Wednesday, July 3, 2013

မြောက်ပိုင်းကံ့ကော်

မြောက်ပိုင်းကံ့ကော်

by Soe Lynn (Notes) on Wednesday, July 3, 2013 at 11:31pm



ဘယ့်အတွက်များ
ဒေသခြားကို
ရောက်သွားတာလဲ ကံ့ကော်ရယ်။

တက္ကသီလာ
မြကျွန်းသာမှာ
မင်းဟာ စာတင်
ဂန္တ၀င်ပန်း
မြင်တိုင်း ရင်ကိုလန်းစေတယ်
ရင်တိုင်းဝင်ခို လွမ်းဝေတယ်။

တော်လှန်ရေးအတွက် မင်းပြေးထွက်လာ
မိမြန်မာပြည် သာယာကြည်ဖို့
သည်လူ သည်မျိုး စည်ပင်တိုးဖို့
ကိုယ်ကျိုးချန်လှပ် ခရီးဆက်တယ်
အခက်ကိုဖွေ ဖြိုလေပြီ
တက္ကသိုလ်မြေ ငိုနေပြီ။

နှင်းစက်တွေကြား မင်းပြေးလွှားတယ်
မိုးကြားမငြိမ် ဆိတ်ချိန်မရွေး
မင်းအတွေးမှာ ဆေးရေးခြယ်သီ
တို့ပြည်သူဟာ ကမ္ဘာတည်။

သားရဲထူပြော တောင်တစ်ကြောကို
အော်ပြောလိုက်စမ်း ပြောလိုက်စမ်းလေ
ဒီမိုကရေစီ ဒို့မှန်းရည်လမ်း
အောင်ပန်းဝေဖို့ ပြိုင်တူချီ
ဆောင်မြန်းလေစို့ ပြည်သူဆီ
ရောက်တိုင်းလေရာ ဖြတ်ကျော်နေ
မြောက်ပိုင်းမြေမှာ ကံ့ကော်ဝေ။ ။

(1990 ၀န်းကျင်)


Unlike · ·
  • You, Kyaw Phyo Wai and Aye Aye Thant like this.
  • Ko Lin Wai Aung အောက်ပုံဝဲမှယာ - ကိုသာထူး၊ကိုရဲလင်း(လင်းဝေအောင်)၊ကိုသန်းမောင်၊ကိုအုန်းကြိုင်( ok )၊ကိုရန်ရှင်း
     
    Soe Lynn ဖေ့စ်ဘွတ်မှကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment