Tuesday, October 8, 2013

အကယ်၍

အကယ်၍

October 5, 2013 at 7:07pm
*အကယ်၍ ..

ABSDF - NB မကဒတမြောက်ပိုင်းကျောင်းသားတပ်မတော်မှာ ၁၉၉၁ - ၁၉၉၂ ခုနှစ်ကာလက

ကျောင်းသားအချင်းချင်း ၇က်၇က်စက်စက် စွပ်စွဲသတ်ဖြတ်မှု့တွေ မ၇ှိခဲ့ဘူးဆို၇င်..။


*အကယ်၍ ..

ABSDF မကဒတ ကျောင်းသားတပ်မတော်ဟာ နှစ်ပေါင်းများစွာကြာအောင်

လူမျိုးစုတော်လှန်ေ၇းသမားများနယ်မြေမှာ ခိုကိုးမနေဘဲ

မိမိခြေထောက်ပေါ်မိမိ၇ပ်တည်ပြီး ကိုယ်ပိုင်နယ်မြေလေးတခုထောင်နိုင်တဲ့ အစွမ်းအစလေးများ၇ှိခဲ့၇င် ..။


*အကယ်၍ ..

လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက ကျောင်းသားသတ်ဖြတ်မှု့သမိုင်းကို

ယနေ့အချိန်မှာ မတ၇ားစွပ်စွဲသတ်ဖြတ်ခဲ့တာ မှားခဲ့ပါကြောင်း သိက္ခာ၇ှိ၇ှိ တ၇ားဝင် ပြောကြားခဲ့ပါလျှင် ..။


*အကယ်၍ ..

မြန်မာနိုင်ငံတွင်း ပြန်လည်ဝင်ေ၇ာက်လာစဉ်က သွေးစည်းပြီ သီချင်းနဲ့

ခေတ်အဆက်ဆက် ကျဆုံးခဲ့သူများ၇ဲ့ အသက်သွေးကို အဖျော်ယမကာလို

သောက်သုံးပျော်ပါးပြီး ဦးအောင်မင်းနှင့်လက်ခြင်းချိတ် အောင်ပွဲခံခြင်းမ၇ှိခဲ့ဘူးဆိုလျှင် ..။



ဦးအောင်မင်းနှင့် မကဒတ ဥက္ကဌသံခဲ ။


*အကယ်၍ ..

စစ်ယူနီဖောင်းချွတ် များပေးကမ်းတဲ့ ကားပါမစ်တွေကို ကျနော်တို့လက်မခံနိုင်ပါဘူး ..

ကျနော်တို့တိုင်းပြည်နဲ့လူမျိုးအတွက်မိမိကိုယ်ကျိုးစွန့်ပြီးလုပ်ကြသူတွေပါ ..

ဆင်း၇ဲသော အခြေခံကြသောပြည်သူများနဲ့တတန်းစားထဲ ၇ှင်သန်၇ပ်တည်လျှက်ပါ ..

ခွပ်ဒေါင်းအောင်လံလွှင့်ပြီး အောင်မြင်မှု့နဲ့ မပြန်လာနိုင်သေးပေမဲ့

တော်လှန်ေ၇းကြီးမပြီးဆုံးသေးတဲ့အတွက် အခွင့်ထူး မခံစားလိုပါဘူး လို့

လက်မထောင် ၇င်ကော့ပြီးများဖြေဆို ငြင်းဆန်ခဲ့၇င် ..။



*အကယ်၍ ..

ABSDF အဖွဲ့မှ NGO ပိုက်ဆံငွေကြေးယူပြီး မြန်မာနိုင်ငံအတွင်း

ရုံးများဖွင့်လှစ်ပြီး အကြောင်းပြ ဂွင်၇ှာဖို့အစီအစဉ်တွေ စည်းဝေးတိုင်ပင် ညှိနှိုင်းမှု့မျိုးများ

မပြုလုပ်ခဲ့ဘူးဆိုပါလျှင် ..။

*အကယ်၍ ..

*အကယ်၍ ..

*အကယ်၍ .. စသဖြင့်ပေါ့ဗျာ ..

ဒါမျိုးတွေ မင်းတို့မလုပ်ခဲ့ကြဘူး .. မဖြစ်ခဲ့ကြဘူး .. ဆို၇င်

မကဒတကျောင်းသားတပ်မတော်ကြီးေ၇ ..

မင်းတို့သမိုင်းကြောင်း ခုလို သမိုင်းဆိုး သမိုင်းယုတ်နဲ့

အပုပ်နံ့တထောင်းထောင်းနဲ့မြောင်းပုပ်ထဲေ၇ာက်မှာမဟုတ်ဘူး...။

မင်းတို့သမိုင်းကြောင်း ခုလို သမိုင်းဆိုး သမိုင်းယုတ်နဲ့

အပုပ်နံ့တထောင်းထောင်းနဲ့မြောင်းပုပ်ထဲေ၇ာက်မှာမဟုတ်ဘူးကွ။


အခုတော့ အခုတော့ ..

တောတွင်းမှာလည်း နှစ်ပေါင်း များစွာ လူမျိုးစု နယ်မြေကိုအားကိုး ၇ပ်တည် ..

မြို့တွင်းဝင်ပြန်တော့ NGO ငွေနဲ့၇ပ်တည်လိုသူများဖြစ်ပြန် ..

NGO ၇ဲ့ နောက်ကွယ်အဓိက ဒေါက်တာနိုင်အောင်၇ဲ့လောင်း၇ိပ်အောက်က ခုထိ

မ၇ုန်းထွက်ဘဲ ကိုယ်ကျိုးကြည့်နေကြသူများ ..

တိုင်းပြည်နဲ့ပြည်သူအတွက်လို့ ပါးစပ်က တကြော်ကြော်အော်ဟစ်ပြီး

အပြောနဲ့အလုပ်နဲ့လက်တွေ့မှာတခြားဆီ ..

လက်တွေ့မှာတော့ တိုင်းပြည်ကိုမကယ်တင်နိုင်ဘဲ သူတောင်းစားသာသာ ကမ္ဘာလှည့် ငွေကောက်ခံ ..

အကြောင်းကတော့ ..

ကျောင်းသားတပ်မတော်ကြီးကို၇ပ်တည်ဖို့..တဲ့ ။

ခုပြည်တွင်းဝင်တော့ ကားပါမစ်တွေယူ .. NGO ငွေ နဲ့ ကြီးပွားဖို့ကြံ ..

ဒါလားဟဲ့ အဘတို့ ..

ဒီလိုစိတ်ဓါတ်မျိုးတွေနဲ့ တော်လှန်ေ၇းလုပ်လို့ မအောင်မြင်တာ ..

ပေးဆပ်ခဲ့ကြတဲ့ အသက်သွေးတွေကို ၇င်တွင်းမပါ စကားဗလာ ..

စကားတတ်တိုင်း စကားကြီးကြီးပြော..

စာတတ်တိုင်း စာလုံးကြီးကြီးေ၇း ..။

မြောက်ပိုင်းကိစ္စ အမှန်အတိုင်း တိတိကျကျအထောက်အထားများနဲ့ မချပြ မဖြေ၇ှင်းနိုင်သ၍

ဒီအ၇ိပ်ဆိုးကြီးက မင်းတို့နောက် ထပ်ချပ်မခွာလိုက်မြဲဖြစ်မယ် ။

အစိုး၇နဲ့ပေါင်း NGO ငွေတောင်း အကြံအဖန်ကောင်းလို့ အိပ်ကပ်မှာငွေဖောင်းနေ၇င်တောင်

မင်းတို့သမိုင်း၇ိုင်းခြင်းမက ၇ိုင်းပြီသာမှတ် ။

ပြည်သူ့မေတ္တာစူးလိမ့်မယ် ..

အာဏာ၇ှင် အစိုး၇နဲ့ မင်းတို့ အတူတူ တပြေးထဲသတ်မှတ်ခံကြ၇တော့မယ် ။

ငွေမ၇ှိတဲ့ မြောက်ပိုင်းကျောင်းသားတစုကို တဘက်လှည့်နဲ့ NGO ထဲသိမ်းသွင်းဖို့

ကြိုးစားနေ၇င်ဖြင့် ၇ပ်တန်းက၇ပ်ပါလေ့ .. အဘတို့ေ၇့ ။

မြောက်ပိုင်းပြန်တွေကေ၇ွှ ငွေ မပြောင်ပေမဲ့ .. သမိုင်း အေ၇ာင်ပြောင်လက်နေတယ် ။

လူသတ်သမားတွေနဲ့ လူသတ်သမားဘက်တော်သားတွေရဲ့သမိုင်းက

သွေးညှီနံ့တွေ ဖုံးလွမ်းနေပြီး အေ၇ာင်ညစ်ထပ်နေပေမဲ့ ..

မြောက်ပိုင်းပြန်တွေရဲ့ သမိုင်းအစစ်အမှန်က မွှေးပြန့်ပြီး သမိုင်းစစ်၇ဲ့အေ၇ာင်တောက်ပြောင်နေတယ် ။

လူသတ်သမားတွေနဲ့ လူသတ်သမားဘက်တော်သားတွေ မှာ

တော်လှန်ေ၇းဂုဏ်သိက္ခာ မ၇ှိဘူး.. သမိုင်းကြောင်း မဲ့တယ် ။

မြောက်ပိုင်းပြန်တွေက တော်လှန်ေ၇းဂုဏ်သိက္ခာ၇ှိတယ် .. သမိုင်းကြောင်း ကောင်းတယ်။

မင်းတို့တွေ ကိုယ်ပိုင်အ၇ည်အချင်းနဲ့ ကိုယ်ပိုင်အလုပ်ကလေး ၇ိုးသားစွာလုပ်စားကြပါကွာ ။

သူများလှူဒါန်းငွေတွေနဲ့ မထင်ပေါ် မကြော်ကြားခြင်ကြပါနဲ့ ..။


အောင်သူ ( ဘန်ကောက်)
  • D Day Ang စောင့်မျှော်ရင်းနဲ့ဘဲ ကျနော်တို့တွေ အသက်တမ်းတွေ ကုန်တော့မယ် !
  • Myat Thu အကယ်၍ အရှေ့ က လည်ထွန်သွာွးိာံးမေ့ ခေါင်းဆောင်တွေလို့ နောက်ခေါင်းဆောင်တွေက ဆက်လုပ်နေမယ်ဆိုရင် တောတွင်းက ရဲဘော်တွေဘ၀ က ကျန်ုပ်တို့ ခံခဲ့ရသလို ဆက်ဖြစ်နေအုန်းမှာမလွဲပေါ့ဗျာ........အောက်ခြေရဲဘော်တွေလိုချင်တဲ့ ခေါင်းဆောင်ကောင်း ဆိုတာ ရိုးသားမှုနဲ့ ကို့ ရဲဘော်မျက်နှာကို အမြဲ ထောက်ညှာငဲ့တွက်ကိုယ်ချင်းစာတတ်တဲ့ သူပါဘဲ....ကရင်အနှစ် ၆၀ ကျော် ရန်သူနဲ့ ညှီနိုင်းဆွေးနွေးတာ ဘယ်နှစ်ခါ ဒါမျြိး ပုံလုပ်ပြဘူးလို့ လား ဒါေုကာင့် ခံယူချက် ယုံကည်ချက် တွေနဲ့ ဘ၀တွေကိုရင်း အောင်မြင်မှုမရသေးတဲ့ ကာလ စစ်အာဏာရှင်စနစ်ကို တိုက်နေတဲ့ ကိုယ်အောက်ခြေရဲဘော်တွေကို ခေါင်းဆောင်နေတဲ့ သူတွေမှာအထူးသတိထားဖို့  ယနေ့  တောတွင်းတိုက်ပွဲဝင်နေသော ABSDF ခေါင်းဆောင်အများ သတိရှိဘို့  အမျာုးကီးလိုအပ်ပါတယ်........နောက်ဆက်တွဲမှာချင်တာက လည်း ရဲဘော်တွေမှာလဲ မကောင်းသောခေါင်းဆောင်ကို .....ညီလာခံခေါ်ယူ ပြီးမဲခွဲ ပြီး တာဝန်မှ ထုတ်ပါယ်ပစ်ဖို့  တာဝန်ရှိ ပါတယ်။
  • Paw Lwin မကောင်းသောခေါင်းဆောင်ကို ညီလာခံခေါ်ယူ မဲခွဲပြီး တာဝန်မှထုတ်ပယ်ပစ်ဖို့
  • Maung Lwin If "Our Students and People did not go to "Underground"!!!!!!!!
  • Marlu San ငြိမ်းချမ်းရေးယူတာ၊ ပြည်တွင်း ပြန်ဝင်တာ ဘာမှ မပြောလိုပါဘူး။ ဒါပေမယ့် တခြားနည်းလမ်းနဲ့ ရပ်တည်ရင်၊ လိုအပ်ငွေ ရှာရင် ပို သင့်တော်မယ် ထင်တယ်။ လှုဒါန်းငွေ၊ အကူအညီတွေနဲ့ အပိုင်ချည် ခံရတာမျိုး မဖြစ်စေချင်ဘူး။ အခုတော့ ကားပါမစ်တွေ ချပေးတယ် ဆိုတာ ကြားရတာ နားဝ မချမ်းသာဘူး။ အနှစ် ၂၅ နှစ် ပေးဆပ်ခဲ့ကြတာ၊ မျှော်လင့် တကြီး အားပေးခဲ့၊ အထင်ကြီးခဲ့မိတာတွေ .... တော်ပါပြီ။ တွေးလိုက်မိရင် စိတ်ထဲ မကောင်းဘူး။ (ကိုယ့်အား ကိုယ်ကိုး၊ ကိုယ့်ခြေပေါ် ကိုယ်ရပ်တည်ဆဲ အေဘီတွေနဲ့ အခြားတော်လှန် လှုပ်ရှားခဲ့၊ လှုပ်ရှားဆဲ သူများကို လေးစားလျက်ပါ။)
     
    Aung Thu ဖေ့စ်ဘွတ်မှကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment