ABSDF၂၅နှစ်ပြည့်ငွေရတု ( မဂ္ဂင်ကျောင်း - ရန်ကုန်)
ကျဆုံးရဲဘော်များအတွက် ဆွမ်းကပ်အမျှအတန်းပေးဝေ...
( ၁.၁၁.၂၀၁၃ )
NORTHERN LAND
Thursday, November 21, 2013
မြောက်ပိုင်းကျောင်းသားများနှင့် ABSDF ကော်မရှင်တို့ တွေ့ဆုံ
မြန်မာပြည်မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများနှင့်
ABSDF အမှန်တရားနှင့်တရားမျှတမှုဖေါ်ထုတ်ရေးကော်မရှင်တို့ တွေ့ဆုံ
( ၁၇.၁၁.၂၀၁၃ )
မြန်မာပြည်မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများ၏ လှူဒါန်းမှု
မြန်မာပြည်မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများမှ
ABSDF ရဲဘော်ဟောင်းများကူညီထောက်ပံ့ရေးကော်မတီသို့
ငွေကျပ်၂၀၀၀၀၀ိ/- လှူဒါန်း.......
ABSDF ရဲဘော်ဟောင်းများကူညီထောက်ပံ့ရေးကော်မတီသို့
ငွေကျပ်၂၀၀၀၀၀ိ/- လှူဒါန်း.......
မြောက်ပိုင်းလူသတ်မှု စီအိုင်ဒီ ကိုင်တွယ်စစ်ဆေးနေဟုဆို...
မြောက်ပိုင်းလူသတ်မှု စီအိုင်ဒီ ကိုင်တွယ်စစ်ဆေးနေဟုဆို...
November 21, 2013 at 11:44am
7DAY DAILY - နိုဝင်ဘာ ၂၁၊ ၂၀၁၃ မှကူးယူဖေါ်ပြပါသည်။
- Sandar Win, Tun Khaing, Ko MoeJee and 8 others like this.
ပါဂျောင်မှာနှင်းမိုးတွေ ရွာနေဆဲ…..
ပါဂျောင်မှာနှင်းမိုးတွေ ရွာနေဆဲ…..
October 30, 2013 at 10:21am
ပါဂျောင်မှာနှင်းမိုးတွေရွာနေဆဲ…..
ပါဂျောင်မှာနှင်းမိုးတွေရွာနေတယ်…..
အေးစက်နေတဲ့ လိုင်စင်တောင်တန်းတွေပေါ်က….
ရေခဲရိုက်ခံထားရတဲ့ နှလုံးသားတွေနဲ့အတူ…
မှန်းမျှော်ကြည့်နေကြမှာလား….
သူငယ်ချင်းတို့ရေ….
မင်းတို့တစ်တွေရဲ့ရှေ့မှောက်
အရောက်လာခဲ့ကြသူတွေရဲ့ နှလုံးသားတွေထဲကို
ခပ်စိမ်းစိမ်းဖေါက်ကြည့်ရင်း…..
ယုံကြည်မှုကင်းတဲ့မျက်ဝန်းစုံတွေနဲ့….
မှတ်ကျောက်တင်ကြည့်နေကြမှာလား….
ပေ ၆၆၆၇ အမြင့်ဆီကသင်တို့ရဲ့နှလုံးသားတွေကို
လိုင်စင်တောင်တန်းတွေပေါ်မှာ….
ထာဝရမြုတ်နှံဘို့ကြိုးစားလာကြဦးမှာလား…..
လာနေကြတယ်…မင်းတို့ဆီကို…သူတို့လာနေကြတယ်….
ခံစားချက်မျိုးစုံ…နှလုံးသားမျိုးစုံနဲ့သူတို့…လာနေကြတယ်…..
ငြိမ်းချမ်းရေးအတွက်…
တန်းတူရေးအတွက်…..
အနာဂတ်ရေးအတွက်…
ဂုဏ်သိက္ခာအတွက်…..
သယံဇာတတွေအတွက်….
ရပိုင်ခွင့်တွေအတွက်…..
……………………………အတွက်
……………………………အတွက်
……………………………အတွက်
……………………………အတွက်
ရိုးသားမှုနဲ့လာကြတယ်…
အရင်းခံစိတ်နဲ့လာကြတယ်…..
မတူစိတ်ထားတွေနဲ့လာခဲ့ကြတယ်….
သမိုင်းရေးဘို့လာကြတယ်…..
သမိုင်းထွေးဘို့လာကြမယ်…..သမိုင်းပြင်ဘို့လာကြမယ်….
မင်းတို့ချစ်ခဲ့တဲ့…..
မင်းတို့တည်ဆောက်ခဲ့ကြတဲ့…..
မင်းတို့တွေယုံကြည်စွာပေးဆပ်ခဲ့ကြတဲ့….
မင်းတို့ရဲ့မိခင်အဖွဲ့အစည်းကြီးကို…..နာကြည်းခံပြင်းမှုနှလုံးသားတွေ…
ယုံကြည်ချက်မဲ့မျက်ဝန်းတွေနဲ့…သရော်လှောင်ပြောင်နေကြမှာလား….
အားလုံးက၀ိုင်းပြီးရက်စက်ခဲ့ကြတယ်လို့များ….ပြောချင်နေကြမှာလား…..
ငါထင်ပါတယ်…မင်းတို့တတွေ
ပြုံးပြီးကြည့်နေကြမှာပါ…..
ရင်နာတဲ့အပြုံးတွေနဲ့အတူပေါ့……
ဂုဏ်ယူတဲ့အပြုံးတွေပွင့်လန်းလာအောင်….
တို့တွေမစွမ်းဆောင်ပေးနိုင်ခဲ့ကြတာ…ခွင့်လွှတ်ပါသူငယ်ချင်းတို့ရေ…..
ဒီနေ့ဒီရက်တွေဟာ…..
ဂုဏ်ပြုပွဲတွေ….
အောင်ပွဲခံမှုတွေနဲ့…..၀င့်ကြွားစေတဲ့နေ့ရက်တွေအမှန်တကယ်ဖြစ်ခဲ့မှာလား…..
ပေးဆပ်ခဲ့သူတွေအတွက်…
စွန့်လွှတ်ခဲ့ကြသူတွေအတွက်….
အမှတ်ရ…ဂုဏ်ပြုရာ….
အောက်မေ့သတိရစရာ… ပွဲနေ့ရက်တွေကိုမျှော်ငေးရင်း…
မင်းတို့တတွေရဲ့ အပယ်ခံနှလုံးသားနဲ့…..
တိတ်ဆိတ်စွာငိုကြွေးနေကြမှာလား…..
ငါမတွေးရဲခဲ့ပါဘူး….
နှင်းးခဲတောင်တန်းတွေပေါ်မှာ…ထာဝရလဲလျှောင်းနေတဲ့….
သင်တို့ရဲ့နှလုံးသားတွေထဲထိ…ထာဝစဉ်စီးဆင်းပျော်ဝင်သွားလေအောင်….
ရက်စက်မှုတွေရဲ့နိဂုံး…ငြိမ်းချမ်းခြင်းတွေရဲ့အစကိုထွေးအပ်ဘို့….
စင်္ကြ၀ဋ္ဌာရဲ့အဆုံးထိသေချာတဲ့….အမှန်တရားအတွက်…
ဘယ်သူတွေမှတ်ကျောက်တင်ပေးမလဲ…..
ပြုလုပ်ခဲ့သူတွေလား….ပြုလုပ်ခံရသူတွေလား…..
ခုံသမာဓိမင်းတွေလား…..ကယ်တင်ရှင်တွေလား….
တကယ်တော့ေ၀၀ါးနေဆဲ…..
ပါဂျောင်မှာနှင်းမိုးတွေရွာနေတယ်…..
ကျောက်လွှာကျောက်ချပ်တွေလို…နှင်းချပ်တွေဖွေး….
ပူနွေးတဲ့နေရောင်ကိုမျှော်ရင်း…ရေခဲရိုက်နှလုံးသားတွေအရည်ပျော်ဆင်းဘို့…
နွေဦးကိုကြိုဆို….ရာသီစက်ဝန်းအတိုင်းစီးမျော…
အမှန်တရားမြစ်တစ်စင်း….စီးဆင်းဘို့ပြင်နေဆဲ….
တရားမျှတမှုအတွက်….
သမိုင်းနဲ့ဂုဏ်သိက္ခာအတွက်…..လူသားတန်ဘိုးတွေအတွက်….
ငြိမ်းချမ်းမှုတွေအတွက်…
အမေ့လျှော့ခံတွေအတွက် ….
သေချာတဲ့အရာတစ်ခုရှိတယ်……..
ဒါ…
အမှန်တရား….
သင်တို့ရင်ထဲမှာရှိနေပါတယ်…….
အမှန်တရားဟာသင်တို့နှင့်အတူရှိနေပါတယ်……
ပါဂျောင်မှာနှင်းမိုးတွေရွာနေဆဲ…..
နှလုံးသားတွေအေးစက်ဆဲ…
မကြာခင်နှင်းခဲချိန်ရောက်တော့မယ်……
ကေ၀ိုင်
၃၀.၁၀.၂၀၁၃
00း15 AM
- Soe Lynn, Aung Thu, ခိုင် ခိုင်စောလွင် and 20 others like this.
- Shwe Sin Thet အမှန်တရားကို လိုတိုးပိုလျှော့လုပ်လို့ရပါသလား။ကိုက်တိုး..ကိုက်လျှော့..ကိုက်ဖြတ်လုပ်ကြဦးမလား။လူယုတ်မာတွေနဲ့လက်တွဲပြီး ကျောင်းသားသမိုင်းကို ဖျက်ကြရင်တော့ ကိုယ်ရေးတဲ့သမိုင်း ကိုယ်တာဝန်ယူကြပေတော့။
- Moe Kaung · Friends with ဘရာဇီး ငှက်ရိုး and 78 othersငြိမ်းချမ်းကြပါစေ။တရားမျှတမှုလွှမ်းခြုံနိုင်ပါစေ...
- Aung Thu အားလုံး၇ဲ့သမိုင်းအမှန်တ၇ားဟာ ဒီကောင်တွေ သတ်မှတ်ပေးမှ၇တာမှုတ်ပါဘူး။ ဒီကောင်တွေကဘာမို့လည်း ။တူ၇ာစုနေကြတယ်.. ဘောင်းဘီချွတ်အစိုး၇ကိုအောက်ကြခံပြီးနေကြ၇တာ။သမိုင်းအဖျက်ခံခဲ့၇တာ ခင်ဗျားတို့အယောက်၁၀၀။ တကယ့်အခြေအနေမှာသမိုင်းပျက်တာဒီကောင်တွေ။မသိသူတွေကိုသာလိမ်ညာနိုင်တာ။
- Thamee Gyi · 22 mutual friendsကျဆုံးသွားတဲ့ပါဂျောင်ကအပစ်ပယ်ခံရဲဘော်တွေစိတ်ထဲဝငိကြည့်လိုက်ပါ
အမိဗမာပြည်သာငြိမ်းချမ်းမယ်ဆိုခဲ့ရင်မတရားခံခဲ့ရပေမဲ့သူတို့ရဲ့
ပေးဆပ်နှလုံးသားတွေကကျေနပ်ကြမှာပါ(သုတို့တွေကသူရဲကောင်းနှလုံးသားနဲ့ပေးဆပ်သူတွေလေ)
မြောက်ပိုင်းကိစ္စ ဦးခင်ညွန့်၏ ပြောကြားချက်...
မြောက်ပိုင်းကိစ္စနှင့်ပတ်သက်၍ လျှပ်တစ်ပြက်ဂျာနယ်သို့ ထလရဟောင်းဦးခင်ညွန့်၏ ပြောကြားချက်...
September 22, 2013 at 8:02pm
ကျွန်တော် မသိတဲ့ ကိုဝင်းအောင် အတွက်
ကျွန်တော် မသိတဲ့ ကိုဝင်းအောင် အတွက်
October 22, 2013 at 4:51am
ကြည့်လိုက်ပါ
သာမာန်ပါပဲ
ဝှီးချဲထက်ဝယ်က အမေအို
နံရံထက်မယ်က မိသားစု
ပြီးတော့....
တစ်နှစ်ကျော်ကျော်ကမှ သူပိုင်ဆိုင်ခွင့်ရတဲ့ ပုံရိပ်တစ်ခု
ကြည့်လိုက်ပါ
သာမာန်ပါပဲ
ခင်ဗျားအတွက်ဆိုပေမဲ့လဲ မထူးကဲပါဘူး
ဒါပေမဲ့လဲ
ဒီပုံထဲက အိုကြီးအိုမအမေ ဟာ
ဒီပုံထဲက နံရံမှာရှိတဲ့ ပုံရိပ်ကိုစူးရဲစွာကြည့်လို့ 
စကားတစ်ချို့ ဆိုခဲ့ဘူးတယ်
လူတို့ နားလည်လို့ ရနိုင်ပါတယ်
ခင်ဗျား ကြားနိုင်မယ် ဆိုရင်ပေါ့.......
- You, Nang Aung Htwe Kyi, ဘရာဇီး ငှက်ရိုး, Aung Thu and 40 others like this.
- Htun Aung Gyaw အမေ့ကိုသွားတွေ့တော့ "သားကြီးအမေ့ဆီပြန်လာတယ်နော်" တဲ့နောက်မှ လက်ကိုကိုင်စေ့စေ့ကြည့်ပြီး "နာမည်သာပြန်လာတယ်လူတော့ပါမလာဘူး"တဲ့မျက်ရည်လည်ရွဲနဲ့ပြောရှာတယ်။ တကယ်ကြေကွဲစရာပါ။
- Kyaw Gyi AB " သားကြီးအတွက် အမေစလုပ်ပြီ ..ဟေ့ " တဲ့ ၁၆. ၅. ၂၀၁၃ နေ့ တုန်းကပေါ့ ၊ သုံးလွှာက အိမ်အောက်ကိုရောက်ရဖို့  ဝှီးချဲ မဖို့  စောင့်နေသူတွေ ကြားခဲ့ရဘူးတယ်
- Maung Maung အမေ့သားကို မြန်မာ့သမိုင်းက အပြီးအပိုင်မွေးစားလိုက်တာ-အမေ..... မြန်မာပြည်ရဲ့သမိုင်းပြောတိုင်း အမေ့သားပါနေမှာပါ....မြန်မာပြည် တည်ရှိနေသ၍ ..အမေ့သား ရှင်သန်နေမှာပါ။
- Kyaw Gyi AB ဖေ့စ်ဘွတ်မှကူးယူဖေါ်ပြပါသည်။
Subscribe to:
Posts (Atom)