင့်မ၇ှိဟူသော(၇၀၁)တပ်၇င်းဖွဲ့စည်းပုံအားလည်ပြင်ဆင်ဖွဲပေးေ၇းသပိတ်မှောက်ဆန်ဒပြပွဲမှတဆင့်ပြန်လည်ဖွဲ့စည်းခဲ့သည့်ABSDF(NOR THEN BURMA)တွင်၇န်ကုန်ဒေသကိုယ်စားလှယ်-ကော်မတီဝင်ဖြစ်ခဲ့ပါတယ်။
ဦးလေးစိန်ဟာ-မြောက်ပိုင်းကော်မတီဝင်များထဲတွင် အသက်အကြီးဆုံးနှင့်နိုင်ငံေ၇းအတွေ့ ကြုံအ၇င့်ဆုံးဖြစ်သော်လည်း လူငယ်ကျောင်းသားခေါင်းဆောင်များ၇ဲ့ ဦးဆောင်မှုကို ဘာစောဒကမှမတက်ဘဲ
ေ၇ှ့ တန်းခရိုင်များတွင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၁ခု ၊ဇွန်လတွင် လိုင်စင်ဗဟိုသို့ ပြန်လည်ေ၇ာက်၇ှိပြီး နိုင်ငံေ၇းနှင့်စည်းရုံးေ၇းဌာန တာဝန်ခံ(နိုင်ငံေ၇းမှူး)အဖြစ်တာဝန်ထမ်းဆောင်ပြီး ၈-၈-၉၁ ခုတွင်ကျင်းပမည့်
၇ှစ်လေးလုံ့း(၃)နှစ်ပတ်လည်အတွက် ကော်မတီအစည်းအဝေးမှ-ချက်ပြုတ်ေ၇း-ကြီးကြပ်ေ၇းမှူး တာဝန်ခံအဖြစ်တာဝန်ပေးခဲ့ပါတယ်။(အဲ့ဒါကိုက-VCSမျိုးဝင်း၇ဲ့ယုတ်မာသောအကြံစည်ဖြစ်မှန်းဘယ်သူမှမထင်
ခဲ့ပါ)။
အခမ်းအနားကျင်းပ၇န် တပတ်ခန့် အလိုတွင် (၅၀၁)တပ်၇င်းမှူး သိုက်ထွန်းဦး၇ဲ့ အကူရဲဘော်
စိုးမင်းအောင်လိုင်စင်စခမ်းမှထွက်ပြေးသွားတာကိုေ၇ွလီမြို့ တပ်ဖွဲ့ ပိုင်လက်ဘက်ရည်ဆိုင်မှတပ်ဖွဲ့ ဝင်များ
ဖမ်းဆီးပြီး ဗန်းမော်ခရိုင်သို့ ခေါ်ဆောင်သွားပြီး (၇၀၂)တပ်၇င်းမှူး အောင်သန်း(ခ)ဘဂျမ်းဦးဆောင်ရ်ျ
နှိပ်စက်စစ်ကြောကာ စစ်ထောက်လှမ်းေ၇းဟုဝန်ခံခိုင်းပြီး နှိပ်စက်မှုကိုမခံနိုင်ရ်ျ ထောက်လှမ်းေ၇းပါဟုဝန်ခံသောအခါ ဘယ်သူတွေပါသေးလဲ?ဟု၎င်း၇ိုက်နှက်မေးမြန်းခြင်းဖြင့်၎င်း၊၄င်းတို့ထည့်ချင်သောနံမည်များကိုနမိတ်ပြထည့်ခိုင်း၇်ျ၎င်း၊နှိပ်စက်စစ်ကြောခဲ့မှုမှအယောက်(၄၀)ကျော်စာ၇င်းထွက်ခဲ့ပါတယ်။(စိုးမင်းအောင်ဟာ-မိုးညှင်းခရိုင်မှလိုင်စင် စခမ်း ကို ၉၁-ဇွန်လခန့် မှေ၇ာက်လာခဲ့သဖြင့်တပ်ဖွဲ့ ဝင်၄၀ကျော်နှင့်ကော်မတီဝင်များကို လူနဲ့ နံမည်တွဲပြီးမသိနိုင်ပါ)။
၎င်းနှင့်ပက်သက်၇်ျ-လိုင်စင်ဗဟိုကော်မတီသည် ရှစ်လေးလုံးအခမ်းအနားအတွက် ပြင်ဆင်မှုများ၊
မဟာမိတ်အဖွဲ့ အစည်းများအားဖိတ်ကြား၇န်အတွက်စီစဉ်နေ၇ခြင်း တို့ ဖြင့်အလုပ်၇ှုပ်နေကြသဖြင့် မဆုံးဖြတ်
နိုင်သေးသော်လည်အတွင်းေ၇းမှူး(VCS)မျိုးဝင်းမှာWALKTALKYစက်ဖြင့်၇င်းမှူးအောင်သန်းနှင့်အလုပ်၇ှုပ်နေသည်ကို ကျနော်ဟာဥက်ကဌတဲသွားလည်၇င်းတွေ့ နေ၇ပါတယ်။
ရှစ်လေးလုံးအခမ်းအနားကျင်းပ၇န် (၂၇က၊်၃၇က်)အလိုမှာတော့ မြောက်ပိုင်းကော်မတီဝင်များနှင့်တော်
လှန်ေ၇းခေါင်းဆောင်များအားစစ်ထောက်လှမ်းတပ်ဖွဲ့ ဝင်များမှအဆိပ်ခတ်လုပ်ကြံမည်၊စစ်ထောက်လှမ်းေ၇းများ
မြောက်ပိုင်းABသို့ မြှုပ်နှံထားသည်ဟူသော သတင်းကိုSIOအေဘီထောက်လှမ်းေ၇းမှ ပါဂျောင်တခွင်သို့ သတင်းလွှင့်ပါတော့သည်။၈-၈-၉၁၇က်ရှစ်လေးလုံးအခမ်းအနားကို(ABSDF-မြောက်ပိုင်း)လိုင်စင်စခမ်းတွင်
အကြီးအကျယ်အောင်မြင်ခဲ့သော်လည်းမည်သည့်လုပ်ကြံမှုမပေါ်ပေါက်ခဲ့ပါဘူး။အေဘီမြောက်ပိုင်းဟာလည်းမဟာမိတ်တပ်ဖွဲ့ကြားတွင်နံမည်ကျော်ကြားရ်ျထွန်းပေါက်ခဲ့ပါတယ်။ရှစ်လေးလုံးအခမ်းအနားအပြီးမှာဗန်းမော်ခရိုင်မှူး ကိုညီညီကျော်ဟာ သူ ခရိုင်ပြန်၇န်ပြော၇ာ ကိုမျိုးဝင်းမှကော်မတီအစည်းအဝေး၇ှိကြောင်း အကြောင်းပြပြီး မပြန်၇န်အကြောင်းပြသဖြင့် မပြန်ဖြစ်ခဲ့ပါဘူး။တပတ်ခန့် အကြာမှာ ဥက်ကဌတဲကို ကျနော်သွားလည်စဉ် ကိုမျိုးဝင်းမှစိုးမင်းအောင်မှစစ်ထောက်လှမ်းေ၇းအယောက်(၄၀)ကျော်စာ၇င်းပေးသွားကြောင်း၊ကော်မတီ(၄)် ယောက်ပါကြောင်းတ ပြုံးပြုံးနဲ့ ပြောပါတယ်။စိုးမင်းအောင်ကတော့ နှိပ်စက်မှုများကြောင့်သေဆုံးသွားပါတယ်။
(ကိုမျိုးဝင်း၊ကိုသံချောင်းတို့ဟာတပ်၇င်း(၇၀၁)တည်းကတပ်ဖွဲ့ကထွက်ပြေးခြင်းကိုလက်မခံပဲထောက်လှမ်းေ၇းသတင်းပေး(သို့ မဟုတ်)ထောက်လှမ်းေ၇းအဖြစ်သတ်မှတ်ပြီး ဖမ်းဆီးစစ်ကြောလေ့၇ှိပါတယ်။သူတို့ ဟာ-တပ်ဖွဲ့
ဝင်တဦး၇ဲ့ အစားအသောက်ဆင်း၇ဲခြင်းဒဏ်နဲ့ ၇ာသီဥတုဒဏ်ခံနိုင်၇ည်စွမ်းကို သူ့ ရဲ့ ခံနိုင်၇ည်၇ှိသလောက်သာ ခံမှာဖြစ်ပြီး၊ဒီဒဏ်တွေကိုမခံနိုင်တော့လို့ ထွက်ပြေး၇ခြင်းကို စဉ်းစားမိပုံမ၇ပါဘူး။)
ဒီလိုဟာတွေ၇ှိခဲ့ကြောင်း-ကျနော်တို အပါဝင်အဖွဲ့ ဝင်တွေ့ ၇ဲ့ ပြောဆိုချက်တွေနဲ့ သူတို့ေ၇ာက်၇ှိစဉ်
ကြုံတွေ့ ချက်တွေကိုစဉ်းစားပြီး-ကိုထွန်းအောင်ကျော်ဟာ သူဥက်ကဌဖြစ်ချိန်မှာ (၁)ABSDF(NB)အဖွဲ့ ဝင်တိုင်း
ဟာ သူအပါဝင်ကော်မတီများ၇ဲ့ ဆောင်၇ွက်ချက်နှင့်တပ်မှူးများနှင့်ပက်သက်၇်ျ၎င်း၊အဖွဲ့ အတွက်၎င်း ဝေဖန်အကြံပြု ဆွေးနွေးချက်များ၇ှိပါက အချိန်မေ၇ွး သူထံသို့ လာေ၇ာက်ဆွေးနွေးနိုင်ကြောင်း၊ဒီအတွက်မည်
သည့်အေ၇းယူမှုမျိုးမှမလုပ်၇န်သူတာဝန်ခံကြောင်း။
(၂)ကျမ်းမာေ၇းအ၇၄င်း၊တပ်ဖွဲ့ တွင်တာဝန်ထမ်းဆောင်၇န်စိတ်မပါတော့လျှင်၎င်း၊သူထံသို့ ထွက်စာတင်၇န်-။စတဲ့-အချက်(၄)ချက် ထုတ်ပြန်၇န်လုပ်ခဲ့ပါတယ်။သူနဲ့ ကိုစိုးလင်း(နိုင်ငံေ၇းမှူးတို့ က)အေ၇အတွက်ထက် အ၇ည်အချင်းကိုအ၀ိကထားပြီး စိတ်မပါတော့ပဲ တပ်မှာဆက်နေနေ၇င်ကာယကံ၇ှင်ဟာ-အဖွဲ့ ဝင်တွေနဲ့ စိတ်ဝမ်းကွဲပြားနိုင်ကြောင်းတွက်ဆပါတယ်။)
အခုဒီပုံစံပြန်ဖြစ်လာပါတယ်။ထောက်လှမ်းေ၇းပြသနာပေါ့။ ဗန်းမော်ခရိုင်မှာ စိုးမင်းအောင်စာ၇င်းပါ
ကိုအေးကျော်၊ကိုသက်တင်၊ဂမ်(မ)်လီ-၊ဆ၇ာဝင်းနောင်၊ကျော်စွာဝင်းမောင် စတဲ့တပ်ဖွဲဝင် တွေကိုဖမ်းလိုက်ပါ
တယ်။(၁၀)ယောက်လောက်ဖြစ်လာချိန်မှာကိုညီကျော်ဟာသူပြန်ဘို့ ထပ်ပြောပေမယ့်မအောင်မြင်ပြန်ပါဘူး။
သြဂုတ်လနှောင်းပိုင်းမှာတော့ လိုင်စင်စခမ်းအဖွဲ့ ဝင်-ကျော်ကျော်ဦး၊မြင့်ဇော်-စတဲ့မုံရွာအကသ-ကျောင်းသားများ၊ကိုသိန်းနိုင်ချို(AGTI-၇န်ကုန်)မီးစက်တာဝန်ခံ၊ကေအိုင်အေ ဆေးကျောင်းတက်နေသည့်
အောင်ဖိုး(၇န်ကုန်)၊နန်းစော စတဲ့ရဲဘော်(အယောက်၂၀-၂၅) လောက်ဖမ်းပြီးနောက်စက်တင်ဘာလမှာကော်မတီဝင်ကိုအားစိုက်(ခ)ကိုတင်မောင်အေး(သတင်းပြန်ကြား)နှင့်
ဦးစိန်(နိုင်၊စည်း)တာဝန်ခံတို့ ကိုဖမ်းလိုက်ပါတယ်။ ကိုအားစိုက်ကို သတင်းပြန်ကြားရုံးမှာ နှိပ်စက်စစ်ကြောပြီး
ဦးစိန်ကို IOရုံးနှင့် စစ်ရုံးမှာနှိပ်စက်စစ်ကြောပြီး သူ့ ကိုအဆိပ်ထုတ်ပေးဟု ဆိုပြီးနှိပ်စက်စစ်ကြောပါတယ်။
၇ှစ်လေးလုံး(၃)နှစ်ပတ်လည်အခမ်းအနားမှာ သူ့ ကိုစားဖိုကြီးကြပ်ေ၇းမှူး တာဝန်ပေးခဲ့တာကိုကထောင်ချောက်
ဆင်ခဲ့တယ်ဆိုတာ ပေါ်လွင်ခဲ့ပြီး ၇က်တွေကြာခဲ့သော်လည်း ဦးစိန်ဟာ မ၇ှိတဲ့အဆိပ်ကို ထုတ်မပေးနိုင်တဲ့အခါ
ကျနော်တို့ နိုင်/စည်းရုံးကို ကျော်ထင်ဦး ဦးဆောင်တဲ့ IO အဖွဲ့ ဝင်များကလာပြီးမွှေနှောက်၇ှာဖွေပါတော့တယ်။
ဘာကိုမှမတွေ့ တဲ့အခါ ဦးစိန်လေထ၇င်သောက်တဲ့ ဆော်ဒါမှုန့် တွေကို သိမ်းသွားပါတော့တယ်။
ဘာကိုမှမတွေ့ တဲ့အခါ ဦးစိန်ကိုပိုနှိပ်စက်ပါတော့တယ်၊တ၇က်မှာ ကျနော်ဟာသွားနေကျအတိုင်း ဥက်ကထတဲကိုအသွားမှာ ဦးစိန်၇ဲ့ ကျနော်ကိုေ၇တိုက်ပါ ---ေ၇တိုက်ပါ --ခင်
ဗျာ လို့ ညည်းတွားသံကိုကြားလိုက်၇တဲ့အခါ ကျနော်ဟာသွားတိုက်ချင်စိတ်တွေပေါ်လာပေမယ့် ကျနော်ကိုပါအမှုတွဲလိုက်မှာ ကိုေုကြာက်၇ွံ့ စိတ်နဲ့ သွားမတိုက်ဖြစ်ခဲ့ပါဘူး။ နောက်တ၇က်-၂၇က် မှာပဲ ဦးလေး
စိန် ကွယ်လွန်သွားပြီလို့ ကြားသိလိုက်၇ပါတယ်။(ဦးလေးစိန်ေ၇-----ေ၇မတိုက်လိုက်တဲ့ကျနော်ကို---ေ၇ာက်၇ာဘုံအ၇ပ်ကခွင့်လွှတ်ပါခင်ဗျာ။)
၁၉၉၂ခု၊မေလ(၂၁)၇က်-ညသန်းခေါင်ကျော်မှာ ကျနော်တို့ မြောက်ပိုင်းအကျဉ်းသား(၅၅)ဦး
ထွက်ပြေးလွတ်မြောက်လာခဲ့ပြီးနောက်၊၁၉၉၈ခု၊ဇူလိုင်လတွင် ရှစ်လေးလုံး(၁၀)နှစ်မြောက် လှုပ်ရှားမှုဖြင့်
မန်းတလေး အိုးဘိုထောင်တွင် ပုဒ်မ(၅)ညဖြင့် ထောင်ဒဏ်(၇)နှစ်ကျခဲ့စဉ် မနတ အတွင်းေ၇းမှူး ဦးတင်အေးကြူ (ခ)ဦးမှိုင်း နှင့် ကိုသိန်းသန်းဦး တို့ မှကျနော့်အားဦးလေးစိန်အကြောင်းမေးပြန်းပြီး (လူကိုခွေးကိုက်ခံ၇တာကွာ တူအရွယ် သားအ၇ွယ်တွေ၇ဲ့ ယုတ်မာတာကိုခံ၇တာ ---သမိုင်းရိုင်းလိုက်တာဟု --- ၇င်ထုမနာပြောကြပါတယ်။
(သူတို့ ၂ယောက်ဟာ-၁၉၇၆-၇န်ကုန်အင်းစိန်ထောင်မှာဦးလေးစိန်နဲ့ တွေ့ ခြဲ့ကပြီး၊၁၉၈၉တွင်-ဗကပ
၄၈၂၈-ယူဂျီပေါက်ကြားမှုဖြင့်-ထောင်(၁၀)နှစ်ကျနေပါတယ်။)
၁၉၇၄တွင်-ဗိုလ်နေ၀င်း၏ မဆလ တပါတီအာဏာရှင်စနစ်အားဆန့် ကျင်ခဲ့သောနိုင်ငံေ၇း
အကျဉ်းသားဟောင်းဦးလေးစိန်ဟာ---တရုတ်ပြည်နယ်စပ်---မြောက်ပိုင်းလိုင်စင်စခမ်းတွင် မျိုးဝင်း၊လှဆိုင်း၊
သံချောင်းတို့ ၇ဲ့ ယုတ်မာသောလုပ်ကြံမှုဖြင့်ကွယ်လွန်ခဲ့၇ပါတယ်။၁၉၇၅-နိုင်ငံေ၇းအကျဉ်းသားဟောင်း ဦး
လေးစိန်ဟာ-တပ်မတော်ထောက်လှမ်းေ၇း-ဗိုလ်မှူးဖြစ်နိုင်ပါသလားဆိုတာကတော့--------
သမိုင်းကစကားပြောပါလိမ့်မယ်။
ဖိုးကျော်(မြောက်ပိုင်းရဲဘော်ဟောင်း)၃-၂-၂၀၁၃။
7Unlike · ·
  • You, Do Gyi NB and Kyaw Gyi AB like this.
  • Ko Kyaw Tun လုပ်ကြံသတ်ဖြတ်ခံရသူတွေဟာ ထောက်လှမ်းရေးမဟုတ်ဘူးဆိုတာလူဆိုရင် အမှန်မြင်နိုင်မှာပါ။ခွေးစိတ်ဝင်နေတဲ့ကောင်တွေဆိုရင်တော့မသိ
  • Ko Kyaw Tun အခုချိန်ထိထောက်လှန်းရေးမပါဘူးလို့အာမခံနိုင်လားလို့မေးခွန်းထုတ်တဲ့ကောင် /မအကုန်လုံး မင်းမေငါ....းဘဲကွာ။ကျော်ကျော်ထွန်း
     
     

    Kyaw Winswe ဖေ့စ်ဘွတ်မှကူးယူဖေါ်ပြပါသည်။

သမိုင်းကစကားပြောပါလိမ့်မယ်။

သမိုင်းကစကားပြောပါလိမ့်မယ်။
ဖိုးကျော်(မြောက်ပိုင်းရဲဘော်ဟောင်း)၁၈-၁၂-၂၀၁၂။


ကျနော်မြောက်ပိုင်းလိုင်စင်အကျဉ်းသား
ဦးလေးစိန်ကိုဖမ်းသွားပြီးနောက်မှာကျနော်တို့ နိုင်/စည်းရုံးတာဝန်ခံဟာ-ကိုစိန်အေး
မိုးညှင်း)ဖြစ်လာပါတယ်။ တရက်မှာသူ ကော်မတီအသေးသုံးငွေ- တပတ်စာ-ယွမ်-၂၅ ရတဲ့အတွက် ကျနော်ကိုရုံးအတွက်-စားစရာလေးတွေဝယ်ခိုင်းလို့  ကျနော်ဟာနေ့ လည်-၃နာရီကျော်မှာသံလိုင်ကတောင်စခန်းကိုဈေးသွားဝယ် တော့
SIOကျော်ထင်ဦးတို့ အဖွဲ့ မူးပြီးပြန်လာကြတာနဲ့တိုးးပါတယ်။ကျော်ထင်ဦးကကျနော့်ကိုရစ်ပါတော့တယ်။ဂိတ်ပတ်(စ်)ကိုတောင်းစစ်ပါတယ်၊ကျနော်ထုတ်ပြလိုက်တော့-ထပ်ပြီးကျနော့်အိပ်တွေနှိက်ပြီး ယွမ်ငွေတွေကိုနှိုက်ယူလိုက်ပါတယ်။ကျနော်အတင်းပြန်လုတော့ မင်းကို
ဖမ်းတယ်၊မင်းတို့ NIBထောက်လှမ်းရေးတွေလို့ ဆဲဆိုပြီး လက်ကိုှေနှာက်ပြန်ချုပ်လိုက်ပါတယ်။သူ့ လူတွေကိုလက်ချုပ်ခိုင်းပြီးကျနော့်ကိုထိုးကြိတ်ပြီးနောက်ပြန်ဆွဲခေါ်လာပါတယ်။
လမ်းတလျှောက်ထိုးကြိတ်ဆဲဆိုလာတာ လိုင်စင်စခန်းဂိတ်နားရောက်ကာနီးမှာ ကျနော်သည်းမခံနိုင်တော့ပဲ ပြန်ထိုးလိုက်တော့ ကျော်ထင်ဦးဟာနောက်ကိုယိုင်သွားပါတယ်။လမ်းမှာတွေ့ တဲ့
ထင်းချောင်းတချောင်းကို ကောက်လိုက်ပြီး ကျနော်ခန်ဓါကိုယ်ကိုရိုက်ပါတော့တယ်။ ဆရာမ မနှင်းမေ ဆိုင်ကွေ့
နားအရောက်မှာ-သူ့ ယောက်ကျားဗိုလ်ကြီးစွန်လွတ်က-ကုန်းပေါ်ကနေလှမ်းအော်တော့ ကျော်ထင်ဦးက ကျုပ်တို့ အလုပ်ကျုပ်တို့ လုပ်တာ-ခင်ဗျားနဲ့ မဆိုင်ဘူး မအေ(-ိုကြီးဆိုပြီးလှမ်းဆဲလိုက်ပါတယ်။ကျနော်ကတော့သူမူမူးနဲ့ ကျနော့်ကိုရမ်းကားရိုက်နှက်တဲ့အတွက်ကော၊မဟာမိတ်အ၇ာရှိလူကြီးတယောက်ကိုဆဲလိုက်တဲ့အတွက်(၂)ခုပေါင်းပြီး ခံပြင်းသွားပါတယ်။ဒါပေမယ့်ကျနော်ဘာမှမတတ်နိုင်ပါ။ (မနှင်းမေဟာ-၁၉၈၉-KIA မိုးညှင်းရဲစခမ်းဝင်
တိုက်တုန်းကစုဆောင်းရေးဖမ်းခေါ်လာတဲ့ကျောင်းဆရာမဖြစ်ပြီး-KIAတပ်ခွဲမှူးဗိုလ်ကြီးနဲ့ အိမ်ထောင်ကျပြီး-ကျနော်တို့ ကျောင်းသားတွေနဲ့ မောင်နှမလိုခင်မင်သူလည်းဖြစ်ပြီး လက်ဘက်ရည်ဆိုင်လေးဖွင့်ထားပါတယ်။
KIAမှာအနေကြာသွားတော့-တပ်ခွဲမှူး-ဗိုလ်ကြီးစွန်လွတ်နဲ့ အိမ်ထောင်ကျခဲ့ပြီး-ဗိုလ်ကြီးစွန်လွတ်ကို-ကျနော်တို့ 
ကျောင်းသားရဲဘော်တွေက-နောက်ကွယ်မှာဗိုလ်ကြီးလေတံခွန်လို့ -နံမည်ပြောင်ပေးထားပြီး-သူတို့ KIAလူကြီးတွေကတော့ ကျနော်တို့ ကို ဂျောင်မာနီလို့ ခေါ်ကြပြီး-ဘယ်လောက်ငယ်ငယ် ကျနော် ခင်ဗျားပြောကြတာလည်း ချစ်စရာဓလေ့ဖြစ်ပါတယ်။အခုလိုကျော်ထင်ဦးဆဲလိုက်တဲ့အပေါ် ကျနော်တကယ်အားနာစိတ်မကောင်းဖြစ်မိပါတယ်၊ကျောင်းသားတွေရိုင်းတယ်လို့  သိမ်းကြုံးထင်လိုက်မှာကိုပါ။
ပြီးတော့ဗမာဆိုတာကြီးလည်း ရှိနေတယ်လေ။
ကျော်ထင်ဦး ထင်းကျောင်းနဲ့ ရိုက်လိုက် NIBဆိုတာကြီးကိုရွတ်ဖတ်ဆဲဆိုလိုက်နဲ့ လမ်းတလျှောက်ဆွဲခေါ်လာ၇ာကျနော်တို့ -ဂိတ်တဲနားလမ်းမှာကြိုးတချောင်းကောက်လိုက်ပြီးလက်ကိုချည်လိုက်ပါတယ်။ဂိတ်တဲကိုအရောက်မှာမီးဖိုက
ထင်းမိးစကိုကောက်လိုက်ပြီး ကျနော့်မျက်နှာကိုမိးစနဲ့ ထိုးပါတော့တယ်။ကျနော်ပူကနဲဖြစ်သွားပြီး နောက်ပိုင်း
မျက်နှာထိုးတာတွေကိုတော့ ကျနော်မျက်နှာလွဲေ၇ှာင်တော့ ခန်ဓါကိုယ်ကိုရိုက်ပါတော့တယ်။ရိုက်လိုက်ဆဲဆိုလိုက် နဲ့ ကျနော်တို့ စခန်းလမ်းမကြီးကုန်းလမ်း စခန်းမှူးကုန်း
ပေါ့်အရောက်မှာ-စခန်းမှူးမင်ဂျပ်တူအောင်ရဲစိုး (မိုးညှင်း)က ကျော်ထင်ဦး ဘာဖြစ်နေတာလည်းပွက်လောရိုက်နေတာပဲလို့ လှမ်းငေါက်လိုက်ပါတယ်။မင်ဂျပ်တူ NIBဖမ်းလာတာပါဟုလှမ်း
ပြောတော့-မင်းရုံးကျမှာအလုပ်နဲ့ တူအောင်လုပ်-ဗယုတ်သုတ်ခနဲ့ နားကိုညည်းနေတာပဲဟု အော်လိုက်ပါတယ်။
IO၇ုံ့ွးှအေ၇ာက်မှာတော-ကျနော့်ကိုသားရေနံပါတ်ဒုတ်နဲ့ ဇက်တိုက်ရိုက်ပါတော့တယ်။မင်းဝန်ခံမလားမေးတော့
ဘာကိုဝန်ခံ၇မလဲ၊ကျနော်ပြောလိုက်တော့စင်ပေါ့်တင်ထားတဲ့မင်အိုး(၂)အိုးနဲ့ ကျနော့်ခေါင်းကိုရိုက်ခွဲအလိုက်မှာ
မင်တွေကော သွေးတွေပါကျနော့်ခန်ဓါကိုယ်တခုလုံ့းရွဲစိုသွားပါတော့တယ်၊မင်းဝန်ခံမလား?မခံဘူးလားမေးပြီး
ကျနော်အံကြိတ်ပြီးနာကျင်မှုကိုခံနေတုန်းမှာ ကျနော်လက်ကိုဆွဲဆောင့်ပြီး ရုံးအပြင်ဆွဲထုတ်ပြီး M20နဲ့ နားထင်ကိုတေ့ပြီး မောင်းတင်သံကိုကျနော်ကြားသိလိုက်တော့ ကျနော်ကတော့သွားပြီလို့ မျက်စိအမှိတ်မှာ ဟိတ်ကောင်ကျော်ထင်ဦး
ဘာလုပ်တာလဲ ဆိုတဲ့အော်သံနှင့်အတူဖြောင်းကနဲသူ့ လက်ကို CSကိုသံချောင်းကလက်နဲ့ ရိုက်အချမှာသေနတ်လွှတ်ကျသွားပါတယ်။မင်းကိုဘယ်သူဒီလောက်လုပ်ခိုင်းလို့ လဲအော်ငေါက်တော့ သူက
ကျနော်တို့ ကCSတို့ အတွင်းေ၇းမှူးတို့ ခိုင်းတာလုပ်၇တာဟုပြောပြီး အော်ဟစ်ငိုယိုထွက်ပြေးသွားပါတယ်(ကျနော်တို့ မြန်မာ့ နိုင်ငံရေး၊တော်လှန်ရေးမှာ-စစ်ထောက်လှမ်းရေးသြဇာကြီးခဲ့သလို )မြောက်ပိုင်းလိုင်စင်မှာIO-IOနဲ့ ကျော်ထင်ဦးတို့ ထောင်လွားနေချိန်မှာ -စစ်ထောက်လှမ်းရေးစွတ်စွဲဖမ်းပွဲကြီးမှာ ဘယ်သူမှပြန်မခုခံပဲငြိမ်ခံနေရ
ချိန်မှာကျနော်ကျော်ထင်ဦးကိုပြန်ထိုးခဲ့တဲ့အတွက် သူဟာကျနောကိုဂွင်ကြုံနေချိန်မှာအပြတ်၇ှင်းဘို့ လုပ်ခဲ့တာပါ။ကျနော်ကံကောင်းလို့ မသေခဲ့ပါ။
အဲ့ဒါညနေစောင်း(၅)နာရီကျော်နေပါပြိ။ကိုသန်းဇော်ထွက်လာပြီး ကျနော်လည်းမသိလိုက်ပါဟုပြောင်ကြီးလိမ်ပြောပါတော့တယ်။SIOရုံးတာဝန်ခံသူ- ကျော်ထင်ဦးလုပ်သမျှထိုင်
ကြည့်နေပြီးမသိဘူးလို့ ဝင်ပြောပါတယ်။နောက်ကိုသန်းဇော်နဲ့ IO တပ်ဖွဲ့ ဝင်တွေကျနော်ကိုအကျဉ်းသားထောင်ကုန်းကို လက်မလက်ထိပ်နဲ့ ဆွဲခေါ်လာကြပါတယ်။ထောင်ဝရှေ့ေ၇ာက်တော့ လုံခြုံေ၇းတပ်စိတ်ကဆီးကြိုနေပေမယ့် ကျနော့်ကိစ်မပြီးသေးလို့ ဘာမှမလုပ်သေးပါဘူး။မငယ်က
တောင်ဘယ်သူလဲမသိဘူးလို့ မေးပါတယ်၊ကျနော်မျက်နှာမှာ မင်တွေ သွေးတွေနရွဲရွဲဆိုနေပြီး မျက်နှာတွေက
ဖူးေ၇ာင်နေတာလေ ပုံမှန်ဆိုကျနော့်ရုပ်ကိုမမှတ်မိစရာမရှိပါဘူး။မငယ်ဟာ၁၉၉၁-စက်တင်ဘာလလောက်တည်းက-ကိုမျိုးဝင်း၊ကိသံချောင်းတို့ ၇ဲ့ SIO တပ်ဖွဲ့ ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့၇ပြီး စစ်ထောက်လှမ်းေ၇း အမျိုးသမီး ဗိုလ်တဲ့ဗျာ။မြောက်ပိုင်းလိုင်စင် အကျဉ်းသားတွေအတွက်ထမင်းးချက်စားဖိုမှူး
ပါ။န၀တထောက်လှမ်းရေးဗိုလ်အဆင့်လောက်တော့ မြောက်ပိုင်းလိုင်စင်မှာ စားဖိုမှူးအဆင့်ပဲရှိပါတယ်။သူတို့ 
ဘာသာစွတ်စွဲသတ်မှတ်ထားတာပါ။ထမင်းကျွေးဘို့ လုပ်တော့ မငယ်က ဟဲ့ထမင်းစားနိုင်မယ်မထင်ဘူး၊နခမ်းက
စုတ်ပြဲနေတာပဲဆိုပြိး ဆံပြုတ်ကြိုကြပါတယ်။ဆံပြုတ်လည်းမသောက်နိုင်ပါဘူး၊ရေပဲသောက်လိုက်ရပါတယ်။နေ့ 
စဉ်ရေခဲနေတဲ့အရပ်မှာရေသောက်လိုက်ရတာ ကျနော်ဘယ်လောက်ဒဏ်ရာတွေ ၇လိုက်လဲတွေးကြည့်လိုက်ပါ
ကျနော့်ရင်တခုလုံးပူလောင်နေပြီး စပ်ဖျင်းဖျင်းပဲဖြစ်နေပါတယ်။
ကျနော့်တပတ်လောက်ဆံပြုတ်သောက်လိုက်ရပြီးအနာတွေသက်သာလာလို ထမင်းတပတ်လောက်စားပြီးချိန်မှာ နောက်တကြိမ်အတွက်လာခေါ်ပါတယ်။မနက်(၈)နာရီလောက်မှာကိုသန်းဇော်ဦးဆောင်ပြီးလာခေါ်တာပါ၊လက်မလက်ထိပ်နောက်ပြန်ခတ်လို့ ပေါ့။ဒီတခါတော့IOရုံးထဲတန်းခေါ်သွားပါတယ်။ကျနော်ကိုဝန်ခံမလား မေးပြီး ငြင်းလိုက်တော့ စစ်ရးရဲ့ုံအ၇င် ဦးလေးစိန်ကိုထားခဲ့တဲ့အခန်းထဲမှာ ထည့်ထားပြီး မင်းစဉ်းစားထားပြန်လာခဲ့မယ်လို့ ပြောပြီးတံခါးပိတ်ထွက်သွားကြပါတယ်။(၁၅)မိနစ်လောက်ကြာတော့ပြန်ဝင်လာကြပါတယ်။မောင်ထွေး၊ဖိုး
နှောင်း၊သက်လင်း၊မောင်ငယ် ၁၅-၁၆-၁၇ ချာတိတ်လေးတွေပါ။ကျနော့်ရဲ့ ခြေရင်းမှာတော့ခေါင်းမိုး မိုးတဲ့
ကြသောင်းဝါးချောင်းပိုင်းလေးတွေ အချောင်း(၂၀လောက်)ပုံထားပါတယ်။ကျနော်ကိုဝန်ခံမလား-ခင်ဗျားထောက်လှမ်းေ၇း ဆိုတာ ကျနော်တို့ အထောက်အထားရထားတယ်နော်-၀န်ခံလိုက်ပါ၊ အသားအနာခံ
မနေနဲ့ လို့ ပြောပါတယ်၊ငါကဘာကိုဝန်ခံ၇မလဲ?ဟုတ်မှမဟုတ်ပဲပြောတော့ ၀ါးချောင်းတွေနဲ့ ၎-၅-၁၀ ချက်ဆက်တိုက်ရိုက်ပါတယ်။ရိုက်လိုက် မေးလိုက် ခြေ၂ချောင်းပေါ်ကိုလှိမ့်လိုက်လုပ်လိုက်တာ ကျနော့်ခြေရင်းမှာတော့ဝါးချောင်းလေးတွေဟာ နာနတ်သီးသည်တွေယင်လှန့် တဲ့ယပ်ချောင်းလေးတွေလိုဖွါထွက်နေပါတယ်။ခင်ဗျားဝန်ခံမလား
ထပ်မေးပါတယ်၊ ကျနော်ကဘာကိုဝန်ခံ၇မလဲထပ်ပြောတော့ အံ့သြတယ်ဗျာ -ခင်ဗျားတို့ န၀တထောက်လှမ်းရေး
တွေအတော်ခံနိုင်ကြတယ်၊ခင်ဗျားတို့ ဗိုလ်ချုပ်တွေအပေါ်အတော်သစ်စာကြီးတယ်လို့ ပြောပါတယ်။ဗညှားနဲ့ 
အောင်စိုးမြင့်တို့ (၂)ယောက်ကတော့ -ကိုဖိုးကျော်-အနာခံမနေနဲ့ နောက်လည်းဝန်ခံရမှာ မြန်မြန်ဝန်ခံလိုက်၇င်
သက်သာတာပဲလို့  လာပြောပါတယ်။တော်လှန်ရေးအတွက်၊နိုင်ငံနှင့်လူမျိုးအတွက်ပေးဆပ်မယ်ဆိုပြီး -ရန်ကုန်ကနေမြန်မာပြည်မြောက်ပိုင်းစွန်းစွန်းတ၇ုတ်ပြည်နယ်စပ်ကိုရောက်လာခဲ့တဲ့ကျောင်းသားတယောက်က
နေစစ်ထောက်လှမ်းရေးပါလို့ ဝန်ခံရမှာကို ဘယ်လိုနားလည်သလဲဆိုတာကတော့-ဒီကောင်တွေသေသေချာချာနားမလည်ဘူးလို့ ထင်ပါတယ်။
ကျနော်ကစစ်ထောက်လှမ်းေ၇းပါလို့ ဝန်မခံတဲ့အခါ-SIO-ရုံ့းအုပ်ကြီး ကိုသန်းဇော်ဟာရှူးရှူးရှဲရှဲ
ဒေါသထွက်နေပြီး မင်းနဲ့ ငါတွေ့ ကြတာပေါ့ လို့  ဒေါနဲ့ မောနဲ့ ပြောပြီး ကျနော့်ကိုစစ်ရုံးထဲကနေ ခပ်ကြမ်းကြမ်း
ပဲဆွဲခေါ်ပြီး IO၇ုံ့းရှေ့ မြေကွက်လပ်၇ှိ လက်ဝါးကပ်တိုင်မှာ လက်၂ဖက်ကိုနိုင်လွန်ကြိုးနဲ့ ချည်လိုက်ပါတယ်။မနက်
(၁၁)နာရီလောက်မှာပေါ့။နေကတော့ကောင်းကောင်းကြီးကိုပူနေပါပြီ ၊နေလှန်းတာပါ-နေကိုတောင်မော့ကြည့်
ခိုင်းလိုက်သေးတယ်။ကျနော်ပထမတော့မော့ကြည့်နေပါတယ်၊နာရီဝက်ကျော်တော့ကျနော်မျက်စိတွေပူကြိမ်း
လာတာနဲ့ ရှေ့ ကိုပဲကြည့်နေပါတော့တယ်။ကိုသန်းဇော်ေ၇ာက်လာပြီးသားးရေဒုတ်နဲ့ ရိုက်ပြီးပြန်ကြည့်ခိုင်းပါတယ်။ကျနော်လဲသူရျိတုန်းကြည့်လိုက် မရှိ၇င်မျက်နှာရှေ့ ကြည့်လိုက်နဲ့ နေပေမယ့်
မွန်းတည့်နေေ၇ာင်ပြင်းပြင်းအောက်မှာခေါင်းတွေလည်းမူးနောက်နောက်ဖြစ်လာတဲ့အပြင်-နာရီဝက်-၁နာ၇ီလောက်တခါ ကိုသန်းဇော်ဟာေ၇ာက်ေ၇ာက်လာပြီး ၀န်ခံမလားမေးလိုက် သားေ၇ဒုတ်နဲ့ ရိုက်လိုက်လုပ်နေရာကနေ ကျနော့်ကိုနေပူထဲမှာပဲ ပစ်ထားလိုက်ပါတယ်။(ညနေ၅နာရီခွဲလေလာက်မှာကျနော့်ကိုလက်ကြိုးလာဖြေချိန်မှာ ကျနော်ဟာပါးစပ်က
အမြှုပ်တွေထွက်လာပြီးပျော့ခွေသွားတာကို သတိမလစ်တလစ်နဲ့ သိလိုက်ပါတယ်။ (ကျနော်ခန်ဓါကိုယ်ဟာနေေ၇ာင်ပြင်းပြင်းအောက်မှာလက်ကြိုးတုပ်လျက်(၆)နာရီကြာလောက်နေလိုက်ရတဲအတွက်သွေးကောင်းကောင်းမလျှောက်တော့ပါဘူး၊ကျနော်ခန်ဒါကိုယ်ကို-ကိုသန်းဇော်နဲ့ ကျော်ထင်ဦးတို့ (၂)ယောက်ချိုးင်းကနေဆွဲခေါ်လာပြီးIOရုံးမီးဖိုမှာမိးလှုံခိုင်းထားပြီး-ကျနော်တို့ တပ်ဆေးခန်း-ဆရာမသိမ့်ဆွေရောက်လာပြီးတော့စမ်းသပ်ပြီးဆေးတလုံးထိုးပေးသွားပါတယ်။အဲ့ဒါမြောက်ပိုင်းSIO၇ြဲ နှိပ်စက်မုမာ ယေရှုခရစ်နဲ့ တွေ ဆုံခြင်းလို့ ခေါ်ပါတယ်။ှ့ကျနော်ကိုမီးလှုံခိုင်းပြီး၁၅မိနစ်လောက်နေတော့-ကိုသန်းဇော်ကရပြီလားဝန်ခံမလားမေးတော့ ကျနော်ကဘာကိုဝန်ခရံမလဲဟုတ်မျမဟုတ်ပဲဖြေလိုက်တော့
ကိုသန်းဇော်ဟာဒေါကန်သွားပြီး တယ်လီိဖုံးတလုံ့းကို ဆွဲထုတ်လိုက်ပြီး မင်းနဲ့ ငါတွေ့ ကြတာပေါ့၊ဘယ်လောက်ခံနိုင်မလဲပြောပီး ၀ိုင်ယာကြိုးဖို-မ(၂)စကိုပါးစပ်ထဲထည့်ပြီး သွားနဲ့ ကိုက်ခိုင်းပါတယ်။
ကျော်ထင်ဦးကလက်လှည့်တံကိုဆွဲလှည့်လိုက်ပါတယ်၊ကျနော်ခေါင်းဟာခါထွက်သွားပြီး-သွားတွေလည်းကျင်တက်လာလို့ ကျနော်ဟာဆွဲထုတ်လိုက်ပါတယ်၊ကိုသန်းဇော်က၇ာဘာဒုတ်နဲ့ ခေါင်းကို
ဘယ်နှစ်ချက်မှန်းမသိ၇ိုက်ချလိုက်ပါတယ်။ဝန်ခံမလား-မေးပြီး-၀န်မခံတော့-ကျနော့်ကိုထပ်ကိုက်ခိုင်းပါတယ်။
ဒုတိယအကြိမ်မှာတော့-ကျော်ထင်ဦးကပိုပီးပြင်းပြင်းထပ်လှည့်လိုက်ပါတယ်၊ကျနော်လည်း-ခေါင်းကပိုခါထွက်သွားပြီး သွာေးတွပိုကျင်တက်လာတာ ခေါင်းထဲမှာတောင်ဆူးကနဲခံစားလိုက်ရပြီး-ဆွဲထုတ်လိုက်တော့-၀န်ခံမှာလား-၀န်မခံ၇င်-မင်းတခါဆွဲထုတ်၇င်-ပါးစပ်ကိုပလာစတာ ကပ်ထားမယ် လို့ ပြောပြီး ကျော်ထင်ဦးကလည်း အား၇ပါး၇ဆွဲလှည့်လိုက်ပါတယ် ၊ကျနော်လည်းအမြန်ဆွဲထုတ်လိုက်ပြီး
အံကြိတ်ပြီး ခ့စား၇တာတွေကိုဖြေသိမ့်ခံစားပြိး-ကျနော်ပြောမယ်-ခဏလောက်စဉ်းစားလိုက်ဦိးမယ်ဆိုပြီး
စစ်ထောက်မှမ်းရေးလုပ်ကြံဇာတ်လမ်းကို-စဉ်းစားရပါတော့တယ်။ကျနော်ရှေ့ မှာ-၀န်မခံမခြင်း အသက်သေသွားတဲ့သူတွေ၊လက်ဖြတ်ခံလိုက်၇တဲ့သူတွေကရှိနေတယ်လေ-ကိုချိုကြီး-ကိုကျော်ဝေတို့ လက်ဖြတ်ခံလိုက်၇တာတွေ၊လေးစိန်၊ကိုပြည့်တို့ သေသွားတာတွေက၇ှိနေတယ်လေ။ဘယ်လိုပြောရ်ငကောင်း
မလဲ-ရာထူးကြီးကြီးတွေ-မပြောဘို့ နဲ့ ဟုတ်ပါတယ်လို့ ပြောဖြစ်ကိုသာအဓိကထားပြီး-ကျနော့်အရင်ထောက်လှမ်းရေး-တပ်ကြပ်ကြီးပါလို့  ၀န်ခံသဘောတူထားရတဲ့ ဘိုဘို(ခ)မိုးကျော်သူရဲ့လက်အောက်ကစစ်ထောက်လှမ်းေ၇းတပ်ဖွဲ့ ဝင်ရဲဘော်ဖြစ်ကြောင်းပြောလိုက်ပါတယ်။
ဟုတ်ကဲ့-ကနော်-ကျနော်နဲ့ အပါတ်စဉ်(၅)တပါတ်စဉ်ထဲ-တပ်ကြပ်ကြီးဘိုဘို(ခ)မိုးကျော်သူရဲ့ စစ်ထောက်ရေးရဲ
ဘော်-ဖြစ်ကြောင်း ပြောလိုက်ပါတယ်။SIOရဲ့ ရုံးတာဝန်ခံ-တပ်ကြပ်ကြီး သန်းဇော်(အပါတ်စဉ်၅)ကမှတ်တမ်းယူခဲ့ပါတယ်။ ကိုသန်းဇော်ဟာ-ကျနော်နဲ့ တပါတ်စဉ်ထဲပါ၊အခုသူ့ လုပ်ရပ်ဟာ-တပါတ်စဉ်ထဲရဲဘော်ချင်းကို-ရဲဘော်ရဲဘက်စိတ်ပြခဲ့တာသူတို့ တို့ ကြေနပ်သွားကြပါတယ်။ဒါတောင်လုံးဝလက်ခံတာမဟုတ်ပဲ-မင်းကဘိုဘိုထက် အသက်ကြီးပြီးဘာလို့ သူ့ အောက်ကရဘော်ဖြစ်နေတာလဲ-သိပ်တော့အဓိပ်ပါယ်မရှိဘူးနော်-ပြောလို့ -ဘိုဘိုက-ကျနော်အရင်-လိုင်စင်ကိုရောက်နေတာလေ၊သူနဲ့ ကျနော်ဘယ်သူကစကားပြောတာလည်လည်ဝယ်ဝယ်၇ှိလဲ-စဉ်းစားကြည့်ပေ့။တပ်ထဲမှာဝယ်ပြီးရာထူးကြီးတာတွေအများကြီးပါလို့ -မနဲ-ရဲဘော်နဲ့ ပဲသဘောတူခိုင်းလိုက်ရပါတယ်။လိုင်စင်မှာစစ်ထောက်လှမ်းရေး တပ်ကြပ်ကြီးအဆင့်လောက်ကအနဲဆုံးဖြစ်င်္ပြီး-ဗိုလ်တွေ-ဗိုလ်ကြီးတွေကအတော်ပေးထားကြပြီး-ရာထူးကြီးသွားရင်၊နော်က်ဆက်တွဲ-အဆိပ်တွေ-ဆက်သွယ်ရေးစက်တွေ-လက်နက်တွေ-ထုတ်ခိုင်းရင်း-လက်ဖြတ်ခံရတာတွေ-အသက်ပျောက်သွားတာတွေ ကျနော်မြင်နေရပါတယ်၊သူတို့ လည်းခံသာခံလိုက်၇တယ်
မရှိတဲ့အဆိပ်တွေ-လက်နက်တွေကို-မထုတ်ပေးနိုင်ကြပါဘူး။
၁၉၈၈-ကျောင်းသားလှုပ်ရှားမှုတွေမှာပါဝင်ရင်း-နိုင်ငံနှင့်လူမျိုးအတွက်ပေးဆပ်ကြိုးစားကြမယ်
ဆိုတဲ့အဖြူ-အစိမ်းဝတ်-ရန်ကုန်အကသကျောင်းသားတွေဖြစ်တဲ့-ဘိုဘိုနဲ့ ကျနော်တို့ ဟာ-ABSDF-မြောက်ပိုင်းလိုင်စင်စခမ်းမှာ-စစ်ထောက်လှမ်းရေးတပ်ဖွဲ့ ဝင်တွေဖြစ်ခဲ့၇ပါတယ်။၁၉၈၈မှာ-ဘိုဘိုက-ကိုးတန်းကျောင်းသား(၁၅)နှစ်၊ကျနော်က-၁၀တန်း-(၁၇)နှစ်-ကျနော်ကိုရိုက်တာတွေ-ဖယ်လိုက်ပါဦး ကျနော်မွန်းတည့်နေအောက်မှာ(၆)နာရီကြာနေလှန်းခံရပြီး-လျှပ်စစ်နဲ့ (၃)ကြိမ်လျှော့ရိုက်ခံလိုက်ရတာကိုမမေ့ကြနဲ့ ပေါ့ခင်ဗျာ။-ခင်ဗျားတို့ လည်း-လိုင်စင်မှာ-ကျနော်တို့ လို ကြုံခဲ့၇င်-စစ်ထောက်လှမ်းရေး-မဟုတ်ဘူးလို့ ငြင်းရဲလား?- ခေါင်းတလုံး-အပိုပါဘို့်-အသက်တချောင်းအပိုပါဘို့ တော့-လိုပါတယ်။
ဖိုးကျော်(စမ်းချောင်း)(၁၈-၁၂-၂၀၁၂)
6Unlike · ·
  • You and Kyaw Gyi AB like this.
    Kyaw Winswe ဖေ့စ်ဘွတ်မှကူးယူဖေါ်ပြပါသည်။