Tuesday, October 8, 2013

မြောက်ပိုင်းကျောင်းသားသတ်ဖြတ်မှု့

မြောက်ပိုင်းကျောင်းသားသတ်ဖြတ်မှု့

August 11, 2013 at 11:58am
စစ်တပ်ကသတ်လို့သေတာနဲ့ကျောင်းသားအချင်းချင်းသတ်လို့သေကြရတာ
သေကြတာချင်းတူပေမဲ့ဖြစ်စဉ်ကွဲတယ်။

KIA SSA KNU စတဲ့တော်လှန်ေ၇းအဖွဲ့တွေနဲ့စစ်တပ်က လူ့အခွင့်အေ၇းအတွက်လို့
အဲ့ဒီအချိန်ပိုင်းကတခွန်းမပြောကြဘူးဗျ။အဲ့ဒီအဖွဲ့တွေလည်းသတ်တယ် လူတွေဖမ်းပြီး
အင်အားစုဆောင်းေ၇းတွေလုပ်တယ်။စစ်သင်တန်းတက်ခိုင်း ရဲဘော်လုပ်ခိုင်းတယ်။

*မြောက်ပိုင်းကျောင်းသားတပ်ကလူ့အခွင့်အေ၇းအော်ဟစ်ပြီးအချင်းချင်းအငြိုးနဲ့
၇က်၇က်စက်စက်သတ်တာ။

*မြောက်ပိုင်းကျောင်းသားတပ်ကလူ့အခွင့်အေ၇းအော်ဟစ်ပြီး ၁၉၉၂ ခုနှစ်မှာ
၇ွာနီးစပ်ကပြည်သူတွေကိုဖမ်း စစ်သင်တန်းပေးပြီး ၇ဲဘော်လုပ်ခိုင်းတယ်။

*မဝင်းမော်ဦးတို့ကျဆုံးတာကသူ၇ဲကောင်းတဦးအနေနဲ့ပါ။

*မြောက်ပိုင်းကျောင်းသားတွေကကျောင်းသားခေါင်းဆောင်တစု၇ဲ့သမိုင်းဖျက်၊
လက်ဖြတ်ခြေဖြတ်ပြီးအသတ်ခံ၇တာ။

** မခင်ချိုဦးဆိုမသတ်ခင်တုံးလုံးချွတ်ခံ၇ပြိးမှအသတ်ခံ၇တာ။**

*ခေတ်အဆက်ဆက်မှာသေတဲ့ကျောင်းသားတွေနဲ့မြောက်ပိုင်းမှာအချင်းချင်းအ
သတ်ခံ၇ပြီးသေတဲ့ကျောင်းသားတွေအဖြစ်ကဘာနဲ့မှမတူဘူး။

*ဗကပတောင်သူတို့အမှားဝန်ခံသွားတယ်။

*ဒီမိုကေ၇စီလူ့အခွင့်အေ၇းအော်နေတဲ့ကျောင်းသားတွေ ကိုယ်တိုင်ပါဝင်
သတ်ဖြတ်ခဲ့တဲ့ မြောက်ပိုင်းကခေါင်းဆောင်လှဆိုင်းနဲ့ကျော်ကျော်၊အောင်နိုင်နဲ့ဒေါက်တာနိုင်အောင်တို့ခုထိမှားကြောင်းဝန်မခံဘူး။





ခုထိထောက်လှမ်းေ၇းတွေပါ အထောက်အထားတွေ၇ှိပါတယ်ပြောတုန်း။ဘာကြောင့်ကျောင်းသားအယောက်၁၀၀ကိုဘာအထောက်အထားအတိ
အကျရှိလို့ထောက်လှမ်းေ၇းလို့စွပ်စွဲဖမ်းဆီး၇သလဲဆိုတဲ့အချက်သက်သေ
အထောက်အထားအခိုင်အမာချပြဖို့ကိုခုထက်ထိမချပြနိုင်တာဘာကြောင့်လဲ။

*ဒီလောက်အေ၇းကြိးတဲ့ကိစ္စတွေပျောက်သွားပြီဆိုတာတော့မဖြစ်နိုင်ဘူး။တဦးချင်းဆီ၇ဲ့ကိုယ်ေ၇း၇ာဇဝင်.ထောက်လှမ်းေ၇းကိုယ်ပိုင်အမှတ်။
သင်တန်းအမှတ်စဉ်အခြေခံတော့တင်ပြနိုင်၇မယ်။

*လူ့အခွင့်အေ၇းအတွက်လုပ်တဲ့ကျောင်းသားခေါင်းဆောင်တွေ။
ကိုယ်တိုင်သတ်မှု့ကျူးလွန်ခဲ့သူတွေ သူတို့အမှားကိုပြည်သူအေ၇ှ့မှာတောင်း
ပန်၇ဲတဲ့သတ္တိ၇ှိ၇မယ်။

ဒီမိုကေ၇စီအင်အားစုတွေ ပွင့်လင်းတွေ နှာစေးနေကြတယ်။သမိုင်းအမှန်ကို
မျက်ကွယ်ပြူသူတွေ တနေ့ သမိုင်းကပြန်မျက်ကွယ်ပြုမှာသတိထားကြစေခြင်တယ်။



စစ်တပ်က ၈၈ အေ၇းခင်းကာလမှာ လုံထိမ်းတွေမုဒိန်းကျင့်တာခံခဲ့၇တဲ့
မိန်းခလေးတွေအတွက်ေ၇ာ ပွင့်လင်းတွေဘာပြုလုပ်ပေးမလဲသိခြင်တယ်။

သေသွားတဲ့ကျောင်းသားတွေရဲ့သွေးနဲ့ခြေမဆေးကြပါနဲ့ ။

*တရားစွဲဆိုခြင်းခံထားရသော မကဒတ တပ်ဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များအား
ဥပဒေနှင့်အညီ ပယ်ဖျက်ပေးရေး ဆက်လက်ဆွေးနွေးသွားရန် ။* ဆိုတဲ့အချက်ဟာ



မြောက်ပိုင်းမှာ၇က်စက်စွာခေါင်းဖြတ်အသတ်ခံခဲ့၇တဲ့ ဥက္ကဌထွန်းအောင်ကျော်နဲ့
ညှင်းပန်ဒဏ်နဲ့သေဆုံး၇တဲ့ဦးစိန် တို့၇ဲ့ကျန်၇စ်သူမိသားစုတွေ ၇ဲစခန်းမှာဖွင့်ထားတဲ့
တ၇ားမှု့ကို တိုက်၇ိုက်သက်ေ၇ာက်မှု့၇ှိနေတယ်လို့ ယူဆတယ်။


ဒီလိုဦးအောင်မင်းနဲ့ ABSDF ဥက္ကဌ ၇ဲဘော်သံခဲရွှေလက်တွဲပြီး ယမကာသုံးဆောင်နေနိုင်သလို  မြောက်ပိုင်းကျောင်းသားသမိုင်းအမှန်ပေါ်ပေါက်ေ၇းကိုလည်းဦးအောင်မင်းနဲ့ ABSDF ဥက္ကဌ ၇ဲဘော်သံခဲရွှေလက်တွဲပြီး တ၇ားမျှတစွာဖော်ဆောင်နိုင်ပါမလား ။
ခင်ဗျားနဲ့ေ၇ွှလက်တွဲနေသူတွေလို မဟုတ်မဟတ်လုပ်ဇာတ်တွေခင်းမလား။

* ပြည်သူတွေမအကြတာတော့ သတိထားလုပ်ကိုင်ပါ။
ဒီပုဒ်ထဲကဒီပဲဖြစ် ကုန်မယ်။



ကျောင်းသားပြည်သူအများစု၇ဲ့သွေးတွေကို ခင်ဗျားတို့ပျော်ရွှင်စွာသောက်သုံးနေတဲ့
ယမကာလို မသောက်မိကြပါစေနဲ့။



၇ဲဘော်သံခဲနဲ့အဖွဲ့ကိုပြောခြင်တယ်။ ခင်ဗျားတို့အောင်မြင်မှု့နဲ့ပြည်တော်ပြန်တာမဟုတ်သေးဘူး။အောင်ပွဲဆင်နွဲနေစ၇ာအချိန်မဟုတ်သေးဘူးလို့ကျုပ်မြင်တယ်။





အောင်သူ။

(ဓါတ်ပုံများကို Facebook စာမျက်နှာများမှကူးယူသုံးစွဲပါသည်။
ခွင့်ပြုချက်မယူမိသည်ကိုတောင်းပန်ပါသည်ခင်ဗျား)

  • Chocho Bakatha ဖြစ်ခဲ့သမျှတွေကိုမေ့ပြစ်ပြီးကိုရီးယားကားထဲကလိုလက်ချင်းချိတ်ဝိုင်သောက်နေတာကိုကြည့်ရတာတော်တော်အဆင်မပြေဘူး
  • Ko Htay Tint-Dhr ဦးအောင်မင်း ရှင်းပြတာက နိုင်ငံရေး အမှုတွေကို သာ ကင်းလွတ်ခွင့်ပေးတာပါ ။ ရာဇဝတ်မှု ကျူးလွန်သူများ ကို ဥပဒေအရ ဆောင်ရွတ်မှာဖြစ်ပါတယ် ။ ပြည်တွင်းမှာ နစ်နာတဲ့ ကာယကံရှင်တွေရဲ့  ဆန္ဒအတိုင်း ဖြစ်သင့်ပါတယ်ဆိုလား
  • San Dar ကျောင်းသားပြည်သူအများစု၇ဲ့သွေးတွေကို ခင်ဗျားတို့ပျော်ရွှင်စွာသောက်သုံးနေတဲ့

    ယမကာလို မသောက်မိကြပါစေနဲ့
  • Aung Thu ဟုတ်ကဲ့ ကို Htay Tint ခင်ဗျား ၊ ဒီကောင်တွေကိုဘယ်လိုနည်းနဲ့မှလျော့တွေး လျော့တွက် လို့မ၇နိုင်ဘူးဗျ။ လောလောဆယ်တောင် ဒုဝန်ကြိးဦး၇ဲထွတ် အတိအလင်းကြေငြာထားတယ်။စစ်တပ်ကို နိုင်ငံတကာလူ့အခွင့်ေ၇းချိုးဖောက်မှု့အတွက် အေ၇းယူဖို့ကိုငြင်းဆန်ထားတယ်။၈၈ကိုဂျင်မီကလည်းထောက်ခံထားတယ်။ခင်ဗျားတို့ ကျောင်းသားအချင်းချင်းမိုက်၇ိုင်းစွာသတ်ဖြတ်မှုကကိုဒီအစိုး၇ကအေ၇းယူခွင့်ချခဲ့၇င်သူတို့ ဆိပြန်ပတ်နိုင်တာတွေစဉ်းစားထားပြီးသားလို့ကနော်ယုံကြည်တယ်။ ဒါကြောင့်တူတာတွေကိုစုပြီးပေးကမ်းလိုက်ပြီး ကျောသပ်လိုက်ပြီး တ၇ားစွဲတာတွေ ကိုပိတ်နိုင်ပါတယ်။ခင်ဗျားတို့ကအမြင်၇ိုးကြတော့ ခံလိုက်၇မယ်။သတိထားပါ.
  • Ko Htay Tint-Dhr ဖက်စုံက စဉ်းစားထားတာ ကောင်းပါတယ် ။ ဒုဝန်ကြိးဦးရဲထွတ် က ညွန်ကြားစဉ်းစားတဲ့ အုပ်စုထဲက မဟုတ်ပါဖူး ။ ဆုံးဖြတ်ထားတာတွေကို ဖြေရှင်းတာပါ ။ အပြောင်းအလဲဆိုတာ ၂ ဖက်က ယုံကြည်ယုံနဲ့ မပြီးသေးပါဖူး ။ နိုင်ငံတကာ ကလည်း ပြောင်းလဲခြင်းတွေကို ဥပဒေတွေနဲ့ စောင့်ကြည့်နေပါသေးတယ် ။ တရားစွဲထားတာတွေ အစိုးရက ပိတ်ရင် တရားဥပဒေစိုးမိုးရေးအဖွဲ့ ကြီးပါ မြောင်းထဲရောက်သွားမှာပေါ့ ။
  • Aung Thu မြောင်းထဲေ၇ာက်အောင်လုပ်နေတယ်လေ.. ခုကြည့် ။ AB တွေ မြောင်းထဲသွားပြီ ။ နင်လည်း ငါ့လိုဘဲ ဆိုတာပြလိုက်တာ
  • Ko Kyaw Tun ကျောင်းသား/သူ တွေရဲ့ သွေးတွေနဲ့ ခြေမဆေးမိပါစေနဲ့။ဒီလောက်ပက်စက်ယုတ်မာသူတွေကိုAbထဲမှာ လက်ခံထားနိုင်တာ အသွင်တူလို့လား။၈၈တွေ နိုင်ငံရေးပါတီတွေ ဘာကြောင့်နှာစီးနေကြတာလည်းစဉ်းစားမရပါ
  • Royal Komoe မင်္ဂလာဦးညသတို့သားနဲ့သတို့သမီးတွေလိုcheerလုပ်နေတဲ့မြင်ကွင်းကစိတ်ပျက်စရာ။မြောက်ပိုင်းမှာရက်စက်စွာအသတ်ခံရတဲ့ကျောင်းသားတွေရဲ့ကျန်တဲ့မိသားစုတွေဆိုဒီပုံကိုကြည့်ပြီးတော်တော်ဘဝင်မကျဖြစ်မှာပဲလို့တွေးမိတယိ။အနေအထိုင်တတ်ဖို့လိုမယ်ထင်တယ်
  • Nicky Shein ရာဇဝတ်မှုဆိုတာ ရာဇဝတ်မှုပါပဲ၊ လုပ်ခဲ့တုံးက လုပ်ခဲ့ကြတယ်၊ ခု သမိုင်းကို ရှုပ်ထွေးအောင် ဒါမှ မဟုတ် သမိုင်းကို ပျောက်အောင် လုပ်ချင်နေကြတာသိသာပါတယ်၊ အနှစ်နှစ်ဆယ်ကျော်ကြာအောင် စောင့်ပြီးမှ ဖွင့်ဟခဲ့ကြတဲ့ ရဲဘော်တွေကို စာနာမိတယ်၊ အနှစ်နှစ်ဆယ်ကျော်ကြာလို့ ဖွင့်ဟလာကြပြန်တော့ ဟိုလိုလို ဒီလိုလို လုပ်နေကြတယ်၊ သေခြာတာတခုက သူတို့ဖက်က ဒီလောက် ထောက်လှမ်းရေးတွေဖြစ်တာ ခိုင်မာတဲ့ အထောက်အထားတွေရှိတယ်ဆိုရင်၊ သိက္ခာမဲ့နေပြီဖြစ်တဲ့ သူတို့ကိုယ်သူတို့ လူတကာဝိုင်းဆဲတာ ခံနေရတာကို ကာကွယ်ဖို့ ထုတ်ပြရတော့မှာပါ၊ အစ ကတဲက အခြေ အမြစ်မရှိတော့၊ အဆဲဆက်ခံရင်း ရူးချင်ယောင် ဆောင်နေကြတာကို ကျန်တဲ့သူတွေက စောင့်ကြည့်မနေသင့်ကြတော့ပါဘူး။ ဒီ ခွေးလို အယုတ်တမာကောင်တွေ အနာဂါတ် မြန်မာ့ လူ့အဖွဲ့အစည်းက မဖယ်ရှင်းပစ်ကြရင် ခငိဗျားတို့ရဲ့ မှန်ကန်ခဲ့တဲ့ သမိုင်းကို သစ္စာဖေါက်ရာ ကျပါလိမ့်မယ်၊ မြောက်ပိုင်းပြန်များ ပေါ့ပေါ့ လုပ်မနေကြစေချင်တော့ပါ၊ ခင်ဗျားတို့ကို ဝိုင်းရံနေတဲ့ ပြည်ပက ၈၈ အားတွေ ဘယ်လောက်ရှိတယ်ဆိုတာ ခင်ဗျားတို့ သိကြပါတယ်၊ ဒါပေမဲ့ ဒီနေရာမှာ တကယ်အရေးကြီးတာက ခင်ဗျားတို့ ကာယကံရှင်တွေပါ၊ ကျွန်တော်တို့ အနေနဲ့ တတ်နိုင်တာတွေ ပံ့ပိုးခဲ့ပြီ၊ နောက်လဲ ပံ့ပိုးဖို့ အသင့်ပါ၊တသားထဲရပ်တည်နေတာလဲ ကြိမ်ဖန်များစွာ ပြခဲ့ပါပြီ။ ဆောင်းပါးရေးတာ Performance လုပ်ပြတာ ကဗျာတွေစပ်နေကြတာ တော်လောက်ပြီလို့ပြောချင်ပါတယ်၊ လုံလောက်ယုံမကအောင် သိနေပြီးကြပါပြီ၊ ဒီတခါ ခင်ဗျားတို့ ထပ်ညံ့နေကြရင်တော့ မဟုတ်တဲ့ သမိုင်းကြီးက အလံလွှင့်သွားကြတော့မယ်၊ ရင်နာတယ်ဗျာ...
  • Aye Thu အလွန်ထိမိပါပေတယ်
  • Royal Komoe မင်္ဂလာဦးညမှာသတို့သားနဲ့သတို့သမီးတွေလိုယမကာသောက်ကန်ပိန်လုပ်ပြနေတာ၂ယောက်စလုံးအနေအထိုင်မတတ်ဘူးလို့မြင်တယ်။မြင်ကွင်းကတော်တော်စိတ်ပျက်စရာကောင်းတယိအကျဉ်းထောင်အသီးသီးမှာစစ်ထောက်လှမ်းရေးနှိပ်စက်လ်ု့သေရတာထက်ယုံကြည်ချက်တူလို့ခံယူခိက်ခြင်းနီးစပ်လို့တလှေထဲစီးကြတဲ့ရဲဘော်အချင်းချင်းရဲ့အခြေအမြစ်မရှိရက်စက်စွာအသတ်ခံရတာကပိုကြေကွဲစရာပါ။ကာယကံရှင်မိသားစုတွေကတော့သေတဲ့သုတွေလည်းသေပြီလို့တရားနဲ့ဖြေနိုင်ကြပေမယ့်မသေခင်အချိန်မှာဘယ်လောက်နာကျင်ခံစားရမလဲလို့ကျန်ရစ်တဲ့မိသားစုတွေနေရာကတခါလောက်ဝင်စဉ်းစားပေးကြည့်ရင်သေသွားတှဲုလူတွေကိုသနားတာ။ကွယ်လွန်သွားကြရတဲ့ကိုထွန်းအောင်ကျော်နဲ့မြောက်ပိုင်းရဲဘော်တွေအားလုံးဘဝအဆက်ဆက်မှာသေခြင်းတရားကိုနွေးထွေးတဲ့အိပ်ယာထက်မှာချစ်သောမိသားစုရဲ့ရင်ခွင်မှာရင်ဆိုင်ရင်းနောက်ဆုံးထွက်သက်ကိုညင်သာစွာထွက်နိုင်သောသူများဖြစ်နိုင်ကြပါစေ။မြောက်ပိုင်းကနေမသေပဲပြန်လွတ်လာတဲ့လူများကျဆုံရဲဘော်တွေအတွက်ဘာသာပေါင်းစြံနဲ့ဆုတောင်းပွဲများလုပ်ဖြစ်ရင်အကြောင်းကြားဖိတ်ဖို့မမေ့ပါနဲ့နော်။ကျန်ရစ်တဲ့မိသားစုကိုလည်း
  • Khin Nwe ခင်စန်းနွယ်.........အေဘီခေါင်းဆောင်တွေ၇ဲ့ငြိမ်းချမ်းေ၇းလူပ်တာုကိုမဝေဖန်ချင်ဘမြောက်ပိုင်းအကြောင်းကတော့ပြော၇မယ်နို့မို့ဆို၇င်ကျမ၇ဲ့သူငယ်ချင်းတွေ၇ဲ့သွေးတွေကကျမ၇င်ကိုအမြဲထိ၇ှုနေတယ်ဟိုတလောကဖေ့ဘုတ်မုာကိုသံခဲတို့အုပ်စုကချင်ကကျမတို့အိပ်ခဲ့တဲ့၇ဲမေဆောင်လေးတင်ပေးထားတာတွေ့၇ပါတယ်ဒါကြောင့်ကျမပါဂျောင်ကအလောင်းတွေသွားဖေါ်စစ်ကြည်တယ်လို့ကျမယူဆတယ်ဒါဆို၇င်ရဲမေပြောတာအမူန်တ၇ားဆိုတာသိကြပြီပေါ့ဒါကြောင်ုNCUBကပြည်တွင်းက၈၈တွေထောင်ကျတာထောက်ပံူ့ဂျီအတွက်ဆိုပြီး.....ဘတ်သိန်းငေီ၏ွတထောင့်သူံး၇ာကျော်ဘုံးပြီးစါ၇င်းမမြပြတော့ဘဲချင်းမိုင်မုာငါးကန်တွေလုပ်အိမ်ဝယ်ကားဝယ်NDDပါတီငွေတွေငွေ၇ူာကောင်းတဲ့ဒေါက်တာနိုင်အောင်ူး
  • Khin Nwe ABSDFတခုလပြိုံဆင်းသွားအောင်ဒေါင်းဂွင်ကအေဘီတွေကိုလစာပေးပြီးအန်ဒီဒီပါတီထဲဆွဲသွင်းခဲ့တနိုင်အောင်နဲ့သွေးအေးအေးလူသတ်သမားဒူဝါလှုစိုင်းအောင်နိုင်တို့ဖက်ကနေအကာအကွယ်ပေးခဲ့၇င်တော့ကနေ့အေဘီခေါင်းဆောင်တွေသမိုင်းကွေးမယ်လို့သတိပေးချင်ပါတယ်ဘာမုမသိတဲ့ဇာကနာလို၇န်သူသတ်တာမပြောဘူးမလုပ်နဲ့အချင်းချင်းသတ်ခွငိ့မ၇ှိုဘူးသူ့သားမြတ်ကောင်းဆို၇င်ဒီလိုပြောမုာမဟုတ်ဘူဲး့အခုလဲမြောက်ပိုင်းအေ၇းဦးဆောင်လုပ်နေတဲံညီကျော်ကိုပုဒ်မ၁၈နဲ့ထောင်ထဲထည်ုပြီးလမ်း၇ှုင်းပေးထားတယ်ကျမကတော့အေ၇းမယူပေးမချင်းပြောမုာဘဲ
  • Khin Nwe ငွေဘတ်သိန်းထောင်ုသုံး၇ာအကြောင်သိချင်လျွှင်ပြည်တွင်းပြန်ေ၇ာကိနေသောFTUBဦးမောင်မောင်မေးမြန်းနိုင်ပါသည်သူအမုန်အတိုင်းပြောမည်လို့ယုံကြည်ပါသည်
     
    Aung Thu ဖေ့စ်ဘွတ်မှ ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment